MULSA
09/01/2021
အားလုံးပဲမင်္ဂလာပါ 🌾⚖️🌾
ကျွန်တော်တို့MULSAကနေ ဥပဒေကျောင်းသား၊ကျောင်းသူတွေအတွက် အကျိုးရှိစေမယ့်
ဥပဒေဆိုင်ရာ အသိပညာ၊ဗဟုသုတတွေကို
စဉ်ဆက်မပြတ်၊ အစီအစဉ်များစွာနှင့် တင်ဆက်ပေးလျက်ရှိပါတယ်။🤗
ယခုအခါမှာလည်း MULSAကနေ ဥပဒေကျောင်းသား၊ကျောင်းသူအားလုံးတက်ရောက်နိုင်တဲ့ Online Workshopလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။
အရင်က Workshopတွေမှာတော့ Copyright၊ Trademark အစရှိတဲ့ ဥပဒေတွေကို ဆရာကြီး၊ ဆရာမကြီးတို့က ပို့ချ သင်ကြားပေးခဲ့ပြီး ဖြစ်ပါတယ်။ ✍️
ဒီတစ်ခေါက် Online Workshopလေးမှာ မျှဝေပေးသွားမယ့် အကြောင်းအရာကတော့ "လယ်ယာမြေဥပဒေအကြောင်းသိကောင်းစရာ" နှင့် "လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုများ ဖြေရှင်းခြင်းနှင့်အယူခံဝင်ခြင်း"တို့ပဲဖြစ်ပါတယ်။ 🌾⚖️
ဒီ workshopလေးကို မျှဝေပေးသွားမယ့် ဆရာမကတော့ ဆရာမဒေါ်ဝင်းနန္ဒာထွဋ်ခေါင်(တရားလွှတ်တော်ရှေ့နေ)ပဲဖြစ်ပါတယ်။
✨ ဆရာမဟာ ယခုလက်ရှိ ✨
~ မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း(ILAM)မန္တလေးခရိုင်ရဲ့ ဒုဥက္ကဌတစ်ဦးလည်းဖြစ်ပြီး၊
~International Bridges to Justice Myanmar (IBJ Myanmar)ရဲ့ မန္တလေးတရားမျှတမှုစင်တာတွင် အကြီးတန်းရှေ့နေအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ပြစ်မှုဖြင့်စွပ်စွဲခံရသည့် ဆင်းရဲနွမ်းပါးသူများနှင့် တန်းတူအခွင့်အရေးမရရှိသူများအတွက် အခမဲ့အမှုလိုက်ပါဆောင်ရွက်ခြင်း၊ စွပ်စွဲခံရသူ(တရားခံ)ရှေ့နေများ၏ အခန်းကဏ္ဍကိုမြှင့်တင်ပေးခြင်း၊ ဥပဒေကျောင်းသား၊ကျောင်းသူများအား ဥပဒေအသိပညာများမျှဝေပေးခြင်း၊ ဥပဒေအကြံဥာဏ်ပေးခြင်းနှင့် ရပ်ရွာလူထုရှိပြည်သူများ တရားမျှတမှု လက်လှမ်းမီရရှိရေးအတွက် လုပ်ဆောင်ပေးလျက်ရှိပါတယ်။
ဒီ Workshopလေးကိုတော့👇
နေ့ရက် - ၁၃.၁.၂၀၂၁ နှင့် ၁၄.၁.၂၀၂၁
အချိန် - ညနေ ၃နာရီမှ ၅နာရီအထိ
နေရာ - Zoom Application ကတဆင့်
(၂)ရက်တိတိ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
တက်ရောက်မယ့်သူတွေကိုလည်း (၂)ရက်လုံး မပျက်မကွက်တက်ရောက်ပေးဖို့ ပြောချင်ပါတယ်။ စိတ်ဝင်စားတဲ့သူတွေအနေနဲ့ အောက်ပါ link ကနေတဆင့် စာရင်းပေးနိုင်ပါတယ်နော်။ လူဦးရေကန့်သတ်ထားလို့အမြန်ဆုံးလျှောက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျ🙌
Registration link:
https://docs.google.com/forms/d/1GcLyYUnFEHX1jkr62lJiFOOv0ZnX9WFRuaDVEtipBKo/
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Mandalay