Myanmar Design Channel

Myanmar Design Channel

Share

Photoshop မှာ Generative AI Feature ကို ထည့်သွင်းလိုက်တဲ့ Adobe | Myanmar End User 24/05/2023

Beta Version မှာသာ ရရှိအုံးမှာဖြစ်လို့ စမ်းချင်ရင်တော့ Beta Version Download ဆွဲပြီး စမ်းရမှာ ဖြစ်ပါတယ်။

Photoshop မှာ Generative AI Feature ကို ထည့်သွင်းလိုက်တဲ့ Adobe | Myanmar End User AI Tomorrow ကလည်း Adobe Photoshop ရဲ့ Generative AI Feature ကို စမ်းသပ်ကြည့်တဲ့အခါ အတော်လေး သေသပ်တာကို တွေ့ရပါတယ်။ အခုလို အသစ်မိတ်ဆက်လာတဲ့ G...

08/05/2023

Midjourney CEO ရဲ့ AI Artworks vs Artist အင်တာဗျူး.. အချို့ အဖြေက စိတ်ဝင်စားဖို့ကောင်းသလို အချို့အဖြေတွေကတော့ တိတိကျကျ မဖြေဘဲ ရှောင်ထွက်သွားတာကို တွေ့ရမှာပါ။

Midjourney AI ဆိုတာ မိမိဖန်တီးချင်တဲ့ ပုံရိပ်တွေကို စာရိုက်လိုက်ရုံနဲ့ အလိုအလျောက် ပုံဆွဲဖန်တီးပေးနိုင်တဲ့ AI နည်းပညာတစ်ခုဖြစ်ပြီးတော့ အမေရိကန်အခြေပြု Startup Company တစ်ခုဖြစ်ပါတယ်။ AI တွေက နယ်ပယ်အသီးသီးမှာ နေရာယူလာပြီးတော့ Midjourney AI ဟာဆိုရင်လည်း Artworks နယ်ပယ်မှာ နေရာရထားတဲ့ AI Company တစ်ခုဖြစ်ပါတယ်။

တစ်ချိန်ထဲမှာဘဲ ပန်းချီအနုပညာရှင်တွေနဲ့ အခြားသော Graphic design ဖန်တီးသူ၊ Visual Design ဖန်တီးသူ နယ်ပယ်ကြားမှာလည်း AI ရဲ့ တိုးတက်မှုအရှိန်အဝါကြောင့် ဝေဖန်မှုများလည်း မြင့်တက်နေပါတယ်။

ပုံမှန်အားဖြင့် အချိန်ရက်ပေါင်းများစွာ ဖန်တီးရမယ့် Design တွေကို Midjourney AI က ၁၅ စက္ကန့်အတွင်းမှာ အလိုအလျောက် ဖန်တီးနိုင်တာကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေအပေါ်မှာပါ သက်ရောက်မှု များစွာရှိနေပါတယ်။

Midjourney AI ရဲ့ Founder/CEO ဖြစ်တဲ့ David Holz ကို Forbes မှ AI Artworks တွေနဲ့ Artists တွေကြား ဝေဖန်တင်းမာမှုအကြောင်းနဲ့ပတ်သတ်ပြီး အင်တာဗျူးပြုလုပ်ခဲ့ပါတယ်။ AI Tomorrow မှ အဆိုပါ အင်တာဗျူးကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ဖို့အတွက် ဆီလျော်အောင် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။

Forbes : David Holz ရေ၊ ခင်ဗျားရဲ့ ရာထူးနဲ့ တာဝန်ကို ပြောပြပေးပါအုံး။

David Holz : ကျနော်က Midjourney AI ကို တည်ထောင်သူ ( Founder ) ဖြစ်ပြီး ကုမ္ပဏီမှာ အမှုဆောင်အရာရှိချုပ် ( CEO ) အနေနဲ့ တာဝန်ယူထားပါတယ်။ ဒါပေမယ့် ကျနော့်ကို Midjourney ရဲ့ Founder လို့ခေါ်ရင်ရပါပြီ။ CEO လိုရာထူးတွေက Business ကိစ္စအလုပ်အရမ်းများပြီး တာဝန်ကြီးတဲ့သူတွေကိုဘဲ ခေါ်လေ့ရှိတာကြောင့် ကျနော့်ကို Founder လို့ဘဲ သိထားရင်ရပါပြီ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က Business ဆိုတာထက် AI Product တွေ ဖန်တီးဖို့ သုတေသနလုပ်နေလို့ပါ။

