Tin Soe
30/11/2021
ဘာလဲကွာ မနိုင် နိုင်ရာမဲ
===================
မန်ယူနှင့် ချယ်ဆီး ဘောလုံးပွဲကြည့်ပြီးအပြန် ချယ်ဆီးဖန်မှ မန်ယူဖန်၏ ဦးခေါင်းကို ပုလင်းဖြင့် ရိုက်ခွဲ.....….......…........….........
မိတ္ထီလာ၊ နိုဝင်ဘာ ၂၉ (People Media)
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ပေါက်ချောင်း ကွက်သစ်ရပ်ကွက်၌ မန်ယူနှင့် ချယ်ဆီးဘောလုံးပွဲကြည့်ပြီးပြန်လာသည့် လူငယ်များ စကားအခြေအတင်ဖြစ်ရာမှ ချယ်ဆီးဖန်မှ မန်ယူဖန်၏ ဦးခေါင်းကို ပုလင်းဖြင့် ရိုက်ခွဲခဲ့သည့် ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပါတယ်။
ချယ်ဆီးဖန် လူငယ်များသည် မန်ယူဖန်အမျိုးသား၏ ဦးခေါင်းကို ပုလင်းခွံဖြင့် ရိုက်နှက်ခဲ့သည့်အပြင် ကွဲအက်သွားသော ပုလင်းခွံဖြင့်လည်း အဆိုပါ မန်ယူဖန် အမျိုးသား၏ ဝမ်းဗိုက်ကိုလည်း ထိုးသွင်းခဲ့ကြောင်း သိရပါတယ်။
"အနွေးထည်ခံထားတဲ့အခါကျတော့ ပြတ်ရှ ဒဏ်ရာလောက်ပဲရခဲ့တယ်။ ဒဏ်ရာက ၄ ချက်လောက်ချုပ်ရတယ်။ ဆေးရုံတက်စရာမလိုတဲ့အတွက် ညကပဲ ဒဏ်ရာကိုချုပ်ပြီးတော့ အိမ်ပြန်ပို့ပေးလိုက်ပါတယ်"ဟု မိတ္ထီလာမြို့ မျိုးဆက်သစ် လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
နိုဝင်ဘာ ၂၈ နေ့ ည ၁၁ နာရီတွင် ပြသခဲ့သော မန်ယူနှင့် ချယ်ဆီး ဘောလုံးပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့ပါတယ်။
#မိတ္ထီလာ #ဘောလုံးပွဲ
(unicode)

Breaking News!!!
ယနေ့ အမေ့ ဒေါ်အောင်ဆန်းစုကြည်အားအမိန့်ချမည့်ရက် ဒီဇင်ဘာ (၆)ရက်နေ့သို့ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်းသိရ။
🙏 အမေ့ကို ပြန်မအော်ပါနဲ့ 😔😔😔
🙏 သုံးလတိတိ ထမင်းစားပြီးတိုင်း
အန်ရတဲ့ ဒုက္ခကို ခံစားရတာ အမေ 👩👦
🙏 ဗိုက်ထဲက ရင်သွေးလေးကြောင့် မအိပ်ခဲ့ရတဲ့ ညတွေ 👩👦
🙏 ကော်ဖီ ၊ လက်ဖက်ရည် ၊ ကိုယ်ကြိုက်တဲ့မုန့် အစားအစာတွေ မစားရပဲ ရှစ်လတိုင်တိုင်
အငတ်ခံနေရတဲ့ ဒုက္ခကို ခံစားရတာ အမေ 👩👦
🙏 ညညအိပ်ရင်လည်း ဘယ်ညာ မစောင်းပဲ
ုငြိမ်ငြိမ်လေးနဲ့ ၅ လတိုင် မအိပ်နိူင်ခဲ့တဲ့ ဒုက္ခကို ခံစားရတာ အမေ 👩👦
🙏 ၈ လတိုင် ဆော့ကစားတာတို့ လျှောက်လည်တာတို့ ကခုန်တာတို့ မလုပ်ပဲ အိမ်ထဲမှာပဲ နေရတဲ့ ဒုက္ခကို ခံစားရတာ အမေ 👩👦
🙏 နာဖျားမှု မရှိအောင် ကိုယ့်ကိုဂရုစိုက်နေရင်း ချဉ် ငံ စပ် ခါး ရှောင်ရှားရတဲ့ ဒုက္ခကို ခံစားရတာ အမေ 👩👦
🙏 ၁၄ နာရီအကြာ အသက်နဲ့ရင်းပြီး နာကျင် ကိုက်ခဲတဲ့ဝေဒနာတွေ ခံစားရတဲ့ ဒုက္ခကို ခံစားရတာ အမေ 👩👦
🙏 ဗိုက်ခွဲထားတဲ့ နာကျင်မှုကို မေ့ဖျောက် အနှီးတွေ လျှော်ရတဲ့ ဒုက္ခကို ခံစားရတာ အမေ 👩👦
🙏 ကိုယ့်နိူ့သီးခေါင်းကို ကိုက်ရင် နာပေမယ့် ၁၀ လကြာအောင် အောင့်အီးသည်းခံရတဲ့ ဒုက္ခကို ခံစားရတာ အမေ 👩👦
🙏 ချီးတွေ ၊ သေးတွေ ၊ အန်ဖတ်တွေ ၄နှစ်တိုင် သုတ်သင်ပေးရမယ့် ဒုက္ခကို ခံစားရတာ အမေ 👩👦
🙏 ညညဆိုရင် နှစ်နာရီတစ်ခါ တစ်နှစ်လုံးလုံး အိပ်ရေးပျက်ခံပြီး ထရတဲ့ ဒုက္ခကို ခံစားရတာ အမေ 👩👦
🙏 ဒုက္ခဆင်းရဲ စိတ်ပင်ပန်းမှုများစွာနဲ့ လောကဓံကို ကြံ့ကြံ့ခံ ကိုယ့်ရင်သွေးလေးအတွက် ပေးဆပ်အနစ်နာခံတာ အမေ 👩👦
🙏 ကိုယ့်ရင်သွေးလေး လူဖြစ်စအရွယ်မှ စပြီး လူလားမြောက်သည်အထိ ၁၅နှစ်လား အနှစ် ၂၀လား 👩👦
🙏 သေဆုံးမသွားခင်အချိန်ထိ သားသမီးတွေအတွက် ပေးဆပ်နေတာ အမေ 👩👦
🙏 ဒုက္ခဆင်းရဲတွေနဲ့ သားသမီးတွေ ရှေ့က မားမားမတ်မတ်ရပ်တည်လို့ ဘုရားနဲ့ တကိုင်းတည်းထားပြီး အမြဲကန်တော့ခံရတာ အမေ 👩👦
❤ အမေ နေရာရောက်တဲ့ မိခင်များအားလုံးကို ရိုသေလေးစားလျှက်ပါ 🙏❤🙏
17/11/2021
အညောင်းပြေသလို ဝိတ်ကျစေတဲ့ လွယ်ကူတဲ့ လေ့ကျင့်ခန်းတွေပါ
ပုံတစ်ပုံအတိုင်း စက္ကန့်၃၀ နေပါ။
အနီရောင်တွေက အကြောအချင်တွေ တောင့်တင်းပြီးညောင်းတတ်တဲ့နေရာလေးတွေဖြစ်ပါတယ်။
credit
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Myaing