Cracky
[ SOLD OUT ] ✅
Emotional R&B Type Beat // prod. Cracky!
ဝယ်ယူလိုပါက ဆက်သွယ်ပါ ။
မြန်မာကျပ်ငွေ / ၅သိန်း
23/05/2026
ဂီတမှာ ရူးသွပ်မှုအတွက် ဒီနေ့အထိ
ကိုယ့်အတွက်inspireအဖြစ်ဆုံး artist က JCZဘဲ ...
သီချင်းတွေကို ဖန်တီးချင်စိတ်ရှိခဲ့ပေမယ့်
ဦးတည်ရာ သေချာမရှိခဲ့တဲ့အချိန်မှာ
producer lifeကို ဖြောင့်ဖြောင့်မတ်မတ်
ရပ်တည်ချင်စိတ်ဖြစ်ခဲ့တာ
JCZရဲ့ လောင်းရိပ်တွေ အများကြီးပါခဲ့တယ် ။
ကျွန်တော့်ရဲ့ တီးခတ်မှုတွေမှာ JCZရဲ့
ဖန်တီးမှုတွေကို အတုယူပြီး တီးခတ်ခဲ့ပြီး
ဒီနေ့ ဒီနေရာ အထိ ရောက်ခဲ့တယ်ဆို မမှားဘူး ။
Team JCZ ဆိုပြီး စတင်နားထောင်ခဲ့ရတဲ့အတွက်
ဘဝတစ်စစ်ချိုး ပြောင်းလဲခဲ့တာတွေကြောင့်
အဲ့ဒီအချိန် နားဆင်ခွင့်ရခဲ့တဲ့ artistတိုင်းက
မြင်ဆရာ ၊ ကြားဆရာတွေကြည့်ဘဲ ။
နှစ်သက်ခဲ့ရတဲ့ artistတိုင်းနဲ့ အလုပ်လုပ်ခွင့်ရခဲ့ပါပြီ ။
ဆုံတွေ့ စကားပြောခွင့်ရခဲ့ပြီးပါပြီ ။
ပျော်စရာ ဘဝအတွေ့အကြုံပါဘဲ ။
commentတွေမှာ ဘယ်သူက
ဘယ်လိုပိုကောင်းတယ်ဆိုတာတွေ အငြင်းမပွားကြဘဲ
ဒီနိုင်ငံမှာ ဒီလိုလုပ်လာနိုင်ခဲ့တဲ့ artistတိုင်းကို
ကြိုက်ရင် appriciate ပြီး ၊
မကြိုက်ရင် နားမထောင်ဖို့ဘဲ မျှော်လင့်ပါတယ် ။
12/05/2026
ကျွန်တော်တီးတဲ့ Beatတွေမှာ ပိုပြီးလှပအောင်
ပံ့ပိုးပေးတဲ့ Guitarist : Htoo Khant ပါ ။ 📌
တခြား music producersတွေလဲ
Guitar linesတွေ အပ်ချင်တဲ့အခါ
ဈေးနှုန်းအဆင်ပြေ ၊ Qualityကောင်းမွန်ဖို့
ဆက်သွယ်လို့ ရပါတယ် ။
ဆက်သွယ်ရန် : ( telegram )
Htoo Khant နဲ့ အတူတီးခတ်ခွင့်ရထားတဲ့
သီချင်းတွေထဲက အချို့ကို ဖော်ပြပေးလိုက်ပါတယ် ။
30/04/2026
ကိုယ့်သီချင်းကို ဆိုဖို့ Beatမဝယ်နိုင်လို့
သီချင်းတီးဖို့ကြိုးစားလာရင်း
Music Producer အဖြစ်သို့ ကူးပြောင်းမိလာတယ် ။
" ( prod. Cracky! ) " လို့
ကိုယ်တိုင်မြင်ခွင့်ရခဲ့တာ (၆)နှစ်ပြည့်ခဲ့ပါပြီ ။
ဒီ (၆)နှစ်အတွင်း
နှစ်သက်ခဲ့ရတဲ့ အနုပညာရှင်ပေါင်းများစွာနဲ့ ကောင်းမွန်သော တေးသီချင်းများစွာကို
ဖန်တီးခွင့်ရခဲ့ပါတယ် ။
ယုံကြည်စွာဖန်တီးခွင့်ပေးသူများလည်း
အများကြီးနဲ့ အလုပ်လုပ်ခွင့်ရပါတယ် ။
အချိန်တန်ရင် နေရာဖယ်ပေးရတဲ့ အနုပညာရပ်ဝန်းမှာ
ခေတ်ထဲမှာရှိနေတုန်း ၊
ဖန်တီးခွင့်ရနေဦးမယ့်နှစ်တွေအထိ
ပိုကောင်းသော သီချင်းများ ဖန်တီးပါဦးမယ် ။
ဒီလမ်းကိုရွေးချယ်မိခဲ့လို့
နောင်တဆိုတာမရှိခဲ့ပါ ။ 💜
!
