Kachin Research Library

Kachin Research Library

Share

Kachin Research Library

Launched as an Online Page on January 12, 2020. Research papers on historical facts and national histories are based on the historical heritage of the Kachin people, documents, articles, essays, articles, books, etc. Researching the Kachin National Heritage is a major activity of the library. Educational literature, social literature, and political literature are included

Photos from Mungmyit Sinli Kachin Historical College's post 07/10/2025

📌 Library Managment System sharin ginhpan hte
📌 Research Methodology sharin ginhpan hpe Jinghpaw Laika, Myen Laika amyu hpan lahkawng hku ka gale lajang ngut da lu sai majaw, MKHC Online Program hku sharin ya ai Class hta Jinghpaw Ga hku jawm hkaja mai na rai saga ai. Chyeju kaba sai.

13/09/2025

Myihtoi Kaba Nmaw Wadang Naw

Jinghpaw ni hta hpang jahtum paw pru Myi Htoi Kaba Nmaw Wa Dang Naw gaw 1993 ning du hkra asak hkrung lai wa ai wa rai nga ai. Wa Dang Naw ngu ai gaw shi shangai ngut jang kawa si mat ai majaw Kawa dang Naw ngu ai kawn byin wa ai lam chye lu ai.Myi Htoi langai byin na matu Nyan marai, sadi saka, kangka, myit ding hpring ai ni rai ra ai. Dai nrai yang " Kaju hka hpun kaw U gaw Hkung rang pa ai hpa rai na " nga nna jiwa ni tsun ma ai.Ya shi myi htoi byin wa lam hpe gawn ga nga yang;-
Moi Mali hkrang wa lawng na Nbu hkang ting rawng ngu ai, mahtum mahta ni ginru ginsa lam madun na matu jaw dat ai Nga shaga hpe ginru ring ginsa chying wa sai majaw, shi hpe ju nna, Mayu lam galaw Da ma lam galaw hpang na matu shi nan shing gyim ga ga nna matsun ai hte maren ju sha ai shara:-Ga wa ngu ai lup nna Shadip shahpang nlung tawn nhtawm lamu ga shagrin mayu-dama -kahpu kanau ngu nna hkungga lara masat kung dawn jaw ai lam byin wa shara hta Hka shu hka sha a matu mara Sagu Sanga hte G*i lung chyoi Nga ngu yan kawn Ning Sang Mana RumJa ngu ai Mali hka Gam shangai wa ai da.

Ya Mali hka gam gaw shi asak 9 ning du hkra makau grup yin e yu yang grai zet kung ai hpe mu chye ma ai da. Dai majaw jahpawt mi na a ten hta kawa gaw shi hpe ga san san nna " Gam e mana kaning re ai yup mang mu nna ta?"ngu yang " Wa e, htaw Bum jing hkang kaba de bau dum nna pyaw hkawm ai mu ni ai" ngu wu ai. Dai yup mang a lachyum gaw lani mi na aten hta dai ma gaw hkik hkam ai Hkawhkam daru magam tai wa na ngu ai lachyum re ai nga ma ai.
Dai lam hpe Hka Sha Awng dung ni e myit yu yang ,anhte gaw gadai mung gadai tinang du magam, hkungga lara, kadai e mung up sha dang nmai ai shadip shahpang lu ai amyu re:-ndai wa e up sha na gaw nmai ai ngu nna nna du htau sat kau na lam myit hkrum daw dan dat manu ai da.
Dai jahkrup ngut ai hpang jahpawt nan Mali Hka Gam hpe du daw sat kau manu ai.
Shi hpe Sat kau ngut jang ju kau ma ai da. Mang ju wan shanang ai kawa sumdoi hpe jun da wu yang tu kaba wa nna , dai ni dai shara hpe wa tai tu hkyet ngu nna tsun ma ai. Dai kawa gaw kaga kawa hpa baw hte mung nbung ai ai dai ni du hkra Nbu hkang ting rawng hte Taring hkang ngu ai bum lapran na hta bra tu nga ai hpe mu lu ai.
Hpang e Nmaw Da Dang Naw kaw shang nna myi htoi htoi ai aten e ndai maroi nni ai ai lam hpe " , , , , " nga nna tsun tsun re ai nga ma ai.
Shi gaw jing hpaw mung chyam hkra myi htoi htoi yu ai. Sha a kasha Nmaw La Raw hte kana ni ,aru arat ni law law nga ma ai.
Nmaw Wa Dang Naw gaw myi htoi kaba langai hta nga ra ai atsam ma hkra rawng ai myi htoi kaba re.

Shi a tsam nkau mi gaw;-
- .
- .
- .
- .
- " " .
- ,
, .
- , .
-Nmaw Wa Dang Naw tsun ai " Ngai gaw Hpan Wa Ning Sang a Lagaw , Chye Wa Ning Chyang a Sing Kaw re" ngu ai ga hpe dai ni hkristan prat e gara hku mu ga ta!?
Ndai gaw Myi Htii Kaba Nmaw Wa Dang Naw Myi htoi htoi ai labau kadun mi sha re.

Ya prat na salang nkau mi Nmaw Wa Dang Naw a myi htoi ga ni raw raw naw lu tsun ma ai .Chye chyang ai ni jahkum shatsup la ya marit law.

Nbu hkang bum gaw manu dan ai labau grai law hkra rawng ai bum re.
anhte myit dum sawk sagawn mai ai lam ni gaw,
1. Nga shaga.
2. Hka shu hka sha ni hte majan gasat ai lam.
3. Ji yan Woi ngu ai nlung a lam.
4. Hput hti hpun hkai ai wa a lam
5. Shadip lung tawn ai Lam.
6. Gumran manau dum ai lam ni hte kaga law law naw nga ai. Labau chye ai ni naw garan gachyan ya na matu saw shaga dat nngai law.

to org. post & credit photo

12/09/2025

Jinghpaw Wunpawng...Kachin ကချင် ဟူသည်မှာ...

မြန်မာပြည်၏အထင်ရှားဆုံးနှင့် အတော်ဆုံးသမိုင်းပညာရှင်ဖြစ်သူ ဒေါက်တာသန်းထွန်းဤကဲ့သို့မှတ်ချက်ပြု၏၊ “ သမိုင်းဆိုတာမအအောင်သင်တယ်” ဟုဖြစ်၏။ အမှန်တကယ်ပင် ဖြစ်၏။ သို့သော် မြန်မာနိုင်ငံ၏ သမိုင်းပညာ သင်ကျောင်း သားများ “အ” ကုန်ကြ၏။ အဘယ်ကြောင့်ဆိုသော်သမိုင်းမှန်မရှိသလောက်ပင်ဖြစ်လာ၏။ဘုန်းတော်ဖွဲ့သမိုင်းများက နေရာ ယူလာ၏။ ထို့အပြင် အချို့သောသမိုင်းဆရာများ အဆိုအရ သမိုင်းဆိုသည်မှ အင်အားကြီးသူက ရေးသား၏ ဟုဖြစ်ပြန်၏။

ပြည်ထောင်စုမြန်မာနိုင်ငံဟုခေါ်တွင်သည့် နိုင်ငံတွင်နေထိုင်ကြသော တိုင်းရင်းသား ၁၃၅ မျိုးရှိသည်ဟုအစိုးရက ဆို၏။ ကချင်လူမျိုးထဲတွင်ပင် ၁၂ မျိုးရှိသည်ဟုကြေညာထုတ်ပြန်ထား၏။ မည်မျှပင်ရှိလင့်ကစား ၄င်း ၁၂ မျိုးသော သူများသည် ကချင် ဟူသောအမည်အောက်တွင်ရှိကြ၏။ ၄င်းအားခွဲထုတ်၊ ဖယ်ထုတ်၍ မရနိုင်ပါ၊ ယခင်ကာလ ဗြိတိသျှ မရောက်မီနှင့် ဗြိတိသျှထံမှ လွတ်လပ်ရေးရယူပြီးနောက် မှ ကချင်ဟူသောအဖွဲ့အစည်းကြားတွင် အမျိုးမျိုးသော ပြောဆိုသံ များဖြင့်ပြည့်လာသည်။

