Zeus x 1000

Zeus x 1000

Share

04/01/2023

🇲🇲လွတ်လပ်ရေးနေ့ တို့မမေ့ 🇲🇲

ဒီနေ့ဟာဆိုရင်တော့ မြန်မာတစ်မျိုးသားလုံး အတွက် မမေ့အပ်တဲ့နေ့ထူးနေ့မြတ်လေး တစ်ခုဖြစ်တဲ့ လွတ်လပ်ရေးနေ့ဟာ စိန်ရတုတိုင်ခဲ့ပြီဖြစ်ပါတယ်။

အခုလို လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့ကြသော အာဇာနည် သူရဲကောင်းများအားလုံးကို အောက်မေ့တမ်းတရင်း ယနေ့ January 4, 2023 ရက်နေ့မှာ ကျရောက်တဲ့ ( ၇၅ ) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ဝမ်းမြောက်စွာဖြင့် Micky Myanmar မိသားစုမှ ဂုဏ်ပြုအပ်ပါသည်။





#မြန်မာ့_အမြန်ဆုံး_ဝန်ဆောင်မှု

22/12/2022

ပျော်ရွှင်ဖွယ်ရာ "ကရင်နှစ်သစ်ကူး"နေ့မှာ
​၏ မိတ်ဟောင်း မိတ်သစ် ကျေးဇူးရှင်များအားလုံး ကောင်းခြင်းမင်္ဂလာနှင့် ပြည့်စုံသော၊ စီးပွားလာဘ်လာဘများ ပေါကြွယ်၀ သော၊ ကျန်းမာရေးသုခ နှင့် ပြည့်စုံသော နှစ်သစ် ဖြစ်ပါစေကြောင်း Micky Myanmar မိသားစု မှ ဆုတောင်းမေတ္တာပို့သလိုက်တယ်ရှင်


#ကရင်နှစ်သစ်ကူး

24/11/2022

မြန်မာတို့၏ လူနေမှုဘဝသည် ချမ်းမြေ့ကြည်နူး၍ ပျော်စရာကောင်းလှသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာနှင့်ဆက်စပ်သော ယဉ်ကျေးမှုဖြစ်သည့်အတွက် ယဉ်ကျေးသိမ်မွေ့လှသည်။

မြန်မာတို့၏ ဆယ့်နှစ် လရာသီသည် လအလိုက်ပွဲတော်များဖြင့်ကြွယ်ဝပြည့်စုံသည်။

ထိုပွဲတော်များကိုလေ့လာလျှင်ကုသိုလ်လည်းရ ပျော်စရာလည်းကောင်းလှသည်။

အချင်းချင်းဂါရဝတရား ထားရှိနေထိုင်ကြသည့်အတွက် မြန်မာ့လူနေမှု ဘဝသည် ချမ်းမြေ့ကြည်နူးဖွယ်ဟု ဆိုလိုခြင်းဖြစ်သည်။

ယခုလသည် နတ်တော်လဖြစ်သည်။

နတ်တော်လ၏ ရာသီပန်းသည် သဇင်နှင့်ဂမုန်းဖြစ်သည်။

ပန်းပျံပင်ဆင့်ဟူ၍ စာဖွဲ့ရသောသဇင်ပန်းသည် ပင်မြင့် ထက်တွင် ပွင့်သောပန်းဖြစ်သကဲ့သို့ ဂမုန်းသည်လည်း သစ်ပင်ကြီးများအပေါ် ကိုင်းခွထက်၌ ပေါက်ရောက်သည်။

သဇင်ပန်းသည်ကား ရှေးစာဆိုတို့ တခမ်းတနားစာဖွဲ့ရသော ပန်းဖြစ်သည်။ နန်းထိုက်တော်ဝင်ပန်းသဇင် ဟုတင်စားလောက်အောင်မြင့်မြတ်လှသည်။ မင်းမိဖုရားတို့ပန်ဆင်ပြီးမှ အများပြည်သူများပန်ဆင်ရသည်။ ရောင်းဝယ်ခြင်းပြုလျှင်သော်မှ မြို့ဝန်မင်း၏ခွင့်ပြုချက်မပါလျှင် ဖမ်းဆီးခြင်းခံရသည်။ ရကန်ရေးဖွဲ့သူ ဦးတိုး ၏သဇင်ကိုဖွဲ့ဆိုသော ဘုန်းနှင့်ကံနှင့်ရွှေသဇင်ကဗျာသည် ယနေ့တိုင်နှစ်သက်ဖွယ်ဖြစ်သည်။

နတ်တော်လ တွင် စာဆိုတော်များကို ဂုဏ်ပြုချီးမြှင့်ခြင်းသည်လည်း ထင်ရှားလှသည်။

နတ်တော်လသည် ဆောင်းရာသီလ ဖြစ်သည့်အတိုင်း ပတ်ဝန်းကျင်တွင် နှင်းမြူများရစ်ဆိုင်းနေသဖြင့် အေးမြခြင်းအထိအတွေ့ကိုခံစားရသည်။

ယောမင်းကြီးဦးဖိုးလှိုင်က “လောကသည်အေး၏။ လောကမခြောက်။ ဆီးနှင်းများ၏။ မြောက်ကလေလာ၏” ဟူ၍နတ်တော်လ၏ သဘာဝပတ်ဝန်းကျင်ကို ပုံဖော်ရေးသားခဲ့သည်။

ရှေးအခါက နတ်တော်လတွင် နတ်ပူဇော်ပွဲကျင်းပသည်။ နတ်တော်ဟူသည် “နတ်မြတ်နတ်အကြီးအကဲ” ဟုအဓိပ္ပာယ်ရကြောင်းသိရှိရသည်။

