San Win Mobile

San Win Mobile

Share

Photos 23/05/2014

Firmware ဆိုတာ ဘာလဲ ?

Firmware ဆိုတာ Hardware ကိရိယာထဲ ထည့်သွင်းမြှုပ်နှံပါရှိတဲ့
ကွန်ပျူတာပရိုဂရမ်ကို ဆိုလိုတယ်။ ဥပမာအားဖြင့် Micro Controller
လိုအရာမျိုး။ အမည်က ရည်ညွှန်းတဲ့ အတိုင်း Firmware က Hardware နဲ့ Software
ကြားကျတဲ့ နေရာ တစ်နေရာရာမှာရှိပါတယ်။ software လိုပဲ ၎င်းဟာ Micro Processor
ဒါမှမဟုတ် Micro Controller က လည်ပတ် လုပ်ဆောင် ပေးရတဲ့ ကွန်ပျူတာ ပရိုဂရမ်
တစ်ခုဖြစ်တယ်။ ဒါပေမယ့် Hardware ပိုင်းအစနဲ့ တင်းကျပ်စွာ ချိတ်ဆက်နေတဲ့
အတွက် ပြင်ပမှာ ဘာအဓိပ္ပာယ်မျှ မရှိဘူး။

ခေတ်ပေါ် စနစ်တွေမှာ ချိတ်ဆက်တတ်ဆင်တဲ့ ကိရိယာ အများစုဟာ
သူတို့ကိုယ်နှိုက်က ကိုယ်ပိုင် Software ကို Run တဲ့ အထူးပြု ကွန်ပျူတာ တွေ
ဖြစ်တယ်။ ဒီကိရိယာထဲက တစ်ချို့ ဟာ ROM အတွင်း Software (”firmware”)
သိမ်းဆည်း ပါရှိတယ်။ ဒါပေမယ့် နှစ်တွေကြာညောင်း လာတော့ Firmware ကို
အိမ်ရှင် Host System မှ ခေါ်တင်ရခြင်းဟာ ဈေးလည်း သက်သာ၊ ပြင်လွယ်
ပြောင်းလွယ်ဖြစ်ကြောင်း ထုတ်လုပ်သူ တွေက တွေ့ရှိလာတယ်။ ရလဒ် အဖြစ် လက်ရှိ
Hardware အများစုဟာ ၎င်းလိုအပ်တဲ့ Firmware ကို Host ကွန်ပျူတာတွေထဲ
မသွင်းမချင်း အသုံးပြုနိုင်လောက်အောင် မလုပ်ဆောင်ဘူး။ ဒီလို Firmware
အလုပ်ဝန်ကို Device Driver ကကိုင်တွယ်ပေးပါတယ်..

အများအားဖြင့် Firmware တွေရဲ့ ဗားရှင်းကို ယင်း ပါဝင်တဲ့ ကိရိယာပစ္စည်းလေးများမှာ ထည့်သွင်းဖော်ပြထားတတ်ပါတယ်။

