Azure Internet Access

Azure Internet Access

Share

08/08/2024

ခေါင်းဆောင်လုပ်ပါ / ဆရာကြီးမလုပ်ပါနဲ့
=========================
ဆရာကြီးက အရာရာကျွမ်းတယ်
ခေါင်းဆောင်က အမှားကိုဝန်ခံတယ်
ဆရာကြီးက လုပ်ရမှာကိုပြောတယ်
ခေါင်းဆောင်က လုပ်ပြတယ်
ဆရာကြီးက အပြစ်ရှာတယ်
ခေါင်းဆောင်က အကြံပြုတယ်
ဆရာကြီးက အပြောနဲ့စတယ်
ခေါင်းဆောင်က နားထောင်ခြင်းနဲ့စတယ်
ဆရာကြီးက အမိန့်ပေးတယ်
ခေါင်းဆောင်က လမ်းညွှန်ပြတယ်
ဆရာကြီးက အရိုသေကြိုက်တယ်
ခေါင်းဆောင်က ရိုသေထိုက်တယ်
ဆရာကြီးက စည်းမျဉ်းနဲ့အုပ်ချုပ်တယ်
ခေါင်းဆောင်က မေတ္တာဂရုဏာရှေ့ရုူတယ်
ကိုယ်ရှိနေတဲ့နေရာမှာခေါင်းဆောင်ဖြစ်နေပါစေ

03/12/2023

တကယ်တမ်းကျတော့ ကျွန်မတို့က လူတွေနဲ့ဆက်ဆံရတဲ့အခါ…ကိုယ်ကောင်းနေရင်..သူ့ဘက်ကလည်း ကောင်းမှာပဲဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ဆက်ဆံမိတတ်ကြပါတယ်..။

သူကောင်းဖို့ မကောင်းဖို့ဆိုတာ..ကိုယ်ထိန်းချုပ်ကိုင်တွယ်လို့ရတဲ့ကိစ္စမျိုး မဟုတ်ပါဘူး..။ ကိုယ့်ဘက်က သူဘာပဲဖြစ်ဖြစ် ကိုယ်ကကောင်းမယ်ဆိုတဲ့စိတ်မျိုးထားနိုင်ဖို့ ကြိုးစားရပါမယ်..။ အဲဒါမှ မကောင်းတဲ့သူနဲ့ ဆုံရတဲ့အခါမှာ သင်ခန်းစာရယူနိုင်ပါလိမ့်မယ်..။

အခုနောက်ပိုင်းမှာတော့…ကိုယ်ကောင်းရင် သူများလည်း ကောင်းလိမ့်မယ်လို့ မျှော်လင့်ချက်ထားတတ်တဲ့ ကျွန်မက ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးရဲ့ ဆုံးမစကားတစ်ခွန်းကို နှလုံးသွင်းတတ်လာပါတယ်..။

“ လူတစ်ယောက် သဘောကောင်းနေတာ ပတ်ဝန်းကျင်ကကောင်းလို့ သဘောကောင်းတာကို မဆိုလိုဘူး..အဆိုးကြားထဲက အကောင်းဖြစ်ရမယ်..” ဆိုတဲ့ စကားလေးပဲဖြစ်ပါတယ်…။ ကိုယ်ကောင်းဖို့ပဲ လိုပါတယ်..။ သူကောင်းဖို့မလိုပါ..။

မြတ်ဗုဒ္ဓရဲ့ဆုံးမစကားတစ်ခွန်းရှိပါတယ်…။

“ ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့…။ လူကောင်းတွေက သင့်ကို ပျော်ရွှင်စေလိမ့်မယ်…။ ဆိုးတဲ့လူက..အတွေ့အကြုံတွေ ပေးလိမ့်မယ်..။ အဆိုးဆုံးလူက သင်ခန်းစာပေးလိမ့်မယ်..။အကောင်းဆုံးလူကတော့ အမှတ်တရတွေ ပေးပါလိမ့်မယ်…” တဲ့…။

#လွန်းထားထား
#ကိုယ့်ဘဝကကိုယ့်လက်ထဲမှာ

Want your restaurant to be the top-listed Restaurant in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


29st, Bet 62st & 63st, ChanAyeThaZan Tsp
Mandalay

Opening Hours

Monday 08:30 - 22:00
Tuesday 08:30 - 22:00
Wednesday 08:30 - 22:00
Thursday 08:30 - 22:00
Friday 08:30 - 22:00
Saturday 08:30 - 22:00
Sunday 08:30 - 22:00