Htet Aung Lin

Htet Aung Lin

Share

Photos from Htet Aung Lin's post 22/12/2025

ကိုယ်တက်နိုင်တဲ့အားလေးနဲ့အုတ်တစ်ချပ်သဲတစ်ပွင့်အားလေးနဲ့လှူဒါန်းပူဇော် 🙏🙏🙏

09/02/2025

" မျောပေဦးတော့တစ်ဘဝ "


ငါးကန်ကြီးထဲ ပေါက်ပေါက်ဆုပ် ပစ်ကျွေးလိုက်တဲ့အခါ အလုအယက် လာဟပ်ကြသလိုပဲ
လူတွေဟာလည်း
ကိလေသာအာရုံကာမဂုဏ်တွေကို
သူ ဝင်ဟပ် , ငါ ဝင်ဟပ်နဲ့ တပ်မက်နေကြတယ် ။

အာရုံနောက်
တစ်ကောက်ကောက်လိုက် နေပုံဟာလည်း
ကလေးတစ်ယောက် မြင်းရုပ်လုပ်စီးနေသလိုပဲ
အရုပ်မြင်းကို အဟုတ်မြင်းထင်ပြီး
ရွာလမ်းတစ်လျောက် ဖုန်တထောင်းထောင်း
ထအောင် စီးပြခဲ့တဲ့ကလေးငယ်ဟာ
ကစားရာကလည်း နားရော
ခြေကုန်လက်ပမ်းကျပြီး အိပ်ယာထဲ ဘုန်းဘုန်းလဲရော။

အာရုံဆိုတာ
မက်ရင် မက်သလောက် မောရပါတယ်
တစ်ဖက်က သက်ရှိသက်မဲ့တို့ရဲ့
အမြင် , အကြား, အထိအတွေ့ စတဲ့ အာရုံတွေကို
သွားရောက်တုဖက် စုံမက်နေမယ်ဆိုရင်

တောလိုက်ခွေးအုပ်ကြား မျက်စိလည်လမ်းမှား
သွားတဲ့ ယုန်သူငယ်ပမာ
တစ်ဖက်က အာရုံစုံ အကုန်သိုင်းဖက်ခြင်း ခံရတဲ့အခါ စိတ်ခမျာ တစ်ခုဖိ , အားလုံးရဲ့အဖိကို ခံရပါရော ။

မက်သမျှ မောရပုံများလေ ။

စိတ်မော လူမောနဲ့ အာရုံကြော မျောပေဦးတော့
တစ်ဘဝ ။

🙏credit🙏
" မဟာဗောဓိမြိုင် ဆရာတော်ဘုရား ဩဝါဒ"
🙏🙏🙏

Want your public figure to be the top-listed Public Figure in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


62× 141
Mandalay