Daldi AhOne

Daldi AhOne

Share

23/05/2026

ဋိဝဏ် မိသားစုရဲ့ ဆရာဝန်မျိုးရိုးက ဆင်းသက်လာသည့် ညီအစ်ကိုလေးယောက် နှင့် sister Friend ship ရှိကြတဲ့ တဇွတ်ထိုးဆန်သော ကောင်မလေး ၄ယောက်ရဲ့ Love story လေးတစ်ပုဒ်။

ချစ်ခြင်းမေတ္တာဟာ ဘယ်လောက်ထိ ခမ်းနားတင့်တယ်ကြောင်း ဖွဲ့ဆိုမှုတွေ ။ အသက်ကွာခြားတဲ့ အချစ်နယ်လေးတစ်ခုမှာ ကိုယ်crushရတဲ့ လူကြီးတစ်ယောက်က ကိုယ့်ချစ်သူကောင်လေး ဖြစ်လာတဲ့အခါ ကိုယ့်ကိုမယုံဘဲ လက်လွှတ်ဖို့ကို ကြိုးစားလေရဲ့...။ ထိုအခါမှာ ကိုယ်ချစ်ရင် နောက်ဆံမတင်းနဲ့ ခိုးပြေးပြီး ရဲရဲဝံ့ဝံ့ချစ်ပြဖို့ကို သင်ပြပေးသွားမယ့် ကောင်မလေးတစ်ယောက်။

ချစ်ရင်ခိုးပြေး။
ခိုးပြေးပြီးရင် ပိုချစ်ပြ။
ခိုးပြေးတာလည်း ငြိမ်ငြိမ်လေးခံ။
အချစ်ခံရတာကိုလည်း မြတ်မြတ်နိုးနိုးကြီးနဲ့ ငြိမ်ခံနေ။

အစ်ကိုအကြီးဆုံးရဲ့ အချစ်ဇာတ်လမ်းလေးကို အစပြုရင်း...My Dear Love Babe

သဋိုးဘုန်းမိုက်&အိမ့်ထက်မြတ်နွံ

22/05/2026

𝗕𝗲 𝗠𝘆 𝗗𝗲𝗮𝗿 𝗟𝗼𝘃𝗲 𝗕𝗮𝗯𝗲

Episode - 7

ချိန်မြိန်တမ်းတစရာ အချိန်များဟာ ရက်တွေကနေ လတွေထိ အလီလီ ကူးပြောင်းလာခဲ့ပြီး ချာတိတ်လေးသည်လည်း သဋိုးဘဝ၏ တစ်နေ့တာ နေ့ရက်များမှာ တစ်စိတ်တစ်ပိုင်း ဖြည့်စွက် ပါဝင်လာခဲ့သည်။

စကားချိုချိုလေးတွေနှင့် သွက်လက် ချက်ချာမှုလေးတွေကို သူအလွန် နှစ်ခြိုက်၍ သဘောကျမိ လျက်သား...။ မျက်နှာတွင် အတိအကျ မဖော်ပြမိပေမဲ့ နှလုံးသားမှာတော့ မသိမသာ နေရာထင်းဟက်ဆဲ အရေးပေးနေဆဲသာ ...

ချာတိတ်တွေနှင့် အပေါင်းအသင်း လုပ်ဖြစ်လိမ့်မည်ဟု သူတစ်သက်မှာ တစ်ကြိမ်တစ်ခါမျှ အတွေးစလေး တစ်ခုတောင် မဝင်မိခဲ့...။ ယခုတော့ အပေါင်းအသင်း​ ဖြစ်မိရုံသာမက သူ့အတွက် အရေးပါသည့် စာရင်းထဲထိ သူကိုယ်တိုင်ပင် ထည့်သွင်းမိခဲ့သည်။

ဆောင်းရာသီ၏ တစ်ဆတစ်ဆ အေးစိမ့် ချမ်းအေးလာမှုနှင့် လေပြေအေးကို ဖြတ်ကျော်၍ ဆောင်းရာသီ၏ အအေးဓာတ်ကို ဖြိုခွင်းလာသည့် နွေဦးကလည်း လက်ယက်မခေါ်ဘဲ ရောက်လာပြန်တော့၏

