Victory Insurance Agency
25/01/2021
နိုင်ငံသားပုဂ္ဂလိကလုပ်ငန်းရှင်များအားပြည်တွင်း အသက်အာမခံကုမ္ပဏီတစ်ခုနှင့် အထွေထွေအာမခံကုမ္ပဏီတစ်ခု လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထပ်မံခွင့်ပြုမည်
12/10/2020
☢☢☢ ငါးမန်းရှိသည် ဆိုတဲ့ ဆိုင်းဘုတ်ရှိသော်လည်း လူတွေဟာ ကမ်းစပ်မှာ ပျော်နေကြတယ်။ ငါးမန်းက ကုန်းပေါ် တက် မကိုက်ဘူး။ ရေတိမ်မှာလည်း ငါးမန်း မကိုက်ဘူးလို့ ယုံကြည်တဲ့အတွက် ရေဆင်းကူးနေကြတယ်။ ။
☢☢☢ ရေထဲဆင်းရင် ငါးမန်းကိုက်နိုင်တဲ့ ကမ်းခြေမှာ ရောက်နေတဲ့ အနေအထားကို Hazard လို့ ခေါ်ပြီး၊ ငါးမန်းရှိတဲ့ ရေထဲ ဆင်းမိတာကို Risk လို့ ခေါ်တယ်။ ကုန်းပေါ်နေသူနဲ့ ရေထဲ ဆင်းမိသူ ၂ ယောက်ကြား ကွာခြားချက်ကတော့ ငါးမန်းကိုက်ခံရနိုင်တဲ့ Probability ပဲ ကွာခြားတာ ဖြစ်ပါတယ်။ ဒီတော့ Hazard နဲ့ Risk ဟာ Probability အနည်း အများပဲ ကွာခြားတာပါ။
☢☢☢ နိုင်ငံခြားတိုင်းပြည်တွေမှာ Covid-19 စဖြစ်နေတဲ့ ကမ္ဘာကြီးပေါ်မှာ နေသူတစ်ယောက်ဟာ Hazard ရှိနေတာဖြစ်တယ်။ သို့သော် အခုလို ဟိုနား ဒီနားက Positive ထထ ဖြစ်နေတဲ့ မြန်မာပြည်မှာ နေသူ တစ်ယောက်အတွက် Covid-19 Risk ရှိနေတာ ဖြစ်ပါတယ်။
☢☢☢ အခုမြန်မာပြည်မှာ လူတွေ Mask မတပ်တာ လက်မဆေးတာ လူချင်း ဝေးအောင် မကြိုးစားတာတွေဟာ Risky condition ဖြစ်နေတာကို သူတို့ နားမလည် လက်မခံသေးလို့ ဖြစ်ပါတယ်။
ဒေါက်တာမောင်မောင်ဦး(AP, MGH)
27/09/2020
"VIA ၏ ပိတ်ရက်မရှိ ကျန်းမာရေးအာမခံ ဝန်ဆောင်မှု"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယခုအခါတွင် COVID -19 ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါကြီးသည် ကျွန်တော်တို့ မြန်မာနိုင်ငံတွင် လည်း တစ်နေ့တစ်ခြား တိုးတက်များပြားလာပါသည်။
အဆိုပါ ကူးစက်ရောဂါပိုး မဝင်ရောက်စေရေးအတွက် အကောင်းဆုံးသောနည်းလမ်းမှာ မိမိအိမ်တွင် နေထိုင်ခြင်းပင် ဖြစ်ပါသည်။
လူလူချင်း အသက်ရှုလမ်းကြောင်းမှ တစ်ဆင့်ကူးစက်မှုလျှင် မြန်လွန်းသဖြင့် မတော်တဆမိမိ၌ ရောဂါဖြစ်ပွား၍ ဆေးရုံတက်ရပါက မိသားစုအတွက် နောက်ဆံမတင်း မပူပင် ရစေရန်အတွက် ကျန်းမာရေးအာမခံ ဝယ်ထားရန်အကြံပြုလိုပါသည်။
မိမိတို့ VIA မှ အထူးအစီအစဉ်အနေဖြင့် ကျန်းမာရေးအာမခံ ရှင်းလင်းရောင်းချခြင်းကို ပိတ်ရက်မရှိ online မှတဆင့် ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်းသတင်း ကောင်းပါး အပ်ပါသည်။
အသေးစိပ်သိရှိလိုပါက၊ ဝယ်ယူလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Victory Insurance Agency
09 974418 444/777
Update>> Quarantine
*Facility quarantine ၇ ရက်
၅ ရက်မြောက် swab ယူ
၇ရက်မြောက် အဖြေထွက် negative ဖြစ်လျှင် အိမ်ပြန်..
Home quarantine ၇ရက်ဆက်နေ..
စုစုပေါင်း ၁၄ ရက်ပြည့်လျှင် လွတ်လပ်မည်..
*primary contact.. အိမ်တွင် ရောဂါသည်ရှိလျှင် facility quarantine သာ ၁၄ ရက်ပြည့်အောင်ဆက်နေပါ..
*ကျန်မာရေးဝန်ထမ်းများ GP များ positive လူနာနှင့်ထိတွေ့စဉ် surgical gown face shield ပါသော level 2 PPE ဝတ်ထားလျှင် ၁ ရက်ကြာလျှင် swab ယူ.. ၃ ရက်မြောက် အဖြေထွက်..negative ဖြစ်လျှင် အလုပ်ပြန်ဝင်..
Level 2 ဝတ်မထားလျှင် ၁ ရက်ကြာလျှင် swab ယူ.. negative ဖြစ်လျှင် ၃ ရက်ကြာလျှင် ဒုတိယအကြိမ် swab ယူ.. negative ထွက်လျှင် အလုပ်ပြန်ဝင်
**Positive လူနာများ ဆေးရုံတက်ရမည်..
•သာမန်ရောဂါ လက္ခဏာ ပျော့ လျှင် ၁၁ ရက်ပြည့်ပြီးလျှင် ဆေးရုံဆင်း..
•ပြင်းလျှင် ၂၁ ရက်ပြည့်ပြီးမှ ဆေးရုံဆင်းမည်..
•ရောဂါ လက္ခဏာ မရှိလျှင် positive အဖြေထွက်သည့်နေ့မှ စပြီး ၁၁ ရက်ပြည့်လျှင် ဆေးရုံဆင်းမည်..
•ဆေးရုံဆင်းများ home quarantine ၁ ပတ် ဆက်နေရမည် ဖြစ်ပါသည်..
မှတ်ချက်>>ဆေးရုံမှ မဆင်းမီ paracetamol မသောက်ပဲ အဖျားမရှိ ရောဂါ လက္ခဏာ မရှိရန် ၁ ရက်သာ လိုပါသည်.. သာမန်လူနာအများစုမှာ ရောဂါ လက္ခဏာပြပြီး ၇ ရက်အတွင်း သက်သာကြမည်.. သို့သော် ၁၁ ရက်ပြည့်မှ ဆေးရုံဆင်းမည်ဖြစ်ပါသည်။
#ဦးဇော်ဝေစိုး
Click here to claim your Sponsored Listing.
Category
Website
Address
Mandale
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |