Kevil Store 10
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ
*************************************
၁/ တိုက်အသစ်နံရံသားအသစ်ကိုဆေးစမသုတ်ခင်
သုတ်မဲ့နံရံကို ပန်းရံသားချောပြီး အနည်ဆုံးသုံးပတ်
ကြာထားပေးသင့်ပါတယ် သုံးပတ်ကြတဲ့အခါမှာ ပန်းရံချေားသားကခြောက်သွေ့ပြီး ရေစိုပြန်ဒါ
ရေငွေ့ရိုက်ဒါတွေမရှိတော့ပါဘူး
၂/ နံရံသားခြောက်သွေ့သွားမှ ဆေးသုတ်ဖို့ နံရံကို
ကော်ပတ်တိုက် နံရံထဲမှာရှိတက်တဲ့ သစ်စအမှိုက်တွေထွင်းထုတ် အဖုထစ်တွေထိုးချပြီး နံရံကို
သန့်ရှင်းရေးလုပ်ရပါမယ်
၃/ ဆီလာချုပ်ရပါမယ် ဆီလာကိုရေအချိုးစား
အတိုင်းရောစပ်ပြီး နံရံများအားလုံးကိုသုတ်ရပါ
မယ် ဆီလာခြောက်သွေ့ချိန်ထိထားရပါမယ်
၄/ ပတ်တီးရိုက်မယ် ပတ်တီးရိုက်တဲ့အခါ ပထမ ၀မ်းကုတ်မှာ ဘိလက်မြေအနည်းငယ်အသုံးပြုလို့ရပါတယ် ၀မ်းကုတ်မှာ ဘိလက်မြေအနည်းငယ်ထည့်သုံးတဲ့အခါ နံရံက မာကြောပြီး ကျစ်လှစ်စေပါတယ်
၅/ ပတ်တီး၀မ်းကုတ်ခြောက်သွေ့ပြီဆိုရင် ဒုတိယ တူးကုတ် ရိုက်လို့ရပါပြီ ရိုက်တဲ့အခါ ဘိလက်မြေထည့်စရာမလို့တော့ပါဘူး တူးကုတ်မှာတော့ နံရံသား လှပ ချောမွှေ့စေဖို့အသုံးပြုရဒါပါ
၆/ ကော်ပတ်တိုက်မယ် ပတ်တီးသား ချောက်သွေ့ပြီးရင်
ကော်ပတ်တိုက်လို့ရပါပြီ ကော်ပတ်တိုက်တဲ့အခါနံရံ
သားညီညာချောမွှေ့စေဖို့ ကော်ပတ်တိုက်
စက်(သို့မဟုတ်)ကော်ပတ်ကိုင်းတို့နဲ့ တိုက်လို့ရပါ
တယ် ကော်ပတ်တိုက်စက်(သို့မဟုတ်)ကော်ပတ်ကိုင်းတို့နဲ့
တိုက်ပြီးရင် ကော်ပတ်အနောက်ဘက်နဲ့ပြန်တိုက်ပြီး
ကော်ပတ်အစင်းရာများကိုပြန်ညှိပေးရင် ပိုကောင်း ပိုချောမွှေ့စေပါတယ်
၇/ ဆီလာချုပ်မယ် ကော်ပတ်တိုက်ပြီးသားနံရံကို ကော်ပတ်အမှုံတွေခါချပြီး သန့်ရှင်းရေးလုပ်ရပါမယ် သန့်ရှင်းရေးအားလုံးပြီးရင် ဆီလာချုပ်လို့ရပါပြီ
၈/ ဆေးသုတ်မယ် ဆီလာများခြောက်သွေ့ပြီးရင် ကော်ပတ်တိုက်ပြီးသားအဟောင်းနဲ့ နံရံကို ဖွဖွလေးတိုက်ပေးဖို့လိုပါတယ် ကော်ပတ်အဟောင်းနဲ့တိုက်လိုက်တဲ့အခါ နံရံမှာဆီလာချုပ်လိုက်တုန်းက အနည်းငယ်ကျန်ရှိတဲ့အမှုံအမွှားများကို ဖယ်ရှာပေးပါတယ် ပြီးရင်ဆေး၀မ်းကုတ် သုတ်လိုရပါပြီ
၉/ နံရံအနာစာများ ပတ်တီးတက်ရှင်ဖာရပါမယ် ဆေး၀မ်းကုတ်ခြောက်သွေ့ပြီးရင် အနာစားများပတ်တီးတက်ရှင်ဖာလို့ရပါပြီ ပတ်တီးတက်ရှင်များ ခြောက်သွေ့ပြီးရင် ပတ်တီးတက်ရှင်များကော်ပတ်တိုက် ဆီလာပြန်ချုပ်ရပါမယ် ဆီလာခြောက်သွေ့ပြီးရင် တက်ရှင်နေရာကို ဆေး၀မ်းကုတ်ပြန်သုတ်ရပါမယ်
၁၀/ ဆေးတူးကုတ်သုတ်မယ်
ဆေး၀မ်းကုတ်ဖာထားသေားဆေးများ ခြောက်သွေ့ပြီးရင် ကော်ပတ်အဟောင်းနဲ့ ပြန်တိုက်ပြီး နံရံကအမှုံမွှားများကို ဖယ်ရှားပြီး ဆေးတူးကုတ်
(ဖိုင်နယ်)သုတ်လို့ရပါပြီ
ဆေးတူးကုတ်သုတ်လို့ ဆေးမပိတ်သေးရင်နောက်တစ်ကုတ်ထက်သုတ်လို့ရပါတယ်
ဆရာများ
လိုအပ်ချက်များထပ်ပြီးဖြည့်စွက်ပေးသွားကြပါ
Credit by 🏡မြန်မာပြည် ဆေးသုတ်လုပ်ငန်း🏡
13/01/2021
putty ဆွဲပြီး နံရံမျက်နှာပြင်ညှိစက်
စျေးနှုန်း - 60,000ks
စက်ကို လွယ်ပြီး တိုက်စရာမလိုဘဲ မြေပြင်မှာထားပြီး ပေါ့ပေါ့ပါးပါးတိုက်နိုင်သည့်အတွက် ခါးနာကျင်ခြင်းမှလည်း သပ်သာနိုင်သည်။
led မီးပါသဖြင့် မျက်နှာပြင် ညီမညီ လွယ်ကူစွာသိနိုင်သည့်အပြင်၊ အောက်ပါလက်ဆောင်များလည်း ထည့်ပေးထားသည်။
၁) အိတ် (၁) လုံး
၂) ပိုက် (၁) ချောင်း
၃) ကော်ပတ် (၅) ချပ်
၄) မျက်မှန် (၁) လက်
၅) Mask တခု
၆) ကာဗွန် (၁) စုံ
၇) L key
APM သင်္ဘောဆေးဆိုင်မှာ ၀ယ်ယူအားပေးလို့ရပီနော်။
စျ/ ၁၁၈ (A)၊ ပြည်ထောင်စုလမ်းမကြီးနှင့် အထက(၁)လမ်းဒေါင့်၊ မူဆယ်မြို့။
ဖုန်း 082 51166, 09 776394233
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mu-se
06401
Opening Hours
| Monday | 07:00 - 18:00 |
| Tuesday | 07:00 - 18:00 |
| Wednesday | 07:00 - 18:00 |
| Thursday | 07:00 - 18:00 |
| Friday | 07:00 - 18:00 |
| Saturday | 07:00 - 18:00 |
| Sunday | 07:00 - 18:00 |