Mogok Car Rental The Fast
18/12/2021
မိုးကုတ်မြို့ရဲ့မြောက်ဘက်၊ တောင်မင်းတောင် တောင်ခြေ မှာ တည်ရှိတဲ့❤️ရေခဲရွာဘားဒ်💙(𝐵𝑎𝑟𝑛𝑎𝑟𝑑)
မိုးကုတ်မြိုရဲ့တောင်ပေါ်ရေခဲရွာလေးဟာ မိုးကုတ်မြို့ရဲ့ မြောက်ဘက် ဆယ်မိုင်အကွာလောက်က မိုးကုတ်ဒေသရဲ့အမြင့်ဆုံးတောင် တောင်မင်းတောင် အမြင့်ပေ (၇၅၄၄)ရဲ့တောင်ခြေလောက်မှာ တည်ရှိပါတယ်...
မိုးကုတ်မြို့ကနေသွားမယ်ဆိုရင် အုန်းကိုင်းရွာကနေ တောင်ပေါ်လမ်းအတိုင်းတက်ရပြီး လေပေါက် -အင်းခြောက် -ပန်လင် -ပြောင်ခေါင်-ဘားနဒ် ရေခဲရွာလေးဆီရောက်မှာ ဖြစ်ပါတယ်...
မိုးကုတ် ကျပ်ပြင်ဘက်နေသွားမယ်ဆို ကျပ်ပြင်- ကသဲညောင်ပင်ကြီး -ရေဦးကြီး -လမ်းအတိုင်းတောင်ပေါ်တက်ရပြီး ဘော်မား- ကျောက်ဆင်- အင်းခြောက်- ပန်လင်- ပြောင်ခေါင်း- ဘားနဒ် ရေခဲရွာလေးဆီလည်း သွားလို့ရပါသေးတယ်...
ရေခဲရွာလေးရဲ့အနီးနားမှာ လည်စရာ ကိုလိုနီခေတ်ကျန် အဂ်လိပ်စစ်သင်းချိုင်းနဲ့ လက်နက်တိုက် တွေဆီ လေ့လာလို့ရပါသေးတယ် ...
December လ နဲ့ January လ တွေ မှာ ရေခဲရွာလေး ဘားနဒ်မှာ ရေတွေခဲပါတယ်...
#ဆောင်းရာသီတိုင်း ရေခဲသည်အထိကို အေးသော မိုးကုတ်မြို့နားက ဘားနဒ်(စ်) ရွာလေး 🏔️🏔️🏔️
#မိုးကုတ်မြို့၏ အနောက်မြောက်ဘက် ၁ဝ မိုင်ကွာတွင်ရှိပီး မိုးကုတ်မြို့ထက် ပိုမြင့်တာမို့ ဘားနဒ်(စ်)ရွာမှာ ပိုပီး အေးပါတယ်။ ❄️❄️❄️
#ဒီဇင်ဘာလ နဲ့ ဇန်နဝါရီလဆို ရေခဲလောက်တဲ့ အထိကို အေးစက်တာပါနော်။ 🏔️🏔️🏔️
#အိမ်ခေါင်မိုး ၊ စိုက်ခင်း ၊ မြက် တို့ပေါ်မှာ ရေခဲဖြူ အမှုန်လေးတွေနဲ့ လွမ်းခြုံထားတာမို့ တမူထူးခြားတဲ့ အလှအပရှုခင်းကို ခံစားရမှာ အသေချာပါပဲ။🌫️🌫️🌫️
#မနက်ပိုင်းသွားတာ ပိုလှပါတယ်၊ ရေခဲမှုန်ဖြူဖြူလေးတွေက နေထွက်လာတာနဲ့ ၁-၂ နာရီလောက်ဆို အရည်ပျော်ကြတာမို့ ရှုခင်းလှလှလေး ရိုက်ချင်တဲ့ သူတွေအနေနဲ့ စောစောလေး မိုးကုတ်မြို့က ထွက်ကြပေးပါနော်။ ❄️🏔️❄️🏔️
#ကိုရီးယားနိုင်ငံက ကျေးလက်ရွာလေးနဲ့ ဆင်တူတာမို့ ပြည်တွင်းဧည့်သည်တွေ အခုလို ဆောင်းရာသီဆို သွားရောက်လည်ပတ်ကြတာ ပိုများတယ်။ ( ရွာခံတွေကလည်း တကယ့်ကို ရိုးသားကြပါတယ် ) 🛖🛖🛖
#ကိုလိုနီခေတ် စစ်သင်္ချိုင်းနဲ့ ယမ်းတိုက် ( လက်နက်တိုက် ) ၊ သဘာ၀စိုက်ခင်းတွေ ရှိတာကြောင့် ပြည်ပ ခရီးသွားတွေပါ လာရောက်ကြည့်ရှု လည်ပတ်ကြပါတယ်။🪦🪦🪦
Credit - Photos & Original
မိုးကုတ်လက်ဖက်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mogok