ယင်းမှာ ကချင်လူထုကြားမှ ဖြစ်ပေါ်လာသော စကားလုံးများမဟုတ်ဘဲ အုပ်စိုးသောအစိုးရမှ ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်ခဲ့သည်ဟု ဆိုရမလားသံသယဖြစ်စရာအကြောင်းရှိခဲ့လေသည်။ မည်သို့ပင်ဆိုစေကာမူ ကချင်လူမျိုးများသည် မိမိ ကိုယ်မိမိ တို့သည် မွန်ဂိုလွိုက် အနွယ်တွင်ပါ၀င်ပြီး ဗမာလူမျိုးများကဲ့သို့သော သာကီ၀င် ( သကျသာကီ၊ Saki of India ) မဟုတ်ကြသည်ကိုလုံး၀လက်ခံထားပြီးဖြစ်သည်။ အသွေးအသားအရိုးချဉ်ဆီအထိ စွဲကပ် နေပြီးဖြစ်သော ခံယူချက်အမှန်ပင်ဖြစ်သည်။ သို့သော်လည်း နောက်ဆုံးခေတ်ပေါ် သမိုင်းများ အရ အမျိုးမျိုးသော ဖန်တီး မှုများ အားတွန်းလှန်ကာ မိမိ၏ ဇစ်မြစ်မိမိသိရှိပြီး ပြန်လည်တင်ပြပြောဆိုနိုင်ရန်အတွက်လည်းအရေးကြီးပေသည်။

ကချင်ဟူသည့်အမည်နာမသည်လည်း မူရင်း အမည်အစစ်အမှန်မဟုတ်ချေ။ ဗမာ လူမျိုးများက British များ ခေါ်ဆိုသည့် Kahkyen အမည်အား ဗမာအသံထွက်ဖြင့် ရေးသားနိုင်ခြင်းမရှိသဖြင့် Hkyen အား ``ချင်´´ ဟုရေးသားရာမှ ကချင်ဖြစ်ပေါ်လာဖြစ်ပင်ဖြစ်သည်။ `` ကချင်လူမျိုးများသည် မိမိလူမျိုးကို ``ဂျိန်းဖေါ´` လူမျိုးဟုသာခေါ်ဝေါ်ကြသည်။ ကချင်ဟုခေါ်ခြင်းသည် ဗမာများ၏အခေါ်သာဖြစ်သည်။ တချိန်(တုန်း) က ``ဂျိန်းဖေါ´´ လူမျိုးတို့ကို ဗမာနှင့် အင်္ဂလိပ်တို့က ကချင်ဟုခေါ်သောအခါ စိတ်ဆိုးတတ်ကြသည်။ ( ကချင်ပြည်နယ်အစိုးရ နှစ်လည်မဂ္ဂဇင်း၊ စာမျက်နှာ ၃၈၊ ၁၉၅၅)
ကချင်လူမျိုးများသည် မိမိ၏သမိုင်း၊ မျိုးရိုးမျိုးနွယ် မသိသူများအား ယူဘီ ( ဗမာစကားနှင့်ပြောလျင် --အော့--အယ်၊ စပ်ကြား၊ မျိုးမစစ်) ဟုခေါ်ကြ၏။ ထို့ကြောင့် ကချင်လူမျိုးများသည် မိမိ မိသားစု၊ မိမိအသိုင်းအဝိုင်း၊ မိမိလူမျိုး၏ သမိုင်းအား အလွန်ထိန်းသိမ်းကြ၏။

ယခင် စာ အက္ခရာ မရှိသေးသောအချိန်ကတည်းကပင် မိမိတို့၏သမိုင်းကြောင်း အား နှုတ်ပါး စပ်ဖြင့် မိမိ၏ သားမြေးများအား လက်ဆင့်ကမ်းခဲ့ကြသည်။ သားမြေးများကလည်း လူကြီးများပြောပြသော သမိုင်း ကြောင်း အား လက်ခံရယူပြီး အာဂုံဆောင်ကာ မှတ်သားခဲ့ကြသည်။ သို့ဖြင့် ကချင်လူမျိုးများ ရေကြည်ရာမျက်နုရာ ဒေသများ အသီးသီးသို့ ရွှေ့ပြောင်းနေထိုင်နေကြလင့်ကစား တနွယ်နှင့်တနွယ်၊ တမျိုးနှင့်တမျိုး ပြောနေကြသော ဆင်းသက်လာ ပုံသမိုင်းကြောင်းများ သည် အတိအကျနည်းပါးတူညီနေကြသည်ကို တွေ့ရသည်။ ပူတာအို ဒေသမှ ကချင်များပြောသည့် ဆင်းသက်ရာသမိုင်းကြောင်း နှင့် ကချင်ဆပ်စတိတ်ဒေသ ကွတ်ခိုင် ဒေသမှ ကချင်လူမျိုးများ`၏ ပြော သော မျိုးနွယ်စု ဆင်းသက်လာပုံသမိုင်းကြောင်းများသည် တူညီကြလေသည်။ ထို့အတူ တရုတ်ပြည်တွင်နေ ထိုင်နေကြ သည့် ကချင် လူမျိုးများနှင့် အိန္ဒိယပြည်တွင်နေထိုင်ကြသည့် ကချင်လူမျိုးများ၏ပြောပုံများမှာ လည်းအတူတူ ပင်ဖြစ်ကြလေ သည်။

သို့ ကြောင့် ကချင်တို့၏ နှုတ်ပြောသမိုင်းများသည် အတိအကsရှိသည်ကိုတွေ့ရသည်။ အချို့သော ကချင် မိသားစုများသည် ၄င်းတို့၏ မိသားစုဆွေစဉ်မျိုးဆက် ကိုးဆက်၊ ဆယ်ဆက်ခန့်အား နှုတ်တိုက် ပြောနိုင်ကြ၏။ ၄င်း မှာ ကချင်လူမျိုးများ၏ ထူးခြားသောအချက်ပင်ဖြစ်လေသည်။

လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏သမိုင်းကြောင်း နှင့် ကချင်လူမျိုးများ၏သမိုင်းကြောင်းကိုဆက် စပ်ချိန်ထိုးရ မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ရယူပြီးချိန်မှ စ၍ ဗမာလူမျိုးကြီးဒဝါဒဖြင့် တိုင်းရင်းသားများ၏ သမိုင်း ကြောင်း အား မှေးမှိန်နိုင်သမျှ မှေးမှိန်အောင်ဆောင်ရွက်ခဲ့ကြ၏။ တိုင်းရင်းသားများသည် ၄င်းတို့၏ တဆင့်နိမ့်ခံ သောလူမျိုး များဖြစ် သကဲ့သို့ အမျိုးမျိုးဝါဒဖြန့်ခဲ့ကြသည်။ ယခုအခါ ပိုမို၍ အမနာပ စကားလုံးများဖြင့် လူမှုကွန်ယက်များ တွင်ရေး သားနှိမ့်ချ မှုများပြုလုပ်လာခဲ့ကြသည်။

မနေ့တနေ့မှ လူဖြစ်လာသလိုလို ၊ အမေရိကန် သာသနာပြုများရောက်လာမှ စာတတ်လာ သလိုလို ဖြင့် ရေးသားမှုများပြုလုပ်လာခဲ့ကြသည် မှာ အံ့အားသင့်စရာပင်ဖြစ်လေသည်။ ဤ နေရာတွင် ကချင်လူမျိုးများနှင့် ပတ်သက်၍ အကြောင်းအရာတစ်ခုအား အမနာပ တင်ပြရမည်ဆိုလျင် ကချင်လူမျိုးများသည် မိမိ၏သမိုင်းကြောင်းတွင် မိမိရပ်တည် နေကြသောသူများဖြစ်သည်။ မည်သူ မည်သည့်လူမျိုး၏ သမိုင်းကြောင်းကိုမျှ ကချင်သမိုင်းကြောင်း ဖြစ်ဟန်ပြု လုပ်ထား ခြင်းမရှိခဲ့၊ မိမိတိုက၏ သမိုင်းကြောင်း မခိုင်မာသဖြင့် primates များလိုက်ရှာကာ သက်သေ ပြရန်လည်းမလိုအပ်၊ ( primates ) ဆိုသည်မှာ သတ္တဝါများ၏ ကျောက်ဖြစ်ရုပ်ကြွင်းမျှသာဖြစ်သည်ကို ကချင်လူမျိုးများ စိတ်မ၀င်စား၊ မိမိတို့ လူမျိုး ၏သမိုင်းကြောင်းအား ယုံကြည်မှုအပြည့်ဖြင့် တင်ပြ၀ံ့သောလူမျိုးဖြစ်သည်။

