Mon Generation

Mon Generation

Share

11/02/2025

" မြန်မာစာတတ်ရင်ရော ဘာလုပ်လို့ရလဲ...”

" လောကကြီးဟာ...ဒေါ်နယ်ထရန့်...ဆန်လာပါတယ်..”

မနေ့က " တငဲ အ္စာကဝိမန် - မွန် ကဝိဆရာများနေ့..” အခန်းအနားကို သွားရောက်ဖြစ်တော့ အခန်းအနားမှာ " မွန်စာတတ်ရင် ဘာလုပ်လို့ရမလဲ ၊ ဘယ်လိုအသုံးချလို့ရမလဲ ” ဆိုတဲ့ ခုတလော မွန်ပညာတတ်လူငယ်တွေကြားမှာ အမေးအမြန်းထူလာတဲ့ ကိစ္စရပ်တစ်ခုကို ဆွေးနွေးစကားပြောဝိုင်း လုပ်ကြတယ် ။

ဆရာ ဆရာမတွေနဲ့ ဆရာတော်တို့ ဆွေးနွေးနေကြတာ အတော်လေးကောင်းပါတယ် ။ အသိပညာလည်း တော်တော်ရလိုက်ပါတယ် ။ သူတို့ဆွေးနွေး အဖြေပေးကြတာကို နားထောင်ရင်း ကျနော် စင်ကာပူမှာ နေတုန်းက ကြုံခဲ့ရတဲ့ အဖြစ်တစ်ခုကို သွားသတိရမိတယ်..

အဲတုန်းက စနေနေ့ပါ ၊ မြန်မာဆိုင်တစ်ဆိုင်ထဲမှာလား မြန်မာပလာရှေ့က ဘူတာ(mrt) ရှေ့ မှာလားပဲ..
" သမီးမြန်မာစာ မသင်ချင်​တော့ ဘူး ၊ သမီးတို့က စင်ကာပူနိုင်ငံသား Singaporean ဖြစ်နေပြီပဲ.. မြန်မာစာတတ်တော့ရော ဘာလုပ်ဖို့ရမှာလဲ...”

စင်ကာပူ နိုင်ငံသားဖြစ်နေပြီးဟန်ရှိတဲ့ မြန်မာမိသားစုတစ်စုရဲ့ ၈-၉ နှစ်အရွယ် သမီးလေးက အဖေဖြစ်သူကို ပြောလိုက်တာပါ...

" ပါးပါးတို့က မြန်မာလူမျိုးပဲ မြန်မာစာသင်ရမှာပေါ့ သမီရေ...” အစချီပြီး သဖေဖြစ်သူက အမျိုးသားရေး အခြေခံ သဘောတရားတွေကို ကလေးကို သြဝါဒပေးတယ်..။

ကျနော် ခပ်လှမ်းလှမ်းက ကြည့်နေမိတယ် ။ ကျနော်ကြည့်နေတာ သိတော့ ဟိုဦးလေးက ပိုပြီး ဖွဲ့နွဲ့ပြောပါတော့တယ်.. 😊၊ ကလေးမလေးကတော့ သူ့အဖေပြောတာကို အကုန်နားလည်းဟန်မရှိပေမယ့် ခေါင်းညှိတ်ပြီ လက်ခံလိုက်တဲ့ သဘောပါပဲ..
.......................

ဒီလိုပဲ တစ်ရက်.. ကျနော်တစ်ယောက်တည်း East coast ကမ်းခြေမှာ ညနေပိုင်း ကင်မရာတစ်လုံးနဲ့ ဟိုဒီ ဓာတ်ပုံရိုက်နေတုန်း အခင်းလေးခင်းပြီး ကမ်းခြေမှာ အနားယူစားသောက်ပွဲလေးလုပ်နေတဲ့ တရုတ်မိသားစု တစ်စုနားစီ ရောက်သွားပြန်ရော...၊ မိသားစုက ၆ယောက် ၊ အဖိုးအဖွားတွေလဲ ပါတယ်...