Forbes : Midjourney ရဲ့ အဓိက Mission က ဘာလဲဆိုတာ ပြောပြပါအုံး။

David Holz : လူသားတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို ပုံရိပ်တွေအနေနဲ့ ဖော်ပြနိုင်ဖို့ လုပ်နေတာလို့ဘဲ ပြောချင်ပါတယ်။ ကျနော်တို့ရဲ့ အဓိက ရည်ရွယ်ချက်က လူတွေရဲ့ စိတ်ကူးစိတ်သန်း ကွန့်မြူးမှုတွေကို AI နဲ့ဖော်ပြဖို့ ဖန်တီးနေတာဖြစ်ပါတယ်။ စိတ်ကူးစိတ်သန်းတွေကို ဖန်တီးတဲ့ စက်အနေနဲ့ လုပ်နေတာ မဟုတ်ပါဘူး။ အဲ့ဒါက အရေးကြီးတဲ့ ခြားနားချက်ဖြစ်ပါတယ်။

Forbes : ခင်ဗျားတို့ ကုမ္ပဏီရဲ့ ဘယ်လိုဖြစ်လာလဲဆိုတာနဲ့ပတ်သတ်ပြီး သေချာလေး ရှင်းပြပေးလို့ရမလား ?

David Holz : Midjourney ကုမ္ပဏီဖြစ်လာဖို့ ကျနော်တို့ ၁နှစ်ခွဲလောက် အချိန်ယူခဲ့ရပါတယ်။ အဲ့ဒီကာလမှာ အခြားသော AI Diffusion model တွေလဲ ရှိနေပါပြီ၊ OpenAI ရဲ့ AI Products တွေအကြောင်းကိုလည်း လူတွေသိနေပါပြီ။ ဒီလို AI တွေရဲ့ တိုးတက်မှုတွေက ဆန်ဖရန်စစ္စကို မြို့ကြီးမှာ အရမ်းကို လူသိများလာပြီးတော့ လူတိုင်းကလည်း AI ကို အရမ်းစိတ်ဝင်စားမှု မြင့်တက်လာပါပြီ။ ဒါကြောင့် ကျနော်တို့လည်း အရမ်း Serious ဖြစ်ပြီး ကြိုးပမ်းလာရတာပါ။

Forbes : Midjourney ရဲ့ Text to Image က စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်တယ်လို့ ထင်ပါသလဲ ?

David Holz : ကျနော်ကတော့ စီးပွားရေးလုပ်ငန်းတွေဆိုတာထက် လူအဖွဲ့အစည်းအပေါ်မှာဘဲ အဓိကထားပြောပါမယ်။ Midjourney AI ဟာ ထုတ်ကုန်တစ်ခုဖြစ်ပြီးတော့ အသုံးပြုသူတွေရဲ့ ၃၀% ကနေ ၅၀% လောက်က Professional တွေဖြစ်ကြပါတယ်။ Midjourney Platform ပေါ်မှာရှိနေတဲ့ Artist တွေအနေနဲ့ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ဖန်တီးတဲ့အခါ ဒီထက်ပိုပြီး ဖန်တီးနိုင်ဖို့ အထောက်အကူပြုတယ်လို့ ပြောပါတယ်။ အချိန်တိုအတွင်းနဲ့ ပိုကောင်းတဲ့ စိတ်ကူးစိတ်သန်းတွေကို ဖန်တီးဖို့ Midjourney က ကူညီပေးနိုင်ပါတယ်။

Midjourney AI ကို အသုံးပြုနေတဲ့ Professional အတော်များများက Art Concept အယူအဆတွေကို သူတို့ရဲ့ ပရောဂျက်တွေမှာ အသုံးပြုနေကြတာ ဖြစ်ပါတယ်။ Commercial Artwork Project တွေရဲ့ အခက်ခဲဆုံးအပိုင်းကို ပြောရမယ်ဆိုရင် အစပြုတဲ့အပိုင်းဘဲ ဖြစ်ပါတယ်။ Midjourney က ဒီလို အစပြုခက်ခဲမယ့်အပိုင်းကို အချိန်တိုအတွင်း လွယ်လွယ်ကူကူနဲ့ Concept ပုံ​တွေ ဖန်တီးမယ့်အပိုင်းကို ကူညီပေးနိုင်တာဘဲ ဖြစ်ပါတယ်။ Artist တွေအနေနဲ့ Concept သာရပြီဆိုရင် ကျန်တဲ့ အိုင်ဒီယာအပိုင်းတွေကို လျှင်လျှင်မြန်မြန်နဲ့ အကောင်အထည်ဖော်ရတာ ပိုလွယ်ကူသွားပြီ ဖြစ်ပါတယ်။

