Duo Design Lab
21/01/2021
မင်္ဂလာပါဗျာ။ ကျွန်တော်ဒီနေ့မှာ Pantone Color Finder ဆိုတဲ့ Color Resource လေးတစ်ခုကို Share ပေးချင်ပါတယ်ဗျာ။ Color Finder ဆိုတော့ နာမည်အတိုင်းပဲ Pantone က Standardizedလုပ်ထားတဲ့ Color တွေ ရှာလို့ရတဲ့ resource တစ်ခုပါ။
Pantone ဆိုတာကတော့ Graphic Design တို့ Fashion Design တို့ Product Designတို့ရယ် နောက်ပြီးတစ်ခြား Printing နဲ့ Production ဘက်မှာ သုံးဖို့ Color ညှိတဲ့ System တွေထုတ်တဲ့ Company တစ်ခုဖြစ်ပါတယ်။ အဲ့company က PMS လို့ခေါ်တဲ့ Pantone Matching System က တော်တော်လူသိများပါတယ်။
အဲ့ Color Finder အကြောင်းပြန်ဆက်ရအောင် ပထမ Feature အနေနဲ့ သူ့မှာ Color Of the Year ရဲ့ Color တွေပါမယ် အဲ့ Color ကိုနှိပ်လိုက်ရင် RGB နဲ့ HEX Values တွေကျလာပါတယ်။ CMYK Value လိုချင်ရင် အဲ့ Color ရဲ့ Pantone နာမည်ကိုယူပြီး Pantone to Pantone Converter မှာ CMYK Coated Library ရွေးရင်ရွေး မရွေးရင် Uncoated ကိုရွေးပြီး Color ယှဉ်ကြည့်လို့ရတယ် ကျွန်တော်စမ်းကြည့်တာတော့ Color တွေက တစ်ထပ်တည်းတူတာတွေမတွေ့ဘူး နည်းနည်းချင်းဆီကွဲကြတာတွေကြီးပဲ။ ကျွန်တော်ထင်တာကတော့ ကျွန်တော်တို့ Screen တွေပေါ်က တစ်ချို့အရောင်တွေနဲ့ Print လုပ်တဲ့ အရောင်တွေကွဲသလိုမျိုး သုံးတဲ့ Material တွေပေါ်မူတည်ပြီးကွာသွားလို့ အရောင်တွေကွဲသွားတာလို့ထင်ပါတယ်။
နောက်Feature ကတော့ Pickပါ။ အဲ့မှာမှ Color Swatches တွေနဲ့ ကိုယ်ကြိုက်တဲ့ Color စိတ်ကြိုက်ရွေးရုံပါပဲ။ But Color Library ကိုတော့ ကိုယ်သုံးမယ့် မှင်အမျိုးအစားတွေ Material အမျိုးအစားတွေကိုကြည့်ပြီး Library ပြန်ရွေးဖို့လိုမယ်ထင်ပါတယ်။ ကျွန်တော်တို့အသုံးများမယ့် Library နှစ်ခုကတော့ Pantone CMYK coated နဲ့ uncoated ဖြစ်မယ်ထင်ပါတယ်။ Coated နဲ့ Uncoated ကဘာကွာတာလဲဆိုတော့ Coated က စာရွက်ပေါ်မှာ ပြောင်ပြောင်လေးဖြစ်နေတဲ့ အလွှာတစ်ခုအုပ်ထားတဲ့စာရွက်အမျိုးအစားပါ။ Uncoated ကတော့ရိုးရိုး ပလိန်းစာအရွက်ပါပဲ။ အဲ့လိုစာရွက်အမျိုးအစားကွဲတာပေါ်မူတည်ပြီးတော့ Library နှစ်ခုကွဲနေတာပါ။ Library ရွေးပြီးပြီဆို ကိုယ်ကြိုက်တဲ့ Color swatch တစ်ခုကိုနှိပ်လိုက်ရင် RGB HEX CMYK Value တွေပြပေးပါတယ်။
နောက် Feature ကတော့ converter ပါ RGB HEX CMYK Value တွေကို Color Library ရွေးပြီး convert လိုက်ရင် အဲ့ Library ထဲက အနီးစပ်ဆုံး Color တွေပြပေးပါတယ် နောက်ပြီး converter ကတော့ Pantone to Pantone converterပါ အဲ့တာကတော့ အပေါ်မှာပြောခဲ့သလိုပဲ Library တစ်ခုက Pantone Color တစ်ခုကို တစ်ခြား Library က အနီးစပ်ဆုံး တူတဲ့ Color တွေပြပေးပါတယ်။
ဒီ Link လေးကနေဝင်စမ်းကြည့်လို့ရပါတယ်ဗျ။
https://www.pantone.com/color-finder
