Chin Dwin Academy

Chin Dwin Academy

Share

26/02/2023

အာရုံစူးစိုက်မှု အားကောင်းခြင်းဟာ ပညာသင်ယူလေ့လာရာမှာ အကျိုးရှိစေသလို မိမိကိုယ်ကိုယ် ပိုမိုနားလည်သူ ဖြစ်လာစေတဲ့အတွက် လူမှု ဆက်ဆံရေးနယ်ပယ်မှာလည်း အောင်မြင်မှု ရစေနိုင်ပါတယ်။

မိဘအုပ်ထိန်းသူတွေအနေနဲ့ ကလေးတွေ အာရုံစူးစိုက်မှု အားကောင်းစေဖို့အတွက် စောင့်ရှောက်ပျိုးထောင်ပေးလို့ ရပါတယ်။

ကလေးတွေ အာရုံစူးစိုက်မှုကောင်းစေဖို့ဆိုရင်. . .

🍀 ကလေးတစ်ယောက်အတွက် လိုအပ်တဲ့ အိပ်စက်ချိန် ပြည့်ဝရပါမယ်။

🍀 အချိုဓာတ်များလွန်းတဲ့ အစားအစာတွေ ရှောင်ရှားရပါမယ်။ ရေကို လုံလုံလောက်လောက် သောက်ပေးဖို့ လိုပါတယ်။

🍀 ကလေးရဲ့ အပြုအမူ၊ တုံ့ပြန်မှုတွေကို လူကြီးမိဘတွေဘက်က နားလည်အောင် အားထုတ်ဖို့ လိုပါတယ်။

🍀 လတ်တလော ဖြစ်ပေါ်တဲ့ စိတ်ခံစားမှုတွေကို နားလည်အောင် ရှင်းပြ ဂရုစိုက်ပေးဖို့ လိုပါတယ်။

🍀 စိတ်ရော လူပါ နားနားနေနေ အပန်းဖြေချိန် ပေးဖို့ လိုပါတယ်။

🍀 screen time လျှော့ချဖို့ လိုပါတယ်။

🍀 အသက်အရွယ်နဲ့ သင့်လျော်ကိုက်ညီတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးဖို့ လိုပါတယ်။

Photos from Chin Dwin Academy's post 22/02/2023

ကလေးငယ်တိုင်းကို သူတို့ရဲ့ အသက်အရွယ်နဲ့လျော်ညီတဲ့ ပြုစုပျိုးထောင်ပေးခြင်းဟာ မိဘများအတွက် ဘယ်တော့မှ နောင်တမရှိနိုင်တဲ့ လုပ်ရပ်ပါ။

Unicef က ပြုစုပေးထားတဲ့ အသက် ၃ နှစ်ကနေ ၅ နှစ်အရွယ် ကလေးများရဲ့ ဖွံ့ဖြိုးမှုနဲ့ မိဘများကူညီပံ့ပိုးပေးနိုင်တဲ့နည်းတွေကနေ အကူအညီဖြစ်စေဖို့ Chin Dwin Academy ကနေ မျှဝေပေးပါရစေရှင်။

Every child deserves a champion.

22/02/2023

The deadline for summer class enrolment is February 28 📌📌

သင်ရိုးစာအုပ်များကို ကလေးတို့ လက်ထဲအရောက် ပို့ဆောင်ဖို့ အချိန်အနည်းငယ်ယူရတာကြောင့် နွေသင်တန်းစာရင်း လက်ခံမှုကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ပိတ်မှာပါရှင်။

Chin Dwin Academy Summer Class

* 2nd March to 30th May

Weekday Class - 75000 for the whole class
- 2 students available

Weekend Class - 50000 for the whole class
-still opening

( သင်ရိုးစာအုပ်ထပ်ဆောင်းဝယ်ယူရပါမည်။ )

* Zoom Class
* Max 5-8 students

15/02/2023

Chin Dwin Academy မှာ ပထမဆုံး ဖွင့်မယ့် Summer Class !

အသက် ၅ နှစ်ကနေ ၁၂ နှစ် ကြား သားသား မီးမီးများ တက်ရောက်နိုင်မယ့် Summer Class လေးနဲ့ မိတ်ဆက်ပေးပါရစေ။ Oxford Press Friends and Family ဆိုတဲ့ intensive course book ကို အသုံးပြုသင်ကြားနိုင်မှာ ဖြစ်ပြီး English 4 Skills, Grammar Foundation, Phonics အပြင် vocabulary, comprehensive စတဲ့ တက်မြောက်မှုများကို အသက်အလိုက် သင်ကြား တတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။

Level အလိုက် session ခွဲ သင်ယူနိုင်မှာ ဖြစ်ပြီး အကယ်၍ ကနဦး သင်ယူမှု ရှိထားမယ်ဆိုလျှင် placement test ယူပြီး မိမိတက်ရောက်လိုသော level ကို တက်ရောက်နိုင်ပါတယ်။

Online Based သင်တန်း ဖြစ်ပြီး zoom class ပုံစံနဲ့ သင်ယူနိုင်မှာ ဖြစ်ပါတယ်။

Summer Intensive Class ဖြစ်တာကြောင့် March မှ May လထိ ၃ လကြာမြှင့်ပြီး weekdays သို့မဟုတ် weekends ဆိုပြီး session ၂ ခု ဖွင့်လှစ်ထားပါတယ်။

Weekday Class သင်တန်းကြေး 75000
Weekend Class သင်တန်းကြေး 50000
(သင်တန်းကြေး မှာ course တစ်ခုလုံးအပြတ် ၃ လစာ ဖြစ်ပါတယ်)

Session တစ်ခုကို ကျောင်းသား ၅ ယောက်မှ ၈ ယောက် ကြား သတ်မှတ်ထားပါတယ်ရှင်။

သင်တန်းစုံစမ်းရန် - page messenger သို့မဟုတ် ၀၉၉၅၅၀၁၂၂၄၀ တွင် အသေးစိပ်ဆွေးနွေးနိုင်ပါတယ်ရှင်။

Want your school to be the top-listed School/college in Monywa?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Monywa

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00