FLY Photography
📞 Hot Line: 09 768451234, 09 440054625.
📍 Mandalay Wedding Photography
📸 2020မှစ၍ Wedding Events,Pre-Wedding, Portrait နှင့် Event ပွဲပေါင်း - 200ကျော်ကို
တာဝန်ယူရိုက်ကူးပေးခဲ့တဲ့ သော Photography ဖြစ်ပါတယ်.
📩 Send Message to Book Your Date!
23/02/2026
THE BEGINNING 💍🥂
Presented By : Fly Photography 🎞️
20/02/2026
မင်္ဂလာဆောင်အစီအစဉ် တစ်ခုအတွက် မဖြစ်မနေသိထားသင့်တဲ့အကြံဉာဏ်များ 🎯
မင်္ဂလာဆောင်နေ့ဆိုတာ လူတိုင်းအတွက် သက်တမ်းတစ်လျှောက်လုံးမှတ်မိနေစေတဲ့ အထူးနေ့တစ်ရက်ဖြစ်ပါတယ်။ အဲ့ဒီနေ့မှာ စီစဉ်ရမယ့်အရာတွေဟာ အများကြီးရှိသော်လည်း စနစ်တကျစဉ်းစားပြီး စီမံနိုင်ပါက မိမိမင်္ဂလာဆောင်ပွဲကို ပျော်ပျော်ရွှင်ရွှင် ကျင်းပနိုင်မှာဖြစ်ပါတယ်
အောက်ဖော်ပြပါ မင်္ဂလာအစီအစဉ်ဆိုင်ရာ အကြံဉာဏ်များကို လေ့လာခြင်းဖြင့် မင်္ဂလာဆောင်ပြင်ဆင်မှုတွင် ယုံကြည်စိတ်ချမှုကို ရရှိနိုင်ပါလိမ့်မယ်။
1.Budget သတ်မှတ်ခြင်းသည် အဓိကဖြစ်သည်။
မင်္ဂလာဆောင်အစီအစဉ်တစ်ခုမှာ Budget စံချိနသတ်မှတ်ခြင်း အရေးကြီးပါတယ်။ ဘယ်အရာတွေကို ဘယ်လောက်သုံးစွဲမလဲဆိုတာ သေသေချာချာ စာရင်းပြုစုထားဖို့ လိုပါတယ်။
အကြံပြုချက်များ - Venue, Food, Dress, Photography, Floral စတဲ့အကြောင်းအရာအလိုက် ခန့်မှန်းထားသောအသုံးစရိတ်စာရင်းရေးပါ။
•အရေးမကြီးသည့်အရာများအတွက် ထပ်မံကုန်ကျမှုများမှ သက်သာအောင်ရှောင်ရှားနိုင်ပါတယ်။
မျှော်လင့်ထားသည့်ဘတ်ဂျက်ထက် 10% လောက် ပိုထည့်ထားလျှင် လိုအပ်လာသည်ရှိသော် ပိုအဆင်ပြေနိုင်ပါတယ်။
2.အချိန်ဇယားလုပ်ထားခြင်း (Timeline Planning)
မင်္ဂလာဆောင်ပြင်ဆင်မှုတွေကို တစ်ခါတည်းမလုပ်ဘဲ၊ တစ်လအတွင်း / တစ်ပတ်အတွင်း အရင် လုပ်ရမယ့်အရာများကို ကြိုသတ်မှတ်ထားခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့နည်းစေပါတယိ
ဥပမာ -
6 to 8 လအလို - venue ရွေးချယ်, wedding planner ခန့်အပ်
3 to 5 လအလို - ကိုယ်ဝတ်မယ့် Dressရွေးချယ်/photographer စာချုပ်, invitation print
1 လအလို - final dress fitting, ဧည့်သည်စာရင်း confirm, honeymoon arrangement
1 ပတ်အလို - rehearsal,
3. ဧည့်သည်စာရင်းအား စနစ်တကျ ချမှတ်ပါ။
ဧည့်သည်စာရင်းသည် venue ရွေးချယ်မှု၊ invitation card ပမာဏတို့ကို သတ်မှတ်ပါ
အကြံပြုချက် -မိသားစုရဲ့ ဆွေမျိုး /အရင်းနှီးသူများကို ဦးစားပေးပါ။
4.အတွေ့အကြုံရှိသူများနှင့် တိုင်ပင်ဆွေးနွှေးပါ
သင့်အတွက် first experience ဖြစ်တဲ့ event တစ်ခုမှာ အတွေ့အကြုံရှိသူတစ်ဦးရဲ့အကြံဉာဏ်က တန်ဖိုးကြီးပါတယ်။ Wedding planner ဖြစိစေ၊ Photographer/ Make-up artist, Floral Decorator, တို့နဲ့ ညှိနှိုင်းပြီးလုပ်ကိုင်ခြင်းသည် ပိုမိုစနစ်တကျဖြစ်စေနိုင်ပါတယ်။
အကြံပြုချက် -မင်္ဂလာဆောင်မယ့်သတို့သား သတို့သမီးက ပြင်ဆင်မှုမတိုင်ခင်နေ့တွေမှာ စိတ်ပင်ပန်းမှုများရှိတတ်တဲ့အတွက် ဘေးနားမှာmanageလုပ်ပေးမယ့်သူတဦး ရှိဖို့လိုပါတယ်။ အာ့မှ လိုအပ်တဲ့အရာတွေသူကို့ အသေးစိတ်ပြောပြပီး ညှိနှိုင်းနိုင်မှာဖြစ်ပါတယ်
5.မင်္ဂလာဆောင်ဟာ မိမိတို့နှစ်ယောက်ရဲ့ စိတ်ကူးtheme ကိုချပြရာအချိန်ဖြစ်တဲ့အတွက်၊ 2ယောက်သေချာတိုင်ပင်ဆွေးနွှေးပါ
Traditional မင်္ဂလာအခမ်းအနား vs. Modern wedding
Indoor Ballroom သို့ Outdoors မြက်ခင်းပြင်တစ်နေရာ ဘယ်မှာ လုပ်ချင်လဲ မိမိကျင်းပမယ့်အချိန် seasonပေါ်မူတည်ပြီး စဉ်းစားဖို့ အကြံပြုပေးချင်ပါတယ်။
Fly Photography ✨
Fly Photography Mandalay
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
38st, 71-72
Mandalay