ခနလောက်ထိုင်နားနေတုန်း ခနနေတော့..အဲဒီတရုတ်မိသားစုဆီက စကားတစ်ခွန်းကို ထူးထူးဆန်းဆန်းကြားရပြန်တယ်

" No I don't want to learn Chinese . We are Singaporeans now. Why need to learn Chinese...
အဓိပ္ပါယ်ကတော့ ၊ ငါတို့က စင်ကာပူနိုင်ငံသားဖြစ်နေပြီ ဘာကြောင့် တရုတ်စာကို သင်နေရဦးမှာလဲ..ပေါ့

အသံကြားတော့ ကျနော် စိတ်ဝင်တစားပဲ ကြည့်မိတယ် ။ လက်ထဲမှာ ipad ကြီးကိုင်တားတဲ့ အသက် ၁၂ လောက်ရှိတဲ့ ခပ်ဝဝ ကောင်လေးက သူ့ ipad ပွတ်လေး ငြီးငြူပြောဆိုလိုက်တာပါ ။ ကြည့်ရတာ ဒီကျနော်တို့ အရှေ့တိုင်းကနေ စင်ကာပူမှာ အခြေလာချတဲ့ တရုတ်တွေ ဟုတ်ဟန်မတူဘူး ။ အနောက်တိုင်းကနေမှ ပြောင်းလာတဲ့ တရုတ်မိသားစုဖြစ်လောက်တယ် ။ အရှေ့တိုင်းက တရုတ်မိသားစုဆို ဒီလိုမပြောလောက်ဘူး..။

အဲချိန်မှာ ကလေးအဖေက သူ့သားကို မင်းက တရုတ်လူမျိုးပဲ တရုတ်စာတော့ သင်ရမှာပေါ့ ၊ စင်ကာပူမှာ တရုတ်တွေ အများကြီးပဲ၊ တရုတ်ကလေးတိုင်း တရုတ်စာ သင်ကြတယ် ၊ ဘာညာနဲ့ နည်းနည်းဒေါသထွက်သလိုပြောဆိုတာတွေ့ရတယ် ။ အဖေဖြစ်သူ ဒေါသနှော ပြောဆိုပြီးချိန်မှာ အဘိုးဖြစ်သူက သူ့မြေး ဘက်ရွေ့လာပြီး..

" You know , Every study is for life . Andthen you need to creat a community for your life. Chinese is our community....

စသဖြင့်ပေါ့ ။ ကျနော်နားလည်သလို ဘာသာပြန်ရရင်

" မင်းသိလား ၊ သင်ယူမှုတိုင်းဟာ ဘဝအနာဂတ် အတွက်ပဲ ၊ ပြီးတော့ မင်းရဲ့ အနာဂတ်အတွက် ခိုင်မာတဲ့ အတိုင်းအဝန်းတစ်ခုကို မင်းတည်ဆောက်ရမယ်..၊ တရုတ်ရပ်ဝန်းက ငါတို့ရဲ့ အသိုင်းအဝန်းပဲ ။ ငါတို့ရဲ့ မိခင်ဘာသာဟာ ငါတို့ရဲ့ ခိုင်မာတဲ့ အတိုင်းအဝန်းဖြစ်တယ် ။ ငါတို့ဟာ စင်ကာပူမှာ နေထိုင်ကြပြီး အင်္ဂလိပ်စကားကို ပြောဆို သုံးနှုန်းနေကြပေမယ့် ငါတို့ရဲ့ မိခင်ဘာသာစကား စာပေကိုလည်း တင်ယူတတ်မြောက်ထားမှရမယ် ။ မင်းရဲ့ မိခင်ဘာသာစကား စာပေကို တတ်မြောက်ထားရင် ဒီအတိုင်းအဝန်းထဲမှာ မင်းအတွက် သေချာတဲ့ နေရာတခု အားမခံချက်တစ်ခုတော့ ရှိနေမယ်...”

