Brain Box Acumen
22/04/2026
Operation ပိုင်း တကယ်အားကိုးတဲ့ Supervisor တွေ ဖြစ်လာစေဖို့ Supervisory Skills Training
လုပ်ငန်းဦးဆောင်မှုအပိုင်းလို့ ပြောလိုက်ရင် တော်တော်များများက
လုပ်ငန်း မှာ အမြင့်ဆုံး ဆုံးဖြတ်ချက်တွေ ချမှတ်ရတဲ့ Executive Level ၊ Decisional Role တွေလို့ သိထားကြပါတယ်။
တကယ်တော့ ဒီ Level တွေက ဆုံးဖြတ်သမျှကို အကောင်အထည်ဖော်ဖို့ဆိုတာ အဆင့်ဆင့် တာဝန်ယူဦးဆောင်ပေးရတဲ့ စီမံခန့်ခွဲသူ (Manager)၊ ကြီးကြပ်သူ (Supervisor)တွေ မရှိလို့ မဖြစ်ပါဘူး။
Decisional Role က ချမှတ်တဲ့ မဟာဗျုဟာ နှင့် ဆုံးဖြတ်ချက်တွေကို
စီမံခန့်ခွဲသူက တစ်ဆင့် ငယ်သားတွေဆီကို သတင်းအချက်အလက် (Information) နှင့် လုပ်ငန်းအရင်းအမြစ် ( Resources) တွေကို ခွဲဝေပေးရတယ်။
လုပ်ငန်းရဲ့ အဓိက ယိုစိမ့်ပေါက် မရှိအောင် သူ့နေရာနဲ့သူ လည်ပတ်နေဖို့က လုပ်ငန်းရဲ့ ကျောရိုးဖြစ်တဲ့ Supervisor တွေက ကြီးကြပ်ပေးရပါတယ်။
ကြီးကြပ်တယ် ဆိုတဲ့နေရာမှာ လုပ်ငန်းကို ကိုယ်တိုင် ပါဝင်လုပ်ဆောင်တတ်ရုံနဲ့ မရဘူး။ စိစစ်ပေးနိုင်ရမယ်။
ကျွမ်းကျင်ရုံနဲ့ မရဘူး။ စနစ်အတိုင်း လည်ပတ်အောင် ဦးဆောင်ပေးရတယ်။
လုပ်အား ၊ ငွေအား လစ်ဟာမှု မရှိအောင်
အချိန်မီ အလုပ်ပြီးမြောက်မှုရှိအောင် ငယ်သားတွေကို တိုက်တိုက်တွန်းတွန်း ဦးဆောင်ပေးနိုင်ဖို့ လိုပါတယ်။
ဒါကြောင့် Supervisor ရဲ့ အရည်အချင်းကို သူ့ငယ်သားတွေ ဘယ်လောက်အတိုင်းအတာအထိ အလုပ်မှာ သေသေသပ်သပ် ပြီးမြောက်မှုရှိလဲ နဲ့ တိုင်းတာပါတယ်။
Supervisor ကောင်းရင် လုပ်ငန်းရှင်အတွက် ယိုပေါက်ဟာပေါက်နည်းမယ် ။ အရည်အသွေး ငြိမ်မယ် ။ ထုတ်လုပ်မှုစွမ်းရည်တွေ တိုးလာနိုင်ပါတယ်။ စနစ်တကျ လည်ပတ်တဲ့ လုပ်ငန်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
လက်ရှိ လုပ်ငန်းခွင်တိုင်းမှာ Supervisor တွေ ပေါပေမယ့် Supervisor ကောင်းဖြစ်ဖို့ မလွယ်ပါဘူး။
သင်က Supervisor တစ်ယောက် ဖြစ်တယ်
ဒါပေမယ့် ကိုယ့်ရဲ့ငယ်သားတွေကို ပြောရဆိုရခက်နေတယ်။ လုပ်ငန်းခွင်မှာ အခုထက်ပိုပြီး ယုံကြည်မှုရှိရှိ လုပ်ကိုင်ချင်တယ်။ ပိုကောင်းတဲ့ အခွင့်အလမ်း လစာတွေ လိုချင်တယ်ဆိုရင် သင်တန်းတစ်ခူနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
[Advertisement : လာမယ့် မေလ ၁၁ ရက်နေ့မှာ ကျွန်တော်သင်မယ့် Supervisory Skills Training စပါတော့မယ်။ သင်ချိန် က တစ်ရက်ကို သုံးနာရီ ဖြစ်ပြီး သင်တန်းကာလက ၅ ရက် ဖြစ်ပါမယ်။ အလုပ်ချိန်အတွင်းမှာပဲ သင်ပါမယ်။ အလုပ်ချိန်ပြင်ပ မဟုတ်ပါ။ Online သင်တန်းလဲ မဟုတ်ပါ။]
*လက်ရှိမှာ ၆ ယောက် အပ်နှံထားပါပြီ *
မိတ်ဆွေ အလုပ်ရှင်များကိုလည်း မေတ္တာရပ်ခံချင်တာက ကိုယ့်အလုပ် ကို အခုထက်ပိုပြီး ကျစ်လစ်ခိုင်မာ တောင့်တင်းစေချင်ရင် Supervisor တွေကို သေသေချာချာ သင်ပေးပြီး မွေးယူပါ။ သူတို့ တော်နေ ကောင်းနေမှ ကိုယ်သက်သာပါလိမ့်မယ်။ မန်နေဂျာတွေ ခန့်ထားလိုက်ရုံနဲ့ အလုပ်တွေအားလုံး ပြီးမြောက်သွားမှာ မဟုတ်ပါဘူး။
ဒါကြောင့်မို့ အလုပ်ခွင်ထဲမှာ တကယ်ရှိနေတဲ့ Supervisor တွေကို အလုပ်ချိန်အတွင်းမှာပဲ သူတို့ရဲ့ လုပ်ငန်းခွင်ဝတ်စုံဝတ်ထားလျက်နဲ့ပဲ သင်တန်းရှိရာကျောင်းကို လွှတ်ပေးပါ။ သူတို့အတွက် လုပ်ငန်းရှင်များက အကုန်အကျခံပြီး မြှင့်တင်ပေးပါ။ သူတို့ကလည်း ကိုယ့်အလုပ်ကို အခုထက် ပိုကောင်းလာအောင် ကြိုးစားလုပ်ကိုင်လာကြပါလိမ့်မယ်။
လူငယ်တွေကို ကလန် ကဆန်မလုပ်နဲ့
Marketing 2.0
Click here to claim your Sponsored Listing.
Category
Contact the university
Telephone
Address
65th Street, Between 102 (A) & 103 Streets, Chanmyathazi Township Myothit-I
Mandalay
05011