နောက်ထပ် အားသာချက်တစ်ခုက Artist အချို့အနေနဲ့ မကျွမ်းကျင်သေးတဲ့ အပိုင်းတွေကိုလည်း ကိုင်တွယ်ရတဲ့အခါ Midjourney က အများကြီး ကူညီနိုင်ပါတယ်။ အချို့အရာတွေက မကျွမ်းကျင်ဘူးဆိုတာထက် လုပ်နေကြမဟုတ်ဘဲ ကိုယ်နဲ့ စိမ်းနေတဲ့ ပရောဂျက်တွေကလည်း အပိုင်းတစ်စတစ်ခုအနေနဲ့ ပါလာတတ်ပါတယ်။ ဥပမာ အရောင်တွေ၊ compositoin တွေ၊ နောက်ခံတွေ၊ style တွေဖြစ်နိုင်ပါတယ်။

Forbes : Midjourney AI ကို သုံးစွဲနေတဲ့သူ ဘယ်လောက်ရှိပြီလဲ?

​David Holz : ကျနော်တို့ရဲ့ Discord Server မှာတော့ အသုံးပြုသူပေါင်း ၂ သန်းကျော်ရှိပါတယ် ( ၂၀၂၂ အချက်အလက်သာဖြစ် )၊ ဒါ့အပြင် Discord server မှာ လူအများဆုံး Active ဖြစ်နေတဲ့ Server လည်း ဖြစ်ပါတယ်။

Forbes : Midjourney ကဖန်တီးပေးလိုက်တဲ့ ပုံတွေကို စီးပွားဖြစ် သုံးလို့ရလား ?

David Holz : ရပါတယ်။ ဒါပေမယ့် အသုံးပြုနေတဲ့ ကုမ္ပဏီက နှစ်စဉ်အကျိုးအမြတ် မီလီယံနဲ့ချီတဲ့ ကုမ္ပဏီဆိုရင်တော့ ကျနော်တို့အနေနဲ့ Corporate လိုင်စင်ဝယ်ဖို့ တိုက်တွန်းပါတယ်။

Forbes : Midjourney ကို ဖန်တီးဖို့ အချက်အလက်တွေ ဘယ်လိုစုစည်းခဲ့တာလဲ?

David Holz : ဒါကတော့ အင်တာနက်ပေါ်ကနေဘဲ စုစည်းတာပါ။ ကျနော်တို့ Open Data Sets ကိုအသုံးပြုခဲ့ပြီးတော့ အဲ့ဒီဒေတာတွေကို အခြေခံပြီး Data Train ခဲ့တာဖြစ်ပါတယ်။ ပြီးတော့ ဒါက လူတိုင်းလိုက်လုပ်ချင်ရင် လုပ်လို့ရပါတယ်။ နည်းပညာပြောင်းလဲတိုးတက်မှုတွေက တစ်ရက်ပြီးတစ်ရက် မြင့်တက်လာတာကြောင့် ခင်ဗျားဆီမှာ အချက်အလက် ဘယ်လောက်ရှိလဲဆိုတဲ့ အပေါ်မူတည်ပါတယ်။

Forbes : သက်ရှိထင်ရှားရှိနေတဲ့ Artist တွေဆီက ခွင့်တောင်းပြီးယူခဲ့တာလား ဒါမှမဟုတ် မူပိုင်ခွင့်အနေနဲ့ ဒေတာတွေယူခဲ့တာလား ?

David Holz : တစ်ခုမှမဟုတ်ပါဘူး။ မီလီယံပေါင်းချီတဲ့ပုံတွေနဲ့ပတ်သတ်ပြီး ဒီပုံတွေရဲ့ ပိုင်ရှင်တွေကို သိဖို့မလွယ်ပါဘူး။ ပုံတွေမှာ မူလပိုင်ရှင်ကိုသိဖို့ Meta Data တွေထည့်ထားတာက ပိုကောင်းပါတယ်။ အဲ့ဒါမှမဟုတ်ရင်တော့ မူလပိုင်ရှင်ကို သိဖို့ မလွယ်ပါဘူး။

Forbes : အကယ်၍ Artist တစ်ယောက်ရဲ့ Artwork တွေက Midjourney ထဲမှာရှိနေမယ်ဆိုရင် ​အချက်အလက်ကို ဖျက်ခိုင်းလို့ရနိုင်မလား?

