CRAZY SPICY

CRAZY SPICY

Share

Photos from CRAZY SPICY's post 12/12/2023

အရမ်း…အရမ်းကိုမှ စားကောင်းသော ခေါက်ဆွဲ🫶

သက်က thb exchange လုပ်နေတော့ customer တွေဆီ ဘတ်အရွက်ပို့ရင်း Thong Lo ဘက်ရောက်တာ ၂ ခေါက်မြှောက်မှ ဝင်စားဖြစ်တဲ့ homemade ခေါက်ဆွဲဆိုင်လေး 🤤

သူ့ဆိုင်က ဆုတွေလည်းရထားတယ် ပုစွန် ဖက်ထုပ်လေးဆို လုံးဝဘန်ကောက်ကစားဖူးသမျှထဲမှာ အကောင်းဆုံး အရသာလေး 🫠 ခေါက်ဆွဲသားကလည်းပြောမပြတတ်အောင် စားကောင်း 🥹 ပုံထဲမှာပါတဲ့ ဝက်နံရိုးဆို ဆိုင်က အလကားပေးတဲ့ဟင်းရည် ပါရှင် 😍

အိမ်သာလည်းရှိပြီးသုံးရတာလည်းသန့်ရှင်းပါတယ် ✌️ဆိုင်ဖွင့်ချိန်က မနက် ၅ နာရီကနေ ည ၁၁ ထိဖွင့်ပြီး ဝန်ထမ်းအမပြောတာတော့ တနေကုန်အမြဲရောင်းကောင်းနေတာပါတဲ့ 🫶

အရမ်းတော့ review မပေးတတ်ပေမယ့် အရသာကအရမ်းကောင်းနေတာရယ် စျေးလည်းတန်နေတာရယ် လူတွေအများကြီးစားနေပြီး deli သမားတွေလည်းများနေတာကြောင့်ရယ် မြန်မာအမကြီးတွေအများကြီးရှိပြီး service လည်းကောင်းတော့ ဘန်ကောက်ရောက်နေရင် စားသင့်တဲ့ဆိုင်လေးမလို့ပါရှင် ✌️

📍Thong Lo BTS 1081 Sukhumvit Road, แขวง วัฒนา Watthana, Bangkok 10110, Thailand

22/11/2023

Baht အရောင်းအဝယ်လုပ်တာ ၁ လပြည့်အမှတ်တရ ✌️

ဘယ်အလုပ်မှလုပ်ရတာမလွယ်ပေမယ့် ဘဝမှာလုပ်ဖူးသမျှတွေထဲ မာလာရှမ်းကောရောင်းတာရယ် ခု exchange လုပ်နေတာလေးကို သဘောအကျဆုံးပဲ 🤭

ခုလုပ်နေတာ ပိုက်ဆံ (ငွေကြေး) ဆိုတော့ ယုံကြည်မှု့ကအဓိက ရယ် လုပ်ငန်းနားလည်ဖို့ရယ် အလိမ်မခံရဖို့ရယ် 🤢(မိသားစုရဲ့ဆုတောင်းမှု့တွေမေတ္တာတွေကြောင့် လာလိမ်တဲ့သူတွေရှိပေမယ့် အလိမ်တော့မခံရ🥰 လာလိမ်လို့လည်းမရဘူး ရှင့် ဦးနှောက်ရှိပါတယ်ရှင့် 🥰)

Exchange အသိုင်းအဝိုင်းကမဟုတ်ပဲ ဘာမသိညာမသိ လုံးဝ zero ကနေ စရာက ခုလိုလေး ဖြစ်လာတာ ဆွဲခေါ်ပေးတဲ့ bro တွေရယ် ဘေးက ဘာလုပ်လုပ်အမြဲ support ပေးတဲ့ ကောင်လေးကြောင့်ရယ် မသက်ဆိုပြီး အားပေးကြတဲ့ သူငယ်ချင်းတွေရယ်ကြောင့် 🥰 (အရမ်းချစ်တယ်နော် မွေးနေ့ကြရေအဝတိုက်မယ်ရှင့် 🥹🫶) Fb မှာပဲ fri ဖြစ်ပြီး ယုံ”ကြည်” အားပေးတဲ့ ပထမဆုံးအမကိုလည်း ကျေးဇူးတင်ပါတယ်ခ (အဲ့အမဆို bank acc မပို့လာသေးလို့ ခုထိ thb မယူပဲ သက်ကပဲသိမ်းထားပေးရတာ 🤭) နောက်ထပ် fri မဖြစ်ပဲ message request နဲ့ လာအားပေးတဲ့ ထိုင်းကအမကိုလည်း ကျေးဇူးတင်ပါတယ်ခ 🥰🫶

လာကျောကြတဲ့သူတွေရယ် အကျင့်မကောင်းကျတဲ့ သူတွေရယ် စျေးနိမ်ချင်တဲ့သူတွေရယ် တချို့စိတ်အနှောင့်အယှက်ပေးနေတဲ့သူတွေရဲ့ ကျေးဇူးကြောင့် ဒီစီးပွါးရေးလောကထဲက အကြောင်းကို ပိုနားလည်လာလို့ လည်း ကျေးဇူးပါလို့ 🥰🙏(ဘယ်သူတဦးတယောက်ကိုမှ ကိုယ့်ဘက်ကစပြီး အကျင့်မယုတ်မာဖူးလို့ အဲ့လိုလူတွေနဲ့ဆုံကိုမဆုံချင် မဆုံရပါစေနဲ့တော့ 🥴)