မိမိ၏ ဇစ်မြစ်အား ဟိုနေရာ ရွှေ့လိုက်၊ ဒီနေရာ ရွှေ့လိုက်ဖြင့် ဖန်တီးနေကြသော လူမျိုးတွင် ကချင်လူမျိုးများ ပါ၀င်ခြင်းမရှိ။
စာရေးသူ၏ တွေးတောဆင်ခြင်သုံးသပ်မှုအရ ပြည်ထောင်စုမြန်မာနိုင်ငံ ဟုယခုခေါ်တွင်နေသော တိုင်းပြည်တွင် ၀င် ရောက် နေထိုင်သူများတွင် အစားအစားဖြစ်နေသည်ဟုသုံးသပ်ရသည်။ တိဘက်တိုဘားမား၊ အင်ဒိုဘာမား မှာ အဓိက ဖြစ် မည်ဟုသုံးသပ်ရသည်။ ကချင်၊ ချင်း၊ ရှမ်း၊ ကရင်၊ နာဂအစရှိသည့် လူမျိုးနွယ်များသည် တိဘက်တိုဘားမား မွန်ဂိုလွိုက် မျိုးနွယ်စုတွင်ပါ၀င်သည်ဟု ဆိုရမည်ဖြစ်သည်။ ၄င်းလူမျိုးများပြောသည့် ဆင်းသက်လာပုံသမိုင်းသည် တိဘက်ကုန်းပြင်မြင့် သို့သာဦးတည်နေကြသည်။

အနောက်ဖက် ဒေသ သာကီ ဒေသအကြောင်းကိုပြောဆိုခြင်းမရှိကြချေ။ ဘုံတူညီချက်တွင် သဲကန္တာရ အားဖြတ်သန်းသည့် ခရီးစဉ်များအကြောင်းတူညီကြလေသည်။ ၄င်းဆိုလိုသည့် သဲကန္တာရမှာ ယနေ့တရုတ်ပြည် ဂိုဘီ သဲကန္တာရ ဖြစ်သည်ဟုပြောဆိုကြလေသည်။ ကချင်များကမူ Zaibru Hkyet ဟုပြောဆိုပြီး ကရင်လူမျိုးများကလည်း ၄င်း သဲကန္တာရ အား ညွှန်းကြကြောင်း Mr. Taw Sein Kho ရေးသားခဲ့၏။

၅ ရာစုလောက်တွင် ဂိုဘီ သဲကန္တာရ၏ အရှေ့မြောက်ဖက်တွင်နေထိုင်ကြသော မွန်ဂိုအဆက်အနွယ်တို့ကို တာတာ လူမျိုးဟုခေါ်သည်၊ နောင်သောအခါ တာတာလူမျိုးတို့ကို ခီတန်လူမျိုးတို့ကတိုက်ခိုက်နှင်ထုတ်လိုက်ရာ တာတာလူမျိုး တို့သည် တောင်ဖက်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ( မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၄၊ စာမျက်နှာ ၄၄၇၊ ၁၉၆၀)။ ယင်းကို ကြည့်ခြင်းအားဖြင့်တောင်ဖက်သို့တဖြည်းဖြည်းရွှေ့ပြောင်းလာသောသူများတွင်ယနေ့ကချင်လူမျိုးများလည်းပါ၀င်မည်ဖြ သည် မှာ သံသယဖြစ်စရာအကြောင်းမရှိချေ။

၄င်းတို့၏ နယ်မြေ ပြောင်းေ၇ွှ့မှုများသည် ရှေ့ဆင့်နောက်ဆင့် ဆိုသကဲ့သို့ ပြောင်းရွှေ့လာကြရာ ကချင်လူမျိုးများ သည် အခြားသော ရှမ်း၊ ကရင်၊ ချင်း အစရှိသူ များ၏နောက်ဆုံးမှ ရောက်ရှိလာကြသည်ဟု သမိုင်းပညာ ရှင်အများ ကဆိုကြ သည်။ ထို့ကြောင့်ပင် ကချင်လူမျိုး များသည် ယနေ့အခေါ် မြန်မာပြည်၏ မြောက်ဖက်အစွန်ဆုံးကျ သောအရပ်တွင်နေ ထိုင်နေကြခြင်းပင်ဖြစ်သည်။ ယင်းသို့ ကချင်လူမျိုး များ ပြောင်းရွှေ့လာကြရာတွင် အခက်အခဲအမျိုးမျိုး ဖြင့်ရောက်ရှိလာ ကြခြင်းပင်ဖြစ်သည်။

ကမ္ဘာကျော် သမိုင်းပညာရှင် JG Scott ကမူ “ Kachin were no doubt of Mongol ancestral” ဟု၁၉၃၂ ခုနှစ်ထုတ် ၄င်း၏ Burma and Beyond အမည်ရှိစာအုပ်တွင်ရေးသားခဲ့သည်။ ကချင်လူမျိုးများအား မွန်ဂိုတာတာ အနွယ်၀င်ဖြစ်သည်ဟု ဆိုသည့်အတိုင်း ထိုစဉ်က ကချင်အမည် မဖြစ်သေးသည့် proto Kachin ဂျိန်းဖေါ လူမျိုးများသည် မွန်ဂို တာတာ စစ်တပ်တွင်ပါ၀င်ကြကာ တိုက်ပွဲပေါင်း မြောက်များ စွာဆင်နွဲခဲ့ ကြသည်ကိုသံသယဖြစ်စရာအကြောင်းမရှိချေ။ ငယ်စဉ်ကတည်း ကပင်သက်ကြီးလူကြီးများ ပြောစကားတွင် တရုတ်ပြည်ရှိ မဟာတံတိုင်းကြီးသည် ဂျိန်းဖေါ လူမျိုးများအား ကြောက်သဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်ကို မှတ်သား ခဲ့ရသည်။

ယင်းသို့ပြောဆိုသောသူများသည် ပညာတတ် ဂျိန်းဖေါ များမဟုတ်၊ ရိုးရိုးပင် အသက်မွေး၀မ်းကြောင်းပြုကြသော တောသူတောင်သားများဖြစ်ကြသည်။ ၄င်းတို့ ၏ပြောစကားများအား နောင်တွင် မဖြစ်နိုင်ဟု ထင်မြင်ခဲ့သည်။ သို့သော် လည်း နောက်ပိုင်း ကမ္ဘာ့သမိုင်းပညာရှင်များ၏ ရေးသားထားသည့် စာပေများဖတ်ရှုရာတွင် ဂျိန်းဖေါ လူမျိုးများသည် မွန်ဂိုတာတာ စစ်တပ်တွင်ပါ၀င်သူများဖြစ်ခဲ့ကြပြီး ယနေ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့အထိ သွားရောက်တိုက်ခိုက်ရာတွင် ပါ၀င်သူများဖြစ်ခဲ့သည်ကို လေ့လာမှတ်သားရသည်။

