Travel Friend

Travel Friend

Share

08/06/2021

Air KBZ and MNA မှ
ကော့သောင်း၊ ထား၀ယ်၊ မြိတ်၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကလေးမြို့များအား Jun 15 ထိ ပျံသန်းပြေးဆွဲမှု ယာယီ ရပ်နားထားပါတယ်ရှင်....

Photos from Travel Friend's post 06/09/2020

7.9.2020 ရက်နေ့မှစတင်ကာ
မန္တလေးမြို့သို့ လာရောက်မည့်သူများ မိမိနေထိုင်ရာ ရပ်ကွက်/ကျေးရွာ ထောက်ခံချက်ပါရမည်။
Stay at home အစီအစဥ်တွင်ပါဝင်သည့် မြို့နယ်များမှလာသူများ FQ ၁၄ရက်ဝင်ပြီး ဓာတ်ခွဲနမူနာ (၂)ကြိမ်ယူရမည်။ ပိုးမတွေ့ပါက HQ/FQ ၇ရက်ထပ်နေရမည်။

Credit to YeLwin

02/09/2020

မြန်မာနိုင်ငံမြောက်ဖျားဒေသမှာ 🥶🏂 နှင်းတွေဖွေးဖွေးလှုပ်အောင်ကျနေတဲ့ တောင်ပေါ်မြို့လေးရှိပါတယ်။ အဲ့တာကတော့ ဒုတိယဂျပန်မြို့လို့တင်စားခံရတဲ့ ပန်ဝါမြို့လေးပါပဲ။

ပန်ဝါရောက်ရင် 💦🌸 နှင်းတွေဖွေးနေတာပဲကြည့်မနေနဲ့ဦးနော်။ အနီးအနားက ရောက်တုန်းရောက်ခိုက် ဘယ်နေရာတွေသွားလည်သင့်လဲဆိုရင် ~ 🏔️

⛄ - နှင်းကျတဲ့နေရာ
⛄ - ချန်းရင်းခူးတောင်
⛄ - ရိုမန်ကက်သလစ်ဘုရားကျောင်း
⛄ - နှစ်ခြင်းဘုရားကျောင်း
⛄ - ဒိန်းထန်းရွာဈေးနေ့(၅ရက်တစ်ဈေး)
⛄ - တရုတ်ပြည်နယ်စပ်မြို့မှာဈေးဝယ်လို့ရ
⛄ - ပန်ဝါဈေး
ပန်ဝါမြို့မှဆက်ပြီးလည်ပတ်ချင်သူတွေအတွက်--
⛄ -ထိန်ချုံးမြို့(တရုတ်)
⛄ - ကောင်းဖန့်ရွာနှင့်ဖရဲရွာ (ရှုခင်းအလှဆုံး)
⛄ - ချီဖွေမြို့

ပန်ဝါကတစ်နှစ်ပတ်လုံးအေးတဲ့ရာသီဥတုရှိပြီး 🏔️ ဆောင်းတွင်းဆိုရင်တော့ပိုအေးပြီး ရေခဲမှတ်အောက်ကျဆင်းပြီးရေတွေအေးခဲကုန်တယ်။ အဓိကပိုအေးစေတာက လေတိုက်လို့ပါ။ ဆောင်းတွင်းမှာလေတိုက်ပြီဆို အရိုးကျောထဲကိုစိမ့်နေအောင်အေးတာ။ ပန်ဝါကနေထပ်သွားရတဲ့ရွာဘက်မှာတော့ အများပြီးကျတယ်လို့သိရတယ်။

ရေကတော့ခဲတယ်။ ညကခပ်ထားတဲ့ပုံးထဲကရေတွေဆိုခဲကုန်လို့ 🏔️ မနက်ဆိုရေခဲတုံးကြီးကို ထုခွဲပြီးပြန်ကြိုရတယ်။ နွေရာသီဆိုအရင်ကအေးတယ်။ ခုတော့နည်းနည်းပူတယ်လို့ ဒေသခံတွေဆီက သိရတယ်။ တရုတ်ပြည်နယ်စပ်မှာတော့ အသီးပေါတယ်။ နာမည်ကြီးတာက နေကြာစေ့.. တရုတ်မုန့်တွေလည်းစုံတယ်။ ပန်ဝါဈေးမှာက ငါးတွေအရှင်လတ်လတ်ကန်ထဲမှာထည့်ပြီးရောင်းတယ်။

