Harmony Learning Hub

Harmony Learning Hub

Share

08/02/2022

Reading with purpose

ဘာအတွက် စာဖတ်ရတာလဲ? တစ်နည်းအားဖြင့် ဘယ်လိုရည်ရွယ်ချက်တွေနဲ့ စာဖတ်​ကြတာလဲ? စာဖတ်ခြင်းကနေ ဘာကို ရချင်ပါသလဲ?

မှတ်ချက်။ အင်္ဂလိပ်စာ ဖတ်ခြင်အတွက် အဓိက ရည်ရွယ်ပါတယ်။

Reading for reasons

စာဖတ်ရတဲ့ အဓိကအကြောင်းအရင်း ၃ ခုရှိပါတယ်။
⏹ To learn and understand new information
အသစ်သစ်သော အ​ကြောင်းအရာတွေကို သင်ယူဖို့၊ နားလည် တတ်ကျွမ်းဖို့ဖြစ်ပါတယ်။

⏹ To find specfic information
သိလိုသော သို့မဟုတ် သိဖို့လိုအပ်​သောအကြောင်းအရာများကို ရှာဖွေတွေ့ရှိရန်ဖြစ်ပါတယ်။

⏹ To entertain
စိတ်အပန်းဖြေဖို့ သို့မဟုတ် အပျင်းဖြေစေဖို့ စာဖတ်ခြင်းဖြစ်ပါတယ်။

Reading strategies

စာဖတ်တဲ့အခါမှာ အသုံးများတဲ့ စာဖတ်နည်း ၃ နည်းက
Scanning
Skimming
Careful reading တို့ ဖြစ်ပါတယ်။ စာဖတ်သူတွေအနေနဲ့ စာဖတ်ရတဲ့ အကြောင်းအရင်းနဲ့ ကိုက်ညီတဲ့ စာဖတ်နည်းကို ရွေးချယ်တတ်ခြင်းက skillful reader လို့ခေါ်တဲ့ စာဖတ်ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာဖို့ အထောက်အကူများစွာ ရစေပါတယ်။

Skillful Readers

စာဖတ်ကျွမ်းကျင်သူတစ်ယောက်က စာဖတ်ခြင်းဆိုင်ရာ ကျွမ်းကျင်ခြင်း ၄ ချက်နှင့် ပြည့်စုံပါတယ်။ တစ်နည်းအားဖြင့် ထိုအချက် ၄ ခုနဲ့ ပြည့်စုံအောင် လေ့ကျင့်ထားကြပါတယ်။ (၄ ချက် မက များနိုင်ပါတယ်။ ဒီစာထဲမှာ ၄ ချက်ကိုပဲ ဖော်ပြပေးမှာ ဖြစ်ပါတယ်။)

1. Be able to read fluently
Skillful reader တစ်ယောက်က သွက်သွက်လက်လက် စာဖတ်နိုင်တာ အထူးပြောစရာမလိုပါ။ သွက်သွက်လက်လက် စာဖတ်နိုင်ဖို့ လေ့ကျင့်ရမယ့် နည်းလမ်းက ခဏခဏစာဖတ်ပေးဖို့ (read often) နဲ့ အသံထွက် စာဖတ်ခြင်း (read aloud) တို့ပဲ ဖြစ်ပါတယ်။

2. Be able to identify words
စာဖတ်တဲ့အခါမှာ (အထူးသဖြင့်အင်္ဂလိပ်စာ ) စာလုံးအသစ် တွေ့ရှိခြင်းက ပုံမှန်ဖြစ်စဥ်ပါ။ စာလုံးအသစ် မတွေ့ဘူးဆိုရင် ဖတ်​​နေတဲ့စာက မိမိရဲ့ level ထက် နိမ့်နေတာမျိုးဖြစ်နိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေ skillful readers တွေက စာဖတ်နေရင်း တွေ့ရတဲ့ စာလုံးသစ် တစ်နည်းအားဖြင့် မရင်းနှီးသော စာလုံးတွေရဲ့ အဓိပါယ်ကို မှန်းဆဖော်ထုတ်နိုင်စွမ်းရှိကြပါတယ်။ ထိုသို့ မှန်းဆဖော်ထုတ်နိုင်မှသာ စာဖတ်ဖို့ရာ စိတ်အားထက်သန်မှု၊ စိတ်ဝင်စာမှုကို ပိုအားကောင်းစေပါတယ်။ သို့မဟုတ်ပဲ စာလုံးအသစ်တွေ့တိုင်း dictionary ကိုသာ အားကိုးတကြီး ပြေးကြည့်နေလျှင် စာဖတ်ချင်စိတ် လျော့လာနိုင်ပါတယ်။

စာလုံးအသစ်တွေကို မှန်းဆဖော်ထုတ်နိုင်ဖို့ skillful readers တေွက ဘာလုပ်ကြသလဲ? ဘယ်လိုလေ့ကျင့်ကြသလဲ? ဒီအကြောင်း နောက်အခွင့်အခါသင့်ရင် ပြန်လည်ရေသား တင်ပြပါမယ်။