​David Holz : ကျနော်တို့လည်း ဒါကိုဖြေရှင်းဖို့အဖြေရှာနေတာပါ။ အဓိကရင်ဆိုင်ရမယ့် အခက်အခဲက ဘာလဲဆိုတော့ ဘယ်လိုစည်းမျဉ်းဥပဒေတွေနဲ့ ဖယ်ထုတ်မှာလဲ၊ ပြီးတော့ ဒီအချက်အလက်တွေရဲ့ တစ်ဦးတည်းသော မူလပိုင်ရှင်ဆိုတာ ဘယ်လိုသက်သေပြမလဲဆိုတဲ့ အပိုင်းတွေပေါ့၊ ပုံပေါ်မှာ နာမည်လေးကပ်ထားရုံတစ်ခုနဲ့ ပိုင်ရှင်စစ်စစ်ဖြစ်ကြောင်း သက်သေပြဖို့ မလုံလောက်ပါဘူး။ ဒါပေမယ့် အခုချိန်ထိတော့ ကျနော်တို့မှာရှိတဲ့ Data Sets ထဲကနေ Artist တွေရဲ့ အချက်အလက်ကို ဖယ်ထုတ်ဖို့ Artist တွေ ကိုယ်တိုင်တော့ လာမပြောသေးပါဘူး။

Forbes : ဒါဆို Prompt တွေထဲကနေ Artist တွေရဲ့ နာမည်ကို ဖယ်ထုတ်ပေးလို့ရော ရလား?

David Holz : အခုတော့ မရသေးပါဘူး။ ကျနော်တို့ ဒါကိုပြေလည်အောင် ဖြေရှင်းဖို့ လုပ်နေပါတယ်။ ပိုပြီးရှုပ်ထွေးသွားနိုင်တာကြောင့် ဒီလိုတောင်းဆိုမှုတွေကို လက်ခံဖို့ စစ်မှန်တဲ့ အထောက်အထားတွေကို သက်သေပြနိုင်မယ့်နည်းလမ်းကို ရှာနေပါတယ်။

Forbes : Commercial Artist တွေက Midjourney AI က သူတို့ရဲ့ အလုပ်တွေကို ဖျက်စီးဖို့လုပ်နေတယ်လို့ ပြောနေကြပါတယ်၊ ဥပမာ Art Director တစ်ယောက်က Concept ပုံတွေထွက်ဖို့အတွက် ဒီဇိုင်နာတွေအများကြီးခန့်ထားရတာပါ။ အခုတော့ ဒီလို Prompt လေးတစ်ကြောင်းရိုက်ရုံနဲ့ ပုံတွေထွက်လာနိုင်တာကြောင့် ကုန်ကျစရိတ်သက်သက်သာသာနဲ့ ရလိုက်တော့ Artist တွေအနေနဲ့ အသက်မွေးဝမ်းကြောင်း ပျက်မှာကို စိုးရိမ်နေကြပါတယ်၊ ဒါကို ဘယ်လိုပြောချင်ပါသလဲ?

​David Holz : Artworks တွေဖန်တီးတဲ့အခါ Skill Set တွေအများကြီးလိုပါတယ်။ ငါ့ကို background image ပုံတစ်ပုံ ဖန်တီးပေးဆိုတဲ့ prompt လေးလောက်နဲ့ မတူပါဘူး။ ဒီနေရာမှာ ကျနော် ပြောချင်တာ ၂ ခုရှိပါတယ်။ နံပတ် (၁) ကတော့ အရည်အသွေးတူရင် စျေးသက်သက်သာသာနဲ့ လုပ်ဆောင်ပေးနိုင်ဖို့ပါ။ နံပတ် (၂) ကတော့ ပိုကောင်းတဲ့ အရည်အသွေးနဲ့ စိတ်ကူးစိတ်သန်းကွန့်မြူးမှုကို ဖန်တီးတဲ့အပိုင်းပါ။