ဂျိန်းဖေါ ဟုအမည်မတွင်ချိန်ကပင် မွန်ဂိုတာတာ စစ်တပ် တွင်ပါ ၀င်ခဲ့ကြသူများဖြစ်သဖြင့် နောက်ပိုင်း ဂျိန်းဖေါ အမည် တွင်လာချိန်တွင်လည်း ယင်းသမိုင်းကြောင်းအား နှုတ်စကားဖြင့် ဆက်လက်ပြောဆို ဖြန့်ဝေပေးမှုဖြစ်မည်မှာ မလွဲမ သွေပင် ဖြစ်သည်။ ယနေ့အထိ ဗီယက်နမ်နိုင်ငံ ၏ တရုတ်ပြည်ယူုနန် နယ်နှင့် နယ်ခြင်းထိစပ်နေသော ( တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှမ်းလူမျိုးများ နေထိုင်သည့် ဆစ်ဆောင်ပန်နားဒေသနှင့် ကပ်လျက် တောင်ပေါ်ဒေသ) တောင်ပေါ် ဒေသ သားများ တွင် သဲန်းဘော ( Thenbaw) ဟုခေါ်သည့် လူမျိုးတစ်မျိုးရှိ နေကြသည့် အကြောင်းအား စာစောင်တစ်ခု(အမည်မမှတ်မိ)တွင်ဖတ်ရှုခဲ့ရဖူးသည်။ ( ယနေ့ထက်ထိတိုင် သံလမ်းရိုး ဗမာလူမျိုးများသည် ကချင်လူမျိုးများအား သိမ်းဖော ဟုခေါ် နေကြ ဆဲဖြစ် သည်) ၄င်းတို့သည် ယနေ့ ကချင် လူမျိုး များ နှင့် အလွန် ဆင်တူသောသူများဖြစ်ကြုပီး နေအိမ်များမှာလည်း ယခင် က ကချင်လူမျိုးများ ဆောက်လုပ်နေ ထိုင်သည့် အိမ် တန်း ရှည်များ နှင့် တစ်ပုံစံတည်းပင်ဖြစ်နေသည်။

ထို့ကြောင့် အချို့ လေ့လာသူများ သုံးသပ်သည်မှာ နန်ချောင် စစ်သည်များဗီယက်နမ်နိုင်ငံသို့သွားရောက်တိုက်ခိုက် စဉ်ကျန်ရှိနေခဲ့ကြ သည့် proto Jinghpaw များဖြစ်နိုင်သည်ဟု ဆိုကြသည်။ (ဆက်စပ်တွေးတောကြည့်မည်ဆိုလျင် ဆစ်ဆောင်ပန်နား မရောက်မီ ဒေသ၊ ကချင်အခေါ် ကိမ္မား ( Kengma) ဒေသတွင် ကချင်လူမျိုးထောင်နှင့်ချီ၍ယနေ့တိုင်ရှိနေကြသည်) ဆစ်ဆောင်ပန်နား လွန်လျင် ဗီယက်နမ်နိုင်ငံဖြစ်၏။ ဆစ်ဆောင်ပန်နားနှင့် ကပ်လျက်ရှိသော ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းတောင်တန်းဒေသများတွင် ၄င်း Thenbaw အ မည်ရှိ တောင်ပေါ်တိုင်းရင်းသားများနေထိုင်ကြ၏။

ဖြစ်ပျက်ပုံမှာ ၄င်း Thenbaw များသည် ယခင်က နတ် ဘာသာကိုး ကွယ်ခဲ့ကြ သူများဖြစ်ပြီး ယနေ့တွင် ခရစ်ယန်ဘာသာ၀င်များဖြစ်နေကြသည်။ ကချင်လူမျိုးများ (သို့မဟုတ်) ကချင်မျိုးနွယ် နှင့်ဆက် နွယ် သူများသည် နတ်ကိုးကွယ်ခဲ့ရာမှ ခရစ်ယာန်အယူဝါဒ သို့သက်၀င်ယုံကြည်မှုပြုရာတွင် အခြေခံအကြောင်းရင်း တူညီမှု များကြောင့်ပင်ဖြစ်နိုင်သည်။ ၄င်းတို့၏ နတ်ကိုးကွယ်မှုသာမက ဖန်ဆင်းရှင်ဆိုသူအား အစဉ်အမြဲတိုင်တည် ပြောဆိုမှုများ သည် အစဉ်အမြဲတူညီနေကြသောကြောင့်ပင်ဖြစ်သည်။ နတ်ကိုးကွယ်သည်ဟုဆိုသော်လည်း နတ် ထက်ပို၍အင်အား အစွမ်းအစနှင့်ပြည့်စုံသော ဖန်ဆင်းရှင် ရှိနေသည်ကိုယုံကြည်ကြသဖြင့် ခရစ်ယာန်ယုံကြည်မှုအားကူးပြောင်းရန် လွယ်ကူကြ သည်ဟုအများကသုံးသပ် ကြ၏။

ဆက်လက်လေ့လာရာတွင် ဗီယက်နမ်နိုင်ငံတွင် ရှိ Mnong ဟူသောလူမျိုးစုနှင့် E De ဟူသောလူမျိုးစုများ၏ နေထိုင်မှု အိမ်ပုံစံများနှင့် ၄င်းတို့၏ယနေ့အထိ နတ်ကိုးကွယ်မှု ကျွဲနွား များအား သတ်ဖြတ်ပူဇော် မှု များသည်ကချင်လူမျိုးများနှင့် အတူတူဖြစ်နေသည်ကိုတွေ့ရသည်။ ၄င်း Mnong လူမျိုးနှင့် E De လုမျိုးတို့၏ နေအိမ် အိမ်တန်းရှည်များသည် ယနေ့အချိန်ထိ ကချင်တောင်ပေါ်ဒေသများတွင် တည်တောက်ကာ နေထိုင်သည့် အိမ်တန်းရှည်များ၏ ပုံစံအတိုင်းပင်ဖြစ်နေသည်ကို အံ့အားသင့်ဖွယ်ရာတွေ့ရှိရသည်။ ၄င်းတို့ ၏ရိုးရာ အထိန်းအမှတ်တိုင်လုံးများတွင် ရေးဆွဲခြယ်သထားသည့် ရောင်စုံမှန်ကူကွက်ဒီဇိုင်းများမှာလည်း ယနေ့ ကချင်လူမျိုးများ၏ မနောတိုင်တွင် ရေးဆွဲခြယ်သထားသည့် မှန်ကူကွက်ဒီဇိုင်များအတိုင်းပင်ဖြစ်နေသည်ကိုတွေ့ရှိရသည်။ လူဦးရေအရ Mnong လူမျိုးစာရင်းသည် တစ်သိန်းခွဲခန့် ရှိပြီး၊ E De လူမျိုးများ၏ စာရင်းသည် သုံးသိန်းကျော်ရှိသည်ကိုတွေ့ရသည်။

Mnong လူမျိုးများ အား Nong ဟူ၍လည်းကောင်း၊ Nung ဟူ၍လည်းကောင်းခေါ်ဝေါ်ကြသည်။ ၄င်းတို့တို့ သည် ပူတာအိုဒေသရှိ ကချင်မျိုးနွယ်စုဖြစ်သော ( ကချင်များ၏ပင်ရင်းဖြစ်သော ) နုန်လုံမီ များဖြစ်သည်ကိုမူသံသယဖြစ်စရာအကြောင်းမရှိပေ။ တရုတ်ပြည် ယူနန်ဒေသတွင် Nong ( Nung Lungmi ) များအမြောက်အများရှိနေကြသည်ကိုတွေ့ရှိရသည်။ ယူနန်နယ်ရှိ Nong (Nung) မျိုးနွယ်များ၏ ၀တ်စားဆင်ရင်မှု၊ နေထိုင်မှု ၊ မနောပွဲကျင်းပခြင်းများသည် ပူတာအို ဒေသရှိ နုန်လုံမီ မျိုးနွယ်များနှင့် အတူတူပင်ဖြစ်ကာ ယခုနောက်ပိုင်း ကချင်ဒေသနေ နုန်လုံမီ မျိုးနွယ်များက ယူနန်ဒေသ Nong ( Nung Lungmi) မျိုးနွယ်များကျင်းပသည့် မနောပွဲများသို့ သွားရောက်ပါ၀င်ခြင်းများပြုနိုင်ကာ ပြန်လည်ကူးလူးဆက်သွယ်နေကြပြီဖြစ်ကြောင်း ကိုလည်းကြားသိရသည်။