ဒီPost လေးကတော့ ဒီလောက်ပါပဲ။ ဒီ Postလေးကနေ Design တွေမှာ သုံးဖို့ Color လန်းလန်းလေးတွေရွေးဖို့အထောက်အကူဖြစ်သွားမယ်ဖို့ မျှော်လင့်ပါတယ်ဗျာ။ အချိန်ယူဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။
ဒီ Postလေးကို ရေးသားတာကတော့ Duo Design Lab က ကျွန်တော် Admin Auston ဖြစ်ပါတယ်ဗျာ။
18/01/2021
မင်္ဂလာပါဗျာ။ ဒီတစ်ခေါက် ကျွန်တော်တို့ share ပေးချင်တာကတော့ လတ်တလောရေပန်းစားလာနေတဲ့ Glassmorphism ဆိုတဲ့ UI trend တစ်ခုအကြောင်း ဖြစ်ပါတယ်။ ဖန်သားပြင်ဆန်ဆန် Interface Design ပေါ့။ ဆိုတော့ အခု post ရဲ့ cover photo ကို ကျွန်တော်တို့တူတူ ပြန်လုပ်ကြည့်တာပေါ့ဗျာ။ ခက်ခက်ခဲခဲတော့မဟုတ်ပါဘူးဗျ။ ကျွန်တော်ကတော့ ထုံးစံအတိုင်း Figma user ဆိုတော့ Figma နဲ့ပေါ့။ bro တို့ sis တို့က တစ်ခြား tool တွေသုံးတယ်ဆိုလဲ Design tool တွေက ခပ်ဆင်ဆင်ေတွပဲမို့ tool နေရာအထားအသိုပဲကွာမှာပါ။ theory ကတော့ ဒါပါပဲ။ ဟုတ်ပါပြီ။ စကြည့်လိုက်ရအောင်။
11/01/2021
မင်္ဂလာပါ။ ကျွန်တော် ဒီနေ့ sharing လုပ်ပေးချင်တာကတော့ typography နဲ့ပတ်သတ်ပြီး improve ဖြစ်စေမယ့် tips လေးတွေဖြစ်ပါတယ်။ ခက်ခက်ခဲခဲမဟုတ်ပေမယ့် ဒီအချက်လေးတွေကလဲ design အပေါ် အကျိုးသက်ရောက်မှုတော်တော်ရှိတာမို့ သိထားသင့်ပါတယ်။ စကြည့်ရအောင်။
03/01/2021
မင်္ဂလာပါဗျ။ ကျွန်တော် ဒီတစ်ခေါက် sharing လုပ်ပေးချင်တာကတော့ Figma ရဲ့ Auto Layout အကြောင်းဖြစ်ပါတယ်။ ဒီကောင်ကဘာတွေထူးခြားလို့လဲ? အခြေခံအကျဆုံးနဲ့ အမြင်သာဆုံးဥပမာပေးရရင် button component တစ်ခု create လုပ်တယ်ဆိုပါစို့။ ပုံမှန်ဆို ကျွန်တော်တို့ rectangle တစ်ခုဆွဲတယ်။ text တစ်ခုရေးပြီး အဲ့ rectangle နဲ့ text ကို center လုပ်ပေးလိုက်တယ်မလား။ တကယ်လို့ ကျွန်တော်တို့က အထဲက text ကိုပြောင်းကြည့်ချင်တယ်။ စာလုံးတိုသွားတာလဲဖြစ်နိုင်သလို စာလုံးပိုလာတာလဲဖြစ်နိုင်တယ်။ အဲ့ကျရင် ကျွန်တော်တို့က အနောက်က rectangle ကိုပါ လိုက်ပြန်ညှိရတော့မယ်။ဟုတ်တယ်ဟုတ်။ Auto Layout က အဲ့လိုမျိုးတွေ လိုက်မညှိရပဲ Figma ကို မင်းဟာမင်းညှိပေးပါဆိုပြီး လုပ်ခိုင်းလိုက်တဲ့ feature ပေါ့။နာမည်အတိုင်းပါပဲ။ layout တွေကို auto ညှိပေးတာပေါ့ဗျာ။
Auto Layout က Figma မှာပါတာကြာပြီဆိုပေမယ့် မကြာသေးခင်ကပဲ control လုပ်လို့ရမယ့် options အသစ်တွေနဲ့ update ထွက်ခဲ့ပါတယ်။ ဆိုတော့ ဘာတွေ control လုပ်လို့ရတာလဲ? elements တစ်ခုနဲ့တစ်ခုကြား spacing တွေ၊ padding တွေ၊ horizontal to vertical align ပြောင်းတာတွေ စသည်ဖြင့်ပေါ့။ Auto Layout အောက်က properties တွေက နားလည်ရလွယ်ပေမယ့် သူနဲ့အတူတွဲပါလာတာကတော့ Constraints and Resizing ဆိုတဲ့ကောင်ပါ။ သူ့အောက်မှာပါတဲ့ hug contents, fixed width, fill container စသည်ဖြင့် အဲ့ properties တွေကတော့ စစသိချင်း နားလည်ရနည်းနည်းခက်နိုင်ပါတယ်။
