Choice for u

Choice for u

Share

08/11/2024

I need happiness!

Photos from Choice for u's post 06/09/2022

I'm in depressed mood during these days!!!
There's no one to ease my feelings and pain.
Wanna run away from where i stay!
My tears are coming out automatically everytime i face with them!
What shall i do?????

😞😞😞

06/09/2022

credit!!!

လူတ်ိုင်း လူတိုင်းမှာလေ Depression ရှိတယ် ..... ချမ်းသာသူပဲဖြစ်ဖြစ် ဆင်းရဲသူပဲဖြစ်ဖြစ် အနည်းနဲ့ အများတော့ စိတ်ဓါတ်ကျ တတ်ကြတယ်......

ဆိုပါတော့..... လူဟာ အသိုင်းအဝိုင်းဆိုတဲ့ စက်ဝိုင်းထဲမှာ နေတယ် ...... နေရင်း နေရင်း နဲ့ အပြိုင်အဆိုင် အတိုက်အခိုက်တွေ ကြောင့်, အချစ်ရေး ပြသနာ ကြောင့်, မျှော်လင့်ချက် ပျက်စီးသွားရလို့ , ချစ်တဲ့ အရာတွေ ဆုံးရှုံးသွားရလို့ စိတ်ဓါတ်က ကျတယ် ..... တခိ်ျု့လူတွေက စိတ်မာတယ် .... ကျလဲ ခဏပဲ.... တခ်ျု့က နဂိုထဲက စိတ်ပျော့တော့ စိတ်ဓါတ်ကျပြီးရင် တော်ရုံ နလန်မထူနိုင်ဘူး ....... အများစုက သာမာန် စိတ်ကြံ့ခိုင်မှုရှိတဲ့လူတွေပါ ..... ဒါပေမဲ့ ထပ်ခါ ထပ်ခါ ကျရှုံးစရာကြူံလာကြရတဲ့အခါ depression ဟာ စိတ်ထဲ အမြစ်တွယ်လာတော့တယ် ......

Depression ဝင်ပြီဆိုတာနဲ့ တပြိုင်နက် ခုနက ပြောခဲ့တဲ့ စက်ဝိုင်း အပြင်ဘက်ကို ရောက်မှန်းမသိ ရောက်လာကြတော့တာပါပဲ ...... ခြေတလှမ်းချင်း ဆုတ်ရင်း ဆုတ်ရင်း နဲ့ စက်ဝိုင်းအပြင်ဘက်ရောက်မှန်းမသ် ရောက်နေကြသူတွေချည်းပဲ ...... ကျွန်မတို့ကိုယ်တ်ုင်ရော စက်ဝိုင်းထဲမှာ ဆိုတာ သေချာရဲ့လား ? မသေချာဘူးနော် .... ဝင်လိုက် ထွက်လိုက်ပဲ ......
ဒါပေမဲ့ This is just normal ပါ ...... ကျရှုံးတယ် စိတ်ဓါတ်ကျတယ်.... ပြီးရင် ပြန်တည်ဆောက်တယ် ... ပြန်ထတယ်...... Then its ok လေ ....... ဒါပေမဲ့ တချု့တွေကျတော့ စိတ်ထဲမှာ Deep depression ရှိနေတယ် .......

သူဟာ ဘာလုပ်လုပ် မပျော်ဘူး ...... ရူံးတက်တယ် ... အလုပ်လုပ်တယ် .... တာဝန် ဝတ္တရားကြောင့်ပဲ .... သူ့မှာပျော်ရွှင်မှု ခံစားချက်မရှိဘူး ......
ပြန်လာတယ် .... မိဘ မောင်နမ ချစ်သူ တို့နဲ့ တွေ့တယ် .... စကားပြောတယ် .... မုန့်စားတယ် ..... ဒါဟာလဲ ဝတ္တရားပဲ .... ပျော်ရွှင်မှု ဝမ်းသာမှု ဝမ်းနည်းမှု ဘာမှ မရှိဘူး ........ ဘာလို့လဲဆိုတော့ သူက သူ့ဘဝသူ ပျောက်ဆုံးနေတာလေ...... စိတ်ရဲ့ ဟ်ုးအောက်ခြေမှာ Deep depression ရနေတယ် .... ရလို့ ရနေမှန်း သူ့ကိုယ်သူတောင် သိချင်မှ သိမယ် ...... အဲလို လူမျိူးတွေ တယောက်မဟုတ် တယောက် ပတ်ဝန်းကျင်မှာ ရှိကိုရှိတယ် .... ကိုယ်တောင်ဖြစ်ချင် ဖြစ်နေမှာ ....

