Ruby Land Gurkha

Ruby Land Gurkha

Share

Photos from Ruby Land Gurkha's post 28/04/2026

ဘဏ်က အကောင့်ပိုင်ရှင်ကို ခေါ်လာခိုင်းသဖြင့် သေဆုံးသူအစ်မ၏ အရိုးစုကို ဘဏ်သို့ သယ်လာသည့် ထူးဆန်းဖြစ်ရပ် အိန္ဒိယတွင် ဖြစ်ပွား

ဧပြီ ၂၈ ရက်၂၀၂၆

အိန္ဒိယနိုင်ငံ၊ ဩဒိရှပြည်နယ် (Odisha) တွင် လူတစ်ဦးသည် ဘဏ်၌ ငွေထုတ်ရန် ကြိုးပမ်းရာတွင် ဘဏ်ဝန်ထမ်းများက အကောင့်ပိုင်ရှင်ကို ခေါ်လာရန် တောင်းဆိုသဖြင့် သေဆုံးသွားပြီဖြစ်သော ၎င်း၏အစ်မဖြစ်သူ၏ အရိုးစုကို ဘဏ်သို့ သယ်ဆောင်လာသည့် ထူးဆန်းသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါ အမျိုးသားမှာ အသက် ၅၀ အရွယ်ရှိ ဂျီတူး မွန်ဒါ ဆိုသူဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်က သေဆုံးသွားခဲ့သော ၎င်း၏အစ်မဖြစ်သူ ကာလာ မွန်ဒါ ၏ ဘဏ်အကောင့်ထဲမှ အိန္ဒိယရူပီး ၂၀,၀၀၀ ကို ထုတ်ယူရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

"ဘဏ်ကို အခေါက်ခေါက်အခါခါ သွားခဲ့ပေမဲ့ ဘဏ်ဝန်ထမ်းတွေက ပိုက်ဆံထုတ်ချင်ရင် အကောင့်ပိုင်ရှင်ကို ကိုယ်တိုင်ခေါ်လာမှ ရမယ်လို့ပဲ ပြောတယ်။ ကျွန်တော့်အစ်မ သေဆုံးသွားပြီလို့ ဘယ်လိုပဲပြောပြော သူတို့က နားမထောင်ဘဲ လူကိုယ်တိုင် လိုက်လာဖို့ပဲ ဇွတ်ပြောနေတာပါ။ ဒါကြောင့် စိတ်ပျက်လွန်းလို့ အစ်မရဲ့ အုတ်ဂူကို ပြန်တူးပြီး သေဆုံးသွားပြီဆိုတာကို သက်သေပြဖို့ အရိုးစုကို ဘဏ်အထိ သယ်လာရတာပါ" ဟု ဂျီတူးက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဒေသခံ ရဲအရာရှိ ကီရန် ပရာဆတ်၏ အဆိုအရ ဂျီတူးသည် စာမတတ်သည့် တောင်ပေါ်သားတစ်ဦးဖြစ်ပြီးသေဆုံးသူ၏ အမွေဆက်ခံသူ သို့မဟုတ် အမည်စာရင်း တင်သွင်းထားသူဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများကို နားမလည်သူဖြစ်ကြောင်း သိရသည်။ ဘဏ်ဝန်ထမ်းများအနေဖြင့်လည်း ၎င်းအား နားလည်အောင် ရှင်းပြရန် ပျက်ကွက်ခဲ့ကြောင်း ရဲအရာရှိက ဆိုသည်။

အဆိုပါ ဖြစ်ရပ်သည် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်သွားခဲ့ပြီးနောက် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့က ကြားဝင်စေ့စပ်ပေးခဲ့ကာ၊ ၎င်း၏အစ်မ အကောင့်ထဲမှ ငွေများကို ထုတ်ယူနိုင်ရန် ကူညီပေးမည်ဟု ကတိပြုခဲ့ကြသည်။

ဂျီတူး သယ်ဆောင်လာသည့် အစ်မဖြစ်သူ၏ အရိုးစုကိုလည်း ရဲတပ်ဖွဲ့၏ ကြီးကြပ်မှုဖြင့် သုသာန်တွင် ပြန်လည်မြှုပ်နှံပေးခဲ့ကြောင်း သိရသည်။

ကိုးကား-Hindustan Times

Want your business to be the top-listed Media Company in Mogok?
Click here to claim your Sponsored Listing.

Telephone

Address


Mogok