ပုပ္ပားတောင်တွင်စံမြန်းနေသော မဟာဂီရိနတ်မောင်နှမကို ပူဇော်ပသ သည့် အစဉ်အလာရှိခဲ့သည်။ ပုဂံမင်းများလက်ထက်က နတ်တော်လတွင် ပုပ္ပားသို့တက်၍ မဟာဂီရိနတ် မောင်နှမကိုပူဇော်ပသရာ၌ ကျွဲ၊ နွား၊ ဆိတ်၊ ဝက်တို့ကိုသတ်၍ ပူဇော်သည့်အလေ့ရှိခဲ့သည်။

တောင်ငူခေတ် ဘုရင့်နောင်လက်ထက်တွင် သူ့အသက်သတ်၍ နတ်ပူဇော်သည့်ဓလေ့ကို ပိတ်ပင်လိုက်သည့်အတွက် ထိုဓလေ့ ကွယ်ပျောက်သွားခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

နတ်တော်လသည် ဓနုရာသီဖြစ်သည်။ လေးကိုင်စွဲထားသော ယောက်ျားရုပ်ဖြင့် သတ်မှတ်သောရာသီ ဟုဖွင့် ဆိုသည်။

နတ်တော်လတွင် လနှင့်ယှဉ်သောစန်းယှဉ်နက္ခတ်မှာ မိဂသီနက္ခတ်ဖြစ်သည်။ နတ်တော်လ ဘွဲ့ကဗျာ စာပေများတွင် ထိုအချက်များကိုထည့်သွင်းဖွဲ့ဆိုလေ့ရှိပေသည်။

လနတ်တော်မုန့်ဆန်းလှော်ဆိုသည့်အတိုင်း မုန့်ဆန်းလှော်ထောင်းပြီး တပျော်တပါးစားကြသည်မှာလည်း နတ်တော်လတွင်ဆင်နွှဲသည့်အလေ့ အထဖြစ် သည်။

နတ်တော်လတွင်ရွာတတ်သော မိုးကို ဆင်ရာတိမ်မိုးဟုခေါ်ကြသည်။ ဆင်ခြေရာတိမ်တိမ် ကလေးသာ ထင်ရုံအနည်းအကျဉ်းမျှရွာသောမိုးဖြစ်သည့်အတွက် ဆင်ရာတိမ်မိုးဟုခေါ်ခြင်း ဖြစ်သည်။

“နတ်တော်ရောက်ငြား၊ မိုးသားမငြိမ် ဆင်ရာတိမ်” ဟူ၍လည်း စာဖွဲ့ကြသည်။

ရှေးမြန်မာမင်းလက်ထက်က နတ်တော်လတွင် စာဆိုတော်များအပါအဝင် မင်းမှုထမ်းများကို ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်သည့် အစဉ်အလာ ရှိသည်။

ကိုလိုနီခေတ်သို့ ရောက်သောအခါ စာရေးဆရာအသင်း ပေါ်ပေါက်လာသည်နှင့်အတူ နတ်တော် လဆန်း ၁ ရက်နေ့ကို စာဆိုတော်နေ့အဖြစ်သတ်မှတ်ခဲ့သည်။

သို့ဖြင့် နတ်တော်လ၏ ရာသီပွဲကို စာဆိုတော်ပွဲဟုသတ်မှတ်ကြသည်။ မြန်မာသက္ကရာဇ် ၁၃၀၆ ခုနှစ် နတ်တော်လဆန်း ၁ ရက်နေ့တွင် ပထမဆုံးအကြိမ် စာဆိုတော်နေ့ကျင်းပခဲ့ကြောင်းသိရှိရသည်။ မြန်မာတို့ စိတ်အစဉ်တွင် နတ်တော်လသို့ရောက်သည်နှင့် အမျိုးသားစာပေဆုချီးမြှင့်ပွဲ၊ စာပေဗိမာန်စာမူ ဆုချီးမြှင့် ခြင်းကို မြင်ယောင်မိကြပေသည်။ ထို့ပြင်စာပေဆိုင်ရာ ဟောပြောပွဲများ အမြို့မြို့အနယ်နယ်တွင် ကျင်းပ ပုံများကို မြင်ယောင်မိကြပေလိမ့်မည်။

စာပေသည်လူသားတို့အတွက် နိုင်ငံတစ်နိုင်ငံအတွက် အဓိက အခန်းကဏ္ဍမှာရှိနေသည်။ စာပေမြင့်မှ လူမျိုးတင့်မည်ဆိုစကားအတိုင်း စာပေကိုချီးမြှောက်နေကြခြင်းဖြစ် သည်။ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးအတွက် ကိုယ့်လူမျိုး၏သမိုင်းကြောင်းကို လူငယ်တိုင်းသိရှိ ကြဖို့လိုအပ်သည်။

မြန်မာတို့၏ ဆယ့်နှစ်လရာသီအကြောင်း ရှာဖွေဖတ်မှတ်ကာ ဘဝတက်လမ်း ရှာဖွေကြပါရန် တိုက်တွန်းရေးသားလိုက်ရပေသည်။ ။

💌 We always creating something goods for
💌 Lovely Micky Customer..


#မြန်မာ့_အမြန်ဆုံး_ဝန်ဆောင်မှု

Want your business to be the top-listed Computer & Electronics Service in Maymyo?
Click here to claim your Sponsored Listing.

Telephone

Website

Address


Pyin Oo Lwin
Maymyo