MRYA - Revolution Core Group
01/02/2026
နွေဦးတော်လှန်ရေး ၅နှစ်ပြည့်ကြေညာချက်
ယနေ့သည် စစ်အာဏာရှင်အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို မတရားသဖြင့် သိမ်းပိုက်ခဲ့သည်မှာ (၅) နှစ်ပြည့်ပြီ ဖြစ်သည် ။ အာဏာသိမ်းမှုစတင်ဖြစ်ပေါ်သည့် အချိန်မှ စတင်၍ ပြည်သူများအနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသော်လည်း ရက်စက်စွာ ဖမ်းစီး သတ်ဖြတ်ခံခဲ့ကြရသည်။
လူငယ်တို့ရဲ့ အိမ်မက် ၊ မျှော်လင့်ချက် ၊ လွတ်လပ်မှု နှင့် ရပ်တည်မှု ကို ရိုက်ချိုးခံခဲ့ရသော်လည်း မတရားမှုများကို ဆန့်ကျင့်သည့် စိတ်ကိုအခြေခံပြီး နွေဦးတော်လှန်ရေးဟာ မွေးဖွားလာခဲ့တာဖြစ်ပါတယ်။လူငယ်များ၏ မကြောက်ရွံ့သည် စိတ်ဓာတ်များဖြင့် အာဏာရှင်ကို တော်လှန်ခဲ့သည်မှာလည်း ၅ နှစ်ပြည့်မြောက်လာခဲ့ပြီ ဖြစ်သည်။ မြို့ပေါ်သာမက တောင်တန်း နှင့် ပြည်နယ်များတွင် ခက်ခဲမှုများကို အံတုကာ အာဏာရှင်အမြစ်ပျက်ရေး ဆက်လက် တိုက်ပွဲဝင်လျက်ရှိသည့် ပြည်သူများ နှင့် လူငယ်များကို ကျွန်ုပ်တို့ MRYA-RCG အနေဖြင့် အစဉ်အမြဲ လေးစား ဂုဏ်ယူလျက်ရှိပါသည်။
ဖက်ဒရယ်နိုင်ငံတော်သို့ ဦတည်လျောက်လှမ်းလျက် တရားမျှတပြီး ပြည်သူ့ဗဟိုပြု နိုင်ငံတစ်ရပ် အကောင်အထည်ဖော်နိုင်ရန်အတွက် MRYA-RCG အနေဖြင့် ပြည်သူနဲ့အတူ နောက်မဆုတ်ဘဲ ဆက်လက်ရပ်တည်သွားမယ်လို့ အခိုင်အမာ ပြောကြားပါတယ်။
#အရေးတော်ပုံအောင်ရမည်
#မတရားမှုကိုဆန့်ကျင်တော်လှန်လူထုအောင်ပွဲဆင်
MRYA - RCG
23/10/2025
👉 အရပ်သားပြည်သူများအတွက် အန္တရာယ်ဖြစ်ပေါ်စေနိုင်သည့် ကနဦး လက္ခဏာရပ်တွေဟာ ဘာတွေလဲ ???
👉 ဘယ်လိုလက္ခဏာရပ်တွေဟာ မိမိဒေသ မိမိပါတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်ပေါ်စေနိုင်မလဲ???
👉 မည်သို့သောအခြေအနေတွေဟာ မိမိဒေသ မိမိပါတ်ဝန်းကျင်အတွက် စောင့်ကြည့်သင့်လဲ ???
👉 အသေးစိတ်ကို အောက်က ပုံတွေကို တစ်ပုံချင်းစီ ထောက်ပြီး ဖတ်ရှုနိုင်ပါတယ်။ 👇👇👇
👉 အကြောင်းအရာများကို ပိုမိုသိရှိနိုင်အောင် Like 👍 and share လေး လုပ်သွားပေးကြပါအုံးခင်ဗျ။
-RCG
#ကြိုတင်ကာကွယ်ရေး
#သတိပေးခြင်းနှင့်တုံပြန်ခြင်း
#မှတ်သားရန်
#ဗဟုသုတ
#တော်လှန်ရေးကာလ
17/10/2025
အရပ်သားပြည်သူများအတွက် ကြိုတင်သတိပေးခြင်းနှင့် ကြိုတင်တုံပြန်ခြင်း သတင်းစကား
👉 မိမိ တို့ အနေဖြင့် မိမိ နှင့် မိသားစု ၊ ပတ်ဝန်ကျင် မှ ပြည်သူများသည် ထိခိုက်နစ်နာမှု ၊ အန္တရာယ် များ ကာကွယ် နိုင်ဖို့အတွက် မိမိကိုယ်တိုင် ပါဝင်လုပ်ဆောင်ဖို့ သင့်ပါတယ်။
👉 မိမိနေထိုင်ရာ ပတ်ဝန်းကျင် မှာ အန္တရာယ်များ ကျရောက်လာနိုင်သည့် အဖြစ်အပျက်များကို အမြဲစောင့်ကြည့်လေ့လာမှတ်သားထားဖို့ သင့်ပါတယ်။
👉 မိမိတို့အား ထိခိုက်လာစေနိင်သည်အထိ အန္တရာယ် ကျရောက်လာပြီးဆိုလျှင် ဘယ်လိုရှောင်ရှားမလဲ ၊ ဘယ်လို ကြိုတင်တုံပြန်ဆောင်ရွက်နိုင်မလဲ ဆိုတာ ကြိုတင်ပြင်ထားဖို့ သင့်ပါတယ်။
👉 မိမိတို့ အနေဖြင့် အန္တရာယ်တွေကို ရှောင်ရှားနိုင်ဖို့အတွက် ကြိုတင် အကာအကွယ်များ လုပ်ဆောင်ရာ မှာ တစ်ဦးချင်း ၊ မိသားစု ၊ အိမ်နီးချင်းများစုဖွဲ့ ပြီး ဖြစ်စေ စုပေါင်း လုပ်ဆောင်သင့်ပါတယ်။