ရှေ့လျှောက်ပြီး ပိုကြိုးစားမယ် စိတ်ထဲမှာလည်း အနှောင့်အယှက်အကြောင်းတွေမထားပဲ ကြိုးစားပြီး service ကောင်း” စျေးကောင်းပေးနိုင်အောင် ကြိုးစားမှာမို့ THB လိုရင် ပြန်ရောင်းချင်ရင် အားပေးကြပါအုံး ရှင့် 🫶

သက့်ရဲ့ private acc လေးနဲ့ Messenger Gp မှာ Update တင်မှာမို့ Join ချင်ရင် ment or cb လာပေးပါနော် 🥰
#ဘတ်

Photos from CRAZY SPICY's post 03/10/2023

ဒီနေတော့ BKK က မြို့နယ်တိုင်းလိုမှာ ရှိပြီး စားလို့လည်းကောင်း စျေးလည်းသင့်တဲ့ Suki ဆိုင်လေးကို share ပေးမှာမို့ စာလေးကို အဆုံးထိ ဖတ်ပေးပါအုံးနော် 🥰🫶

Suki စားတော့မယ်ဆို သက်တို့ ကျောင်းနားမှာတော့ Teenoi နဲ့ Lucky ဆိုပြီး ရွေးစရာ က ၂ ဆိုင်ရှိတယ်ပေါ့နော် ✌️ ဒါပေမယ့် lucky က နေ့လည် ၁၁:၃၀ ကနေ မနက် ၂ နာရီထိပဲရပြီး Teenoi ကတော့ နေ့လည် ၁၁ ကနေ မနက် ၅ နာရီထိ စားလို့ရပါတယ် 🥰

သူ့ဆိုင် ၂ ဆိုင်က စားစရာတွေ ဖျော်ရည်တွေ side dishes တွေကတော့ အတူတူပါပဲ နော်

Teenoi မှာတော့ တခါတလေ စောင့်ရင်း နဲ့ free ကျွေးတဲ့အချိုမုန့်လေးရှိပါတယ် (token no ပြပြီး အလကားစားရတာမျိုး အဆာပြေလေးပေါ့ 😁)

lucky မှာတော့ မန်ထို ရပေမယ့် extra အနေနဲ့ သတ်သတ်မှာရတာပါနော် (သက့်ရဲ့ fav မန်ထိုကြော် လေး custard လေးနဲ့တို့စားရင် အရသာက ဆွေမျိုးမေ့တဲ့ထိ ကောင်း 🫠 ဒါပေမယ့် buffet ထဲမပါလို့ သိပ်တော့မှာမစားဖြစ် 🥹)

အဲ့ ၂ ခုထဲမှာ သက့်ရဲ့ fav ကတော့ Teenoi ပါ 😁 ပုံလေးတွေနဲ့သေချာရှင်းပြထားလို့ ပုံလေးတွေအောက်မှာ စာလေးဝင်ဖတ်ပေးပါနော် 🫶(ဟီးဟီး 😁)

ကိုယ်ရောက်နေတဲ့နေရာမှာ ခုပြောပြထားတဲ့ဆိုင်လေးတွေနဲ့နီးတယ်ဆိုရင် သွား try ကြည့်နော် လုံးဝတန်စေရမယ် ခ 🫶

တခြားသိချင်တာ လေးတွေ ကျောင်းနဲ့ပတ်သက်တာလေးတွေ မေးချင်တာရှိရင် chat box မှာလာရောက်မေးမြန်းနိုင်ပါတယ်ရှင့် 🥰❤️

06/02/2023

Kimchi review 🫠💕

အရမ်းစားကောင်းတဲ့ Kimchi လေးအကြောင်းကို review လေးပေးချင်လို့ပါရှင် သူက စားဖူးသမျှ kimchi တွေထဲမှာတော့ အကောင်းဆုံးလေး🥰✌️

ဒီ kimchi လေးကို ကျောင်းဘေးက only korea အစားအစာလေးတွေပဲ ရောင်းတဲ့ store ဆိုင်လေးက ฿100 နဲ့ ဝယ်ခဲ့တာ သူက စားနေကြ kimchi တွေလို မဟုတ်ပဲ နည်း”လေးထည့်ယုံနဲ့ကို သူ့အရသာကို ပေါ်စေတယ် ✌️

သူ့အရသာက ကိုရီယားအရသာနှစ်”လေး စားလိုက်ရင် အရွက်လေးတွေက ကြွပ်”ရွ”လေးမို့ လတ်”ဆတ်”စားနေရသလို ပါပဲရှင်🫠

Package လေးကလည်း သေ”ချာ” နဲ့လုံးဝ သပ်”ရပ်”လေးပါ 🥹

သူ့ကို ထမင်းနဲ့ကြော်စားတာ ခေါက်ဆွဲပြုတ်ထဲထည့်စားတာအပြင် ထမင်းနဲ့လည်းဒီတိုင်း စားလို့လည်းလုံးဝကောင်းပါတယ်ရှင်

Crazy Spicy ကအကိုတို့အမတို့ရဲ့ favorite kimchi လေးတွေကိုလည်း cmt မှာပြောပြပေးပါအုံးနော💕်

10/11/2022

ဒီနေ့အတွက် order လေး နား လိုက်ပါပြီရှင့် 🥰💕 အမြဲအားပေးကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို ကျေးဇူးအများကြီးတင်ပါတယ်ရှင် 🥰💕

မနက််ဖန် အတွက် ကြိုမှာထားရင်တော့ ကြိုမှာထားလို့ ရပါတယ်ဗျို့🤍

Want your restaurant to be the top-listed Restaurant in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay
05024