ပြောရင်းနဲ့‌တောင် သွားချင်လာပြီ။ 🙂 သို့သော် ငဗစ်နှိပ်စက်နေဆဲကာလမို့ သွားလို့ရမယ့်အချိန်ထိ စိတ်ရှည်သီးခံစောင့်စားရတော့မှာပေါ့။ So Sad ~! 🥺

သင့်ကိုယ်သင်ယုံကြည်ပါ။
ပျော်ရွှင်မှုတွေရှာဖွေဖို့ ခရီးတွေအများကြီးသွားပါ။

12/08/2020

မိုးရာသီမှာ 🌦️ အုံ့အုံ့မှိုင်းမှိုင်းနဲ့ တစ်ကိုယ်တော်လွင့်ချင်သူတွေ၊ မိသားစုလိုက်အပန်းဖြေချင်သူတွေ ရွေးချယ်သင့်တဲ့နေရာကတော့ ''ပုဂံ''ပဲဖြစ်ပါတယ်နော်။

မိုးရွာပြီးစအလှတရားတွေနဲ့ 🌦️ ပုဂံမြင်ကွင်းတွေဟာ သိပ်ကိုကဗျာဆန်လွန်းပါတယ်။ မြေနံ့သင်းသင်းနဲ့ အရာရာဟာ စိမ်းလန်းနေတာကြောင့်လည်း ပုဂံရဲ့အလှဟာ မိုးရာသီမှာ ပိုပြီးနုသစ်နေသလိုပါပဲ။

မိုးရာသီမှာ ပုဂံသွားမယ်ဆိုရင် -
🌳 ပုဂံကို Budget Trip အနေနဲ့သွားချင်ရင်လည်း မိုးရာသီက အဆင်ပြေဆုံးပဲ။ မိုးရာသီမှာ နာမည်ကြီးဟိုတယ်တွေဈေးချထားလို့ အရမ်းတန်တဲ့ဈေးနဲ့ ဟိုတယ်အကောင်းစားမှာ သာသာယာယာသွားနှပ်လို့ရပါတယ်။

🌳 အသည်းကွဲတဲ့အခါ ပုဂံရဲ့မိုးရာသီမြင်ကွင်းတွေကို မဖြစ်မနေသွားကြည့်သင့်ပါသတဲ့။ နှစ်ထောင်ပေါင်းများစွာက စေတီပုထိုးလက်ရာတွေကို မိုးရာသီမှာ မြင်တွေ့ခံစားရတာက လူ့ဘဝရဲ့အနှစ်သာရတစ်ခုပါပဲ။

🌳 မိုးတိမ်လေးတွေရဲ့အောက်မှာ ပုဂံဘုရားတွေဟာ အလှတစ်မျိုးနဲ့ရှိတာကြောင့် ဓာတ်ဖမ်းချင်သူတွေအတွက် ရွှေပါပဲနော်။ ပြီးတော့ မိုးမိမှာလည်း မပူနဲ့။ ဘုရားတွေမှာ မိုးခိုလို့လည်း ရသေးတယ်။

🌳 အညာဒေသဖြစ်တဲ့ပုဂံဒေသဟာ မိုးရာသီမှာ စိမ်းစိုလှပနေပါတယ်။ အထူးသဖြင့် ရေပြည့်နေတဲ့ ဧရာဝတီမြစ်နဘေးကနေ ပုဂံဘုရားတွေကြည့်ရတာ အရသာတစ်မျိုးပါပဲ။

ကုမ္ပဏီဝန်ထမ်းတွေအပြင် 👭 မိသားစုလိုက်ရော 👪 အပေါင်းအသင်းသူငယ်ချင်းတွေနဲ့ပါ သွားရောက်လည်ပတ်ချင်တဲ့နေရာတွေကို Private Tour အနေနဲ့ 🧡🧡 Best Travel Friend မှအကောင်းဆုံးစီစဉ်ပေးပါတယ်ရှင့်။

အသေးစိတ် ထပ်မံသိရှိလိုပါက -
📲 Hotline : 09 444 026 862 (viber) / 09 694 40 6862

Want your business to be the top-listed Travel Agency in Mandale?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


75 Street, Corner Of 9th Street, Mandalay
Mandale
05013

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00