လူအများစုကတော့ ငွေသုံးရပြီဆိုရင်တော့ စျေးပေါတဲ့ အရည်အသွေးထက် စျေးသက်သာပြီး ပိုကောင်းတဲ့ အရည်အသွေးကိုပါ ရွေးချယ်ဝယ်ယူကြတာကို တွေ့ရပါတယ်။ စျေးကွက်စီးပွားရေးစနစ်မှာ လူတွေက ကျေကျေနပ်နပ်နဲ့ ပေးရမယ့် စျေးနှုန်းကို သတ်မှတ်ပြီးသား ဖြစ်ပါတယ်။

အချို့နေရာတွေမှာ Artist တွေကို ဖယ်ထုတ်ဖို့ ကြိုးစားတာကိုလည်း ကျနော်တွေ့ရပါတယ်။ ကိုယ့်လုပ်ငန်းခွင်က Artist တစ်ယောက်ရဲ့အရည်အသွေးနဲ့ဆင်တူ Content တွေကို စျေးသက်သက်သာသာနဲ့ ရရှိနိုင်မယ်ဆိုတဲ့အတွေးနဲ့ လုပ်မယ်ဆိုရင်တော့ မကြာခင်ကျရှုံးမှာပါ။ တစ်ကယ်တော့ ပိုကောင်းတဲ့ အရည်အသွေး၊ ဖန်တီးတင်ဆက်မှုတွေလုပ်နိုင်တဲ့သူတွေကဘဲ ရေရှည်မှာ အောင်မြင်အဆင်ပြေနိုင်မှာပါ။

အကယ်၍ ခင်ဗျားက Artist တစ်ယောက်ရဲ့ အတွေးအခေါ်၊ တတ်သိမြင်နိုင်စွမ်းရှိပြီး AI တွေကို ကောင်းကောင်းအသုံးချနိုင်ရင်တော့ အောင်မြင်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ရေရှည်မှာ ကျရှုံးမှာပါ။

တစ်ကယ်တော့ AI တွေက Artist တွေရဲ့ ဝင်ငွေလစာကို တိုးပွားအောင် လုပ်နိုင်ပါတယ်။ AI ဆိုတာ ကြားခံ (Medium) တစ်ခုသာဖြစ်ပြီးတော့ မထင်မှတ်ထားတဲ့ ပရောဂျက်တွေ ဖန်တီးနိုင်ဖို့အထိ အထောက်အကူပြုနိုင်ပါတယ်။

Forbes : အနုပညာနဲ့သက်ဆိုင်တဲ့ ဘွဲ့ရကျောင်းဆင်းတွေက လစာကောင်းတဲ့ ဖျော်ဖြေရေးကုမ္ပဏီတွေအပေါ် အများကြီးမှီခိုနေရပါတယ်၊ Midjourney AI ရဲ့ Text to Image လုပ်ဆောင်ချက်က အနုပညာကျောင်းဆင်းတွေရဲ့ အနာဂတ်အပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိုင်မလဲ?

David Holz : အချို့ကတော့ ကုန်ကျစရိတ်ကိုလျော့ချဖို့ AI ကို အစားထိုးကြသလို အချို့ကတော့ ဒီထက်ပိုကောင်းတဲ့အရာကို ဖန်တီးဖို့ AI ကို အသုံးချကြမှာပါ။ ဒီထက်ပိုကောင်းတဲ့ Artwork တွေကို ဖန်တီးဖို့ Artist တွေကလိုအပ်နေအုံးမှာဖြစ်ပြီး လစာဝင်ငွေကို မထိခိုက်နိုင်တဲ့အပြင် ပိုကောင်းတဲ့အရာတွေဖြစ်လာမှာပါ။ အဲ့ဒီလိုမှ မဟုတ်ဘဲ ကုန်ကျစရိတ်သက်သာချင်လို့ Artist တွေကို အလုပ်ဖြုတ်တာကတော့ တစ်ချိန်ချိန်မှာ အဲ့ဒီအလုပ်က ဆုံးရှုံးနစ်နာမှုတွေ ဖြစ်လာနိုင်ပါတယ်။

