Retro 7 Fancy Shop

Retro 7 Fancy Shop

Share

Photos from Retro 7 Fancy Shop's post 28/08/2025

ကော်ကျူလိုင်း အသားလေးတွေ မသ်မင် သိပ်ကြိုက် ဝတ်လို့ အရမ်းကောင်းသော


#ကော်ကျူလိုင်း

Photos from Retro 7 Fancy Shop's post 11/08/2025

▶️Stainlesssteel အသုံးပြုနေသူများ သိသင့်တဲ့အချက်များ

အရောင်သွင်းထားခြင်း ပုံသွင်းထားခြင်းပြု လုပ် ထားတဲ့အရာတိုင်းဟာ အချိန် ကာလတစ်ခု နဲ့ သင် ရဲ့ ၀တ်ဆင်မူ ပေါ်မူတည်ပြီး အရောင်ကျသွားပါလိမ့် မယ်။

ဒါပေမဲ့လဲ Stainlesssteel အရောင်ကျ မူကို လျော့နည်းစေမဲ့နည်းလမ်းအချို့ ကိုပြောပြပါ မယ်

💎 ဆွဲကြိုး၊လက်ကောက်၊လက်စွပ်စတဲ့လက်၀တ်ရတနာတွေကို ၀တ်ဆင်တော့မယ် ဆို သင်လိမ်းထားတဲ့ lotion တွေ cream တွေ ခြောက် သွားတာလေးကို စောင့်ပြီးမှ ၀တ်ဆင်ပေးပါ။

💎 ပလက်တီနမ်အရောင် ငွေရောင်တွေဆို ရေ၀တ်ချိုးဆပ်ပြာထိခံပေမဲ့ Stainlesssteel က sulphur ကန့်ဓာတ်နဲ့ မတည့်ဘဲ ထိမိရင် သိသိသာသာ အရောင်ကျပါတယ်။ အချို့ ခေါင်းလျှော်ရည်တွေမှာ sulphur ပါတတ်တဲ့အတွက် ရေချိုးချိန်နဲ့ ရေကူးချိန်တွေမှာ ချွတ်ထားရင်ပိုကောင်းတယ် ရွှေရောင်နဲ့ပန်းရောင်(pink gold)ကိုလဲ အရောင်ကြာရှည်ခံအောင် ချွတ်ထားရင် ပိုအဆင်ပြေပါတယ်နော်

💎 ၀တ်ဆင်ပြီးရင်တော့ သင့်ရဲ့ လက်၀တ်ရတနာကို အရောင်တောက်ပစေရန် နူးညံ့တဲ့ပိတ်စမျိုးတွေနဲ့ ဖုန်မှုန့်တွေကိုသုတ်ပေးပါ။ ရေနွေးရည်ထဲ မှာ ခဏစိမ်ထားပြီးသုတ်ပေးလို့ လဲရပါ တယ်။(အ၀တ်လေးကတော့ နူးညံ့ပါစေ။)

💎 အခြစ်ရာ မဖြစ် အောင် ပျော့ပျောင်းတဲ့အ၀တ်နဲ့အုပ်ပြီးသိမ်းထားပါ။ (သို့) လက်၀တ်ရတနာသေတ္တာထဲမှာ သိမ်းထားပါ

💎 အရောင်ကျပြီးအရောင်မပြောင်းသွားအောင် ရွှေ၊ငွေစတဲ့မျိုးမတူတဲ့လတ်၀တ်ရတနာတွေကို အတူတူရောမထားဘဲသီးခြားဆီသိမ်းထားပါ gold နဲ့ rose gold ကို တောင် ခွဲ ထားပါ

💎 အရောင်သွင်းထားတဲ့ လက်၀တ်ရတနာကို ၀တ်ဆင်ထားတယ် ဆို ရေမွှေးတို့ အခြားသော မည်သည့် spray ကို မှ မဖျန်းပါနဲ့ သူတို့နဲ့ဓာတ်မတည့်ပါဘူး

💎 လက်၀တ်ရတနာ ဆေးတဲ့ ဆေးရည်တွေ ဘက်တီရီးသတ်ဖို့ ပြု လုပ်ထားတဲ့ဆပ်ပြာရည် တွေ နဲ့ မဆေးပါ နဲ့ အဲ့လို လုပ်ခြင်းဟာအရောင်ကျ ခြင်းကို ပို မြန်စေနိုင် ပါ တယ်။

💎 လက်သည်းဆိုးဆေး/ဖြတ်ဆေးတွေနဲ့ထိမိရင် ဓါတ်ပြုပြီး အရောင်ကျစေပါတယ်။

💎 ရွှေ အစစ်၊ ပလက်တီနမ် အစစ် အထည် တွေ ဆိုရင် တောင် အမြဲဝတ်ဆင်ထားတာဟာ သနပ်ခါး၊မိတ်ကပ်စသည်ဖြင့် ချေးဝင်လာတာကြောင့် ကြာရင် အရောင်က တောက်သင့် သလောက် မတောက်ပဲ မှိန်နေတတ်ပါတယ်

💎 သင့်ကို ချွေးထွက် လွယ်ကူစေနိုင်တဲ့ ကိစ္စရပ်တွေမှာ မ၀တ်ပါနဲ့။ ဥပမာ-ကိုယ်လက်လှုပ်ရှားအားကစားတွေ

💎 chemical ဓာတုပစ္စည်းတွေ ထိတာ များရင် ပျက်စီးလွယ်ပါတယ်, အရောင်ကျလွယ်ပါတယ်။

💎 အကယ် ၍သင် တာ လေထုညစ်ညမ်းနေတဲ့ ပတ်၀န်းကျင် (စက်ရုံ ဓာတ်ငွေ့များတဲ့နေရာတွေမှာ) နေ ထိုင်နေတာ ဆို ရင် သင်ရဲ့လက်၀တ်ရတနာတွေ ဟာ လေထဲမွာပါ၀င်တဲ့ sulphur ကြော င့် အရောင်ကျဆင်းမှု မြန်ဆန်နိုင်ပါတယ်။

#မူရင်း crd #


#မူရင်းပိုစ့်ကိုcrd

Want your business to be the top-listed Clothing Store in Minbu?
Click here to claim your Sponsored Listing.

Telephone

Website

Address


Minbu
04025