Point Delivery Service

Point Delivery Service

Share

23/05/2026

ကာကာမှ တစ်ကွက်ပြန်ပြသွားသောအခါ😂

ဲ့ပက်သက်ပြီးတစ်စုံတစ်ခုအဆင်မပြေပါက09751117671ကိုဆက်သွယ်ပေးပါအဆင်ပြေအောင်ဆောင်ရွက်ပေးပါမယ်

#ဖြေရှင်းပေးနိုင်မယ့်ဖုန်းကိုတိုက်ရိုက်မဆက်ဘဲမန့်တွေမှာလိုက်မန့်နေသူများအားpageမှbanပါမည်

28/04/2026

ရုံးတွင်းပိုင်း အလုပ်ခေါ်စာ🤗

❌အတန်းပညာမလို / ကျောင်းပြီးစရာမလို /ဘွဲ့ရစရာမလို

❌လုပ်ငန်းအတွေ့အကြုံမလို ပါ

✅ကွန်ပြူတာ Typing ရိုက်တတ်ရင် အလုပ်လျှောက်လို့ရပါပြီ

✅ကွန်ပြူတာ Typing မရပါက ဖုန်းနဲ့စာဖြေ reply လုပ်တဲ့ Page Admin ပိုင်းလျှောက်လို့ရပါတယ်

အခြေခံလစာ = 330,000
ရက်မှန်ကြေး = 50,000 + ရက်တွက်
အချိန်မှန်ကြေး = 20,000

Bonus အနေနဲ့
နားရက် ၁ရက်မနားရင် 10,000 ks + ရက်တွက်
နားရက် ၂ရက်မနားရင် 20,000 ks + ရက်တွက်
နားရက် ၃ရက်လုံးမနားရင် ရက်မှန်ကြေး 50,000 + ရက်တွက်

၁လကို နားရက် ၃ရက်ပေးထားပါတယ်။

အလုပ်ချိန်ကတော့ မနက်၈ ညနေ၆ပါ
၅နာရီလောက်ဆို ပြီးပြီမလို့ စောရင်စောသလို ပြန်လို့ရပါတယ်

နှစ်စဉ် တစ်နှစ်ပြည့်တိုင်း Bonus ၁သိန်းကျပ်

လုပ်ငန်းပိုင်းနဲ့ပက်သတ်ပြီး စီနီယာလေးတွေက အကုန်သင်ကြားပေးသွားမှာပါ

****

လူတွေ့အင်တာဗျူးဖြစ်တာမလို့

အလုပ်လာလျှောက်လိုပါက

လိုအပ်ချက်များ
Cv ဖောင်
အိမ်ထောင်စုဇယားမိတ္တူ
မှတ်ပုံတင်မိတ္တူ

အလုပ်လာလျှောက်မယ်ဆို ဖုန်းကြိုဆက်ပေးပါ

အလုပ်လာလျှောက်ရမည့်လိပ်စာ
44*45_110F

အလုပ်လုပ်ရမည့်လိပ်စာ
109C_51*52

09751117671
09766041773

25/04/2026

Point Delivery ၏ မိတ်ဖက် ဆိုင်ရှင်များသို့ အထူးအသိပေး ကြေညာချက်❗❗❗

မင်မင်တို့ အနေဖြင့် တရားဝင် အော်ဒါလက်ခံခြင်းကို Page (သို့မဟုတ်) Viber မှတစ်ဆင့် ပါဆယ်ပုံစံများ ပေးပို့၍ လက်ခံဆောင်ရွက်လျက်ရှိပါသည်☺️

ပါဆယ်ပုံ ပို့ရန် အဆင်မပြေပါက အပ်နှံမည့် ပါဆယ်အရေအတွက် အတိအကျကို ကြိုတင် အသိပေးရန် လိုအပ်ပါသည်🙏

Rider လာယူသည့်အချိန်တွင် ပါဆယ် ထပ်တိုးရှိပါကလည်း စုစုပေါင်း အရေအတွက်ကို ရုံးသို့ တရားဝင် အသိပေးရပါမည်🙏

ရုံးသို့ အသိပေးခြင်းမရှိဘဲ Rider ထံသို့ ပြီးစလွယ် ထည့်ပေးလိုက်သော ပါဆယ်များအတွက် ပျောက်ဆုံး/ပျက်စီးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ရုံးမှ လုံးဝ (လုံးဝ) တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ပါ❌

မကြာသေးမီက အချို့သော Online Shop များသည် ရုံးသို့ တရားဝင် အသိပေးခြင်းမရှိဘဲ Rider များနှင့် နောက်ကွယ်မှချိတ်ဆက်ကာ အခကြေးငွေ သက်သာစေရန် စီးပွားရေးကျင့်ဝတ် ကင်းမဲ့စွာ ပါဆယ်အပ်နှံမှုများ ပြုလုပ်နေကြောင်း စစ်ဆေးတွေ့ရှိရပါသည်🥲

ယခုအချိန်မှစ၍ ရုံးသို့ တရားဝင် အပ်နှံခြင်းမရှိဘဲ Rider များနှင့် နှစ်ကိုယ်ကြား ချိတ်ဆက် လုပ်ဆောင်မှုများကို စစ်ဆေးတွေ့ရှိပါက-
၁။ သက်ဆိုင်ရာ Rider အား အလုပ်မှ ချက်ချင်း ထုတ်ပယ်သွားမည် ဖြစ်ပြီး၊
၂။ သက်ဆိုင်ရာ Online Shop အား Point Delivery ၏ Black List (အမည်မည်းစာရင်း) အဖြစ် သတ်မှတ်ကာ ရာသက်ပန် ဝန်ဆောင်မှုပေးခြင်းကို ရပ်ဆိုင်းသွားမည် ဖြစ်ပါသည်✅

လုပ်ငန်းတစ်ခု ရေရှည် ခိုင်မာတည်တံ့ဖို့ဆိုတာ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များအကြား အပြန်အလှန် ယုံကြည်မှု၊ တာဝန်ယူနိုင်မှုနဲ့ အဆင့်အတန်းရှိတဲ့ စီးပွားရေးကျင့်ဝတ်တွေအပေါ်မှာ အခြေခံပါတယ်🥰

လုပ်ငန်းရှင်အချင်းချင်း စီးပွားရေးကျင့်ဝတ်များကို လေးစားလိုက်နာလျက်၊ ယုံကြည်စိတ်ချရသော စစ်မှန်သည့် မိတ်ဖက်များအဖြစ် အဆင့်အတန်းရှိရှိ ဆက်လက် လက်တွဲ လုပ်ဆောင်သွားရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်🙏

ဲ့ပက်သက်ပြီးတစ်စုံတစ်ခုအဆင်မပြေပါက09751117671ကိုဆက်သွယ်ပေးပါအဆင်ပြေအောင်ဆောင်ရွက်ပေးပါမယ်

#ဖြေရှင်းပေးနိုင်မယ့်ဖုန်းကိုတိုက်ရိုက်မဆက်ဘဲမန့်တွေမှာလိုက်မန့်နေသူများအားpageမှbanပါမည်

Want your business to be the top-listed Business in Mandale?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandale
MANDALAY

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00