Future Book Distribution
18/06/2025
“ချာလီရေ…ကောင်လေးရေ…ထတော့ဟေ့။
ခေတ်ဆိုးကြီးကို တစ်ခန်းမှ မလွတ်စေနဲ့။”
#တကယ်မရှိသောနှစ်များ
#အောင်ခင်မြင့်
24/05/2025
စာအုပ်တွေ ဖတ်ဖို့ အချိန်အများကြီး မရတဲ့ကာလတွေမှာ
social media ပေါ်က စာတွေ ပိုရှာဖတ်ဖြစ်တယ်။
အိမ်မွန်ရေးနေတဲ့ အခန်းဆက်ကို ဖတ်တယ်။
တီနိုရဲ့ အက်ဆေးစီးရီးတွေကို ဖတ်တယ်။
ခုနောက်ဆုံး ရှာဖွေတွေ့ရှိထားတာက ညတာရာလင်း။
ညတာရာလင်းရဲ့ "ကံကြမ္မာကို ရှုံးခဲ့ကြသူများ" ဟာ
ကိုယ့်အတွက်တော့ တော်တော်လေးကို reality hit ပါတယ်။
"ဘာအကြောင်းလဲ" လို့ မေးလာရင်တော့
"ကိုယ့်အသည်းကိုယ်ပြန်ခွဲပြီး အလွမ်းတွေနဲ့
ပျော်မွေ့သူတစ်ယောက်အကြောင်း" လို့ ဖြေမိမှာပါ။
နောက်ခံအသိုင်းအဝိုင်း၊ အတွေးအခေါ်၊ အယူအဆ၊
ဘဝခံယူချက် ဘာတစ်ခုမှမတူတဲ့ ချစ်သူနှစ်ယောက်။
အယူအဆပဋိပက္ခတွေကြားထဲက သူတို့ရဲ့
ရပ်တည်မှုနဲ့ ရွေးချယ်မှု။
ရွေးချယ်လိုက်တဲ့ ဘဝကို ကျေကျေနပ်နပ်ကြီး
ဆက်လျှောက်သွားတဲ့ သူတို့။
နတ်သမီးပုံပြင်တွေထဲကလို ပျော်စရာဇာတ်သိမ်း မဟုတ်တဲ့ ဇာတ်လမ်းတစ်ပုဒ်။
happily ever after ကို အယုံအကြည်ရှိရင်တော့ မဖတ်ကြဖို့ပါပဲ။
https://www.facebook.com/share/p/12JBUJCqkaT/
18/05/2025
မင်္ဂလာပါ စာချစ်သူတို့ရေ...
ဒီနေ့က ဆရာမင်းလူရဲ့ မွေးနေ့ဖြစ်တာမို့ ဆရာ ရေးသားခဲ့တဲ့ "ရီလေးတီဗီတီ သီအိုရီ" ဆိုတဲ့ ကဗျာလေးနဲ့ ဆရာ့ကို ပြန်သတိရကြရအောင်ပါ။
"ရီလေးတီဗီတီ သီအိုရီ"
ယောက်ျားကလေးများအဖို့
တစ်ထွာသောဆံပင်သည်
အရှည်ကြီးဖြစ်၏။
မိန်းကလေးများအဖို့
တစ်ထွာသောဆံပင်သည်
တိုတိုကလေးဖြစ်၏။
ဘတ်စ်ကားပေါ်မှလူအဖို့
အင်းစိန်နှင့်ရန်ကုန်ခရီးသည်
အဝေးကြီးဖြစ်၏။
ကိုယ်ပိုင်ကားပေါ်မှာလူအဖို့
အင်းစိန်နှင့်ရန်ကုန်ခရီးသည်
နီးနီးကလေးဖြစ်၏။
တောင်အောက်မှလူအဖို့
ထိုလမ်းသည် အတက်ဖြစ်၏။
တောင်ပေါ်မှလူအဖို့
ထိုလမ်းသည် အဆင်းဖြစ်၏။
ညအဖို့
၁၂နာရီသည် သန်းခေါင်ယံဖြစ်၏။
နေ့အဖို့
၁၂နာရီသည် မွန်းတည့်ဖြစ်၏။
လူကြီးများအဖို့
အချစ်သည်
အတိတ်ဖြစ်၏။
လူငယ်များအဖို့
အချစ်သည်
အနာဂတ်ဖြစ်၏။
မင်းလူ
10/05/2025
ဒီလကတော့
ဆရာကြီး ဒဂုန်တာရာနဲ့ ဆရာ မင်းလူတို့ရဲ့
မွေးလလေးပါတဲ့...
မွေးလ အမှတ်တရ အနေနဲ့ Futureစာဖတ်ပရိတ်သတ်တွေရဲ့
အားပေးမှု အများဆုံးဖြစ်ခဲ့တဲ့ မေနဲ့ ငှက်ကလေး reviewလေးကို မဖတ်ရသေးတဲ့ စာချစ်သူတို့တွက် တင်ပေးပါရစေ....
Click here to claim your Sponsored Listing.
Category
Website
Address
Myitkyina