ထို့ထက်ပိုမို၍ လေ့လာသင့်သည်မှာ E De မျိုးနွယ်များ၏အကြောင်းပင်ဖြစ်သည်။ E De မျိုးနွယ်များသည် ကချင်လူမျိုးများကဲ့သို့ပင် စစ်ရေးစစ်ရာတွင် အလွန်ထူးချွန်သော စစ်သည်များဖြစ်ကြောင်း၊ ဗီယက်နမ် အမေရိကန်စစ်ပွဲတွင် E De ပျောက်ကြားများသည် အမေရိကန် တပ်များ ကြောက်ရွံ့လေးစားရသည့် စစ်သည်များဖြစ်ကြောင်းကိုလည်း လေ့လာဖတ်ရှုရသည်။ (၄င်းတို့၏ မှတ်တမ်းပုံများအား ေ၇ာင်စုံပုံများဖြင့် ဖော်ပြထားပါသည်)
ကချင်လူမျိုးများ၏ နယ်မြေရွှေ့ပြောင်း မှုတွင် အခြားသော စိတ်၀င်စားဖွယ်ရာကောင်းသည့် အချက်တစ်ခုမှာ တိ ဘက်ကုန်းမြင့်အားဖြတ်ကျော်ခဲ့ခြင်းပင်ဖြစ်သည်။

ကမ္ဘာ့ သမိုင်းပညာရှင်များကလည်း တိဘက်တိုဘားမား ( တိဘက် ဒေသမှ ဘားမားအမည်ရှိဒေသသို့၀င်ရောက်လာကြသူများ) တွင်ကချင်ပါ၀င်သည်ကိုအတိအကျဆိုထားသည်။ အခြားသော သက်သေတစ်ခုမှာ ကချင်လူမျိုးများ၏ စကားတွင် တိဘက်စကားလုံးမြောက်များစွာပါ၀င်နေသည်ကိုတွေ့ ရသည်။ ဥပမာ-အိုင်၊ ကန် စသည်တို့အား ကချင်အမည်အားဖြင့် နောင်း ( Nawng, Inndaw Nawng), ရှမ်းစကားဖြင့် နောင် ( Nawng, နောင်အင်းလေး)၊ တိဘက်စကားဖြင့် နော် ( Nor, KoKo Nor, တရုတ်ပြည် ရှင်ကျန်းဒေသရှိနာမည်ကျော် ကိုကိုး ရေအိုင် ကြီး)။ အခြားသော စကားလုံးများသည်လည်း ကချင်၊ ရှမ်း၊ ချင်း၊ သာမက ဗမာစကားလုံး တွင်လည်း တွေ့ရှိရသည်။ ယင်းသို့တွေ့ရှိရခြင်းမှာ တိဘက်စကားလုံးများအား မွေးစားခြင်းပင်ဖြစ်သည်။

ဥပမာ -မီး၊ ငါး ဟူသောစ ကားသည် လော်ဝေါ်နှင့်ဗမာတို့ကလည်း သုံးစွဲကြရာ ၄င်းစကားလုံးသည် ဗမာစကားလုံးမဟုတ်ဘဲတိဘက်စကား လုံးပင်ဖြစ် သည်။ အချို့သော scholars များကမူ လော်ဝေါ် ( မရူ) မျိုးနွယ်များသည် နန်ချောင်နှင့် ဆ က်နွယ်မှုရှိသည်ဟု ရေးသားကြသည်။ ပျူစောထီး ဆိုသော စကားလုံးသည် ဗမာစကား တွင်ထင်ရှား၏။ သို့သော်လည်း ၄င်းစကားလုံးသည် ဗမာစကားမဟုတ်ချေ။ လော်ဝေါ် မျိုးနွယ်များတွင်လည်း Byu Zaw Te ဟူသောစကားလုံးရှိ၏။ ဗမာတွင် ရှိသော ပျူစောထီးနှင့် လော်ဝေါ်တွင် ရှိသော Byu Zaw Te စကားလုံးအသံထွက်တူ ရုံမျှဖြင့် လော်ဝေါ်သည် ဗမာမျိုးနွယ်မဟုတ်ချေ။ `` နန်းစော မြန်မာလူမျိုး တို့၏ရှေးဟောင်း စကားတွင် ထင်ရှားသော ပျူစောထီး နှင့် ထီးမင်းစော တို့ကိုလည်း တရုတ်တို့က ပျူစုတိ၊ ထိမင်စု ဟုရေးကြ၏ ( မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၃၊ စာမျက်နှာ ၄၃၇၊ ၁၉၅၆)´´ ဟုရေးသားထား၏။

အမှန်တွင် နန်းစော ဆိုသည်မှာ ဗမာ များမဟုတ်ချေ၊ နန်ချောင် ( Nanchao) များဖြစ်ကြ၏။ Nan ဆိုသည်မှာ တောင်ဖက်၊ Chao ဆိုသည်မှာ အရှင်သခင်၊ သို့ဖြင့် တောင်ဖက်မှ အရှင်သခင်များဟု အဓိပါယ်ရှိ၏။ နန်းစောမြန်မာဟုရေးသားခဲ့ခြင်းသည် Burmanization ပြုလုပ် ခဲ့ကြခြင်းဖြစ်သည်ကိုကား သံသယဖြစ်စရာအကြောင်းမရှိ။ (လူမျိုးများရောနှောနေထိုင်ရာ တစ်ဦး၏စကား အား တစ်ဦးမှ မွေးစားအသုံးပြုသည်မှာ နေရာတိုင်းတွင်ဖြစ်သည်။ အင်္ဂလိပ်စကားသည် မွေးစားမှုအများဆုံးပါ၀င်သော ဘာသာ စကားဖြစ် သည်ဟုသတ်မှတ်ထားကြ၏။ ဥပမာ အာလူး၊ လုံချည်၊ ပိုက်ဆံ ဆိုသည်မှာ ကုလားစကားဖြစ်သည်) လက်ရှိအ သုံးပြုနေ သည့် ကချင်စကားတွင် တိဘက်စကားလုံး တစ်ထောင်ခန့်ပါ၀င်နေကြောင်း လေ့လာသူများ ကဆိုကြ သည်။ ယင်း ကဲ့သို့ ဖြစ်ရသည်မှာ ကချင်လူမျိုးများ နယ်မြေရွှေ့ပြောင်းရာတွင် တိဘက်ဒေသအား နှစ်ပေါင်းကြာမြင့်စွာ ဖြတ်သန်းခဲ့ရ မည် မှာ မလွဲပင်ဖြစ်သည်။

တိဘက်ဒေသအား ကချင်လူမျိုးများဖြတ်သန်းရာတွင် စကားလုံးနှင့် အခြားသောယဉ်ကျေးမှု များ ရယူသုံးစွဲခဲ့ သော်လည်း ကိုးကွယ်ယုံကြည်မှုတွင် သတ်သတ်စီဖြစ်ခဲ့သည်ကိုတွေ့ရသည်။ တိဘက်တို့၏ မဟာရာန ဗုဒ ယုံကြည်မှု ကချင်များလက်ခံခြင်းမရှိခဲ့ချေ။ သို့မဟုတ် ကချင်လူမျိုးများ တိဘက်ဒေသအား ဖြတ်သန်း လာစဉ် တိဘက်တွင် ဗုဒ အယူဝါဒ မထွန်းကားသေးသဖြင့်လည်းဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် အေဒီ 635-640 ကြားတွင် မှ ဗုဒသာသနာ တိဘက်သို့ရောက်လာခဲ့သည် ( ပါရဂူ ရေး တိဘက်နှင့် ဗုဒ ဘာသာ)။

အေဒီ ရှစ်ရာစုခန့်ရောက်မှ တိဘက်ဒေသတွင် ဗုဒ သာသနာတိုးတက်ထွန်းကားခဲ့သည်။ ၄င်းအချိန်တွင် ကချင်လူမျိုးများသည် ယနေ့ ကချင်ဒေသသို့ ရောက်ရှိလာ ကြပြီ ဖြစ်သည်။

