Red Joker
18/12/2023
ကောလင်းဒေသ၊ ထီးချိုင့်ဒေသ အပါအဝင် စစ်ဘေးရှောင်ဒေသမှ ကလေးငယ်များအား IBEC ဆရာတော်ဘုရား မှ ကျောင်းအပ်လက်ခံခြင်း နှင့် ပတ်သက်၍ IBEC ပညာရေးဘုတ်အဖွဲ့အား လမ်းညွှန်မှာကြားချက်။
ဒီဇင်ဘာ ၁၄၊ စစ်ကိုင်း။
(၁) တတ်နိုင်သမျှ နည်းလမ်းများဖြင့် ကူညီပေးပါ။
(၂) ကလေးငယ်များ ပညာသင်ယူခွင့် မဆုံးရှုံးစေရန် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ နှင့် ချိတ်ဆက်ဆက်သွယ်ဆောင်ရွက်ပါ။
(၃) အဆိုပါ ဒေသမှ ကလေးငယ်များသည် ပညာရေးတစ်ပိုင်းတစ်စများဖြစ်ကြပြီး ဆက်လက်ပညာသင်ယူမှုရန်အတွွက်အမှန်တကယ်အခက်အခဲဖြစ်နေကြသည်ကို ကြားသိရသည့်အတွက် မည်ကဲ့သို့ လက်ခံဆောင်ရွက်ပေးနိုင်သည်ကို သေချာရှင်းပြ၍ IBEC ကျောင်းတော်ကြီးတွင် ဆက်လက်ပညာသင်ယူစေပါ။
(၄) လာရောက်ဆက်သွယ်မှုများ များပြားသည့်အတွက် ကျောင်းအပ်လက်ခံခြင်းများကို စနစ်တကျစီစဥ်ကာ ပညာရေးမူဝါဒများနှင့် ညီညွတ်စွာလက်ခံနိုင်ရေး ဆောင်ရွက်ပါ။
(၅) ကလေးငယ်များ ပညာသင်ယူခွင့်မဆုံးရှုံးစေရစေအတွက်မှာ အလွန်အရေးကြီးသည့်အတွက် အဆိုပါ အချက်ကို အဓိကထား ဦးစားပေး ဆောင်ရွက်ပါ။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ စတင်၍ ကောလင်းဒေသ၊ ထီးချိုင့်ဒေသအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် စစ်ဘေးရှောင်ဒေသ မှ ကလေးများ ပညာရေးတစ်ပိုင်းတစ်စမဖြစ်စေရန်အတွက် ဘုန်းဘုန်းဘုရား၏ ညွှန်ကြားချက်အရ အထူးအစီအစဥ်အဖြစ် ကျောင်းအပ်လက်ခံပေးနေပြီဖြစ်ပါသည်။
" လိုသူမျှပေး ပညာရေး " အစီအစဥ်ဖြင့် စစ်ဘေးရှောင်ဒေသမှ ကလေးငယ်များအား ပညာဆက်လက်သင်ကြားနိုင်စေရန်အတွက် ရည်ရွယ်ချက်၊ ကျောင်းနေအရွယ်ကလေးများအားလုံး ခွဲခြားမှုမရှိဘဲ လွတ်လပ်ငြိမ်းချမ်းစွာ ပညာသင်ယူနိုင်ရေး " ဟူသော ရည်ရွယ်ချက်များဖြင့် စိန်ခေါ်မှူများကြားထဲမှ အကောင် အထည်ဖော်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
ယခုအခါ ဆရာတော်ဘုရားသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဆေးကုသမှူခံယူရန်အတွက် ရောက်ရှိနေခြင်းဖြစ်သောကြောင့် " လိုသူမျှပေး ပညာရေး " အစီအစဥ်အား IBEC ဌာနမှူးများဦးဆောင်သော ပညာရေးဘုတ်အဖွဲ့ မှ ဆရာတော်ဘုရား၏ တိုက်ရိုက်တာဝန်ပေးချက်အရ လက်ခံဆောင်ရွက်ပေးနေခြင်းဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အဆိုပါအထူးအစီအစဥ်ဖြင့် ပါဝင်ဆောင်ရွက်လိုသူများသည် IBEC ကျောင်း တိုက်ကြီးသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းနံပါတ်များဖြစ်သည့် 09 797778535, 09 443168036, 09 791533722, 09 797840 197, 09 761090621, 09 400 547721, 09 798716259 များ ထံသို့ ဆက်သွယ် စုံစမ်းမေး မြန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
#ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန
#အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ
#စစ်ကိုင်းတောင်ရိုး #စစ်ကိုင်း
Click here to claim your Sponsored Listing.
Category
Website
Address
Myaing
04/04/2024