အဲဒိလို နားလည်ရတဲ့ စကားလုံးတွေကို အဖိုးကြီးက သူ့မြေးကို ပြောနေတာကြားတော့ ကျနော့်ခေါင်းထဲကို အလင်းတန်းကြီးတစ်ခု လင်းခနဲ့ ပွင့်သွားသလိုပါပဲ...။

ကျနော်တို့ မွန်ရပ်ဝန်းမှာလဲ ဒီမေးခွန်းက စိန်ခေါ်မှု တစ်ခု ဖြစ်လာနေတယ် ။

ဘဝရှေ့ရေးအတွက် ခေတ်ပညာရပ် အစုံစုံကို အချိန်ကိုလုပြီး ခေါင်းနဲ့ မဆန့်အောင် ပညာတွေစာတွေ သင်ယူမှတ်သားနေရတဲ့ လူငယ်တွေအတွက် ဒီမိခင် မွန်ဘာသာကို အချိန်လု သင်ရအောင် ဘဝအတွက် ဘာအကျိုးဖြစ်စေမလဲ ဆိုတဲ့ အမေးက စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့တယ် ။

နောက်ပိုင်းမှာ လူငယ်တွေဟာ ခံစာချက် ၊ ခံယူချက်တွေနဲ့အတူ Profit ဆိုတဲ့ အကျိုးအမြတ်ကို ထည့်တွေးလာကြတယ်...

ပြောရရင် လောကကြီးဟာ ဒေါ်နယ်ထရန့် ဆန်လာတယ် ။ What 's the profit? ဖြစ်လာတယ်...

" မြန်မာစာတတ်ရင် ဘာလုပ်လို့ရလဲ..” ဆိုတဲ့ မြန်မာ ကလေးလေးရဲ့ အမေးအတွက် ကလေးအဖေ ဖြေပေတဲ့ ခံစားချက်ကို အခြေခံပြုတဲ့ အဖြေတွေကို သိပ်အလေးမထားချင်ကြတော့ဘူး ။

" ငါတို့ ရဲ့ မိခင် တရုတ်စာကို တတ်ထားရင် ဒီအတိုင်းဝန်းကြီးထဲမှာ ငါတို့ဘဝအတွက် ခိုင်မာတဲ့ နေရာတစ်ခုက ငါတို့အတွက် အမြဲရှိနေမယ် ၊ ဒီအတိုင်းဝန်းထဲမှာ ငါတို့ ဘဝအတွက် အကျိုးရှိတာ အများကြီး လုပ်နိုင်တယ်...” ဆိုတဲ့ အဖြေမျိုးကို ပိုသဘောကျလာကြတယ် ။

ကျနော်တို့ မွန်တွေအတွက်လဲ ထို့နည်းတူပါပဲ ။ မွန်စာတတ်ရင် ဘာလုပ်လို့ရမလဲ မေးရင် မွန်စကားမွန်စာတတ်ထားရင် ကျနော်ဆို့ဆီမှာ ခိုင်မာသေချာတဲ့ Community အတိုင်းအဝန်း တစ်ခုက အမြဲရှိနေမှာပါ..။ ဒီအတိုင်းအဝန်းထဲမှာ ဒါမှမဟုတ် ဒီအတိုင်းအဝန်းနဲ့ အတူ ကျနော်တို့ ဘဝအတွက် အများပြီး လုပ်လို့ရပါတယ် ။

ဥပမာပြောရရင် - ဒီအတိုင်းဝန်းကို အမှီပြုပြီး စီးပွားဖြစ်နေတဲ့ အထည်ဆိုင်တွေ ၊ ကုန်စုံဆိုင်တွေ ၊ လုပ်ငန်း တွေ အများကြီး ရှိသလို ၊ အောင်မြင်နေတဲ့ အနုပညာရှင်တွေလဲ အများကြီးပါပဲ... ။