ဒါကြောင့် ဒီ Auto Layout ကို ကောင်းကောင်းအသုံးချတတ်ဖို့ YouTube က Crash Course လေးတစ်ခုကို share ပေးချင်ပါတယ်။ အဲ့ course လေးမှာတော့ video 7 ခုရှိပြီးတော့ Auto Layout ကို ရှယ်သုံးပြပေးသွားမှာဖြစ်ပါတယ်။ ကြည့်ပဲမကြည့်ပဲ လိုက်လုပ်ကြည့်မယ်ဆိုရင် အဲ့ Course လေးပြီးသွားတာနဲ့ စောနက နားလည်ရနည်းနည်းခက်တယ်လို့ပြောတဲ့ Constraints and Resizing properties ကိုလဲ နားလည်သွားမှာဖြစ်ပါတယ်။
ဒါကတော့ course link ပါ။
https://tinyurl.com/auto-layout-crash-course
ဒါကတော့ admin practice လိုက်လုပ်ထားတဲ့ result ပါ။
https://tinyurl.com/al-practice
လေ့လာရတာ အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဗျ။ တကယ်လို့ English လိုမို့ လေ့လာရအဆင်မပြေဘူး၊ video တွေလုပ်ပေးစေချင်တယ်ဆိုရင်လဲ comment မှာပြောခဲ့ပေးလို့ရပါတယ်။ ဟုတ်ပါပြီ။ ကျွန်တော် ဒီ post လေးကိုတော့ ဒီမှာပဲရပ်ပါမယ်။ ဒီ post လေးကနေ ကိုယ့်အတွက်တစ်ခုခု ရသွားတယ်လို့ ယူဆရင် share သွားပေးပါဦးဗျ။ အချိန်ယူဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။
အခု content ကိုရေးသားတာကတော့ Duo Design Lab က ကျွန်တော် Admin 311 ဖြစ်ပါတယ် 👻။
30/12/2020
မင်္ဂလာပါဗျာ ဒီနေ့မှာတော့ ကျွန်တော် ဒီ၂၀၂၀မှာ တင်ခဲ့တဲ့ Graphic Design နဲ့ပတ်သတ်တဲ့ Post တွေထဲက လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ Post တွေရဲ့ Link တွေကို စုပြီးပြန်တင်ပေးလိုက်ပါတယ်ဗျာ။
Free Graphic Design Course, Canva Design School
facebook.com/duodesignlab/posts/124173342626651
How To Create Unified Designs
facebook.com/duodesignlab/posts/126424405734878
Balance In Graphic Design
facebook.com/duodesignlab/posts/133904894986829
Color Harmony
facebook.com/duodesignlab/posts/140180531025932
Type Classifications
facebook.com/duodesignlab/posts/155043632872955
Facebook Post Dimensions
facebook.com/duodesignlab/posts/156576702719648
Font Pairs With W Art Fonts
facebook.com/duodesignlab/posts/159493675761284
How To Start Learning Graphic Design
facebook.com/duodesignlab/posts/170040228039962
Postလေးကတော့ ဒီလောက်ပါပဲဗျာ။ နည်းနည်းပဲဖြစ်ဖြစ်အသုံးဝင်သွားတယ်ဆိုရင် ကျေနပ်ပါတယ်။ ကျွန်တော်တို့တင်တဲ့ Post တွေကိုအချိန်ယူဖတ်ပေးကြတဲ့ သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။
ဒီContent ကိုရေးသားတာကတော့ Duo Design Lab ကကျွန်တော် Admin Auston ဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Naypyidaw