Phyu Pyar

Phyu Pyar

Share

16/01/2023

တောင်းပန်တယ်ဆိုတာ တကယ်တမ်းတော့ သိပ်ခက်ခဲတဲ့အလုပ်တော့ မဟုတ်ဘူး။ မတောင်းပန်မိအောင် နေဖို့၊ မတောင်းပန်မိအောင် ပြောဖို့၊ မတောင်းပန်မိအောင် စိတ်ထားကြံစည်ဖို့ကျတော့ အခက်သား။

တချို့လူတွေဟာ စိတ်ထဲရှိရင် ရှိတတ်အတိုင်း ပြောတတ်တဲ့ အကျင့်ကလေးက သူတို့မှာ အထုံသဘာဝဖြစ်နေတယ်။ ဒါပေမဲ့ သူတို့စိတ်က တစ်ဖက်သားကို တကယ် နစ်နာစေတဲ့ အပြောမျိုး၊ တစ်ဖက်သားကို တကယ် ထိခိုက်နာကျင်စေမယ့် အလုပ်မျိူး ပြောဆိုကျင့်ကြံတာ ဟုတ်ချင်မှ ဟုတ်နေမှာပါ။

တချို့ကျတော့ အပြောလေးတော့ တကယ် အချိုသား။ ယုတ်ညံ့တဲ့စိတ်ဓာတ်တွေဟာ ကိုယ်ကိုယ်တိုင်ကကော တစ်ဖက်လူကကော ဆွဲတင်ပင့်တင် ကူညီပေးလို့တောင် မရနိုင်တော့တဲ့ လူစားမျိုး ရှိတတ်ကြတယ်။

ကိုယ်ထိခိုက်နာကျင်သွားတဲ့အခါမျိုးမှာ အများစုက အနည်းနဲ့အများတော့ သည်းခံစိတ်ကင်းလွတ်သွားကြတာပါပဲ။ တစ်ဖက်သားက မှားမှားမှန်မှန် ကိုယ်တကယ် နစ်နာပြီးလို့ သူတို့က မ​တောင်းပန်တဲ့အခါမျိုးဆိုရင် ပိုလို့တောင် ဒေါသတွေ ထောင်းထောင်းထလာတတ်ကြတယ်။

ကိုယ်မှားလို့ တစ်ဖက်သားကို တောင်းပန်တဲ့ အခါမျိုးမှာလည်း တကယ်စိတ်ရင်းနဲ့ တောင်းပန်ခဲ့ဖူးသလားဆိုတာ ပြန်လည် စဥ်းစားဖို့ လိုနေပါပြီ။ သို့ပေမဲ့ ကိုယ်ကသာ တစ်ဖက်သားကို တကယ် နာကျင်စေတဲ့စိတ်နဲ့ တမင်လုပ်နေတာဆိုရင်တော့ ကိုယ့်အပြစ်ဖြစ်သွားပြီပေါ့။

ဘယ်လိုအ​ခြေအနေမျိုးမှာပဲဖြစ်ဖြစ် နားလည်ထားရမှာတစ်ခုက ကိုယ်ကိုယ်တိုင်ကရော ယုတ်မာတဲ့ အမှားကြီး မလုပ်မိဖို့လိုသလို တစ်ဖက်လူကို ခွင့်လွှတ်တဲ့အခါကျရင်လည်း ယုတ်မာတဲ့အမှားဆိုရင် ခွင့်မလွှတ်ဖို့ လိုအပ်ပါလိမ့်မယ်။


#၃၀မိနစ်တက္ကသိုလ်

Want your business to be the top-listed Beauty Salon in Myeik?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Myeik