White Energy-SHG

White Energy-SHG

Share

26/05/2024

ကောင်းကင်ထက်၌ အိပ်မက်များကို ရေးဆွဲခြင်း
(သို့)
တိမ်စိုင်တွေကို စိတ်တိုင်းကျ ထုဆစ်ခြင်း

ဆိုတဲ့ ခေါင်းစဥ်လေးနဲ့ စာစုတိုပေါင်းချုပ်လေးရေးထားတာရှိတယ် ။

လူငယ်တယောက်ရဲ့စိတ်ခံစားချက်တွေကို သေချာပုံဖော်ထားပြီးအတွေးရှုထောင့်ပေါင်းစုံ ပေးနိုင်လိမ့်
မယ်လို့ ထင်တယ် ။ လူငယ်တ​ယောက် လမ်းမှားသွားတဲ့အခါ သူအနီးနားက မိသားစု အသိုင်းဝိုင်းကြား သူအပေါ်ဖိနှိပ်ခွဲခြားလာတဲ့အခါ ...
ဒီလူငယ်ဘာဆက်ဖြစ်မလဲ ..
တန်းတူအခွင့်ရေးတွေမရှိတဲ့ ပြစ်ပယ်ခြင်းကြားက အထီးကျန်ခြင်းနဲ့အတူ သူဝမ်းနည်းခြင်းတွေကို ဘယ်လိုပုံဖော်နေထိုင်ခဲ့သလဲ...
အရွဲ့တိုက်ခြင်းနဲ့ တဖြည်းဖြည်းလမ်းပျောက်လာတဲ့အခါ....
နောက်ဆုံး ကောင်ရိုးသမျှင်နဲ့ လမ်းမှန်ပေါ်ပြန်တတ်လာနိုင်တာက ဘယ်အရာကသူကိုတွန်းပို့ခဲ့တာလဲ... စတဲ့ တွေးစရာတွေ မှတ်သားစရာတွေ သူ့အမြင်
ကိုယ်အမြင်ကြားက ကွဲထွက်နေတာတွေ အပြင်
ဥပက္ခာတရားရဲ့ အရေးပါပုံတွေကို... စသဖြင့်
အကြောင်းအရာတွေကို တခြားစာစုတွေနဲ့မတူပဲ
ကဗျာ ဒဿန တွေနဲ့ ပေါင်းစပ်ထားတဲ့ လူငယ်တယောက်ရဲ့ ရင်းတွင်းအကြောင်းအရာတွေကို
ခေါင်းစဥ်သေး၂၀ နဲ့ ဖွဲ့စည်းရေးသားထားပါတယ်
စာအုပ်အဖြစ်မထုတ်ခင် Facebook မှာ တလ
ခေါင်းစဥ်သေး တပိုဒ်ဆီ တင်ပေးပါ့မယ်
ဖတ်ရှုအားပေးကြပါဦးလို့
နောက်နေ့ ခေါင်းစဥ်သေးတွေကို ဖော်ပြပေးပါ့မယ်။

မြတ်နိုးခြင်းများစွာဖြင့်
ခိုင်မင်း

09/05/2024

နိုင်ငံရေးဟာ လူတိုင်းနဲ့

သက်ဆိုင်တယ်လို့

ပညာရှိတွေ ဘယ်လိုပဲပြောပြော

ပညာမဲ့တွေက ငါလုပ်မှ ငါစားရတယ်လို့
ပြောကြတာပဲ

ပြောရင်း ပြောရင်းနဲ့ တဖြည်းဖြည်း ငတ်လာတဲ့

တနေ့ မှာ ပထမ တော့ သိက္ခာကို ရောင်းစားမယ်

ဒုတိယတော့ ကျင့်ဝတ်ကို ရောင်းစားမယ်

တတိယတော့ သီလကို ရောင်းစားမယ်

အဲဒီနောက် လူဟူသော ဂုဏ်လက္ခဏာ

မရှိတော့ပဲ အပယ်လေးဘုံသားများသဖွယ် ရှင်သန်ရမယ်။

Credit to original writer
#စိတ်၏စေရာ

30/04/2024

ယုံကြည်ရာကို တစိုက်မတ်မတ်
ငါ လျှောက်ရင်းလျှောက်ရင်း
တခါတလေမှာ အထီးကျန်ဆန်သလို
ခံစားလာရတယ်

Want your public figure to be the top-listed Public Figure in Myaing?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Myaing