မွန်မြို့မွန်ရွာ မှာ မွန်စကားပြောပြီး စီးပွားရှာနေတဲ့ တရုတ် ကုလားတွေ အများကြီး ရှိသလို ၊ မွန်စာနဲ့ ဟင်္သာရုပ် ဆိုင်းဘုတ်တပ်ပြီး မွန်စကားနည်းနည်းပါးပါးပဲတတ်ပေမယ့် အကျိုးစီးပွားရှာနေတဲ့ ဗမာနဲ့ တခြား တိုင်းရင်းသားတွေလဲ အများကြီးပါ..

နောက်ဆုံး မွန်စကား မွန်စာတတ်သွားလို့ မွန်လူမျိုးကို အပုတ်ချအပြစ်ရှာပြီး အသက်မွေးမှုပြုနေတာတောင်ရှိပါတယ် ။

ဒါတွေက ခုခေတ်လူငယ်တွေ ရှာနေတဲ့ မွန်စကားမွန်စကားတတ်ရင် ဘာလုပ်လို့ရလဲဆိုတဲ့ What's is the profit? မေးခွန်းအတွက် ကျနော်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံထဲက အဖြေတစ်ခုပါပဲ...

မိခင်ဘာသာကို ဘာလို့ သင်ကြားသင့်လဲဆိုရင် မင်းရဲ့ မိခင်ဘာသာက သာလျင် မင်းဘဝအတွက် ခိုင်မာတဲ့ အသိုင်းအဝန်းကို ဖြစ်စေတယ် ။ မင်း လုပ်နိုင်စွမ်းရှိသလောက် ဒီအထဲ ကနေယူလို့ရတယ် ။ ဒီအတိုင်းအဝန်းနဲ့ အတူတူ ယူလို့ရတယ် ။ ဒီအတိုင်းအဝန်းကို အခြေပြုပြီး ဒီထက်မြင့်တဲ့နေရာ မင်းသွားချင်တဲ့ နေရာကို သွားလို့ရတယ် ။

မိခင်ဘာသာစကား သင်ယူမှုက အကျိုးမဖြစ်စေဘူးဆိုတာ မရှိပါဘူး..။

" သင်ယူမှုတိုင်းက အနာဂတ်ဘဝ အတွက်ပါပဲ...”


ကောနန်

Photos from သဇင်နန်မွန်ရိုးရာအထည်နှင့် အမှတ်တရပစ္စည်းများ's post 28/12/2024
Photos from Mon Generation's post 28/09/2024

မွန်ရိုးရာ အထည်မျိုးစုံ ထုတ်လုပ်ဖြန့်ချီနေတဲ့
အလှတရားတို့ တည်ရှိရာ သဇင်နန် ဆီ လှမ်းခဲ့ပါ ။

ပြည်တွင်း/ပြည်ပ အထည်မျိုးစုံ ပို့ပေးနေပါတယ်။
တစ်ဆင့်ပြန်လည် ရောင်းချမယ့်သူတွေအတွက်
လက်လီ လက်ကား စျေးအမျိုးမျိုးနဲ့ ရပါမယ်နော်။

#ကယျိုင်မန်သဇင်နန်ကျိုင်တုဲကျေဝ်လောန်ဆာန်လာန်ကွေံဏောင်
#သဇင်နန်မွန်းရိုးရာအထည်နှင့်အမှတ်တရပစ္စည်း
#လက်လီလက်ကားပင်ရင်းဆိုင် #ပင်ရင်းပဲခူး #ဆိုင်ခွဲမော်လမြိုင် #သဇင်နန်

Want your public figure to be the top-listed Public Figure in Mawlamyine?
Click here to claim your Sponsored Listing.

Category

Website

Address


Mawlamyine
13