PDF.Witness
30/01/2022
မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို PDF ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၊ စစ်သားနှင့်ရဲများ ထွက်ပြေးပြီး မိသားစုဝင်များကို ဖမ်းမိသော်လည်း ပြန်လွှတ်ပေးခဲ့၊ လက်နက် ၉ လက်နှင့်ခဲယမ်းများသိမ်းဆည်းရမိ
ရန်ကုန်၊ ဇန်နဝါရီ ၂၉
မကွေးတိုင်း၊ မြိုင် လင်းကတောရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက် မီးရှို့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း မြိုင် PDF က သတင်းထုတ်ပြန်သည်။
မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ယနေ့ မွန်းလွဲ နာရီ ဝန်းကျင်ခန့်က မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ဆားလင်းကြီးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ် ၃ ဖွဲ့ ပူးပေါင်း၍ ၁ နာရီကြာတိုက်ပွဲ ဆင်နွဲပီး အောင်မြင်စွာ စခန်းအားတိုက်ခိုက်သိမ်းပိုက်မီးရှို့နိုင်ခဲ့ကြောင်း၊ ပုသိမ်မုံရွာလမ်းဆုံ တွင်ရှိသော ဂိတ်စခန်းအားလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကောင်စီတပ်များ ဒဏ်ရာများဖြင့်စခန်းစွန့်ခွာထွက်ပြေးခဲ့သဖြင့် မိသားစုဝင်များကို ဖမ်းဆီးရမိသော်လည်း ပြည်သူလူထုဘက်တွင် ရပ်တည်ကြရန် မှာကြားပြီး လွှတ်ပေးခဲ့ကြောင်း မြိုင် PDF က သတင်းထုတ် ပြန်သည်။
"မြိုင် လင်းကတော ရဲစခန်း ကို ကျနော်တို့ PDF ဘက်က ဝင်ပစ်ပါတယ်။ စခန်းကို ဖျက်ဆီးပစ်နိုင်လိုက်တယ်။ သူတို့ဘက်က စစ်ကြောင်းတွေ ထပ်ထိုးလာတယ်။ အားလုံးဘေးကင်းကင်း ဆုတ်ခွာနိုင်ခဲ့ပါတယ်" ဟု မြိုင်PDF ရဲဘော်တစ်ဦးက ပြောသည်။
မြိုင် PDF အနေဖြင့် G-3 ၅ လက် နှင့် ကျည် ၄၀၀ ၊အူစီ ၃ လက် နှင့် ကျည် ၂၀၀ ၊ ခြောက်လုံးပျူး ၁ လက်၊ ဗုံးသီး ၇ လုံး၊ လက်တော့ ၂ လုံး ၊ပရင်တာ ၁ လုံး ၊ဆိုင်ကယ် ၄ စီး သိမ်းဆည်းရမိကြောင်း သိရှိရသည်။
ဓာတ်ပုံ-မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို PDF က ဝင်တိုက်ခိုက်စဉ် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့် စခန်းကို ရှင်းလင်းမှု မြင်ကွင်းများ။
Photo - PDF
28/01/2022
●ည၈နာရီမထိုးခင်ရရှိတဲ့မြေပြင်အခြေအနေများတစ်ဖြတ်စုစည်းမှု
ရဲစခန်းကနေ မြန်မာ့ဂုဏ်ရည်တစ်လျှောက်လုံး - ရေခဲ (epc မှာ စခ/ရခ/ အရပ်ဝတ်ရှိ)
7:28 PM
ဘင်္ဂါလီစု - ရေခဲ
သိမ်ဖြူကုန်း - ရေခဲ
စက်ရုံလမ်း - ရေခဲ
သာယာကုန်း - ရေခဲ
သပြေကုန်း - ရေခဲ
7:28 ~ 7:38 p.m
ယောက်လမ်းကားမှတ်တိုင်နဲ့ ဖဆပလ ရပ်ကွက်အတွင်းအပြင် - ရှင်း
7:38 PM
အထက်ပန်းဆိုးတန်းလမ်း - ရှင်း
7:40 PM
မြန်မာ့ဂုဏ်ရည်လမ်း - ရှင်း
7:43 PM
💢သိမ်ဖြူတင်းနစ်ကွင်း၊ တောင်ညွန့် EPC ၊ ဗိုလ်မင်းခေါင်+အလံပြဘုရားလမ်းထောင့် ၊ အထက်ပန်းဆိုးတန်းထွေအုပ်ဘက် တပ်စွဲ ၊ အတားအဆီး နဲ့ကင်းပုန်းအမြဲရှိ သတိ ❗️
⚜️
26/01/2022
"တနိုင်ငံလုံးစည်းလုံးနေတာ အားရဖွယ်ဖြစ်တယ်လို့ စစ်ကောင်စီ အကြမ်းဖက် စိုး၀င်းပြော"😜
*****************************************
ယခုနှစ် (၇၅) နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကာလတွင် တက်တက်ကြွကြွ ကြိုးပမ်းဆောင်ရွက်နေကြမှုများနှင့် ပြည်သူတစ်ဦးချင်းစီ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကို အားရဖွယ် တွေ့မြင်ရပါကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အကြိုလှုပ်ရှားမှုများဟာ တနိုင်ငံလုံး၏ ပူးပေါင်းဆောင်ရွက်မှုနဲ့ စည်းလုံးညီညွတ်မှု စွမ်းအားကို ဖော်ပြလျက်ရှိသည့် အားရဖွယ်မြင်ကွင်းဖြစ်နေပါကြောင်း စစ်ကောင်စီ အကြမ်းဖက် စိုး၀င်းက မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီ ဗိုလ်ရှုခံပွဲကျင်းပရေး အစည်းအဝေးတွင် ထည့်သွင်းပြောကြားသွားသည်။
crd.Aung Kyaw Saint
စိုင်းခေးလောဝ်
ဟုတ်ကဲ့..ဆဲချင်သူခွီးချင်သူများ ဆဲလို့ခွီးလို့ရပါပြီ😁
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Maymyo
S30K