25/04/2026
အခုနောက်ပိုင်း mixing & masteringတွေ
ယုံယုံကြည်ကြည်နဲ့ အလုပ်လုပ်ခွင့်ရခဲ့တာ
" ပုံရိပ် " ရဲ့ " Someone is sick today " albumရဲ့
အရှိန်အဝါတွေကြောင့် အများကြီးပါတယ် ။
တခါမှ အလုပ်အတူတူတွဲမလုပ်ဘူးပေမယ့်
albumတစ်ခုလုံးရဲ့ mixing & mastering ကို
ကိုခရက်ကီဆီအပ်ချင်တယ်ဆိုပြီး
ဖန်တီးခွင့်ပေးသွားတာ ။
အဲ့ဒီ albumထဲ တီးခတ်ခွင့်ရခဲ့တဲ့
သီချင်း ၂ပုဒ်ကလဲ နေရာအနှံ့ကြားခွင့်ရလို့
အမှတ်တရကောင်းတွေထဲက တစ်ခုဘဲ ။
!
[ SOLD OUT ] // " 90's RnB Type Beat 📌
ကျသင့်ငွေ - ၅သိန်းကျပ်တိတိ
( telegram ) မှာ
ဝယ်ယူသုံးစွဲနိုင်ပါသည် ။
17/04/2026
2020 မှစပြီး ယခုနှစ်အထိ
ဖန်တီးခွင့်ရခဲ့တဲ့ သီချင်းများစွာထဲမှ
" Cracky " ဆိုတဲ့ နာမ်စား
Highlight ဖြစ်စေသော သီချင်းများပေါ့ဗျာ ။
ဒီနှစ်ထဲမှာလည်း အနုပညာရှင်များစွာနဲ့
အလုပ်တွေအများကြီးလုပ်ထားပါတယ် ။
ထွက်လာမယ့် သီချင်းတွေကိုလည်း
ကြိုက်နှစ်သက်စေမယ်လို့ မျှော်လင့်ပါတယ် ။
prod. Cracky !
( ကျန်ခဲ့တဲ့သီချင်းတွေလည်း ကျန်ခဲ့နိုင်ပါတယ် ။
ဖြည့်စွက်နားလည်ပေးပါ ။ )
27/03/2026
" မထင်ပါနဲ့ ( mashup ) " ထွက်ရှိခြင်း
တစ်နှစ်ပြည့် အမှတ်တရ ...