Forbes : AI တွေကို လူတွေ အမှန်တစ်ကယ် တိုက်ရိုက်ဂရုစိုက်ဖို့ မလိုတဲ့နေရာတွေမှာဘဲ အသုံးများကိုတွေ့ရပါတယ်၊ ဥပမာ Call Center တွေ၊ လေဆိပ်က အိတ်တွေ စစ်ဆေးတာမျိုးတွေပေါ့၊ ဆိုလိုတာက လူတွေကို အကျိုးရှိစေမယ့်အရာတွေမှာ အာရုံစိုက်ဖို့ အချိန်ပိုပေးလိုက်တဲ့ သဘောပါဘဲ၊ ဒါပေမယ့် အနုပညာနဲ့ပတ်သတ်တဲ့ အလုပ်တွေက အဲ့ဒီလိုမဟုတ်ပါဘူး၊ တစ်သက်လုံး အလုပ်လုပ်ရပြီး သူတို့ရဲ့ အရည်အချင်းတွေကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ရတာပါ။ ခင်ဗျားအနေနဲ့ ဘာကြောင့် ဒီလို အနုပညာနဲ့သက်ဆိုင်တဲ့ AI နည်းပညာတွေကို ဖန်တီးရတာလဲ၊ ပြီးတော့ ဒီလို အနုပညာရပ်တွေနဲ့သက်ဆိုင်တဲ့ နယ်ပယ်မှာ အလုပ်လုပ်နေတဲ့သူတွေကို ခင်ဗျား ဘာများ မှတ်ချက်ပေးချင်သေးလဲ?

David Holz : ကျနော့် တစ်ကိုယ်ရည်စာပြောရမယ်ဆိုရင် Midjourney ဆိုတာက Professional Artist တွေအတွက် ဖန်တီးတာမဟုတ်ပါဘူး။ အကယ်၍ သူတို့တွေ သုံးကြည့်လို့ သဘောကျတယ်ဆိုရင်တော့ ကောင်းတာပေါ့။ ကျနော် ဖန်တီးခဲ့တဲ့အကြောင်းရင်းက ဒီလိုလူတွေအတွက်ပါ

” ဟောင်ကောင်က အမျိုးသမီးတစ်ယောက်က ကျနော့်ဆီ သွားလိုက်၊ ပြန်လိုက်ပါဘဲ၊ သူမ ပြောတာကတော့ ဟောင်ကောင်မှာ တစ်ခုတည်းသော မိဘတိုင်းတားမြစ်ကြတဲ့ ကိစ္စက အနုပညာနဲ့သက်ဆိုင်တဲ့ အလုပ်တွေပါ၊ မိဘတွေက သူတို့ရဲ့ သားသမီးတွေကို ဘယ်တော့မှ Artist တစ်ယောက် မဖြစ်စေချင်ကြပါဘူး၊ ကျမလည်း အခု Banker ဖြစ်နေတာ၊ တစ်ကယ်တော့ ကောင်းမွန်တဲ့ လူမှုဘဝမှာ နေနေရပါတယ် Banker တစ်ယောက်အနေနဲ့ပေါ့၊ ဒါပေမယ့် Midjourney က ကျမကို တစ်ခါမှ အတွေ့အကြုံသစ်တစ်ခုကို ပေးနိုင်ခဲ့ပါတယ်၊ အဲ့ဒါကတော့ ကျမ အမှန်တစ်ကယ်ဖြစ်ချင်ခဲ့တဲ့ အနုပညာနဲ့သက်ဆိုင်တဲ့ အလုပ်ပေါ့ ”

နောက်တစ်ခုဥပမာပြချင်တာကတော့ ” တစ်စုံတစ်ယောက်က ဘေ့စ်ဘော ကဒ်တွေကို ဂျပန်စတိုင်လုပ်ချင်တယ်ဆိုပါတော့၊ Midjourney နဲ့ဖန်တီးလို့ရပါတယ် ”

ကျနော် အဓိကထောက်ပြချင်တဲ့အချက်က အနုပညာ ( Art ) မဟုတ်ပါဘူး၊ စိတ်ကူးစိတ်သန်းကွန့်မြူးမှု ( Imagination ) ဘဲ ဖြစ်ပါတယ်။ စိတ်ကူးစိတ်သန်း ကွန့်မြူးမှုဆိုတာ အနုပညာမှာ အသုံးပြုတယ်ဆိုပေမယ့် ရာနှုန်းပြည့်တော့ မဟုတ်ပါဘူး။ လူတွေရဲ့ စိတ်ကူးယဉ်မှုကို ဖော်ပြချင်တာဖြစ်ပါတယ်။ လူတွေရဲ့ လိုအပ်ချက်တစ်ခုကို ဖြည့်စွက်ပေးလိုက်ရုံပါဘဲ၊ ဒီပုံတွေကို ဘယ်သူမှလည်း အခြားကိစ္စတွေအတွက် အသုံးပြုကြမှာလည်း မဟုတ်ပါဘူး။