👉 ကလေးသူငယ်များ ၊မသန်းစွမ်းသူများ နှင့် သက်ကြီးရွယ်အိုများအတွက် လည်း ကြိုတင် အကာအကွယ်တွေ လုပ်ဆောင်ရာမှာလဲ ထည့်သွင်းစဥ်းစားရန် သင့် ပါတယ်။
👉👉 အသေးစိတ်ကို အောက်က ပုံတွေကို တစ်ပုံချင်းစီ ထောက်ပြီး ဖတ်ရှုနိုင်ပါတယ်။
🦻 အကြောင်းအရာများကို ပိုမိုသိရှိနိုင်အောင် ဖော်ပြပေးသွားမှာဖြစ်လို့ 👍 and share လေး လုပ်သွားပေးကြပါအုံးခင်ဗျ။
-RCG
#ကြိုတင်ကာကွယ်ရေး
#သတိပေးခြင်းနှင့်တုံပြန်ခြင်း
#မှတ်သားရန်
#ဗဟုသုတ
#တော်လှန်ရေးကာလ
14/10/2025
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (၃၇) နှစ်ပြည့် အခမ်းအနား သို့ပေးပို့သော သဝဏ်လွှာ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အဓွန့်ရှည့်ပါစေ ။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အောင်မြင်ပါစေ ။
မန္တလေးလူငယ်အစည်းအရုံး - တော်လှန်ရေးအစုအဖွဲ့ (MRYA - RCG)
14/10/2024
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (၃၆) နှစ်ပြည့် အခမ်းအနား သို့ပေးပို့သော သဝဏ်လွှာ
၁၉၈၈ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စတည်တည်ထောင်ခဲ့သော လူဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ပြည်သူလူနှင့်တသားတည်း ရပ်တည်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလွတ်မြောက်ရေး လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့သည်မှာ ယနေ့တွင် ၃၆ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ၈၈ လူထုအရေးတော်ပုံမှ ပေါက်ဖွားလာသော ခေတ်အဆက်ဆက် သမိုင်းတာဝန်များ ကိုထမ်းပိုးခဲ့သည် လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ၏ ၃၆ နှစ်မြောက်အခမ်းအနားအတွက် သဝဏ်လွှာပေးပို့ခွင့်ရသည့်အတွက် MRYA-RCG အနေဖြင့် ဂူဏ်ယူဝမ်းမြောက်မိပါသည်။
၂၀၂၁ နွေဦးတော်လှန်ရေးတွင်လည်း ကျွန်ုပ်တို့ လူငယ်မျိုးဆက်များနှင့်အတူ စစ်အာဏာရှင် အမြစ်ပြတ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး နှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် တက်ကြွစွာတိုက်ပွဲဝင်ခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီ အရေးအတွက် အသက်ပေးခဲ့သည့် ပါတီဝင်များအား ကျွန်ုပ်တို့မှ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။ ပြည်သူ့ဖက်မှ ရပ်တည်၍ ပြည်သူနှင့်အတူ အာဏာရှင်တော်လှန်ရေးကို ယနေ့ထိတိုင် အင်တိုက်အားတိုက်လုပ်ဆောင်နေသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ဖွဲ့စည်းခြင်း ၃၆ နှစ်ပြည့်မှ နှစ်ပေါင်းများစွာတိုင် တည်တံ့ခိုင်မြဲပြီး ပါတီဝင်တစ်ဦးခြင်းသည်လည်း ကျန်းမာကြပါစေကြောင်း မေတ္တာပို့ဆုတောင်းအပ်ပါသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အဓွန့်ရှည့်ပါစေ ။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အောင်မြင်ပါစေ ။
မန္တလေးလူငယ်အစည်းအရုံး - တော်လှန်ရေးအစုအဖွဲ့ (MRYA - RCG)
Click here to claim your Sponsored Listing.
Category
Website
Address
Meiktila
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |