Brewing In Home
25/04/2024
24-7 အချိန်မရွေး ကော်ဖီသောက်ချင်တဲ့ ကော်ဖီချစ်သူများအတွက်
☕☕☕ကော်ဖီအနှစ်ရည် Espresso နီးပါး quality ရစေမဲ့ Moka pot တစ်လုံးသာ ဝယ်ထားလိုက်တော့နော်။။။
💵💵💵
(300ml) ....35,000ks/
(150ml).....30,000ks/
မန္တလေးမြို့တွင်း COD ရပါတယ်ရှင်။
ကျန်မြို့များကို Royal Express ရောက်တဲ့ မြို့တွေဆို အိမ်အရောက်ပို့ဆောင်ပေးပါတယ်။
💯💯💯☕မင်မင်တို့ Coffee accessoriesများက ဖန်ထည်ပစ္စည်းများတာကြောင့် စိတ်ချတာဝန်ယူပေးတဲ့ 💥Royalနဲ့ အပ်တာကြောင့် အခြားမြို့များ CODမရတာကို နားလည်ပေးစေလိုပါတယ်ရှင်။
မှာယူမယ်ဆို Ph-09444014588 or chat boxကနေ မှာယူနိုင်ပါတယ်ရှင်။
#ကော်ဖီအိုး #ကော်ဖီဆိုင်
05/12/2023
Budgeted Coffee ကောင်းကောင်းတခွက်
ကော်ဖီတခွက် လေးငါးထောင်ဖြစ်နေချိန်မှာ ကော်ဖီကောင်းကောင်းလည်း သောက်ရမယ် ငွေကုန်ကြေးကျ သက်သာချင်တယ်ဆိုရင်တော့ Moka pot ကိုပဲ ညွှန်းရမှာပါပဲ။
တယောက်ပဲသောက်မယ်ဆိုရင်တော့ Moka pot (150)ml ကို သုံးပါ။
အောက်ခံအိုးထဲကို ရေဖြည့်ပါ။ Safety valve အောက်ခြေနားထိပဲ ဖြည့်ပါ။
ကန်တော့ထဲကို ကော်ဖီမှုန့်ထည့်ပါ။ Fine ground ကို ရွေးချယ်ပါ။ ခါးတဲ့ဖက်ကြိုက်ရင် Dark roast ကို သုံးပါ။ ကော်ဖီအရသာပိုရချင်ရင်တော့ Medium roast ကိုသုံးပါ။ (နောက်မှာရွေးနည်းပြောပြပါမယ်)။
တချို့supermarket တွေမှာ ရနိုင်တဲ့တံဆိပ်တွေက အရမ်း fine ဖြစ်လွန်းတဲ့အခါ အဆင်မပြေပါဘူး။ မင်မင်တို့သုံးဖူးတဲ့ တံဆိပ်တွေထဲကဆိုရင် ရွှေပုဇွန်၊ High Land ကထုတ်တဲ့ fine တွေက အဆင်ပြေပါတယ်။ ဈေးတန်းလည်း ၂၀၀ဂရမ်တထုတ်ကို ၇၅၀၀ လောက်ရှိပါတယ်။ (မင်မင်တို့ကြော်ငြာခရလို့ ကြော်ငြာပေးတာမဟုတ်ပါ) နောက်မှ ကော်ဖီမှုန့် ကောင်းကောင်းဘယ်လိုရွေးဝယ်မလဲဆိုတာကို ရေးပါဦးမယ်။
ကော်ဖီဆက်ဖျော်ကြဦးစို့။ ကန်တော့ထဲကော်ဖီမှုန့်ကို ဖွဖွလေးပြည့်အောင်ထည့်ပြီးပြီဆိုရင် ဖွဖွလေး တချက်နှစ်ချက် ဆောင့်လိုက်ပါ။
ပြီးရင် အောက်ခံအိုးထဲထည့် အပေါ်အိုးကိုအရစ်ကြပ်အောင်ရစ်ပြီး ကြပ်ပါ။
ပြီးရင်တော့ မီးဖိုပေါ်တင်ပြီး အဖုံးလှပ်ထားပြီး စောင့်ရုံပါပဲ။
မီးပြင်းစရာမလိုဘဲ သာမန်နဲ့ တည်ထားရုံပါပဲ။ ကော်ဖီရေတက်လာပြီဆိုတာနဲ့ မီးကို အနည်းဆုံးလျော့ပါ။
