VIP CLASS

VIP CLASS

Share

Photos 09/06/2017

ကားစက်ပြင်အရည်အချင်း တိုးတက်အောင် ဘယ်လိုလုပ်မလဲ?

ကားစက်ပြင်လောက တိုးတက်စေရန်ရည်ရွယ်ပြီး အောက်ပါအချက်များကို ဖော်ပြလိုက်ပါတယ်။

၁. မိမိကိုယ်တိုင်လေ့လာပါ

Internet ပေါ်က Video တွေ၊ စာတွေကို ရှာဖွေလေ့လာပါ။ နီးစပ်ရာ စာပေတွေကိုဖတ်ပါ မှတ်ပါ။ ဥပမာအားဖြင့် မိမိက အလိုင်းမင်းသမားတစ်ယောက်ဖြစ်ပါက အလိုင်းမင်းနဲ့ ပတ်သက်ပြီး သမိုင်းကြောင်းကအစ လေ့လာထားသင့်ပါတယ်။

၂. ဆရာများကိုမေးပါ သို့သော်စဉ်းစားဆုံးဖြတ်ပါ

မိမိသိလိုသည်များ၊ မရှင်းသည်များကို နီးစပ်ရာဆရာများကို မေးမြန်းလေ့လာပါ။ ပြီးရင် ဆရာများရဲ့ဖြေရှင်းချက်များကို စာပေများ Video များနှင့် ပြန်လည်လေ့လာပါ။

၃. မတူညီတဲ့ အသုံးအနူန်းများကို လေ့လာပါ

ဥပမာအားဖြင့် အများစုက Oxygen Sensor လို့ဘဲသိထားပြီး Lambda Sensor ဟုခေါ်သေးသည်ကိုလည်း သိထားရမည်။ Pressure ကို Bar, Psi သာမကဘဲ MPa, KPa စသည်ဖြင့် သိထားသင့်သည်။

၎. English စာကို တက်နိုင်သလောက်လေ့လာပါ

ခေတ်စနစ်တွေ ပြောင်းလဲလာတာနဲ့အမျှ ကားတွေပြုပြင်ရတာ မလွယ်ကူတော့ပါဘူး။ မိမိကိုယ်တိုင်လေ့လာခြင်းမှာ English စာဖတ်တက်ဖို့က အရေးကြီးပါတယ်။ သင်တန်းတွေတက်တာဘဲဖြစ်ဖြစ် စာအုပ်ဖတ်တာဘဲဖြစ်ဖြစ် အချိန်တစ်ခုပေးပြီး လေ့လာသင့်ပါတယ်။

၅. ပစ္စည်းတစ်ခုခြင်းဆီကို အသေးစိတ်လေ့လာပါ

ကားရဲ့ဘယ်အစိတ်အပိုင်းကိုမဆို လေ့လာပြီဆိုလျှင် အသေးစိတ်လေ့လာပါ။ ဥပမာအားဖြင့် Camshaft Sensor အကြောင်းကို လေ့လာမည်ဆိုလျှင် အမျိုးအစားဘယ်နှစ်မျိုးရှိလဲ၊ ဘယ်လိုတိုင်းတာရသလဲ၊ စသဖြင့် အကုန်လေ့လာထားသင့်ပါတယ်။

၆. မှတ်သားထားပါ

အပြစ်တစ်ခုပြုပြင်ပြီးသွားပြီဆိုရင် ဘာကြောင့်ပျက်တယ်၊ ဘယ်လိုပြုပြင်ရလဲဆိုတာကို အမြဲမှတ်သားထားပါ။ မှတ်စုစာအုပ်နဲ့သော်လည်းကောင်း၊ Computer ထဲတွင်လည်းကောင်း မှတ်သားထားသင့်ပါတယ်။ နောက်တစ်ခေါက် အလားတူပြစ်ချက်မျိုးဖြစ်လာခဲ့ရင် ပြုပြင်ရလွယ်ကူပြီး နောင်လာနောင်သားတွေကိုပါ ပြသပေးနိုင်ပါတယ်။

၇. ခေတ်ရေစီးကြောင်းကိုအမြဲလေ့လာပါ

ဘယ်သူတွေဘာလုပ်နေလဲဆိုတာကို အမြဲလေ့လာနေသင့်ပါတယ်။ ပြောင်းလဲနေတဲ့ ခေတ်ကိုအမြဲလေ့လာနေရမယ်။ သင်ကအခု CCD Alignment အသုံးပြုနေတယ်ဆိုပါတော့ အသစ်ပြောင်းလဲလာတဲ့ 3D Alignment အကြောင်းကို သင်လေ့လာထားသင့်တယ်။ ဘာကြောင့်ပြောင်းလဲလာတာလဲ။ အကျိုးအပြစ်တွေကဘာလဲ။ ဒါတွေကို အမြဲမပြတ်လေ့လာထားသင့်ပါတယ်။

၈. မျှဝေပေးပါ

မိမိသိထားသမျှတွေကို မသိသူတွေကို အမြဲမျှဝေပေးပါ။ အသစ်အသစ်တွေကို လေ့လာနေရင်းနဲ့ ကိုယ်သိပြီးသားတွေကို အခြားမသိသေးတဲ့ လက်အောက်ငယ်သားတွေကို ပြန်လည်သင်ပြပေးပါ။
ကားဝပ်ရှော့လောကကို တိုးတက်စေလိုသော စေတနာဖြင့် တင်ပြအပ်ပါတယ်။

၉. မရပ်တန့်လိုက်ပါနဲ့

မိမိလေ့လာနေတာကို ဘယ်တော့မှ အရှိန်မလျေ့လိုက်ပါနဲ့။ ကိုယ်လေ့လာနေတယ်ဆိုတာ ကိုယ့်ထက်သိတဲ့လူ ကိုယ့်အရှေ့မှာရှိနေလိုပါဘဲ။ မိမိကိုယ်တိုင်က အများရဲ့လေ့လာစရာဖြစ်တဲ့အထိ ကျိုးစားသင့်ပါတယ်။

# credit by-
MV-TECH
Ensuring The Best

Want your business to be the top-listed Autos & Automotive Service in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Da. 11/23 , 64 Steert , Between 39th & 40th Streets , MaHaAungMyay Township
Mandalay