Mathematic Family

Mathematic Family

Share

07/07/2021

7july 7.7.2021မှာ CDMဆရာ/ဆရာမ များအတွက်❤️

ဆရာ ဆရာမတွေရဲ့ အချစ်ဆုံး တပည့်လေးတွေရဲ့စေသနာ 🙏🙏🙏

Math Majorမှ ညီအကို/မောင်နှမများခဗျာ❤️

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် အဓိက‌ကျတဲ့ CDM အခန်းကဏ္ဍကနေပါ၀င်ကြသော ကျွန်‌ေတာ်/မတို့ရဲ့ မုံရွာတက္ကသိုလ် သချာ်မေဂျာမှ သူရဲကောင်းဆရာ၊ဆရာမများ၊ ရုံး၀န်ထမ်းများအတွက် ကူညီထောက်ပံ့ပေးလိုပါက အောက်ပါအကိုအမတွေဆီမှာ ဆက်သွယ်လှုဒါန်းလို့ရပါတယ်ဗျ။ တော်လှန်ရေးသက်တမ်းရှည်ကြာလာတာနဲ့အမျှ အဆုံးထိတောင့်ခံနိုင်ဖို့ရာ ကျွန်‌ေတာ်တို့ရဲ့ ဆရာ၊ဆရာမတွေ ပြည်သူ့၀န်ထမ်းတွေကို ကူညီပေးကြပါစို့။ ❤️


09791624565
09980944437
09770486969

Kpay, Wave နဲ့ရပါတယ်ဗျ။

#အရေးတော်ပုံအောင်မြင်ရမည် 🙏

Photos from Mathematic Family's post 14/06/2021

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာန (၂) ခု၏ အင်တာနက်စာမျက်နှာ(Website) များ ထပ်မံထုတ်လွှင့်
၁၄ ဇွန် ၂၀၂၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန နှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့၏ အင်တာနက်စာမျက်နှာ (Website) များကို ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်လွှင့်လိုက်ပြီဖြစ်ပါသည်။
အဆိုပါ websites များတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏ ကိုယ်ရေးအချက်အလက်များ၊ လုပ်ငန်းဆောင်တာများ၊ မိန့်ခွန်းများ၊ ဝန်ကြီးဌာန တစ်ခုချင်းစီ၏ အကြောင်းများ၊ ဌာန ဖွဲ့စည်းပုံ၊ လက်ရှိလုပ်ကိုင်နေသော လုပ်ငန်းများ၊ အစီရင်ခံစာများ၊ ဆက်သွယ်နိုင်မည့် အီးမေးလ်များကို ပြည်သူလူထုသိရှိစေရန် ဖော်ပြထားပါသည်။ ထိုသို့ဖော်ပြရာတွင် မြန်မာပြည်သူပြည်သားများသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှလည်း ဝင်ရောက်လေ့လာနိုင်ရန် မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ဖော်ပြထားပါသည်။ ကျန်ရှိနေသေးသော ဝန်ကြီးဌာနများ၏ တရားဝင်အင်တာနက်စာမျက်နှာများကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပြီး မကြာမီအချိန်အတွင်း ထပ်မံထုတ်လွှင့်ပေးသွားမည်ဖြစ်ပါသည်။
အင်တာနက်စာမျက်နှာများကို အောက်ပါ လင့်ခ်များတွင် သွားရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။
https://mohadm.nugmyanmar.org

https://mowyca.nugmyanmar.org

Want your school to be the top-listed School/college in Monywa?
Click here to claim your Sponsored Listing.

Category

Website

Address


Monywa