ကော်ဖီရည်တက်တာ ပြီးခါနီးရင် ကော်ဖီရည် ဆောင့်ပန်းထွက်တက်လို့ အပူလောင်တတ်ပါတယ်။ သတိထားပါ။
အပေါ်အိုးမှာ ကော်ဖီရည်ပြည့်လာပြီ ထပ်လည်းမထွက်တော့ဘူးဆိုရင် မီးဖိုပေါ်က ချ မီးပိတ်လိုက်ပါ။
ဒီတိုင်း Black Coffee ပြင်းပြင်း၊ Espresso သောက်တတ်ရင် ရေခဲတစ်တုံးနှစ်တုံးခွက်ထဲထည့်ပြီး ကော်ဖီရည်လောင်းထည့်သောက်ရုံပါပဲ။
အပြင်းမကြိုက်တဲ့သူအတွက်ကတော့ ရေနွေး(သို့) ရေအေး ကြိုက်သလို ရောသောက်ပါ။
စိမ့်စိမ့်လေးကြိုက်သူအတွက်ကတော့ နွားနို့၊ နို့ဆီ၊ နို့စိမ်း စိတ်ကြိုက်အချိုးနဲ့ဖျော်သောက်နိုင်ပါပြီ။
ဒါဆိုရင်တော့ ဆိုင်မှာသောက်ရတဲ့ ကော်ဖီအရသာနဲ့ နီးစပ်တဲ့ကော်ဖီကောင်းကောင်းတစ်ခွက်ကို ဆယ်မိနစ်အတွင်းမှာပဲ ဖျော်သောက်နိုင်ပါတယ်။
ကုန်ကျစရိတ်တွက်မယ်ဆိုရင်တော့
ကော်ဖီမှုန့် ၂၀၀ ဂရမ်တထုတ် - ၇၅၀၀ (အနည်းဆုံး ၁၅ကြိမ်ကနေ ၂၅ကြိမ်လောက်ထိဖျော်သောက်နိုင်)
အခါ(၂၀)နဲ့ပဲ တွက်ရင် တခါဖျော် - ၃၇၅ကျပ်
သကြား ၈ဂရမ် တထုတ် - ၂၅၀ ကျပ် (ခန့်မှန်း)
နို့ဆီထုတ် တချောင်း - ၄၀၀ ကျပ် (ခန့်မှန်း)
စုစုပေါင်း - ၁၀၀၀ ကျပ်ဝန်းကျင်
ရေဖိုး၊ မီးဖိုးတွေ ထည့်မတွက်တော့လို့ ထည့်မတွက်ထားဘူးနော်။
နွားနို့နဲ့သောက်မယ်ဆိုရင်တော့ တခါသောက်နွားနို့ဘူးတွေက ဈေးနည်းတာတောင် ၁၅၀၀ လောက်ရှိမယ်ဆိုတော့ ၂၀၀၀ ကျပ်လောက်ကုန်နိုင်ပါတယ်။
Moka pot (150ml) အိုးကို မင်မင်တို့ဆီက ဝယ်ရင် ၁၈,၀၀၀ ကျပ်ပဲ ကျပါမယ်။ အိုးကတော့ သေချာစနစ်တကျသုံးရင် နှစ်ချီပြီး သုံးလို့ရပါတယ်။
အဲ့တော့ ကိုယ့်စိတ်ကြိုက်အချိုးတွေ သောက်လို့ရနိုင်သလို၊ Dark , Medium တို့ရဲ့အရသာတွေကိုလည်း မြည်းစမ်းနိုင်ပါတယ်။
တခုပဲ ရှိတာကတော့ ဆိုင်မှာလို့ အသင့်စောင့်သောက်နေရုံတော့ မရပါဘူး။ ကိုယ့်ဘာသာဖျော်ရတာတခုပါပဲ။
ဟိဟိ မင်မင်ကတော့ ရပါတယ်။ အိမ်မှာ ဖျော်တိုက်မယ့်သူရှိလို့ပါ။
Moka pot ဝယ်ထားပြီး မဖျော်တတ်ဖြစ်နေရင် မင်မင်တို့ကို လာမေးလို့ရပါတယ်။ သိသလောက်ဖြေပေးပါမယ်။
#ေကာ်ဖီ #ကော်ဖီအိုး
Click here to claim your Sponsored Listing.
Telephone
Website
Address
Myaing
Opening Hours
| Monday | 08:30 - 18:00 |
| Tuesday | 08:30 - 18:00 |
| Wednesday | 08:30 - 18:00 |
| Thursday | 08:30 - 18:00 |
| Friday | 08:30 - 18:00 |
| Saturday | 08:30 - 18:00 |