အေဒီ ၁၂-၁၃ ရာစုကြား၊ ယခုကချင်ဒေသမြောက်ဖက် ၊ ယခုဆွမ်ပရာဘွမ်မြို့နယ် ရှိ ခင်ဒူယန် (Hkindu Yang ) ဒေသတွင်တွင်ဖြစ်ပျက်ခဲ့သည့် ကချင်လူမျိုးများ၏ ပဒေသရာဇ်တော်လှန်ရေး သမိုင်းသည် ယနေ့ထက်ထိတိုင် ကချင်လူမျိုး များ၏ အရေးကြီးသော သမိုင်းမှတ်တိုင်တစ်ခုပင်ဖြစ်၏။ ခင်ဒူယန်ဒေသသည် ၄င်းအချိန်တွင် အလွန်စည်ကားသော မြို့ပြဒေသ တစ်ခုပင်ဖြစ်ခဲ့သည်ဟုကချင်မှတ်တမ်းများကဆို၏။ အရှေ့အနောက်တောင်မြောက် သွားလမ်းလေးသွယ်ဆုံရာ လည်းဖြစ်သည်ဆို၏။ ၄င်းနေရာတွင် မြို့ပြနိုင်ငံ တည်ထောင်ကာ အုပ်ချုပ်သူမှာ ဒူလင်းမျိုး နွယ်စု၀င် တိန်မိုင်တိုင် ( Tingmai Tai ) ဆိုသူဖြစ်၏။ ပဒေသရာဇ် တိန်မိုင်တိုင် ( Tinmai Tai ) သည် ၄င်း၏ အုပ်ချုပ်မှုအောက်တွင်ရှိသော ပြည်သူ များအား အလွန်ရက်စက်စွာ အနိုင်ကျင့် ဗိုလ်ကျ အုပ်စိုးခဲ့သည်ဆို၏။

ထို့ကြောင့် ပြည်သူများမှမခံမ ရပ်နိုင်ဖြစ်သည့်အဆုံး တော်လှန်သဖြင့် ထွက်ပြေးရ၏။ ပဒေသရာဇ် တိန်မိုင်တိုင် မရှိတော့သဖြင့် ၄င်း မြို့ပြနိုင်ငံသည်လည်း ပျက်သုန်းကာ ပြည်သူ များကစင့်ကလျားဖြစ်သွား၏။ အချို့မှာ မြောက်ဖက် ယခု ပူတာအိုဒေသ၊ အချို့မှာ အနောက်ဖက် အာသံဒေသ၊ အချို့မှ အရှေ့ဖက် ယခု ချီဖွေ ဆော့လော်ဒေသ၊ အချို့မှာ ၄င်းနေရာကိုကျော်လွန်ပြီး ယခုတရုတ်ပြည် ယူနန်ပြည်နယ် လာဆာ၊ ဟိုဆာ၊ မိန်းဆာ ဒေသများသို့ရောက်ရှိကြကုန်၏။ အိန္ဒိယနိုင်ငံ အာသံ ဒေသသို့ရောက်သွားသော ဆိန်းဖေါ ( Singpho) များက၄င်းတို့ ရောက်ရှိလာပုံအား ၄င်းဒေသ၏ ကချင်အကြီး အကဲဖြစ်သူ ဒူဝါ ပီဆားဂမ်၏ ပြောပြချက်အား ဗြိတိသျှ စစ်ဗိုလ် နျုပ်ဗီးလ် က အောက်ပါအတိုင်းမှတ်တမ်းတင်ထားခဲ့သည်။

“ Khindu yang, The Khindu plains is the focus of a good deal of Northern Kachin mythology. The Kachin nat is mung nat of a large part of the Duleng area. It is interesting that the Pyisa chief in Assam ( Beesa Gam) told that his leaniage had migrated twenty one generations from Kinduyang on a branch of Sri Lohit ( Irrawady). Neufville, 1828.
ထို့ပြင် ကချင်လူမျိုးများ တွင် ထေရဝါဒ ဗုဒအယူ လက်ခံကျင့်သုံးခြင်းလည်းမရှိခဲ့ကြချေ။ ကြားပင်မကြားဖူးကြချေ။ အရည်းကြီးဇတ်လမ်းမူကားဝေလာဝေးပင်ဖြစ်သည်။ အချို့သောသမိုင်းဆရာများက မြန်မာမှု ပြုရန်အတွက် လော်ဝေါ် မျိုး နွယ်များသည် ရှေးဦးမြန်မာများဖြစ်ကြသည်ဟု သမိုင်းထွင်ခဲ့သည်။

လော်ဝေါ် စကား မီးနှင့် ငါး သည် ဗမာစကားနှင့် အတူ တူဖြစ်သည်ဟုအကြောင်းပြခဲ့ကြသည်။ အမှန်တွင် ယင်းစကားလုံးသည် တိဘက်စကားသာဖြစ်လေသည်။ ယနေ့ကချင် မျိုးနွယ်တွင် ပါ၀င်နေကြသော ဂျိန်းဖေါ့၊ လော်ဝေါ်၊ ဇိုင်ဝါး၊ လာချိဒ်၊ ရ၀မ်၊ လီဆူ တို့ သည် ယခင်ကတည်းက နတ်၊ မမြင်ရ သော တန်ခိုးရှင်များအား ကိုးကွယ်ကြသူများသာဖြစ်ခဲ့ကြသည်။ ယခုမှ ခရစ်ယာန်ဘာသာ၀င်များဖြစ်ကြသည်။ ဗမာနှင့် နီးစပ်သည်ဟုပြောရန်မှာမူ လုံး၀မဖြစ်နိုင်သော အကြောင်းအရာသာဖြစ်သည်။ ဗမာလူမျိုးများ၏ ဇစ်မြစ်နှင့် ယဉ်ကျေး မှုစာပေများ၏ဇစ်မြစ်အားလုံးသည် အနောက်ဘက်သို့ မြစ်ဖျားခံသကဲ့သို့ ကချင်လူမျိုးများ၏ နောက်ကြောင်း ဇစ်မြစ် များသည် တိဘက်ကုန်းပြင်မြင့်သို့ မြစ်ဖျားခံသည်ကိုတွေ့ရသည်။ သို့သော်လည်း နေရာပြောင်းရွှေ့မှုဖြင့် ယခုဘားမား ဟုအမည်တွင်သော နေရာတွင် လာရောက်နေထိုင်နေကြခြင်းပင်ဖြစ်သည်။
အကြောင်းတိုက်ဆိုင်သဖြင့် ယခင် Wunpawng Shingni Journal တွင် အကျယ်တ၀င့်ဖော်ပြခဲ့ပြီးသော၊ အင်ဒိုနီး ရှားနိုင်ငံ ဘော်နီယိုကျွန်းတွင်နေထိုင်ကြသော အီဘန် လူမျိုးများအကြောင်းကို အနည်းငယ်ထပ်မံဖော်ပြလိုပါသည်။ ဘော်နီ ယိုကျွန်းသည် သုံးနိုင်ငံပိုင်သောကျွန်းဖြစ်၏။ မြောက်ဖက်တွင် ဘရူနိုင်းဘုရင်ပိုင်သော ဘရူနိုင်း ဆူလတန်နိုင်ငံ၊ အလယ်ပိုင်း ဖြတ်ကာ မလေးရှားနိုင်ငံပိုင်ဖြစ်သော ဆာဘား နှင့် ဆာရာ၀ပ်၊ တောင်ဖက်ပိုင်းသည် အင်ဒိုနီး ရှား နိုင်ငံပိုင်ဖြစ်သော အ နောက် ကာလီမန်တန် ( west Kalimantan ) ဒေသများဖြစ်၏။ အလယ်ပိုင်း ဖြတ်ထားသော ပြည် နယ်များဖြစ်သည့် ဆာဘားနှင့် ဆာရာ၀ပ်တွင် နေထိုင်သည့် အီဘန် ခေါ် လူမျိုးများသည် ယနေ့ ကချင်လူမျိုးများနှင့် အလွန် ဆင်တူသော ဓလေ့ထုံးတမ်းများ၊ နေထိုင်၀တ်စားဆင်ယင်မှုများ ရှိကြသည်။