Forbes : ဘယ်လိုဘဲပြောပြော၊ Midjourney ရဲ့ပုံရိပ်တွေက Professional အရည်အသွေးရှိနေတာကြောင့် အနုပညာဆိုင်ရာ အသက်မွေးဝမ်းကြောင်းမှု ( Artwork Economy) ကို အရမ်းထိခိုက်စေတာနော်

David Holz : ကျနော်ထင်တာကတော့ ကျနော်တို့က လှေတစ်စီးဖန်တီးနေတာနဲ့ တူပါတယ်။ အချို့တွေကတော့ လှေနဲ့ ပြိုင်လို့ရပေမယ့် လှေဘက်က ကြည့်ရင် ယှဉ်ပြိုင်နေတယ်လို့ မဆိုလိုပါဘူး။ ကျနော်တို့တွေက ပုံတွေကို လှစေချင်ပါတယယ်၊ ဘာနဲ့တူလဲဆိုတော့ ပျားတွေအတွက် ပန်းတွေက လှပဖို့ ကြိုးစားနေသလိုပါဘဲ၊ ဒါက အနုပညာရဲ့ အလှမဟုတ်ဘဲ သဘာဝရဲ့အလှဖြစ်ပါတယ်။

အဲ့ဒီလိုဘဲ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က အနုပညာဖန်တီးတာနဲ့ဘာမှမဆိုင်ပါဘူး၊ ကမ္ဘာကြီးကို ပိုပြီးစိတ်ကူးယဉ်စေချင်ရုံသတ်သတ်ပါဘဲ၊ အကျည်းတန်တဲ့ အရာတွေ ပိုပြီး လှပလာစေချင်ရုံပါဘဲ။

Forbes : ဒီနည်းပညာတွေကို ထိန်းချုပ်ဖို့ အစိုးရအဖွဲ့အစည်းမှာ တရားစီရင်ပိုင်ခွင့် ဒါမှမဟုတ် လုပ်ပိုင်ခွင့်ရှိတယ်လို့ ခင်ဗျား ထင်လား၊ အကယ်၍ ထင်တယ်ဆိုရင်ရော အစိုးရအနေနဲ့ ဒီလို ထိန်းချုပ်မှုတွေကို လုပ်သင့်တယ်လို့ရော ထင်လား?

David Holz : ကျနော်တော့ မသိသေးပါဘူး၊ ဥပဒေဆိုင်ရာ စည်းမျဉ်းတွေက စိတ်ဝင်စားဖို့ကောင်းပြီးတော့ လွတ်လပ်မှုတွေကို ကာကွယ်ပေးရမယ့် ဥပဒေကလည်း ရှိတယ်မဟုတ်လား၊ နည်းပညာချည်း သီးသန့်ကတော့ ပြဿနာ မရှိပါဘူး၊ နည်းပညာဆိုတာ ရေနဲ့တူပါတယ်။ အန္တရာယ်လည်း ရှိနိုင်သလို အရေးပါတဲ့ အရာလည်း မဟုတ်လား၊ ရေက အန္တရာယ်ရှိလို့ ရေကို မသုံးရဘူးဆိုပြီး တားမြစ်တာမျိုးတော့ လုပ်လို့မရဘူး မဟုတ်လား။

Forbes : အိုကေလေ၊ ကျနော်တို့အနေနဲ့ ရေက သန့်ရှင်းနေဖို့ဆိုတာ သေချာဖို့တော့ လိုတာပေါ့

David Holz: ဟုတ်ပါတယ်၊ မှန်ပါတယ်။

AI Tomorrow မှ ဆီလျော်အောင် တင်ဆက်သည်။

Photos from Myanmar Design Channel's post 29/04/2023

မကြာခင်မှာ မြန်မာနိုင်ငံပညာရေးလောကမှာ ထွက်ပေါ်လာမယ့် Udemy လို Education Website အတွက် MDC ကနေ Branding ပိုင်းမှာဖန်တီးခွင့်ရခဲ့ပါတယ်...🙏🙏

အကောင်းဆုံးနဲ့ Creative အဖြစ်ဆုံး၊ Brand Identity ကို ပုံဖော်ပေးနိုင်မယ့် Logo Design
တွေရရှိဖို့အတွက် Myanmar Design Channel က တာဝန်ယူပေးပါရစေ။

28/03/2023

Photoshop ကို ကျနော်အမြဲတမ်းလေ့လာဖြစ်နေတဲ့ Youtube Channel တွေကို အလင်းပြပေးလိုက်ပါတယ်...

