Nat Coffee
Excellence and sustainability in smallholder coffee farming, producing high-quality, ethically sourced coffee that empowers rural communities, preserves Myanmar’s natural biodiversity, and brings our customers a unique taste of Myanmar heritage.
06/04/2026
Five questions to Nathalie F. Manac’h, CEO Nat Coffee to reflect over Easter Holidays 🐇🪺🙏
The coffee from Kanpelet and Mindat have reached our warehouse and we started milling it. Feel free to contact us. 💌
1. လွန်ခဲ့တဲ့ ၅ နှစ်အတွင်း အခက်ခဲဆုံးအချိန်က ဘာလဲ?
အခက်ခဲဆုံးအချိန်ကတော့ မင်းတပ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်မရဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ Billy Aung Law သေဆုံးသွားခဲ့တဲ့သတင်းကို ကြားရတဲ့အချိန်ပါ။
သူက ချင်းပြည်နယ်မှာ ကော်ဖီစိုက်ပျိုးတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး နောက်လာမယ့်မျိုးဆက်တွေရဲ့ လူနေမှုဘဝကို မြင့်တင်ချင်တဲ့၊ တိုးတက်စေချင်တဲ့ ရည်မှန်းချက်ရှိသူပါ။ သူ့ရဲ့သတင်းဟာကျွန်မ အတွက် မမေ့နိုင်တဲ့ နာကျင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။
2. Chin လူမျိုးတွေနဲ့ အလုပ်အတူလုပ်ရမှာ ကြောက်ရွံ့မှုရှိခဲ့ဖူးလား?
ကျွန်မဟာ ယခင် ဆွစ်ဇလန် သံတမန် တစ်ဦးဖြစ်တဲ့အတွက် မတူညီတဲ့အဖွဲ့အစည်းတွေကြားမှာ မတူညီတဲ့လူတွေကို ချိတ်ဆက်ပေးတဲ့အလုပ်တွေ လုပ်ခဲ့ဖူးပါတယ်။ ဒါကြောင့် ကျွန်မမှာ ကြောက်ရွံ့မှုမရှိပါဘူး။ Chin လူမျိုးတွေဟာ ဆယ်စုနှစ်များစွာ ဖိနှိပ်ခံခဲ့ရတဲ့လူမျိုးဖြစ်ပါတယ်။ ကျွန်မကတော့ ဖိနှိပ်ခံနေရတဲ့ လူတွေဘက်မှာ အမြဲတမ်း ရပ်တည်ပါတယ်။ “ကော်ဖီတစ်ခွက်” လေးက ငြိမ်းချမ်းမှုဆိုတဲ့အရာကို ဖန်တီးနိုင်ဖို့ ကူညီပေးနိုင်ခဲ့ရင် ဆိုတဲ့ မျှော်လင့်ချက် ကျွန်မမှာရှိပါတယ်။
3. စစ်ပွဲဒဏ်ခံနေရတဲ့ ဒေသမှာ ကော်ဖီကို ဆက်လက်ဝယ်ယူနေတဲ့ အကြောင်းရင်းက ဘာလဲ?
ကျွန်မကို အမြဲတမ်း အားဖြစ်စေတဲ့အရာကတော့ လယ်သမားတွေရဲ့ ကြိုးစားအားထုတ်မှုပါ။
သူတို့အများစုက လူငယ်တွေ ဖြစ်ကြပြီး ၂၀၁၅ - ၂၀၁၉ အတွင်း လွတ်လပ်မှုကို ခံစားဖူးတဲ့သူတွေဖြစ်ပါတယ်။ အဒါကြောင့် အခုလို အတင်းအကြပ်ပိတ်ပင် အုပ်ချုပ်မှုမျိုးကို မလက်ခံနိုင်ကြပါဘူး။
လယ်သမားနဲ့ ဝယ်သူ၊ ဆရာနဲ့ ကျောင်းသား အားလုံးက ချင်းပြည်နယ်ကို အိမ်မက်တွေအကောင်အထည်ဖော်ပေးနိုင်တဲ့ ကော်ဖီမြေတစ်ခုအဖြစ် မြင်ကြပါတယ်။
ကျွန်မတို့အတွက် လွတ်လပ်မှုက အရေးကြီးပါတယ်။
စိုက်ပျိုးရေးလုပ်တဲ့အခါ လွတ်လပ်မှု၊ ရောင်းဝယ်ရေးလုပ်တဲ့အခါ လွတ်လပ်မှု၊ ပူးပေါင်းဆောင်ရွက်တာတွေလုပ်တဲ့အခါ လွတ်လပ်မှု။ လွတ်လပ်မှုကအဓိကပါ။ အဒါကြောင့် ကျွန်မက တခြားသူတွေလို “ကျွန်မတို့နဲ့ပဲ ရောင်းရမယ်” ဆိုတဲ့ သတ်မှတ်ချက်မျိုး မထားပါဘူး။ သူတို့ရွေးချယ်မှုကို လွတ်လပ်စွာ လုပ်စေချင်ပါတယ်။
4. အခံစားရဆုံး အချိန်က ဘာဖြစ်မလဲ?