ကျွန်မတို့က ဒီဘဝမှာ လူဖြစ်လာကြပြီ ..... နောက်ဘဝဆိုတာ မသေချာဘူး.... လူဖြစ်ချင်မှ ဖြစ်မှာ .... ဖြစ်ရင်တောင် အခုလို ကိုယ်လက်အင်္ဂါ အစုံအလင်နဲ့ ကျန်းမာရေးကောင်းတဲ့လူ ဖြစ်ချင်မှ ဖြစ်မှာ ..... အဲဒီတော့ ဒီဘဝမှာ လုပ်ချင်တာကို လုပ်ခွင့်ရှိတဲ့ အချိန်မှာ လုပ်ရမယ် ..... Depression ရဲ့ သားကောင် ဖြစ်နေရင် နှမြောစရာကြီး.......

🖤ကိုယ့်ကိုယ်ကို ပြန်ရှာဖွေပါ ....... ကိုယ့်ပတ်ဝန်းကျင်ကို တချက် သတိပြုပါ ...... ကိုယ်လျှေက်နေတဲ့ လမ်းကို ပြန်ကြည့်ပါ ......
🖤လူတိုင်း စိတ်ဓါတ်ကျပါတယ် ..... ကျွန်မလဲ စိတ်ဓါတ်ကျတာပဲ .... သတ်မသေရဲလို့ မသေကြပေမဲ့ ပျော်လဲ မပျော် စိတ်လဲမကြည်သာတဲ့ ဘဝမှာ မနေပါနဲ့တော့ ......
🖤လူ့အသိုင်းအဝိုင်း စက်ဝိုင်းထဲကို ပြန်ဝင်ပါ ...... လူတွေကို ပြန်ထိတွေ့ပါ ...... လူတိုင်းဟာ ကိုယ့်အပေါ် မဆိုးကြပါဘူး ......
🖤လေလွင့်နေတဲ့ စိတ်ကို ဖိဖိစီးစီး စုစည်းပါ ..... ( ဘုရားစာရွတ်တာမျူ်း , တရားထိုင်တာမျိူး )
🖤စိတ်ကို ပိတ်လှောင် မထားပါနဲ့ ... ထွက်ပေါက်ပေးပါ ( ရုပ်ရှင်ကြည့် သီချင်းဆို သီချင်းနားထောင် ဂိမ်းဆော့)
🖤နာကျင်ခဲ့ရတာတွေကို မေ့ပစ်ပါ ....
🖤ပြီးတော့ ပတ်ဝန်းကျင် အသစ်ကို ထိတွေ့ပါ ( ခရီးမသွားနိုင်ရင်တောင် ပန်းခြံထဲ လမ်းလျှေက်တာဖြစ်ဖြစ် , ဘုရား သွားတာဖြစ်ဖြစ် ) ပေါ့....

ကျွန်မလေ အကြီးအကျယ် စိတ်ဓါတ်ကျဖူးတယ် .... သောက်လို့မူးလဲ မူးတဲ့ အချိန်ပဲ စိတ်ပျော်ရတာ .... ပြီးတော့ hangover ဖြစ်တာနဲ့ ဘာနဲ့ မကာမိဘူး ..... နောက်ဆုံး ဘာကြောင့်လွတ်မြောက်လာသလဲဆိုရင် ဘုရား သွားတာပဲ ...... ဘာဆုမှ မတောင်းပဲနဲ့ ငြိမ်ငြိမ်လေးထိုင်နေရင်း တခါတလေ တရားမှတ်ချင် မှတ်တယ် .... တခါတလေ ဒီတိုင်းထိုင်နေတယ် .... တရက်ပြီး တရက်ကြာလာတော့ စိတ်အေးချမ်းမှု ကိုရလာတယ် .... စိတ်က ပြန်ကြည်လင်လာတယ်... အချိန်တော့ ပေးရတယ် ....... ကျွန်မက ပြသနာကို ဘယ်သူနဲ့မှ မတိုင်ပင် တတ်သူဆိုတော့ ကိုယ့်ဘာသာကိုယ်ပဲ ပြန်အဖြေရှာခဲ့တာ ......

ဘုရားဟောလဲရှိပါတယ် ..... စိတ်သာ အဓိက ပါ .....
ပျော်ရွှင်တဲ့ စိတ်ကပဲ ကိုယ့်ကို အနိုင်ယူပါစေ .....

credit to original writer!!!!

Want your business to be the top-listed Shop in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay
MANDALAY

Opening Hours

09:00 - 17:00