Aung Muse Mobile
“Vivo Y55”
Vivo ဟာ ဖုန်းများစွာကို ထုတ်လုပ်ပေးထားပြီး စွမ်းရည်ကောင်းသော ဖုန်းများကိုလည်း ရောင်းချပေးထားပါ တယ်။ ယခုဖုန်းကတော့ 147.9 × 72.9 × 7.5 mm အရွယ်အစားရှိကာ အလေးချိန်မှာ 142 g ဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင် အတွက် IPS LCD Capacitive Touch Screen ကို အသုံးပြု ပေးထားပါတယ်။ ဖုန်းမျက်နှာပြင်အကျယ်အ၀န်းကတော့ 5.2 inches ရှိပါ တယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏ ကတော့ 720 × 1280 ဖြစ်ပါတယ်။ တစ်လက်မမှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆကတော့ 282 ppi ပါ။ သုံးစွဲနိုင်မယ့် Network ကတော့ 2G, 3G, 4G ဖြစ်ပါ တယ်။ SIM card နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုး အစားပါ။ အသုံးပြုရမယ့် SIM အရွယ်အစားကတော့ Micro နဲ့ Nano ဖြစ်ပါ တယ်။ ဖုန်းမျက်နှာပြင် အကြမ်းခံနိုင်စေဖို့လည်း လုပ်ဆောင်ပေးထားပါတယ်။ ကင်မရာ နှစ်မျိုးနှစ်စား တပ်ဆင်ပေး ထားပြီး အဓိကကင်မရာဟာ 8 MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည်ဖြစ်ပါတယ်။ Screen Flash စနစ် ထောက်ပံ့ပေးနိုင်ပါတယ်။ Autofocus, Touch Focus, Self timer, Face Detection, Smile detection, HDR, Face Beauty, Voice Capture, Gesture Shot, Child Mode, Ultra HD Image (32 MP) စသော ကင်မရာဆက်စပ်ပတ်သက်စနစ်များ ကိုလည်း သုံးစွဲနိုင်ပါတယ်။
မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 2GB ထည့်သွင်းပေးထားပြီး Internal Storage တွင် 16GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ အချက် အလက် အများအပြား သိမ်းဆည်းလိုပါက Cardslot စနစ်ကို အသုံးပြုရပါ မယ်။ ထည့်သွင်းပေးထားသော Chipset ကတော့ Qualcomm Snapdragon 430 ဖြစ်ပြီး CPU စွမ်းရည်မှာ Octa Core 1.4 GHz ရှိပါတယ်။ GPU အမျိုး အစား ကတော့ Adreno 505 ပါ။ Sensor စနစ်များစွာလည်း ပါရှိပါတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Ion 2650 mAh ဖြစ်ပြီး စကားပြောဆိုဖို့ ၈ နာရီနီးပါး ခံနိုင်စွမ်းရှိပါမယ်။ သီချင်းနားထောင် ချိန်အတွက် ၂၂ နာရီ နီးပါး ခံနိုင်စွမ်းရှိအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။
Network - GSM/ WCDMA/LTE
Memory - 16 GB
CPU - Octa Core 1.4 GHz
Camera - 8 MP
Screen - 5.2 inches
OS - Android OS, v 6.0
Click here to claim your Sponsored Listing.
Telephone
Website
Address
Muse Township
Mu-Se