Datkhina Dipar Hospital
19/04/2026
☀️ နွေရာသီရောက်နေပြီဆိုပေမယ့် မကြာခင်ဝင်လာတော့မယ့် တုပ်ကွေးရာသီအတွက် ကြိုတင်ပြင်ဆင်ပြီးပြီလား? ☀️
ရာသီဥတုပူပြင်းတဲ့ ဒီလို ဧပြီလ (နွေရာသီ) ဟာ ရာသီတုပ်ကွေးကာကွယ်ဆေး (Seasonal Flu Vaccine) ကြိုတင်ထိုးနှံဖို့ အကောင်းဆုံးအချိန်ဆိုတာ သိပါသလား?
ဘာကြောင့်လဲဆိုတော့ ကာကွယ်ဆေးထိုးပြီး (၂) ပတ်ခန့်အကြာမှသာ ခန္ဓာကိုယ်မှာ ကိုယ်ခံအားအပြည့်အဝ ထွက်ရှိတာဖြစ်ပါတယ်။ ဒါကြောင့် မကြာခင်မှာ ရောက်ရှိလာတော့မယ့် မိုးရာသီနဲ့ တုပ်ကွေးရာသီမှာ မိသားစုဝင်တွေအားလုံး ရောဂါကင်းဝေးပြီး ကျန်းမာစွာ ဖြတ်သန်းနိုင်ဖို့ အခုကတည်းက ကြိုတင်ထိုးနှံထားမှသာ အချိန်ကိုက် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ဒက္ခိဏဒီပါဆေးရုံကြီးမှာ တောင်ကိုရီးယားနိုင်ငံထုတ် ကမ္ဘာ့အဆင့်မီ SKYCellflu Quadrivalent (လေးမျိုးစပ် ရာသီတုပ်ကွေးကာကွယ်ဆေး) ကို ယုံကြည်စိတ်ချစွာ လာရောက်ထိုးနှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
❓ ဘာကြောင့် SKYCellflu ကာကွယ်ဆေးကို ရွေးချယ်သင့်သလဲ?
🛡️ ဗိုင်းရပ်စ် (၄) မျိုး ကာကွယ်ပေးခြင်း: တုပ်ကွေးဗိုင်းရပ်စ် A အုပ်စု (၂) မျိုး နှင့် B အုပ်စု (၂) မျိုး စုစုပေါင်း (၄) မျိုးကို တစ်ပြိုင်နက်တည်း ကာကွယ်ပေးနိုင်ပါတယ်။
🧪 ဘေးကင်းစိတ်ချရခြင်း: ခေတ်မီ Cell Culture နည်းစနစ်ဖြင့် ထုတ်လုပ်ထားတဲ့အတွက် ကြက်ဥအသားဓာတ် လုံးဝမပါဝင်ပါ။ ဒါကြောင့် ကြက်ဥနှင့် ဓာတ်မတည့်သူများလည်း ဘေးထွက်ဆိုးကျိုး စိုးရိမ်စရာမလိုဘဲ ယုံကြည်စိတ်ချစွာ ထိုးနှံနိုင်ပါတယ်။
🌐 စံချိန်မီ အရည်အသွေး: ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO Prequalified) နှင့် Myanmar FDA တို့မှ အသိအမှတ်ပြုထားသော ဆေးဖြစ်ပါတယ်။
❓ ဘယ်သူတွေ မဖြစ်မနေ ကြိုတင်ထိုးနှံထားသင့်သလဲ?
အသက် (၆) လအရွယ်မှစတင်၍ အရွယ်မရွေး ထိုးနှံနိုင်ပြီး အောက်ပါပုဂ္ဂိုလ်များ အထူးဂရုစိုက်၍ နှစ်စဉ် ကြိုတင်ထိုးနှံသင့်ပါတယ် -
👶 အသက် (၆) လ မှ ၅ နှစ်အောက် ကလေးငယ်များ
👴👵 အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ
🤰 ကိုယ်ဝန်ဆောင်မိခင်များ
🩺 နာတာရှည်ရောဂါ အခံရှိသူများ (ဆီးချို၊ သွေးတိုး၊ နှလုံး၊ ပန်းနာရင်ကျပ် စသည်)
💼 နေ့စဉ် လုပ်ငန်းခွင်ဝင်နေရသော လူငယ်များ (လုပ်ငန်းခွင်မပျက်ကွက်စေရန်နှင့် မိမိမှတစ်ဆင့် အိမ်ရှိ ကလေးငယ်များ၊ လူကြီးများထံ ရောဂါကူးစက်မှုမှ ကာကွယ်ပေးနိုင်ရန်)
မိမိနှင့် မိမိချစ်ရသော မိသားစုဝင်များရဲ့ ကျန်းမာရေးအတွက် လာရောက်ထိုးနှံလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါပြီရှင်။
📞 စုံစမ်းမေးမြန်းရန် - 09778899824, 09898259494, 09674651264
🏥 လိပ်စာ - ဒက္ခိဏဒီပါဆေးရုံကြီး၊ အမှတ် (၄၂)၊ မြေနီလမ်း၊ ကန်ဖျားရပ်ကွက်၊ မြိတ်မြို့။
ဒက္ခိဏဒီပါဆေးရုံ မှ ဒေါက်တာယဥ်မင်းသိန်း၏
မိခင်ဖြစ်သူ ဒေါ်သိန်းအေး အသက် (၈၁)နှစ် သည်
ရန်ကုန်မြို့၌ (၉-၄-၂၀၂၆) နံနက်(၁၀း၂၂)အချိန်တွင် ဘဝတစ်ပါးသို့ကွယ်လွန်သွားကြောင်းသိရှိရပါသဖြင့် မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ကောင်းရာသုဂတိရောက်ပါစေကြောင်း ဒက္ခိဏဒီပါ ဆေးရုံ မိသားစုမှ ဆုတောင်းပေးလိုက်ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Address
No. (42), Myay Ni Street, Kan Phya Quarter
Myeik