အခံစားရဆုံးအချိန်ကတော့ လယ်သမားမိတ်ဆွေတစ်ဦးရဲ့ ကလေးမွေးဖွားတဲ့ကြောင်းကို ကြားလိုက်ရတဲ့အချိန်ပါ။ ကျွန်မ သူ့အတွက် ဂုဏ်လည်းယူသလို အရမ်းဝမ်းသာပါတယ်။ သူက အမွှာသမီးလေးနှစ်ယောက် တင်မကဘူး သားလေးတစ်ယောက်ပါရှိတဲ့ ဖခင်ငယ်တစ်ဦးဖြစ်နေပါပြီ။ ချင်းလူမျိုးတစ်ဦးအနေနဲ့ သူ့မျိုးဆက်ကို ဆက်လက်တည်ရှိစေဖို့ ကြိုးစားနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။
5. ချင်းကော်ဖီ အဖွဲ့အစည်း အတွက် ဆန္ဒကဘာလဲ?
ကျွန်မရဲ့ အကြီးမားဆုံးဆန္ဒကတော့ မြန်မာနိုင်ငံတစ်နိုင်ငံလုံး အထူးသဖြင့် ချင်းပြည်နယ်မှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိလာဖို့ပါ။ ပြီးတော့ တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် ချင်းကော်ဖီတွေရှိတဲ့ ချင်းတောင်တန်းတွေကို ပြန်လည်သွားရောက်နိုင်ဖို့ မျှော်လင့်ပါတယ်။
---
1. Describe the most difficult moment during the past 5 years ?
The most difficult moment was when we heard that Billy Aung Law, a dear friend, and brother of our loyal producer and student, was deadly hit by an airstrike in the Mindat area. He was still young and had a big dream: to grow coffee in Chin State and elevate the lives of the next income generation.
2. Did you ever fear while engaging with the Chin people, a much persecuted minority in Myanmar?
As a former Swiss diplomat, I am used to facilitating between different conflict parties. I am free from fear and always stand with the people who are oppressed, or less privileged in the society. The Chin people have been persecuted for decades by the Bamar majority. What if a simple cup of coffee could contribute to peace?
3. What is the reason to continue such a Hercule task and purchase coffee from war-torn regions?
I am often inspired by the strengths of the farmers. Most of them belong to the generation Z. They had experienced a short time of opening (2015-2019) and can’t accept a return to isolation. Both of us, farmer and buyer, student and teacher, dream of Chin State as a ' Savage dream coffee land' . Moreover, both of us love uncompromised freedom. Freedom in cultivation, freedom in trade, freedom in association. In contrast to the majority of merchants, I did never claim exclusivity on the sales to us. I want our partners to feel free in their choice.
4. What was the most touching moment during your work with the Chin farmers?
I guess, the most touching moment was the announcement of a new born baby of our farmer friend last month. He is a young father of twin girls, and a boy. As a representative of an indigenous Chin tribe he is ensuring that his tribe will continue to exist.
5. What is your wish for the Chin Coffee community?
I wish that peace is restored in Myanmar, but especially in Chin State and dream of returning to the Chin coffee hills.
📷 Chin Litäi, 2018 -
Export 2025 to Europe and Thailand
Green bean grading - for export quality
20/03/2026
Welcome to Bhutan 🇧🇹 ! We are trialing something exciting! Mongar is located at 1600 meters above sealevel and started growing coffee in 2023.
Surrounded by alpine forests ( 70% of the surface), a group of farmers started picking coffee, both robusta and arabica this year.
Mongar gewog (gewog - means state), was built sometime between 1701 and 1707 by Drupthob Kuenzang Chophel, a disciple of the 9th abbot of Bhutan, Je Khenpo Shakya Rinchen.
Mongar is noted for its lemon grass, a plant that can be used to produce an essential oil.
At Nat Coffee, we are thrilled to kick off a collaboration with the Mongar Coffee Group • and will be sharing with you unbelievable stories.
Say hi by msg to be updated about the new coffee origin and royal kingdom Bhutan 🇧🇹👑!
💌📝 +95 984 981 003
[email protected]
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Maymyo
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |