SPEED Auto Detailing Service
တောက်ပြောင်သန့်ရှင်းရမည်။
၀န်ဆောင်မှု့ကောင်းရမည်။
တိကျမြန်ဆန်ရမည်။
စိတ်တိုင်းကျစေရမည်။
ဈေးနှုန်းမှန်ကန်ရမည်။
အရည်အသွေးကောင်းမွန်သော ပစ္စည်းများကိုသာ အသုံးပြထားပါသည်။
13/01/2024
Clear coat ပေါ်တွင်ဖြစ်ပေါ်တက်သောအစင်းရာများ
၁. "ပြန်ဆေးပေါ်ကအစင်းရာ" ဆေးမှုတ်ပြီး ပြည့်ပြည့်ဝဝမခြောက်သေးခင်မှာ ဖုန် တတ်လာတာကို အဝတ်ဖြင့် သုတ်လိုက်သောကြောင့်ပေါ်လာသောအစင်းရာ ကို သဘာဝအလင်းရောင်မှာ မှာသုတ်သည့်အခါမမြင်ရပဲ မီးဆလိုက်များအောက်တွင် သုတ်မှာသာမြင်နိင်ပါသည် ။ ထိုအစင်းရာသည် ကောင်းစွာမခြောက်သေးသော ဆေးသား/လိုက်ကာ ပေါ်ကို တံဆိပ်နိပ့်လိုက်သကဲ့သို့ ပေါ်လာသောအစင်းရာဖြစ်ပြီး ပျောက်ဖို့အတွက်ကို မျက်နှာပြင်တခုလုံး ကော်ပတ်ဖြင့် စားချပြီးညှိလိုက်မှသာ ပျောက်သွားနိုင်သည့် အစင်းရာပါ။ ပြန်ဆေးဖြစ်နေသည့်အတွက် မည်မျှအတိုင်းတာ ထုထည်မှုတ်ထားလဲဆိုတာ ဆေးမှုတ်ထားသည့် ပညာရှင်ကိုယ်တိုင်သာသိနိုင်ပြီး ဆေးမှုတ်ပြီးတာနဲ့ တခါတည်းပြုလုပ်ပေးရမည်သာဖြစ်ပါသည်။ ကားပေါလစ်တိုက်သူက ကိုယ်စားဝင်လုပ်ပေးရသည့်အခါ ပေါလစ်တိုက်သည့်သူအတွက် အန္တရယ်ရှိပြီး အလျော်စားရှိတဲ့ အစင်းရာပါ..
၂. "ကားရေဆေးသည့်အခါ ဖြစ်ပေါ်လာသောအစင်းရာ" ရေဆေးသည့် အဝတ်သို့မဟုတ် ရေသုတ်သည့် အဝတ်ညစ်ပေနေခြင်း သဲပါနေခြင်းကြောင့် ကားမျက်နှာပြင်ကို သုတ်သည့်အခါ အစင်းရာဖြစ်ခြင်း ကိုလည်း သဘာဝအလင်းရောင်အောက်တွင် မတွေ့ရှိရပဲ မီးရောင်တွေအောက်တွင်သာ တွေ့နိင်ပါသည် ။ ဒီလိုအစင်းရာမျိုးကိုတော့ Compoundဖြင့် ပေါလစ်တိုက် စားချလို့ ရပါသည် ပေါလစ်တိုက်သည့်အခါ အစင်းရာဖျောက်ခြင်တဲ့စိတ်တခုထဲနဲ့ပြုလုပ်လို့မရပါဘူး.. စက်တိုက်သည့်အရှိန် /ဖိအားအောက်ခံ အသုံးပြုမည့် Pad ကို ဂရုစိုက် သိရှိနားလည်ရန်လိုအပ်ပြီး နည်းစနစ်ကျကျသက်မှတ်အတိုင်း Compound တိုက်ရန်လိုအပ်ပါသည် ။
၃. "လေထုထဲတွင် အရှိန်ဖြင့်မောင်းနှင်သည့်အခါ ကားမျက်နှာပြင်ကို ရိုက်ခက်လာသော ကြောင့်ဖြစ်ပေါ်လာ သော Hologreams / Swirls များ" မီးရောင်အောက်တွင် ရှုပ်ထွေးနေသော ပင့်ကူမျှင်များကဲသို့ အကွင်းလိုက်ဖြစ်ပေါ်နေတာကို Holograms ဟုခေါ်ဆိုပြီး အများပြားရှိပြီး အရောင်မှိုင်းသွားပြီး အနုစိတ်ဖြစ်သွားတာကိုတော့ Swirls ဟုခေါ်ပါသည် ဒီလိုအခြေနေမျိုးကိုတော့ ဖျောက်ရလွယ်ကူပါတယ်ဒါပေမယ့် ဒီဟာကိုလည်း အသုံးပြုမည့်ဆေး Pad /speed ကိုလည်း သိရှိဖို့လိုပါတယ်။ Compound ဖြင့်ဂျီးချွတ်သည့်အခါ Pad ညစ်ပေနေခြင်း /ဆေးတွေ Pad ထဲ များပြားနေခြင်း /Speed မနိင်သည့်အခါတွင်လည်း ကိုကိုယ်တိုင် ပေါ်လစ်တိုက်နေရင်း Holograms /Swril တို့ကိူ ကိုယ်တိုင်ပြုလုပ်နေခြင်းများ ဖြစ်တတ်ပါတယ်။ ဆေး၏ အာနိသင်နှင့် အသုံးဝင်ပုံ စနစ်တကျအသုံးပြုပုံတို့ကို သေချာသိရှိနားလည်မှသာပျောက်နိင်ပါသည် ။
၄. "Compound/ Polish/ Glaze/ Wax တဆင့်ခြင်းပေါ်လစ်တိုက့်ပီးတိုင်းအဝတ်ဖြင့် ပြန်သုတ်သည့်အခါဖြစ် ပေါ်လာသော အစင်းရာများ"
ကျနော်တို့ ပထမဆုံး Compound တိုက်ပြီး ပေါလစ်မတိုက်ခင် ဂျီးများဆေးများကို အဝတ်ဖြင့်ပြန်သုတ်ရပါ တယ်. ပြန်သုတ်သည့်အခါအဝတ် မသန့်ခြင်း (ဆေးပေါင်းစုံရှိနေသော အဝတ် /သဲမှုန်ပါဝင်မှု့ရှိနေသော အဝတ်) ကြောင့်လည်း ကားမျက်နှာပြင်ပေါ်ကို ပြန်ပြီး အစင်းရာဖြစ်ပေါ်စေပါတယ်။ အဝတ်တိုက်သည့် နည်းစနစ် ကောင်းမှသာ အစင်းရာပြန်မဖြစ်ပေါ်မှာပါ ဒါ့ကြောင့်လုံးဝမဖိပဲ ဆေးတွေ ကို ပေါ့ပေါ့ပါးပါးသန့်ရှင်းရေးပြန်လုပ်ရပါမယ်..အထူးသတိထားရမှာ တော့ နောက်ဆုံး Finishing ပိုင်းတခုဖြစ်သော Wax ကိုAnti- Holograms Pad ဖြင့် တိုက်ပြီးသောအခါ ဆေး ထည့်တာများရင် လည်း မျက်နှာပြင်ပေါ် အဆီဝေ့ ပြီးပြန်သုတ်သည့် အခါ ခက်ခဲပြီး အစင်းရာဖြစ်တတ်ပါတယ်။
၅. "တမင်တကာချွန်ထက်သောအရာဖြင့် ခြစ်ခံရသောအစင်ရာ" လက်သဲလေးနဲ့ ထစ်ကြည့်တဲ့အခါ ထစ်နေပြီဆိုရင်ဒီအစင်းရာကို ဖျောက်လို့မရတော့ပါ အပေါ်ယံ Clear Coat ခေါ် လိုက်ကာလည်း ပါသွားနိုင်သလို အောက်ခံဆေးသားလည်း ပါသွားနိုင်ပါတယ် ဖျောက်ပြစ်လို့ မရပါ ဆေးပြန်မှု့တ်မှသာ ရနိင်ပါတယ်။
ကားကို ပေါလစ်တိုက်တဲ့သူ ဘယ်လောက် ကောင်းကောင်း ကားပိုင်ရှင်အနေနဲ့ကလည်း ဂရုတစိုက် ထိန်းသိမ်း ပေးမှသာ ကားပေါလစ် ခဏခဏ တိုက်စရာမလိုပဲ အမြဲသစ်လွင်တောက်ပတဲ့ ကားတစီးဖြစ်စေမှာပါရေဆေးသည့်အခါ Car Shampooဖြင့် ရေဆေးခြင်း ရေဆေး ပြီးတိုင်း Wax & Sealant သုတ်ပေးခြင်းတို့ကိုမှန်မှန်လေးပြုလုပ် ထိန်းသိမ်းသွားရင်လည်း ကားပေါ လစ် ခဏခဏတိုက်ရခြင်းမှ ကင်းဝေးပြီး အမြဲဆေးသားလိုက်ကာကြံ့ခိုင်မှု့ကောင်းပြီး လှပနေမှာပါ။
092028236
13/05/2022
ယုံကြည်စိတ်ချစွာ လာရောက်အားပေးသော လူကြီးမင်းကို ကျေးဇူးတင်ပါတယ်။ လူကြီးမင်း၏ လုပ်ငန်းများလည်း အဆင်ပြေချောမွေ့ အောင်မြင်ပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းများနှင့်ပြည့်၀ကြပါစေ။
092028236
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay
Opening Hours
| Monday | 08:00 - 18:00 |
| Tuesday | 08:00 - 18:00 |
| Wednesday | 08:00 - 18:00 |
| Thursday | 08:00 - 18:00 |
| Friday | 08:00 - 18:00 |
| Saturday | 08:00 - 18:00 |
| Sunday | 08:00 - 18:00 |