ကချင်လူမျိုးများ အိမ်တန်းရှည်နှင့် နေထိုင်သ ကဲ့သို့ အီဘန် လူမျိုးများသည် လည်း အိမ်တန်းရှည်များဖြင့်ယနေ့တိုင်နေထိုင်ကြဆဲဖြစ်သည်။ ဗန်းမော်ဒေသ ကချင်လူမျိုး များ၏ အဆင်ဒီဇိုင်းနှင့် အီဘန်လူမျိုးများ၏အဆင်သည် အလွန်ပင်တူညီကြသည်။ အဆင်တွင် ဖော်ထားသော အကွက် ဒီဇိုင်းများသည်လည်း ယနေ့ကချင်ဒီဇိုင်းအတိုင်းပင်ဖြစ်၏။ 1996 ခုနှစ်က စာရေးသူ ၄င်းဒေသဖက် ခရီးသွားရင်း ဖြတ်သွား ရာတွင် ၄င်း အီဘန် လူမျိုးများ၏ အိမ်တန်းရှည်များ မနောတိုင်ကဲ့သို့သော တိုင်လုံးများအား မြင်တွေ့ခဲ့ရ သည့်အ ကြောင်း အား စင်္ကာပူ သို့ရောက်စဉ် စင်္ကာပူနိုင်ငံတွင် သဘောင်္အင်ဂျင်နီယာဖြစ်သည့် ကချင်မိတ်ဆွေတစ်ဦး အားပြောပြရာ ၄င်းက `` ရှင်မရေ၊ ကိုယ်၀ယ်ခဲ့တဲ့ အီဘန်တွေရဲ့ ရိုးရာအစလေးထုတ်ခဲ့ပါအုံး´´ ဟု သူ့အမျိုးသမီးအား ပြောလိုက်ရာ သူ့အမျိုး သ မီးမှ ၄င်း အထည်အားထုတ်ပြသဖြင့်ကြည့်ရာ ဗန်းမော် ကချင်ဒီဇိုင်းအတိုင်းပင်ဖြစ်နေပြီး အဝါရောင် ပိုများနေ သည် ကို တွေ့ ရသည်။ ဗန်းမော်အဆင်တွင် အနီရောင်ပိုများသည်။ ထို့ပြင် ၄င်းဒေသနေ Dayak ခေါ်လူမျိုးများနှင့် ကရင်နီ လူမျိုးများ ၏စကားများတူကြောင်းကိုလည်းမှတ်သားရသည်။ ( ပြည်သူဖက်မှ ဗိုလ်ချုပ်ကြီးတစ်ဦး ဟူသည့် RFA မေးမြန်းခန်းတွင် သူရဦးတင်ဦး က ၄င်းဒေသမြို့တော် ကူချင်း သို့ရောက်စဉ် ၄င်းလူမျိုးများနှင့် တွေ့ခဲ့ရသည့်အကြောင်း တင်ပြခဲ့ဘူးသည်)
တရုတ်ပြည် ၏တောင်ဖက် ဟိုင်နန်ကျွန်းသည် အလွန်လှပသော ကျွန်းဖြစ်သည်။

၄င်းကျွန်း၏တောင်ဖက်အ စွန်ဆုံး တွင် ဆန်ညာ ( Sannya) အမည်ရှိ ဒေသတွင်နေထိုင်သော တိုင်းရင်းသားများသည်လည်း ကချင်လူမျိုးများအတိုင်း ဖြစ်ကြ သည်။ ၄င်းတို့၏မျက်နှာအသွင်အပြင်၊ အ၀တ်အထည်အဆင်ဒီဇိုင်း၊ အိမ်တန်းရှည်၊ ဂျပ်ခုတ်ခြင်း၊ ကခုန်ခြင်း တို့သည် တထေရာ တည်းပင်ဖြစ်ကြလေသည်။ ယင်းသို့ဖြင့် ကချင် လူမျိုးများ၏ နေထိုင်ပြန့်ကျဲမှုသည် အလွန်ပင် ကျယ်ပြန့် သော နယ်မြေကြီးတစ်ခုဖြစ်နေသည်ကိုတွေ့ရှိရသည်။ အနောက်ဖက် အိန္ဒိယ နိုင်ငံ အသာသံ၊ အရူနာချာ ဒေသမှ မြန်မာပြည် အရှေ့ဖက် ကျိုင်းတုံဒေသ၊ တရုတ်ပြည် ယူုနန်ဒေသ များအထိ ပြန့်ကျဲနေထိုင်နေကြသည်ကိုတွေ့ရသည်။

ကချင်လူမျိုးများနှင့် ဆက်စပ်မှုဖြစ်နေသော လူမျိုးများလည်း ရှိနေကြသည်။ အထူးသဖြင့် စစ်ကိုင်းတိုင်းနေ ကဒူး လူမျိုးများသည် ကချင်မျိုးနွယ်ဖြစ်ကြောင်း ယခင်က မနုသာဗေဒ ပညာရှင် E.R Leach မှ လေ့လာကာ အတိအ ကျဆို ခဲ့ပြီးဖြစ်သည်။ ယနေ့တိုင် ကဒူး စကားနှင့် ကချင်စကားသည် ထက်၀က်မျှတူညီနေဆဲပင်ဖြစ်သည်။ အချို့က ရှမ်း ကဒူး ဟုခေါ်ဝေါ်ကြပြီး၊ ၂၀၁၄ သန်းကောင်းစာရင်းကောက်ရာတွင် ကဒူးလူမျိုးများအား ဗမာမျိုးနွယ်စာရင်းတွင် ထည့်သွင်း ခဲ့ပြန် သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပသည့် ပထမအကြိမ် 21 ရာစု ပင်လုံညီလာခံတွင် ကဒူး မျိုးနွယ်ကိုယ် စားလှယ်တင်ပြရာ``မိမိတို့သည်ဗမာလည်းမဟုတ်ကြောင်း၊ရှမ်းမျိုးနွယ်တွင်လည်းမပါ၀င်ကြောင်း၊ ကချင်များ နှင့် ညီအစ်ကို ဖြစ်သည်ကို ခံယူကြောင်း´´ တိုင်းသိပြည်သိတင်ပြဆွေးနွေးသွားခဲ့သည်။ (နောင်တွင် ကဒူး လူမျိုးများနှင့် ပတ်သက်၍ အရှည်ရေးပါမည်)
မိုင်းသာ ဟု အမည်ရှိသော လူမျိုးများအကြောင်းကိုတင်ပြလိုသည်မှာ၊ ၄င်းတို့အား ရှမ်းမိုင်းသာ ဟုခေါ်ဝေါ် လျက်ရှိ သည်။

အမှန် တွင် မိုင်းသာ လူမျိုးများသည် ကချင်မျိုးနွယ်တွင်ပါ၀င်သော လူမျိုးများပင်ဖြစ်ကြသည်။ ၄င်းတို့အကြောင်းအား ကမ္ဘာကျော် သမိုင်းပညာရှင် JG. Scott ရေးသားရာတွင် “ Of whom any the Maingtha beed be mentioned . They called themselves Tureng or Durens, but since they came down to great numbers to upper Burma to work as collies they are best known as Maingtha. They come from the statelet “ which Burmese called Kanti-gyi and the Shan Hkamti long and the western part of Chinese state Santha ( Burma and Beyond) . မိုင်းသာ များသည် ၄င်းတို့ကိုယ်တိုင် Tureng or Durens ဟုခေါ်ကြောင်း ဖော်ပြထားသည်။ ၄င်း Tureng or Durens ဆိုသည်မှာ မြန်မာပြည်မြောက်ဖျား ဒေသနေ ကချင်မျိုးနွယ်ဖြစ်သော Tureng or Dureng ( ဒူလင်းလူမျိုး) တို့ဖြစ်သည် ကို ဖော်ပြ ခြင်းဖြစ်သည်။ Dureng or Tureng (ဒူလင်း) မျိုးနွယ်များသည် ကချင်လူမျိုးများတွင် ပန်းဘဲ အလွန်ကျွမ်း ကျင်သော လူမျိုး များဖြစ်ကြသည်။

