Friend Mobile
29/11/2022
.....
ဗြဟ္မစိုရ်တရား လေးပါး
+++++++++++++
၁။မေတ္တာ – ချစ်ခင်ခြင်း။
၂။ ကရုဏာ – သနားကြင်နာခြင်း။
၃။ မုဒိတာ – ဝမ်းမြောက်ခြင်း။
၄။ ဥပေက္ခာ – လျစ်လျူရှုခြင်း။
*****************************
၁။ တန်းတူတွေ့လျှင် မေတ္တာဝင်၊ မဝင်နိုင်က ပြိုင်တတ်တယ်။ပြိုင်မည့်အစား မေတ္တာပွား၊ စိတ်ထားပြုပြင် ပြောင်းပ့ါမယ်။
၂။ နိမ့်သူတွေ့လျှင် ကရုဏာဝင်၊ မဝင်နိုင်က နိုင်တတ်တယ်။နိုင်မည့်အစား ကရုဏာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
၃။ မြင့်သူတွေ့လျှင် မုဒိတာဝင်၊ မဝင်နိုင်က ရွဲ့တတ်တယ်။ရွဲ့မည့်အစား မုဒိတာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
၄။ မိုက်သူတွေ့လျှင် ဥပေက္ခာဝင်၊ မဝင်နိုင်က မဲ့တတ်တယ်။မဲ့မည့်အစား ဥပေက္ခာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
၅။ စိတ်ကိုလည်းပြင် ရုပ်လည်းပြင်၊ ပြင်ဆင်တိုင်းရ ပြုတိုင်းရ သုခ နိဗ္ဗာန် တိုင်လိမ့်မယ်။
29/11/2022
ကိုယ့်သမိုင်းကို ကိုယ်ရေးကြရတာပါ...
စီးပွားရေး လုပ်တယ်ဆိုတာ အနုပညာ တစ်ရပ်ပါ
လူတွေရဲ့ စိတ်နှလုံးသားကို မသိမ်းပိုက်နိုင်ရင်
မဆုပ်ကိုင်နိုင်ရင် မေတ္တာ ရှိလာအောင် မလုပ်နိုင်ရင်
လူတွေအပေါ် ရိုးရိုးသားသား မဆက်ဆံနိုင်ရင် မအောင်မြင်နိုင်ပါဘူး
တစ်ပွဲ ထိုးနည်းနဲ့ တစ်ပွဲဘဲ လုပ်ပြီး လိမ်ပြေးရင်တော့ တစ်မျိုးပေါ့ ဒါကလည်း ထမင်းစားကြီးတဲ့ လူတွေထဲ တစ်ခါဘဲ ရမှာပါ ...
ရေရှည်ရပ်တည်ဖို့ကတော့ ကိုယ်ဘာ လုပ်ငန်းလုပ်လုပ် လုပ်ငန်းခွင် ကျင့်ဝတ်နဲ့ ရိုးသားမှု လေးထည့်သွင်းရပါမယ်
လူတွေရဲ့ ချစ်ခင်လေးစားမှုကို လိုချင်တယ် ဂုဏ်သိက္ခာ ရှိရှိ နေထိုင်ချင်တယ် ဆိုရင်ပေါ့လေ ....
ကျန်တာကတော့ ကိုယ်တိုင်ရွှေးချယ်တဲ့ ကိုယ့်သမိုင်းပါဘဲ ....
Ko James
23/11/2022
ကျတော်တို့ 1992 ဖွားတွေရဲ့
ငယ်စဥ်ကလေးဘဝတော်တော်များများကတော့
ဆောင်းတွင်းကာလတွေမှာ
သူငယ်ချင်းတွေစုပီး သူ့အစုနဲ့သူ
မနက်ဆို ငါးနရီထ မိတ္ထီလာချည်စက် စက်ရုံဘက်
လမ်းလျှောက်ထွက်ကြတယ်
ချည်စက်ရှေ့ထိရောက်အောင် ပြေးနိုင် လမ်းလျှောက်နိုင်သူတွေက ဆရာကျတယ်
တချို့ကတော့ ထောက်ပို့တပ်ပေါက်နားရောက်ရင်
ပြန်လှည့်ကျတယ် ဆက်မလျှာက်နိုင် မပြေးနိုင်တော့လို့ပေါ့
ဟုတ် ကျတော်အခုပြောချင်တာကတော့
FRIEND Tea House ဆိုတဲ့
လာသမျှလူတိုင်းကိုနွေးထွေးစေမယ့်
ကျွန်တော်အခုဖွင့်ထားတဲ့ လ္ဖက်ရည်ဆိုင်လေးက
ချည်စက်စက်ရုံပေါက်ကြီးမရောက်ခင်
ထီလာဦးရပ်ကွက်ပေါက် အကျော်နားလေးတင်မှာပါ
ဆောင်းတွင်းကာလ ကျန်းမာရေးနဲ့အညီ
လမ်းလျှောက်ထွက်ကြတဲ့ အန်တီ ဦး အဘိုး အဘွား
အကို အစ်မ ညီလေး ညီမလေး တို့အတွက်
လမ်းလျှောက်ကျန်းမာရေးလဲ အဆင်ပြေစေမယ်
အစာပြေကျန်းမာရေးနဲ့အညီ ဆိုင်မှာလဲဝင်စားနိုင်မယ်
အိမ်အပြန် မနက်စာ ဝယ်ဖို့လဲအဆင်ပြေမယ်
ထပ်ပီး ကျန်းမာရေးနဲ့ ပိုညီစေတာက
ကျတော့်ဆိုင်က ရောင်းသမျှ ရောင်းသမျှတိုင်းမှာ
ဟင်းချိုမှုန့်ကို လုံးဝ လုံးဝ မသုံးပါဘူးခင်ဗျာ
နောက်ထပ် ထပ်ပီးကလဲ လူတန်းစားမရွေး
စားသုံးနိုင်မယ့် အဆင်ပြေစေမယ့်
စျေးတန်းလေးတွေနဲ့ဘဲ ရောင်းချပေးနေတာဖြစ်တဲ့အတွက်
ပိုက်ဆံအကုန်အကျလဲ သက်သာမယ် ကျန်းမာရေးနဲ့လဲ
ညီစေမယ်ပေါ့ဗျာ
မနက် ငါးနာရီကျော်ဆိုရင်လဲ စားစရာသောက်စရာတွေ
စရနေပါပီခင်ဗျ
ဟုတ် ဆိုင်ဖွင့်တာမကြာသေးပေမယ့်
အားပေးကြသူအပေါင်း အားလုံး အားလုံးကို
ကျေးဇူးပါ ဗျ
FRIEND Tea House
Click here to claim your Sponsored Listing.
Category
Contact the restaurant
Telephone
Website
Address
Meikhtila
Meiktila
100701
Opening Hours
| Monday | 09:00 - 16:00 |
| Tuesday | 09:00 - 16:00 |
| Wednesday | 09:00 - 16:00 |
| Thursday | 09:00 - 16:00 |
| Friday | 09:00 - 16:00 |
| Saturday | 09:00 - 16:00 |
| Sunday | 09:00 - 16:00 |