Oris Blue

Oris Blue

Share

27/06/2024

ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး။
ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ထရံ။

ငါ့ကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်။

ငါ့မိသားစုမှာ
မိုးယိုပေါက်လေးတစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ။

ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ။

မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ။
မဝင်တဲ့ဂိုးတွေက ငါသွင်းခဲ့တာ။

_စိုင်းဝင်းမြင့်

27/06/2024

ဆန်ပေးရင် ဆီပြန်ရမှာပါ လို့
မျှော်လင့် မထားတဲ့ လူမို့
အရောင်ပါမှ မေတ္တာ လို့ ထင်တဲ့ လူတွေ နဲ့
ခဏခဏကျွန်တော် ပဋိပက္ခဖြစ်တယ်။

ကျွန်တော်ကလဲ ကျွန်တော်ပါပဲ
ဒီငရဲမှာမှ ကိုယ်ပိုင် ဗာရာဏသီထူထောင်နေချင်တာမျိုး။

#ဒဿ 2024
-pic crd

27/06/2024

သစ္စာတရားကိုပဲ ဘာလို့မက်မော တာလဲ''တဲ့
ဖောက်ပြန်ခံလိုက်ရတဲ့ ခံစားချက်ကို မင်းတို့မှမသိတာ

27/06/2024

ကိုယ့်အတွက်ကတော့
သိမ်ငယ်ရမယ့် ရပ်ဝန်းဆိုတာ
မရှိဘူး...
$အာရုံနောက်လာရင်
$ဂရုကိုမစိုက်တဲ့ ရပ်ဝန်းပဲရှိတယ်
လူအချင်းချင်း ဘာ သိမ်ငယ်စရာရှိလဲ
သိမ်ငယ်နေရအောင်
ကိုယ်က ဘာ အမှားမှ လုပ်ထားတာလဲ
မဟုတ်...

24/06/2024

ကိုယ်ဟာ ကမ်းခြေသောင်ပြင်က
ခြေရာလေးတွေလိုပဲ။
အချိန်တန်ရင် ပျောက်ကွယ်ပေးရမှာ မလား။

ကျနော်တို့ကို သဘောကျပါတယ်ပြောတဲ့သူတွေက
ကျနော်တို့ထက် သဘောကျစရာကောင်းတဲ့
လူကိုတွေ့သွားတဲ့အခါကျရင်

ကျနော်တို့ကို ထားပစ်ခဲ့အုန်းမှာပဲ ။

- လင်းညိုသွေး

24/06/2024

အနာဂတ်မှာ ဘာဖြစ်ချင်လဲလို့ မေးရင်
ဟိုဟာ ဒီဟာဖြစ်ချင်တယ်လို့ မပြောတော့ဘူး

ပျော်ရွှင်ချင်တယ်ပဲ ဖြေမိတော့တယ်

ဘယ်နေရာ ဘယ်အခြေနေမှာ ဘာပဲလုပ်လုပ်
ကိုယ်ပျော်ရာအရပ်မှာ ကိုယ်ချစ်တဲ့သူတွေနဲ့ပဲ
ရှိချင်တော့တယ် ။

23/06/2024

အကျိုးလိုလို့ ညောင်ရေသွန်းကြတဲ့ လူတွေချည်းပါပဲ။

ဘယ်ဆက်ဆံရေးမှ ရွှေရည်စိမ်နဲ့ မကင်းဘူး။

လူဆိုတာ ကိုယ့်အကျိုးလေးပါမှ စေတနာထားတတ်ကြတာ။

ဆီပေးလို့ ဆန်ရတာပါ။
ဒါကိုပဲ စကားလုံးလှအောင်
တစ်ဦးကစေတနာ တစ်ဦးကမေတ္တာ လို့
သုံးနှုန်းပြောဆိုနေကြတာ။

တကယ်တမ်းကျတော့ လူတွေဟာ
ဆရာတာရာမင်းဝေရဲ့ ကဗျာထဲကလို
လူတွေချစ်တယ်ဆိုတာက သူတို့ကို မထိခိုက်သရွေ့ပဲ မဟုတ်လား။

#အလင်းသစ်(သဲကုန်း)

23/06/2024

သတိရချင်သလိုလိုဖြစ်လာရင်
ချစ်ခြင်းမေတ္တာကို
ထပ်အစော်ကားခံနိုင်သလားလို့ပဲ တွေးပါတယ်
ဒီလောက်ပါပဲ။ ။

🌻🤍

19/06/2024

ရှည်လာတဲ့ ဆံပင်တွေကို ညှ_ပ်ရမယ်
ဆေးလိပ်သောက်တာလည်း ရပ်ရမယ်

မင်းကိုလည်း မေ့ပစ်ရဦးမယ်
အရင်လိုပြန်ဖြစ်ဖို့ အတော်ကိုကြိုးစားယူရဦးမယ်... ။

19/06/2024

အမေ မသိဘူးမလား။
လူတွေရဲ့အပြုံးမှာ
ကုန်ဈေးနှုန်းတွေပါတယ် အမေရဲ့။

ဧည့်ခန်းနဲ့ အင်္ကျီ ကောင်းမှ
ဆက်ဆံတတ်တဲ့ လူတွေရဲ့သဘောထားကို
သား တူတူးခါးခါး မုန်းတယ်အမေ။

-မောင်ချောနွယ်

19/06/2024

လုပ်သင့်တာကိုလုပ်ဖို့
ရှက်သင့်တာကိုရှက်ဖို့
ကြောက်ရမှာ မကြောက်ရမှာကိုသိဖို့ဆိုတာကလည်း
"ဉာဏ်ရည်ကလိုသေးတယ်"။

ဘဝမှာဆိုရှယ်ကျဖို့မလိုဘူး။(ကျွန်တော့်အတွက်)
နာမည်ကြီးဖို့မလိုဘူး။
ကိုယ့်ဘဝလေးနဲ့ကိုယ်
ရှက်သင့်တာကိုရှက်!!
ကြောက်သင့်တာကိုကြောက်!!
လုပ်သင့်တာကိုလုပ်ပြီး!!
အေးအေးချမ်းချမ်းနေရဖို့သာ အရေးကြီးတယ်..။

ဒီလိုနေထိုင်ရဖို့ သောက်သုံးမကျတဲ့
လူတစ်ယောက် မဖြစ်ဖို့ဆိုတာကလည်း
ဉာဏ်ရည်ကလိုသေးတယ်..။

#ရိုးတံ

19/06/2024

သုညနဲ့ မြှောက်ခံရတဲ့ခေတ်ကျမှ
ငါတို့က ဘာဖြစ်ချင်ရဦးမှာလဲ

Want your business to be the top-listed Clothing Store in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Mandalay
126189