Angel Flower
19/01/2026
#နံနက်ခင်းဆုတောင်း
*******************
မနက်ခင်းတိုင်း အေးချမ်းပါစေ
နေ့ရက်တွေတိုင်း ကံကောင်းပါစေ
ရေလိုလည်း အေးပြီးရင်း အေးပါစေ
ပန်းလိုလည်း မွှေးပြီးရင်း မွှေးပါစေ
စိတ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ
ကိုယ်၏ ချမ်းသာခြင်းများနဲ့ ပြည့်စုံနိုင်ပါစေ
လဲနေသူများကို တွဲထူပေးနိုင်ပါစေ
အားငယ်နေသူများကို အားပေးနိုင်ပါစေ
ဒုက္ခရောက်သူတိုင်းကို ကူညီနိုင်ပါစေ
အဆင်မပြေဖြစ်နေသူတိုင်းကို ပံ့ပိုးပေးနိုင်ပါစေ
စကားအရာနဲ့ စိတ်ခွန်အားတွေ ပေးနိုင်ပါစေ
ပစ္စည်းဥစ္စာ အစာ အဟာရနဲ့ ကာယခွန်အား ပေးနိုင်ပါစေ
မိမိအား နားမလည်သူများကို နားလည်ခွင့်လွှတ်နိုင်ပါစေ
မိဘဆွေမျိုး မိတ်ဆွေများကို ချစ်ခင်မြတ်နိုး တန်ဖိုးထားနိုင်ပါစေ
ကျွန်ုပ်က သင့်အား မေတ္တာထား ချစ်ခင်သလို
သင်လည်း ကျွန်ုပ်အား မေတ္တာထား ချစ်ခင်နိုင်ပါစေ
နှလုံးသွင်းမှန်၍
အေးချမ်းသောဘဝ ကိုလည်း ပိုင်ဆိုင်နိုင်ပါစေ။
=====================================
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
65th, Zawgyi Street
Mandalay
1001