ZAW Mobile

ZAW Mobile

Share

20/11/2020

MI ဖုန်းကိုင်ဆောင်သူတွေ နဲ့ MI ကိုင်ဖို့စိတ်ကူးနေသူများ ကိုကိုင်တဲ့ MI ဖုန်းက အတုလား အစစ်လား သိရအောင်
ဒီနည်းတွေအတိုင်း အရင်စမ်းကြည့်ပါ

Xiaomi Phone များ အတုအစစ်ခွဲနည်း
-------
Xiaomi Phone များတွင် တရုတ်နိုင်ငံက ထုတ်တဲ့ ပစ္စည်းနှင့် နိုင်ငံခြားက ထုတ်တဲ့ ပစ္စည်း ဟူ၍ (၂မျိုး) မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်ပါသည်။ တရုတ်နိုင်ငံက ထုတ်သော ပစ္စည်းတွင် ဘူးရဲ့ အနောက်တွင်
ခဲနဲ့အုပ်ထားတဲ့ Security code ပါရှိပါသည်။

မြန်မာနိုင်ငံကို ၀င်တဲ့ အလုံးတွေကတော့ အများစု တရုတ်နိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့ကဘဲ ဖြစ်ပါတယ်…
စင်ကာပူအလုံးတွင်တော့ Complies with IDA Standards ဆိုတဲ့ စာသား ပါရှိပါသည်။

အဲလို ပုံစံမျိုးတွေ မပါပါက အတုဟူ၍လည်း သတ်မှတ်နိုင်ပါသည်။ ဒါကတော့ ဘူးကို ကြည့်ပြီး လေ့လာတဲ့ သဘော ဖြစ်ပါသည်။

ခဲနဲ့အုပ်ထားတဲ့ Security code ပါရင်တော့ ခဲကိုခြစ်လိုက်ပါ။ နံပတ် အလုံး ၂၀ တွေ့ရှိရမှာ ဖြစ်ပါတယ်. အဲ့ဒီနံပတ်ကို ယူပြီး http://www.mi.com/verify/ မှာ သွားပြီး စစ်ဆေးပေးပါ။ စစ်လိုက်တဲ့ အခါမှာ အစစ်ဆိုရင် ထုတ်လုပ်တဲ့ Date / ရောင်းလိုက်တဲ့ Date တွေ ပါရှိမှာ ဖြစ်ပါတယ်။

IMEI နံပတ်နှင့် စစ်နည်း

IMEI နံပတ်နှင့် စစ်နည်းတွင်တော့ တရုတ် အလုံးတွင်တော့ http://order.mi.com/service/imei အဲ့ဒီမှာ စစ်ဆေးနိုင်ပါသည်။ တစ်ခြား Region အလုံးတွင်တော့ http://www.imei.info/ တွင် စစ်ဆေးနိုင်ပါသည်။

စစ်လိုက်တဲ့ အခါမှာ Xiaomi အမှန်ဆိုရင်တော့ သူရဲ့ Info တွေကို ဖော်ပြပေးမှာ ဖြစ်ပါသည်။

Logo ကို ကြည့်ပြီး ခွဲခြားနည်း

ပထမဦးဆုံး power စဖွင့်လိုက်တဲ့ အချိန်မှာ mi logo တက်လာပါလိမ့်မည်။ mi logo ကို အဖြုရောင်နဲ့ တက်လာပြီး Logo လည်နေတဲ့အချိန်မှာ အောက်နားမှာ Power by android လို့ ပါရှိနေပါလိမ့်မည်။ အဲ့ဒါဆိုရင် အစစ်လို့ သတ်မှတ်လို့ ရပါသည်။ 4G အလုံးမှာဆိုရင်တော့ mi logo တက်လာပြီး ပြီးခံနီးကျမှ 4G ဆိုပြီး စာသား တက်လာတက်ပါတယ်။ အဲ့ဒါဆိုရင်လည်း အတုလို့ သတ်မှတ်လို့ ရပါတယ်။
အတုဆိုရင်တော့ power စဖွင့်လိုက်တဲ့ အချိန်မှာ mi logo အဖြူရောင်တက်လာပြီး အဝါရောင်လေး ပြောင်းသွားပါလိမ့်မည်။ အောက်နားမှာလည်း android ဆိုတဲ့ စာသား တစ်ခုတည်း ပါနေပါလိမ့်မည်။ အဲဒါဆိုရင်တော့ အတုလို့ သတ်မှတ်လို့ ရပါတယ်။

Battery အားသွင်းရင်းနဲ့ ခွဲခြားနည်း

မိမိရဲ့ဖုန်းကို power ပိတ်လိုက်ပါ။ ပြီးရင် အားသွင်းကြိုးထိုးလိုက်ပါ။ အားသွင်းကြိုးထိုးလိုက်တာနဲ့ အစစ်ဆိုရင်တော့ mi logo တက်လာပြီးမှ အားသွင်းတဲ့ ပုံစံ ပြနေပါလိမ့်မည်။