ဒီသီချင်းမှ တစ်ဆင့် ရလဒ်ကောင်းများစွာ ရရှိခဲ့ရပြီး
သီချင်းရဲ့ အဓိကပိုင်ရှင် ကိုအစ္စဏီကလဲ
အရေးတယူ ဖုန်းဆက်ပြီး ချီးကျူးပေးတယ် ။
ကိုရဲလေး နဲ့ အပြင်မှာဆုံတွေ့တော့လဲ
သေချာလေး အသိအမှတ်ပြုပေးတယ် ။
Doublej နဲ့ နောင်နောင်တို့နဲ့လည်း
နာမည်ရသီချင်းတစ်ပုဒ်ဖြစ်ပေးနိုင်ခဲ့လို့
ပျော်စရာအမှတ်တရပါဘဲ ။
တေးရေးဆရာ ကိုAlan နဲ့လည်း
ခင်မင်ခွင့်ရခဲ့ပြီး သီချင်းဖန်တီးပုံတွေကအစ
ပညာယူခွင့်ရခဲ့တယ် ။
feedbackကောင်းများစွာနဲ့
နားဆင်သူများရဲ့ ငယ်ချစ်ဦးအကြောင်းတွေအပြင်
အသဲကွဲသူများရဲ့ ရင်ဖွင့်သံတွေအကုန်
ဒီသီချင်းအောက်မှာ ဖတ်ခွင့်ရခဲ့တယ် ။
သီချင်းတင်ပြီး နောက်မနက်မှာ ငလျင်ဒုက္ခကို
ကိုယ်တိုင်အပါအဝင် တစ်နိုင်ငံလုံးခံစားခဲ့ကြရတယ် ။
အားလုံးစိတ် သောကရောက်နေကြတဲ့အချိန်
အပန်းဖြေနားဆင်စရာလေး ဖြစ်ခဲ့ရလို့လည်း
ကျေနပ်ရပါတယ် ။
အဲ့ဒီနေ့က အစောကြီးနိုးနေတာနဲ့
မနက်ခင်း ( 5:00 ) ကနေ ညနေ ( 5:00 ) အထိ
ကွန်ပျူတာရှေ့ထိုင်ပြီး
ဒီသီချင်းကိုဖန်တီးဖြစ်ခဲ့လိုက်တာ ။
" ရင်မှာအရင်တိုင်း chorus နဲ့ အပေါ်ယံများ verse " ကို
စဉ်းစားထားတာတော့ ကြာပြီပေါ့ ။
ရှေ့၃ယောက်နေရာကိုတော့ စဉ်းစားလို့ရပြီး
နောက်ဆုံး rapမှာ ဘယ်သူ့ကိုထည့်ရမလဲလို့
ဆိုင်ကယ်ပတ်စီးရင်း စဉ်းစားတော့
နောင်နောင်ရဲ့ " ဝမ်းနည်းပေမယ့် ဝမ်းသာတယ် " သီချင်းထဲက rapကို သွားပြီး သတိရတာဘဲ ။
ချက်ချင်း နောင်နောင့်ဆီကို ဖုန်းဆက်ပြီး
သီချင်းယူသုံးမယ့်အကြောင်းပြောရင်း
ဒီ rapကို ထည့်လိုက်မိတာ
သီချင်းတစ်ပူဒ်လုံး အရမ်းပြည့်စုံသွားတာ ။
ပါဝင်သူ ၊ နားဆင်သူ အားလုံးကို
အမြဲကျေးဇူးတင်နေပါတယ် ။ 💜🙏
05/03/2026
" မိုး " သီချင်း က မိုးတွင်းမဟုတ်ပေမယ့်လဲ
(၂)ပတ်အတွင်းမှာ
နားဆင်သူ တစ်သန်းပြည့်သွားခဲ့ပါပြီ ။
ဒီလိုမျိုး သီချင်းကို ဖန်တီးခွင့်ရလို့
ပျော်စရာပါ ။ 💜
ဂီတလမ်းကြောင်းပေါ်က ခေတ် (၄)ခေတ်
ဖန်တီးမှုအားကို ဒီသီချင်းမှာ နားဆင်ခံစားနိုင်ပါမယ် ။
မတူညီတဲ့ သီဆိုသူ generation (၃)ခုနဲ့
အရေး ၊ အတီးပိုင်းက
ကျွန်တော်တို့ generationပေါင်းပြီး
သီချင်းရသအပေါ်မှာ အားပြိုင်ထားပါတယ် ။
အနားယူစရာတေးတစ်ပုဒ်ဖြစ်စေဖို့
မျှော်လင့်ပါတယ် ။
မိုး ( audio ).................
Ah Boy ( Feat : ခင်မောင်ထူး ၊ ရဲရင့်အောင် )
တေးရေး - ပုံရိပ် ၊ ရဲရင့်အောင် ၊ Thomazz ၊
Jay & Ah Boy
music x mixing & mastering : Cracky!
Guitarist : Htoo Khant
link : https://youtu.be/3N04vXMzXtM?si=nr8YaQUIDD12jtSa
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Myittha