ယခင်က မြန်မာပြည်မြောက်ပိုင်းနေကချင်အများစုသည် ၄င်းဒေသနေ ဒူးလင်း၊ နုန်ရ၀မ် များပြု လုပ်သော ဓါးလက်နက်သံထည်များကိုသာသုံးစွဲခဲ့ကြသည်။ ယခင်က အာသံဒေသအထိ ၄င်းတို့ထုလုပ်သော သံထည်များအား အသုံး ပြုခဲ့ကြကြောင်း သမိုင်းမှတ်တမ်းများတွင်တွေ့ရသည်။ ဆိုလိုသည်မှာ မိုင်းသာ လူမျိုးများ ပန်းဘဲ အတတ်ပညာ ကျွမ်းကျင် ရခြင်းသည် ယခင်က မြန်မာပြည်မြောက်ဖက်တွင် နေထိုင်စဉ်ကတည်းက ကျွမ်းကျင်ခဲ့သော ပန်းဘဲအတတ်ပညာအား ယ နေ့အထိ သက်မွေး၀မ်းကြောင်း ပြုနေကြသည်သာမက ၄င်းတို့သည် ကချင်အနွယ်ဖြစ်သော ဒူးလင်း (Tureng or Dureng) များဖြစ်ကြောင်းကိုဖော်ပြနေခြင်းပင်ဖြစ်သည်။ ( မိုင်းသာ လူမျိုး များနှင့် ပတ်သက်၍နောင်တွင်အရှည်ရေးပါမည်)
ကချင်လူမျိုးများနှင့်ပတ်သက်၍ မွန်ဂိုတာတာအနွယ်၀င်ဖြစ်သည်မှာ သံသယဖြစ်စရာအကြောင်း မရှိကြောင်း JG. Scott မှ အတိအလင်းရေးသားထားသည်မှာမှန်သော်လည်း မွန်ဂိုတာတာ မတိုင်မီအရင် မည်သည့်အကြောင်းအရာ များရှိနေ သည်ကို လေ့လာရဦးမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကချင်လူမျိုးများသည် တိဘက် ၏ ဗုဒ အယူဝါဒ ကိုလည်း လက်ခံခြင်းမရှိခဲ့ချေ။ မွန်ဂိုတာတာများ၏ အစ္စာလမ်အယူဝါဒကိုလည်း လက်ခံခြင်းမရှိခဲ့ကြချေ။ ထို့ပြင် ယနေ့ထက်ထိတိုင် ကချင်လူမျိုးများ သုံးစွဲနေကြဆဲဖြစ်သည့် ယောက္ခမျိုး၊ ညီအစ်ကိုမျိုး၊ သားမက်မျိုးဆိုသည်မှာ မွန်ဂိုတာတာများ၊ တိဘက်များ နှင့် လားလားမျှ မဆိုင်သော ဓလေ့ထုံးတမ်း များဖြစ်နေကြသည် မှာ အံ့အားသင့်စရာပင်ဖြစ်နေသည်။

1958 ခုနှစ် မွန်ဂိုးလီးယား နိုင်ငံ ဘော်လုံးလက်ရွေးစင်အသင်း ရန်ကုန်မြို့သို့ ချစ်ကြည်ရေး အဖြစ်ဘော်လုံးလာ ရောက်ကစားရာ ၊ ယင်းအသင်းတွင် ကချင်စကားပြောနိုင်သည့် ဘော်လုံးသမားနှစ်ဦး ပါ၀င်ခဲ့ကြောင်းယခင်မြစ်ကြီး နားခရိုင် အရေးပိုင်မင်းကြီးဖြစ်သော ဒူဝါ ဂွမ်ဂျာလရေးသားသည့် စာအုပ်တွင်ရေးသားထား သည်ကိုဖတ်ရှုရသည်။ ယခုအခါ တရုတ် ပြည်ရှိ ကချင်လူမျိုးများက ကချင်တို့၏ ဆင်းသက်လာရာ သမိုင်းလမ်းကြောင်းအား ပြန်လည်လေ့လာ ဖော်ထုတ် ရန်အ တွက် တိဘက်ဒေသ၊ မွန်ဂိုးလီးယား ဒေသများသို့ သွားရောက်ရာ ယခင်က ကချင်လူမျိုးများ၏ နှုတ်ပြော သမိုင်းများ နှင့် ပတ်သက်သည့် သက်သေ အမြောက်အများကိုရှာဖွေဖော်ထုတ်နိုင်ခဲ့ကြလေသည်။ ကချင်တို့ပြောဆိုသည့် ဒဏ္ဍာရီ ကဲ့သို့ ထင်မြင်ယူဆခဲ့သည့် နေရာဒေသများသည်လည်း ယခုတိုင်တည်ရှိနေဆဲဖြစ်သည်ကို ရှာဖွေဖော်ထုတ် နိုင်ခဲ့ကြသည့် သက် သေမှတ်တမ်းမှတ်ရာများ ရှိနေပြီဖြစ်သည်။

၄င်းဒေသများသို့ သွားရောက်လေ့လာမှုပြုရာတွင် ကချင်လူမျိုးများ၏ သမိုင်းကြောင်းသည် ၄င်းနေရာတွင်အ ဆုံးသတ် သွားပြီဟုမှတ်ယူ၍မရနိုင်ချေ။ လွန်ခဲ့သော ၆၁ ကြိမ်မြောက် ကချင်ပြည်နယ်နေ့မနောပွဲတော်ကြီးတွင် လာ ရောက် လည်ပတ်ခဲ့သော မနုသာဗေဒ ပညာရှင် တူရကီနိုင်ငံသားတစ်ဦး၏ပြောဆိုချက်မှာ ယခင် မွန်ဂိုတာတာ ခေတ်ရုရှားနိုင်ငံ ယူကရိန်းနိုင်ငံ များအထိသွားရောက်တိုက်ခိုက်သူများတွင် ကချင်လူမျိုးများပါ၀င်သည်ဟုမှတ်ချက်ပြုခဲ့သည်။ ၄င်းမှမနုသာ ဗေဒနည်းလမ်းဖြင့်လေ့လာသုံးသပ်ရာတွင် ယနေ့အချိန်ထိ ယူကရိန်းနိုင်ငံတွင် ကချင်လူမျိုးများနှင့် ဆင်တူသည်ဟု ဆိုနိုင် သော လူနည်းစုများရှိနေကြသည်ဟူ၍ဖြစ်သည်။

ကချင်လူမျိုးများသည် အခြားသော ရှမ်း၊ ချင်း၊ ကရင်၊ နာဂ စသည့် လူမျိုးများနည်းတူ မွန်ဂိုလီးယား ကုန်းပြင်မြင့်၊ တိဘက်ကုန်းပြင်မြင့်တို့မှတဆင့်တရုတ်ပြည်ဖက်သို့၀င်ရောက်ပြီးနောက်ယနေ့ခေါ်ဆိုနေသောဘားမားဒေသသို့ ရောက်ရှိ လာကြခြင်းဖြစ်ရာ ယနေ့ကချင်ဒေသသို့ရောက်မလာဘဲ တရုတ်ပြည်တွင်းတွင် ကျန်နေခဲ့သူများလည်း မြောက်များ စွာရှိ မည်ဖြစ်သည်။ တရုတ်စကားပြောသောကချင်လူမျိုးများ၊ ရှမ်းစကားပြောသောကချင်လူမျိုးများ၊ မြောင်စကားပြောသော ကချင်လူမျိုးများဖြစ်သွားဟန်ရှိကြသည်ကိုသုံးသပ်ရသည်။အချို့မှာပြောဆိုသုံးနှုန်းမှုကွဲပြားသွားပြီဖြစ်သော်လည်းနေထိုင်စား သောက်မှု၊ အ၀တ်အထည်ဒီဇိုင်း၊ နေအိမ်၊ ကိုးကွယ်ယုံကြည်မှု တို့တွင် အလွန်တူညီနေဆဲဖြစ်သည်ကို သုံးသပ်ရ သည်။

ကချင်ဒေသအတွင်းပင် ကချင်စကားပြောသွားသော ရှမ်း နှင့် ရှမ်းစကားပြောသွားသော ကချင်များရှိနေကြသည် ကိုလေ့လာ တွေ့ရှိရသည်။ ( ER . Leach )
အထူးသဖြင့် လေ့လာရန်လိုအပ်သည်မှာ မိတ်ဆွေ ကဒူးလူမျိုးများနှင့် မိုင်းသာ လူမျိုးများအကြောင်းပင်ဖြစ်သည်။ လွန်ခဲ့သော အချိန်များတွင်ကျင်းပပြုလုပ်ခဲ့သည

Want your school to be the top-listed School/college in Mu-se?
Click here to claim your Sponsored Listing.

Telephone

Address


Kachin Education Center
Mu-Se
15350

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00