Posted by :http://www.winkabarkyaw.net/2014/05/firmware.html

Photos 25/04/2014

မိုဘိုင်း ဆင်းမ်ကဒ်အကြောင်း သိကောင်းစရာ

SIM Card ဆိုတာ subscriber identity module သို့မဟုတ် subscriber identification module လို အရှည်ခေါ်ပါတယ်။ မြန်မာလို တိတိကျကျကြီး ဘာသာပြန်ရရင်လစဉ်/ နှစ်စဉ်ကြေး ပေးသွင်းသူ၏ အထင်အရှားလက္ခဏာ များအား သိမ်းဆည်းထားရာ အစိတ်အပိုင်းတစ်ခု လို့ အဓိပ္ပါယ် ရပါတယ်။တစ်ခါတစ်လေကျရင် တိတိကျကျကြီး ဘာသာပြန် လိုက်တာထက် အင်္ဂလိပ်လို မှတ်သားတာ အကောင်းဆုံးပါပဲ။ သူက Portable Memory Chip လိုမျိုးပါပဲ။ ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာအတွက် အထောက်အပံ့ ပေးတဲ့ သတ္တုနဲ့ ပြုလုပ်ထားတဲ့အတွက် စကားပြောလိုလို့ ရမယ်၊ စကား အသံ အဖြစ်သို့ ပြောင်းလဲပေးမယ့်Transmitter, Receiver ပါရှိ တယ်လီဖုန်းနဲ့ တွဲဆက်အသုံးပြုလိုက်တဲ့အခါ မိုဘိုင်းဖုန်း ဆိုပြီ ဖြစ်လာပါတယ်။ပါဝင်တဲ့အစိတ်အပိုင်းများကပုံမှာ ပြထားတဲ့အတိုင်းပါပဲ။ SIM card မှာ မှတ်ဥာဏ်သိမ်းဆည်းနိုင်တဲ့ ပမာဏလည်း အသင့်တင့် ရှိပါတယ်။ ယင်းကလည်းထုတ်လုပ်သူအပေါ်မှာ မူတည်ပါတယ်။ ကျနော် တို့ မြန်မာပြည်က SIM Card မှာဆိုရင် Phone Address ဘယ်နှစ်ခု ထည့်သွင်း သိမ်းဆည်းနိုင်တယ်ဆိုပြီးသူ့အကန့်အသတ်နဲ့ သူရှိပါတယ်။
အလုပ်လုပ်တဲ့ Network အပေါ်မှာမူတည်ပြီးတော့ GSM, CDMA, WCDMA အစရှိသဖြင့် ကွဲပြားသွားပါတယ်။ GSM ဆိုရင်တော့ Global System for MobileCommunications (GSM) network ပါ။ ဒီအတွက် SIM Card မှာ ကတည်းက တစ်ခါတည်း Program သွင်းထားတဲ့အတွက် CDMA ပဲ Support လုပ်တဲ့စမတ်ဖုန်းတွေမှာ ထည့်ပြီး အသုံးပြုလို့ မရပါဘူး။ CDMA တို့ဆိုရင်လည်း ဒီတိုင်းပဲ ဖြစ်ပါတယ်။