3. Becoming engaged into context
Skillful readers တွေရဲ့ နောက်ထပ် အားထုတ်မှု တစ်ခုက ဖတ်နေတဲ့စာထဲက အကြောင်းအရာတွေနဲ့ သူတို့ရဲ့ လက်တွေ့ဘဝနဲ့ ချိတ်ဆက်တွေးတောခြင်း ဖြစ်ပါတယ်။ ဥပမာ စာထဲမှာ နေရာတစ်နေရာအကြောင်း ဖတ်ရရင် အဲနေရာကို သွားချင်သလားဆိုတဲ့ မေးခွန်းမျိုး သူတို့ကိုသူတို့ မေးတတ်ပါတယ်။ စာထဲက တချို့ ဇာတ်ကောင်တွေက သူတို့ပတ်ဝန်းကျင်မှာ ရှိသလားလို့ ဆက်စပ်တွေးတောတတ်ကြတယ်။ သူတို့ဖတ်နေတဲ့စာက အကြောင်းအရာတွေနဲ့ သူတို့ဘဝကြားမှာ relationship တစ်ခုကို တည်ဆောက်ထားတာပါ။

4. Understanding what you read
မိမိဖတ်နေတဲ့စာ နားလည်ဖို့ လိုအပ်တယ်ဆိုတာ အထူးပြောစရာမလိုပေမယ့် နားလည်အောင် ဘယ်လိုလုပ်မလဲ။ နားလည်မှန်းသိအောင် ဘယ်လို စမ်းစစ်မှာလည်းဆိုတာ စဥ်းစားစရာ အချက်ပါ။ skillful readers တွေက သူတို့ဖတ်တဲ့စာ ပိုနားလည်အောင် တစ်နည်း နားလည်ရလွယ်ကူအောင် စာမဖတ်ခင် စာထဲက title တေွ၊ subtitles တွေ၊ ပံုတွေနဲ့ ပုံထဲက caption တွေကို အရင်ကြည့်ပြီး (Preview လုပ်ခြင်း) သူတို့ရဲ့ background knowledge နဲ့ ချိတ်ဆက်တွေးပါတယ်။ Activating prior knowledge လို့ စာထဲမှာ ပြောထားပါတယ်။ တဆက်ထဲမှာပဲ စာထဲ အကြောင်းအရာတွေကို မှန်းဆခြင်း (Predict)၊ အာရုံဖြင့် ပုံဖော်ခြင်း (Visualize)၊ main idea(s) တွေကို ရှာဖွေခြင်းတွေ လုပ်ကြပါတယ်။ စာဖတ်ပြီး review ရေး​​ခြင်း၊ summary ရေးခြင်း နဲ့ diagram ရေးဆွဲခြင်းတွေက စာထဲက အကြောင်းအရာတွေကို နားလည်မှုအပေါ် စမ်းစစ်နိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
Skillful readers တွေဖြစ်ဖို့ ကြိုးစားကြပါစို့။

Yee Yee Cho Chai
February 8, 2022
Ref: Glencoe, Literature, Reading with Purpose

10/11/2021

အင်္ဂလိပ်စာသင်တန်း ကြော်ငြာပါ။

အင်္ဂလိပ်စာ ပြင်ဆင်ထားချင်တယ်
Writing ကို ဘယ်ကစရေးရမှန်းမသိ၊ ရေးထားတာတွေ အဆင်ပြေပါ့မလားမသိ ဖြစ်နေတယ်
အင်္ဂလိပ်လို ပြောချင်ပေမယ့် ဘယ်ကစပြောရမလဲ၊ ဘာပြောရမှန်းမသိဖြစ်နေတယ် ဆိုရင် Harmony ရဲ့ အင်္ဂလိပ်စာသင်တန်းက ကူညီပေးနိုင်မလားဆိုတာ အောက်က link မှာ တချက်ကြည့်လိုက်ပါ။ သင်တန်းအကြောင်း အသေးစိတ်ပါပါတယ်။

https://www.facebook.com/107775224949436/posts/117445093982449/

အချိန်တိုအတွင်း တတ်​မယ်လို့ မျှော်လင့်ချက် မပေးလိုပါ။ သင်တန်းမှာ zoom class မှ သင်ကြားပို့ချပြီး ကျောင်းသားတွေက
1. Discussion forum မှာ သက်ဆိုင်ရာ ခေါင်းစဥ်အလိုက် ဝင်ဆွေး​ေနွွးရပါမယ်။
2. Writing assignments (paragraph, essay, letter)တွေ လုပ်ရပါမယ်။
3. Speaking အတွက် သင်ခန်းစာပါ အကြောင်းအရာတွေကို video record လုပ်ပြီး assignment တင်ရပါတယ်။
4. Reading အတွက် ဖတ်ရတဲ့ အကြောင်းအရာအပေါ် understanding, analysing နဲ့ evaluation practice တွေလည်း ပါပါတယ်။
5. Grammar and vocabulary test လည်း လုပ်ရပါတယ်။ ဒီအတွက် တစ်ပတ်မှာ စာလုပ်ဖို့ ၄ နာရီကနေ ၆ နာရီခန့် အချိန်ပေးဖို့လည်း လိုအပ်ပါတယ်။

သင်တန်းက ကိုယ်နဲ့ ကိုက်ညီတယ်ဆိုရင် ဆက်သွယ်လိုက်ပါနော်။

28/10/2021

သီတင်းကျွတ်ပိတ်ရက်မှာ အနားယူပြီး အတန်းတွေ ပြန်စနေပါပြီ။

နိုဝင်ဘာမှာ စတက်ဖို့ register လုပ်ထားတဲ့ ကျောင်းသားအသစ်တွေကို ကြိုဆိုပါတယ်။

သင်တန်းအကြောင်း သိချင်ရင်တော့ link မှာ ဝင်ကြည့်နိုင်ပါတယ်။ 👇👇👇

https://www.facebook.com/107775224949436/posts/117445093982449/

Want your school to be the top-listed School/college in Mawlamyine?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mawlamyine