ANM Collections
Hello ! အားလုံးပဲမင်္ဂလာပါဒီတခေါက်တော့ ANM က Indo ခရီးစဥ်မှာတည်းဖြစ်ခဲ့တဲ့ အရမ်းလှတဲ့Villa လေးအကြောင်းကို short review လေးလုပ်ပေးသွားမှာဖြစ်ပါတယ် 📍The Young Villas ဆိုတဲ့ villa လေးပါ Bail, Canggu မှာရှိတာပေါ့နော် ANMတို့ငှားခဲ့တာ 3ခန်းပါတဲ့ villaပါ master room 1 ခန်းနဲ့ normal room 2ခန်းပါပါတယ် normal room ဆိုပေမယ့်လည်း မကျဉ်းဘူး အခန်းတွေအကုန်ကျယ်ပါတယ် နောက်ပြီး private swimming pool နဲ့ kitchen လဲပါတယ်ပေါ့နော် kitchen ကလဲ facilities အပြည့်စုံနဲ့ ကိုယ့်ဘာသာချက်စားလို့ရပါတယ် အဓိက ကတော့villa တွေအကုန်လုံး decorations အရမ်းလှပါတယ် အဖြူရောင်လေးတွေအဓိကသုံးထားတော့ စိတ်လည်းကြည်ပြီးhealing ဖြစ်တယ်လို့ခံစားရစေတယ် ကိုယ်ကအဖြူရောင်ကြိုက်တာလဲပါတာပေါ့နော် သန့်ရှင်းရေးအတွက်လည်း ကိုယ်တိုင်လုပ်စရာမလိုပါဘူး ခေါ်ရင်သူတို့လာလုပ်ပေးပါတယ် feesလည်းထပ်ပေးစရာမလိုပါဘူး ဈေးနှုန်းအနေနဲ့ကတော့ 3ညအိပ် 4ရက် ကို baht 40000 ကျခဲ့ပါတယ် အရမ်းလှတာမို့baliရောက်ဖြစ်ရင်တခါလောက်သွားကြည့်ပါလို့ ဒီနေ့တော့ ဒီလောက်ပါပဲ တခြားသိချင်တာလေးတွေရှိရင်လည်း လာမေးလို့ရပါတယ်ရှင် ♡
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
37473