POEM

POEM

Share

25/09/2020

"ဖြစ်​ရ​လေ"
************

​မောင်​ကြီးနှမ ခိုင်​သဇင်​
ဘယ်​ဆီများလဲ ဟင်​။
​ခေါင်​းမှာရွက်​လို့ ​ရေအိုးတင်​
​ရေခပ်​သွားမယ်​ရှင်​....။

​ရေအိုးထမ်​းလို့ လိုက်​ခဲ့ချင်​
လိုက်​ရမလား ဟင်​။
​မောင်​ကြီးသ​ဘော အတိုင်​းပင်​
လိုက်​ချင်​လိုက်​​ပေါ့ ရှင်​.....။

​မောင်​ကြီး​မေတ္တာ ပန်​းကိုဆင်​
လက်​ထပ်​မလား ဟင်​။
​မောင်​ကြီးသ​ဘော အတိုင်​းပင်​
နာယူပါ့မယ်​ ရှင်​......။

နှမ​လေးရဲ့ ​မွေးဖခင်​
ဘာလုပ်​စားလဲ ဟင်​။
ထွန်​ထယ်​ရုန်​းလို့ လယ်​ကွင်​းပြင်​
လယ်​လုပ်​စားတယ်​ ရှင်​......။

​မောင်​ကြီးနှမ ခိုင်​သဇင်​
ပစ္စည်​းရှိလားဟင်​။
နှမ​လေးရဲ့ အဆင်​းပင်​
ပစ္စည်​းပါပဲ ရှင်​......။

သည်​လိုဖြင်​့လဲ ခိုင်​သဇင်​
မယူနိုင်​ဘူး ထင်​။
ယူပါလို့များ ပျို​လေးခင်​
​ပြောဘူးလို့လား ရှင်​.......။ ။


#မင်းသုဝဏ်

01/04/2020

ဖန်မီးအိမ်၏အတ္ထုပ္ပတ္တိ
*******************

ဆေးလိပ်လည်းတို နေလည်းညိုပြီ
ငါ့ကိုပြန်ပို့ကြပါလေ တဲ့
သူတောင်းဆိုခဲ့ဖူးတယ်။ ။

ခုခါတော့ကို
ဆေးလိပ်တို၍ နေညိုချိန်မှာ
ကိုယ့်အိမ် ကိုယ့်ရာ ပြန်လိုပါသည့်
ကဗျာစာဆို အဘိုးအိုသည်
အိမ်ကို မပြန်နိုင်တော့ပြီ။

သူရှိစဉ်က
ဤလောကဝယ် ရောင်စဉ်သွယ်ညီး
ဖန်အိမ်မီးနှင့် ခရီးလမ်းပြခဲ့ဖူးသည်။

ဖန်မီးအိမ်ကလေး ပုလုကွေးနှင့်
ပန်းစျေးခင်းလည်း ကျင်းခဲ့သည်။

လှေတစ်စင်းနှင့် သီချင်းသည်ကလေး
လမင်းဘေးမှာ ကြယ်လေးတွေနှင့်ပျော်ဖူးသည်။

နှင်းဆီပွင့်ပေါ် သူအိပ်ပျော်၍
မျော်လင့်ချက်နှင့် အိပ်မက် မက်ကာ
ကဗျာစောင်းလေး တီးခဲ့သည်။

သံသာငြိမ့်ညောင်း ပုဂံကျောင်းက
ခေါင်းလောင်းထိုးကာ ငါတို့ရွာကို
ကဗျာဒါန ပြုခဲ့သည်။

စိမ်းညို့သာမော ကံ့ကော်တောမှာ
အမောဖြေကာ နေနားကာဖြင့်
အိပ်မက်ရွာကလေး တည်ခဲ့သည်။

ကန္တာရနှစ် သစ်ရွက်ရှိုက်ငင်
နွေဦးဝင်စ အခါကလည်း
သူ့အသည်းလွှာ အေးငြိမ်းစွာဖြင့်
ကဗျာတရားမြဲခဲ့သည်။

သြော်---------
ကြည့်စမ်းတော့ကွယ် ဖန်မီးအိမ်ငယ်
အလင်းသယ်(သည်)သည်
ဘယ်လေတိုက်တိုက် ခေါင်းမငိုက်ခဲ့
မှောင်မိုက်ကိုခွဲ အလင်းကြဲပက်
အရုဏ်တက်ကို စောင့်လျှက်ကြိုကာ
ဆီခွက်မီးစာ ကုန်လေပြီ။

ငါယုံကြည်သည်
အရုဏ်ကြိုလျှက် လမ်းတစ်ဝက်မှာ
ဆီခွက်မီးစာ ငြိမ်းရရှာလည်း
တို့ရွာထဲတွင် မီးအိမ်ရှင်၏
ရောင်စဉ်ထိန်ညီး ဖန်အိမ်မီးသည်
ခရီးဆက်လျှောက် ပန်းတွေကောက်ဖို့
ဝင်းလက်တောက်ပနေဦးမည်။ ။

သုလင်းဝေ

၂၃ ၁ ၂၀၀၇

(ဘဘတင်မိုး ဆုံးသည့် သတင်းကို RFA မနက်ပိုင်း အစီအစဉ်မှ ကြား ကြား ချင်း
ရေးခဲ့သည့် ကဗျာ)
ဤကဗျာဖြင့် မနက်ဖြန် ၂၈ ၁၂ ၂၀၁၆ နေ့ ဘဘ၏နောက်ဆုံးမြေချခရီးကို
ရိုသေမြတ်နိုးရှိခိုးကန်တော့အပ်ပါသည်။

ူရင်းရေးသားသူ

Want your business to be the top-listed Shop in Monywa?
Click here to claim your Sponsored Listing.

Category

Telephone

Address


Monywa
001010