အတုဆိုရင်တော့ power ပိတ်ပြီး အားသွင်းလိုက်တာနဲ့ mi logo မတက်လာဘဲ အားသွင်းတဲ့ ပုံစံဘဲ ပြနေပါလိမ့်မည်။

Hardware Test code နဲ့စစ်နည်း

ဖုန်းခေါ်တဲ့ နေရာကနေပြီးတော့ * #* #64663 #* #* ဆိုပြီး နှိပ်လိုက်တဲ့ Hardware test စစ်တဲ့ code တွေ ပေါ်လာပါလိမ့်မည်။ ဘာမှမပေါ်လာပါကလည်း အတုလို့ သတ်မှတ်နိုင်ပါသည်။ China အလုံးမှာဆိုရင်တော့ China စာတွေ ပေါ်လာပါလိမ့်မည်။ စင်ကာပူအလုံးမှာ ဆိုရင်တော့ အင်္ဂလိပ်လို ပေါ်နေပါလိမ့်မည်။ Touch နဲ့ စစ်မယ်ဆိုရင်တော့ တရုတ်အလုံးဆိုရင်တော့ နံပတ် ၁၄ကို သွားပြီး စစ်ဆေးနိုင်ပါသည်။ စင်ကာပူအလုံးမှာ ဆိုရင်တော့ နံပတ် ၁၂ ကိုသွားပေးပါ။ အစစ်ဆိုရင်တော့ လက် ၁၀ချောင်း တင်လိုက်ပါ။ အလုပ်လုပ်နေတာကို တွေ့ရပါလိမ့်မည်။ ၁၁ချောင်းတော့ မရပါဘူး။ အတုမှာတော့ လက်၁၀ ချောင်း တင်လည်း ရမှာ မဟုတ်ပါဘူး။

AnTuTu Benchmark apk နဲ့စစ်နည်း

Antutu apk ထဲကို မိမိရဲ့ဖုန်းထဲကို install လုပ်ပေးလိုက်ပါ။ ပြီးရင် အဲ့ဒီ apk ကို ဖွင့်လိုက်ပါ။ ပြီးရင် Info ထဲကို ၀င်လိုက်ပါ။ အဲ့ဒီမှာ မိမိရဲ့ information တွေ ဖော်ပြပေးပါလိမ့်မည်။ လက် ၁၀ချောင်း touch နဲ့ စစ်ချင်ရင်တော့ Info ထဲက Multi-touch ထဲကို ၀င်လိုက်ပါ။ အစစ်ဆိုရင် လက် ၁၀ချောင်း စလုံး တင်လို့ရမှာ ဖြစ်ပါတယ်။ အတုဆိုရင်တော့ လက် ၁၀ချောင်းစလုံး တင်လို့မရပါဘူးခင်ဗျာ…
https://play.google.com/store/apps/details?id=com.antutu.ABenchMark

Scanner Code နဲ့ စစ်နည်း

ဒီနည်းကတော့ လိုင်းတော်တော်လေး ကောင်းမှ အဆင်ပြေပါလိမ့်မည်။ https://jd.mi.com/ အဲ website ကနေပြီးတော့ application ကို အရင်ဒေါင်းပြီး Xiaomi Phone မှာ install လုပ်ပေးလိုက်ပါ။ ပြသွားပြီ ဆိုရင် မိမိရဲ့ဖုန်းမှာရော ကွန်ပြုတာမှာရော အင်တာနက် ဖွင့်ထားပေးပါ။ ပြီးရင် apk ကိုဖွင့်လိုက်ပါ။ scan code နဲ့ နှိပ်လိုက်ပါ ပြီးသွားရင် https://jd.mi.com/ အဲ့ website ကို သွားပြီး scan ဖတ်ပေးလိုက်ပါ။ အစစ်ဆိုရင်တော့ မိမိဖုန်းရဲ့ information တွေ ပေါ်လာပါလိမ့်မည်။

Mode နဲ့ ခွဲခြားနည်း

အစစ်မှာဆိုရင်တော့ fastboot mode ပါရှိပါသည်။ fastboot mode ၀င်နည်းကတော့ Vol Down + Power ဖြစ်ပါသည်။ power ပိတ်ပြီး Vol Down + Power ကို နှိပ်လိုက်တာနဲ့ fastboot mode ဆိုပြီး mode ၀င်သွားရင်တော့ အစစ်ဆိုပြီး သတ်မှတ်နိုင်ပါတယ်.. ဒါပေမဲ့လည်း နောက်ထွက်တဲ့ အတုတွေမှာ fastboot mode ပါရှိတာကိုလည်း တွေ့ရပြန်ပါသေးပါတယ်။

ဒီနည်းတွေထဲက တစ်ခုမဟုတ် တစ်ခု စမ်းသပ်ကြည့်နိုင်ပါတယ်

credit
ACM

Product Authentication Verify your phone purchase

Want your business to be the top-listed Furniture Store in Monywa?
Click here to claim your Sponsored Listing.

Culinary Team

Attire

Telephone

Website

Address


Kyauka Street
Monywa