Photos from Myanmar Design Channel's post 22/03/2023

Adobe က အသစ်မိတ်ဆက်လာတဲ့ Firefly AI Tools

AI Generated Art/Images တွေဖန်တီးနိုင်တဲ့ Tools တွေ ဒီနှစ်မှာ တော်တော်ခေတ်စားလာတာကို လူတိုင်းသိကြမှာပါ။ ခေတ်အခြေအနေရ AI စျေးကွက်ခေတ်စားလာတာနဲ့အမျှ Adobe ကလည်း AI စျေးကွက်ထဲကို Firefly ဆိုတဲ့ အမည်နဲ့ စတင်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။

Firefly ဆိုတာ Adobe က ဖန်တီးထားတဲ့ AI တစ်ခုဖြစ်ပြီးတော့ Text to Image, Text Effect, Text to Pattern, 3D to Image, Text to Brush စတဲ့ feature တွေအစုံပါဝင်လာတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ Text to Image နဲ့ Text Effect ၂မျိုးကိုဘဲ သုံးလို့ရပါအုံးမယ်။

Adobe Firefly ဟာ ကျနော်တို့လက်ရှိသုံးနေတဲ့ Midjourney, DALL-E2 တို့ထက် Rendering Speed ပိုမြန်ပါတယ်။ Midjourney တို့ DALL-E2 တို့ထက် Prompt Option တွေကို ရွေးချယ်ရတာ ပိုကောင်းပါတယ်။

Firefly မှာ လိုချင်တဲ့ effect, art style တွေကို ကလစ်ထောက်ပြီးရွေးချယ်လို့ရသလို camera view, angle, position, lighting, composition တွေကိုလည်း ကလစ်ထောက်ပြီး ရွေးလို့ရပါတယ်။ Midjourney, DALL-E2 တို့ကျတော့ Output result ကောင်းဖို့ prompt ထဲမှာ အပြည့်အစုံထည့်နိုင်မှ Result ကောင်းတာဖြစ်ပါတယ်။

ကျနော်တို့ Myanmar Design Channel က Adobe Firefly ကို စမ်းသပ်အသုံးပြုခွင့်ရထားတာကြောင့် ပုံအနည်းငယ်ကို စမ်းသပ်ဖော်ပြထားပါတယ်။

Adobe ရဲ့ ထုတ်ပြန်ချက်အရ Firefly က ဖန်တီးပေးတဲ့ Artworks တွေက Artist တွေရဲ့ လက်ရာတွေ၊ ဒေတာတွေကို အသုံးချထားတာ မဟုတ်ဘူးလို့ သိရပါတယ်။

Result တွေကတော့ ကျေနပ်အားရမှုရှိပါတယ်။ AI တွေရဲ့ ထုံးစံအတိုင်း လူတွေရဲ့ လက်ချောင်းတွေကို ဖန်တီးဖော်ပြတဲ့အခါ အားနည်းချက်ရှိနေပါသေးတယ်။

သဘောအကျဆုံးအချက်ကတော့ Firefly ရဲ့ Photo Style Result တွေဘဲ ဖြစ်ပါတယ်။ ရုတ်တရက် ကြည့်မယ်ဆိုရင် ဓာတ်ပုံရိုက်ထားသလားလို့တောင် ထင်ရပါတယ်။

လက်ရှိမှာတော့ Firefly Beta Program ကို Public တန်းသုံးလို့ရအုံးမှာမဟုတ်ဘဲ Joinlist အရင်တင်ပြီး Adobe ဘက်က Approve လုပ်ပေးမှ သုံးလို့ရအုံးမှာ ဖြစ်ပါတယ်။

လောလောဆယ် MDC အနေနဲ့ AI Generated Tools တွေထဲမှာ သဘောအကျဆုံးဆိုရင် Midjourney Version 5, Adobe Firefly နဲ့ DALL-E2 တို့ဘဲ ဖြစ်ပါတယ်။

Want your business to be the top-listed Computer & Electronics Service in Mawlamyine?
Click here to claim your Sponsored Listing.

Category

Website

Address


Taung Wine Road
Mawlamyine
12011

Opening Hours

Monday 09:00 - 17:00
Wednesday 09:00 - 17:00
Friday 09:00 - 17:00