SIM ကဒ်ကို အကြမ်းအားဖြင့် အမျိုးအစား လေးမျိုး ထပ်ခွဲပါသေးတယ်။

H1 - သာမန်ကွန်ရက်ကို အသုံးပြုသော ဆင်းမ်ကဒ်

H2 - သာမန်ထက်ပိုကောင်းသော ကွန်ရက်ကို အသုံးပြုသော ဆင်းကဒ်

H3 - ပိုမိုကောင်းမွန်သော ကွန်ရက်

H4 - အကောင်းဆုံး ကွန်ရက် ကို အသုံးပြုသော ဆင်းကဒ်

Normal, Better, Better Better, Best ဆိုပြီး အင်္ဂလိပ်လို အလွယ်ပြော လိုက်ပေမယ့် သူ့မှာ Specification ထပ်ကွဲပါသေးတယ်။ ဧရိယာ အကျယ် အဝန်း၊ အပိတ်အဆို့(Barrier) ဖြတ်သန်းနိုင်စွမ်း၊ မီတာအကွာအဝေး အစရှိသဖြင့် ထည့်သွင်းတွက်ချက်ပြီး အဆင့်ကို ခွဲခြားထားခြင်း ဖြစ်ပါတယ်။
H4 အဆင့်ကတော့ သာမန်အရပ်သားတို့အသုံးပြုဖို့ထုတ်လေ့ထုတ်ထ မရှိပါဘူး။ စစ်တပ်နဲ့ အရေးကြီးပုဂ္ဂိုလ်များ၊ လုံခြုံရေးဝန်ဆောင်မှုနဲ့ စီးပွားရေး လုပ်ငန်းကြီးတွေမှာသာ H4 အဆင့်ရှိ SIMCardကို နိုင်ငံတကာမှာ ပေးသုံးလေ့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ H4 ကဒ် အမျိုးအစားက Bandwidth ပိုစားတဲ့အတွက် အခြား ဖုန်းများရဲ့  လိုင်းဆွဲ အားကို သိသိသာသာကျဆင်းစေလို့ ဖြစ်ပါတယ်။
SIM အရွယ်အစားမှာဆိုရင်လည်း Normal SIM, Mini SIM, Micro SIM, Nano SIM အစရှိသဖြင့် အရွယ်အစား အမျိုးမျိုး ထပ်ကွဲပြား ပါသေးတယ်။ ယနေ့စမတ်ဖုန်းတွေမှာ အများဆုံး အသုံးပြုတာက Miniနဲ့Micro ဖြစ်ပေမယ့် နောက်ပိုင်း စမတ်ဖုန်းတွေက Nano SIM ကို အသုံးပြုတာကို ဦးတည်လာကြပါတယ်။ SIMထုတ်သူများက နိုင်ငံတကာ နဲ့ တန်းတူဖြစ်အောင် SIM အရွယ်တစ်ခုကို သတ်မှတ်ပြီး ထုတ်ထား ခြင်းပါ။ Clearance အနေနဲ့ အပြင်အသားက သိသိသာသာ ပိုပါတယ်။
ယင်းအသားက မပါလည်း ဖုန်းကွန်ရက်ကို မထိခိုက်စေပါဘူး။ ရွယ်ရွယ်ချက်က စမတ်ဖုန်းတွေထဲ ထည့်တဲ့အခါ အဆင်မပြေရင် ဖြပ်ညှပ် လိုက်လို့ရအောင်ပဲ ဖြစ်ပါတယ်။ယင်းတစ်ချက်တည်းတော့ မဟုတ်ပါဘူး။
SIM ကဒ်ထုတ်သူ Company ရဲ့  အချက်အချက်ကို ထည့်သွင်းရေးသားဖို့ အတွက်လည်း နေရာ ဖြစ်ပါတယ်။ အခြားအကြောင်းပြချက်လည်း ရှိပါ သေးတယ်။ ထားလိုက်ပါ။
ကဒ်ရဲ့  အထူကတော့ အားလုံး ၀.၇၆ မီလီမီတာ ဖြစ်ပါတယ်။
Service Provider များက သက်ဆိုင်ရာ SIM Card များရဲ့  Data Security နဲ့ Phone call များအား လုံခြုံမှုရှိအောင် ထိန်းသိမ်းပေးရ ပါတယ်။ ဖုန်း အဝင်အထွက်၊ ကြာချိန်၊နာရီစက္ကန့်အားလုံး Service Provider တို့ Data Center မှာ ရှိပါတယ်။ အကယ်၍ SIM Card ရဲ့  Data နဲ့ ပက်သက်လို့ သို့မဟုတ် အသုံးပြုမှု အမှားအယွင်းတစ်ခုခုဖြစ်ပေါ်ရင် Lock ကျစေမ့ယ် စနစ်လည်း ပါဝင်တာကို လူတိုင်း သိမှာပါ။GSM Network မှာတောင်မှ 1G, 2G,3G,3.5G, 4G အစရှိသဖြင့် ထပ်ကွဲ ပါသေးတယ်။ ယနေ့ အများစု အသုံးပြုမှုက 3G ဖြစ်ပြီး ဗီဒီယိုနဲ့ Data ပါ Transfer လုပ်လို့ရပါတယ်။ 4G ကတော့ နောက်ဆုံးပေါ် နည်းပညာပါ။ ဥရောပမှာဆိုရင် LTEလို့ ခေါ်ပါတယ်။ 4G လည်း Voice, Video, Data Tranfer ပါပဲ။ သို့ပေမယ့် Speed ကျတော့3G ထက်သိသိ သာသာ ကောင်းသွား ပါတယ်။
2G က မလုံခြုံပါဘူး။ 2G ကွန်ရက်သုံးတဲ့ ဖုန်းဖြစ်ရင် လုံခြုံရေးနဲ့ ပက်သက် လို့ အရေးကြုံတဲ့အခါ ကဒ်ကိုဖုန်းထဲက ထုတ်ထားတာ အကောင်း ဆုံးပဲလို့ လေ့လာဖူးပါတယ်။
ယင်း Module က Device ထဲ ထည့်ထားတဲ့ အခါ ဖုန်းကို Power out ထားလည်း ကွန်ရက် Center ကနေ ထောက်လှမ်းလို့ လွယ်ကူလို့ ဖြစ်ပါတယ်။

http://moiblehouse.blogspot.com မှ ကူးယူမျှဝေသည်။

Want your business to be the top-listed Furniture Store in Mu-se?
Click here to claim your Sponsored Listing.

Telephone

Website

Address


A7 , ဆင်ဖြူဈေး
Mu-Se