Dhamma Class

Dhamma Class

Share

30/09/2020

အဘိဓမ္မာကို မယုံသူ (သို့) လက်မခံသူ တရားအားထုတ်ရင်...???

(အဘိဓမ္မာအခါတော်နေ့ အထိမ်းအမှတ်ပို့စ်)
နိုင်ငံခြား ရဟန်းတပါးရဲ့မေး။ ။ ဆရာတော် တရားအားထုတ်တဲ့ ယောဂီတဦးဟာ အဘိဓမ္မာ၊ အဋ္ဌကထာနဲ့ ဋိကာတွေရဲ့ အဆိုကို မယုံကြည်ဘူး ဒါမှမဟုတ် လက်မခံဘူးဆိုရင် ဘာဖြစ်နိုင်မလဲ။

ဖားအောက် ဆရာတော်ဘုရား အဖြေ

ဝိပဿနာ အားထုတ်တဲ့အခါ သင်ဟာ အဘိဓမ္မာ၊ အဋ္ဌကထာနဲ့ ဋိကာတွေကို သံသယဖြစ်နေရင်တော့ ဒါဟာ သင်တရားရဖို့အတွက် ကြီးမားတဲ့အတားအဆီးတခု ဖြစ်နိုင်ပါတယ်။

(၁) အကြောင်းကတော့ မြတ်စွာဘုရားက ပဉ္စ၀ဂ္ဂီငါးဦးကို ဟောခဲ့တဲ့ ပထမနဲ့ ဒုတိယဦးဆုံး တရားတွေ (ဓမ္မစကြာသုတ်နှင့် အနတ္တလက္ခဏသုတ်) အပေါ်မှာတော့ သင့်မှာလုံလောက်တဲ့ ယုံကြည်မှု ရှိသင့်ပါတယ်။ အထူးသဖြင့် ပထမဦးဆုံးဟောကြားခဲ့တဲ့ ဓမ္မစကြာသုတ်ထဲက သစ္စာလေးပါးတရားမှာ သစ္စာလေးပါးကို သိပြီး နိဗ္ဗာန်ချမ်းသာကို ရဖို့အတွက် ဗုဒ္ဓမြတ်စွာဘုရားက မဇ္ဈိမပဋိပဋာလမ်း (မဂ္ဂင်ရှစ်ပါးလမ်း) ကို ဟောကြားခဲ့ပါတယ်။

အဲဒီတော့ သစ္စာလေးပါးကဘာလဲ ဆိုတာ အလွန်အရေးကြီးတဲ့အချက် ဖြစ်တယ်။ ပဉ္စုပါဒါနက္ခန္ဓာဒုက္ခာ ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာပါလို့ ဟောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီခန္ဓာငါးပါးက ဘာလဲဆိုတဲ့ အသေးစိတ်အချက်အလက်ကို ဒီသုတ္တန်ထဲမှာ ဘုရားက မဟောထားဘူး။ အကြောင်းကတော့ အဲဒီအချိန်က တရားနာနေကြတဲ့ ပဉ္စ၀ဂ္ဂီငါးဦးက ပါရမီရှင်တွေ ဖြစ်ပြီးသိလွယ်မြင်လွယ်သူတွေ ဖြစ်တော့ သူတို့အတွက် မလိုအပ်လို့ အသေးစိတ် မဟောခဲ့တာ ဖြစ်တယ်။ ခန္ဓာငါးပါးအကြောင်း အသေးစိတ်ကို ဘုရားကအဘိဓမ္မာထဲမှာပဲ ဟောထားပါတယ်။
ဘုရားဟောတဲ့ ခန္ဓာငါးပါး ရုပ်နာမ်တွေကို ဝိပဿနာ ရှုတဲ့အခါမှာ လက္ခဏာရေးသုံးတန် တင်ပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ရှုရတာ ဖြစ်တဲ့အတွက် အကယ်၍ သင်ဟာ အဘိဓမ္မာကို လက်မခံရင် ဒီအကြောင်းတွေကို ရှုဖို့ အသေးစိတ်နားလည်မှာ မဟုတ်ဘူး။ သစ္စာလေးပါးကို မိမိကိုယ်တိုင်ရဲ့ ဉာဏ်နှင့်ထိုးဖေါက်သိမှ မဂ်ဖိုလ် နိဗ္ဗာန် ရနိုင်ပါတယ်လို့ ဘုရားက ဟောထားတော့ အဘိဓမ္မာကို လက်မခံရင် သစ္စာလေးပါးရဲ့ နံပါတ် (၁) ဒုက္ခသစ္စာနှင့် နံပါတ် (၂) ဒုက္ခဖြစ်စေတဲ့အကြောင်းရင်း သမုဒယသစ္စာတဖြစ်လဲ ပဋိစ္စသမုပ္ပါဒ်ကို မိမိရဲ့ သမ္မာဒိဋ္ဌိဉာဏ်နှင့် ကိုယ်တိုင်မျက်မှောက် ထိုးဖေါက်သိဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး။ အဲဒီလို မဖြစ်နိုင်ရင်လည်း မဂ်ဖိုလ် မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ မဖြစ်နိုင်တော့ဘူး။


(၂) မဟာသတိပဋ္ဌာန သုတ္တန်ထဲမှာ မြတ်စွာဘုရားက ဓာတ်ကြီးလေးပါး ကမ္မဋ္ဌာန်းနဲ့ ပတ်သက်ပြီး ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယောဓာတ်တွေကို ရှုဖို့ဟောထားပြီး ဓာတ်တွေရဲ့ သဘောသဘာ၀ကို အတိုချူပ်လေးပဲ ပြောထားပါတယ်။ ဒါကိုသင်ဘယ်လို နားလည်နိုင်မလဲ။ ဒါကြောင့် (ဒါကို အကျယ်တ၀င့်ရှင်းထားတဲ့) အဘိဓမ္မာ အဋ္ဌကထာရဲ့ ရှင်းလင်းချက်က မဖြစ်မနေ လိုအပ်ပါတယ်။

(၃) ဓာတ်ကြီးလေးပါး ကမ္မဋ္ဌာန်းကို ရှုရင် မြင်ရတဲ့ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ ဟဒယ အကြည်ရုပ်တွေအကြောင်း၊ အဲဒီအကြည်ရုပ်တွေကို ထပ်ရှုလိုက်ရင် မြင်တွေ့ရတဲ့ အသေးငယ်ဆုံးသော ရုပ်ကလာပ်အမှုန်တွေအကြောင်း၊ အဲဒီရုပ်ကလပ်အမှုန်တခုစီကို ထပ်ရှုပြီး ဓာတ်ခွဲလိုက်ရင် တွေ့ရတဲ့ ပထဝီ တေဇော၊ အာပေါ၊ ဝါယော၊ ၀ဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ၊ ဘာ၀ (ကျား/မ ရုပ်) စတဲ့ ၈-၁၀ ခုအထိ ရှိတဲ့ ရုပ်ကလပ်အမှုန် တခုစီရဲ့ သဘောတရားရေးရာတွေအကြောင်း အသေးစိတ်ကို ဘုရားက အဘိဓမ္မာထဲမှာပဲ ဟောထားပါတယ်။

Want your school to be the top-listed School/college in Maymyo?
Click here to claim your Sponsored Listing.

Category

Website

Address


Maymyo

Opening Hours

Wednesday 09:00 - 17:00
Thursday 09:00 - 17:00