​ဧကရာဇ်ပန်း ပွင့်သောရာသီ ကုန်ဆုံးသွားချိန်အထိ သူတို့နှစ်ဦး အတူတူ ရှိနေခဲ့သည်။ တစ်ဖက်အိမ်က ချာတိတ်မိဘများနှင့် အစ်ကိုကလည်း သူ့နှင့်ဆို ချာတိတ်ကို အလွန်စိတ်ချ၏ ။ ထို့ကြောင့် သဋိုးဘက်ကလည်း ယုံကြည်မှုကို အလွဲသုံးစားမလုပ်ခဲ့ပေ ...။

ချာတိတ်လေးနဲ့က အိမ်နီးချင်း ဆက်ဆံရေးထက် သူငယ်ချင်းဆက်ဆံရေးလိုမျိုး ဖြစ်နေသည်ကြောင့် သူကိုယ်တိုင် ဆယ်ကျော်သက်ဘဝထဲ ဆွဲခေါ်၍ ရစ်ပတ်နှောင်ခံရသလိုပင်...

ဧကရာဇ်ပင်ကြီးအထက် ဧကရာဇ်ပန်းတွေ တစ်ပွင့်မှ မရှိတော့သည့်အခါ ချာတိတ်လေးရဲ့ အသည်းငယ်စွာ ငိုယိုနေခဲ့သော ဝမ်းနည်းသံတွေက သူ့ဆီ ကူးစက်လွယ်စေခဲ့သည်။

" ဘာပဲဖြစ်ဖြစ် ဆောင်းတွင်းတစ်ခုလုံးမှာ အဖော်ပြုပေးခဲ့တာပဲလေ၊ မိုးဦးကျရင် ဧကရာဇ်ပန်းပင်ကြီး ရှင်သန်လာမယ့် အချိန်ကို အနွံ တစ်နှစ်လောက် ထပ်စောင့်နေမယ် "

ထိုနေ့က မှတ်ရရ ချာတိတ်ငိုနေလို့ ခေါင်းလေးကို ပွတ်သပ်ပေးပြီး သူနှစ်သိမ့်ပေးခဲ့သည်။ သူ့စိတ်တွေ သူ့အတွေးတွေ လိုတာထက် ပျော့ပြောင်း၊ နူးညံ့ နေခဲ့တာကို ပြန်တွေး​မိတိုင်း ​​​ယောက်ယက်ခတ်သွားသော နှလုံးသားကြောင့် အဖြေရှာ၍လည်း အဖြေက မရရှိခဲ့ချေ...

" ဦး..."

သူ့ကိုမြင်တော့ တစ်ဖက်ခြံစည်းရိုး အနားကနေ လက်ဝှေ့ရမ်းပြပြီး အသံဆာ​ဆာလေးနှင့် ခေါ်သည်။ လုပ်လက်စအလုပ်ကို ချက်ချင်း လက်ငင်း ချထားခဲ့လိုက်​၍ ချာတိတ်အနားသို့ စိတ်ခေါ်ဆောင်ရာအတိုင်း တိုးကပ်သွားမိသည်။

" ဒီနေ့ မြန်မာစာ စဖြေတာ အခြေအနေ ဘယ်လိုလဲ "

ဒီကြားထဲ ကျူရှင်မှာ စာတွေ...ကျက်လိုက် ဦးကလည်း ညနေစောင်းတိုင်း သူ့အိမ်မှာပဲ အနွံကို စာကူ ကျက်ပေးသည် ။ စိတ်မချသည့် ကိုကိုက အစပိုင်းမှာ လိုက်လာနေကျ ဖြစ်ပေမဲ့ နောက်ပိုင်းတော့ စိတ်ချဟန်တူသွား၍ လိုက်မလာတော့ပေ...

ကိုကို...မပါသည့် ရက်တွေဆို အနွံလေ...သိပ်ပျော်တာ ဦးကို ငေးချင်တိုင်း ငေးရသေးရဲ့ ။ တိမ်တွေပေါ် ရောက်သွားသည့် သံဇဥ်... feeling လေးက ရင်တွေတဒိတ်ဒိတ်နှင့် ဝေဟင်မှာ လေယာဥ်ပျံကြီး စီးနေရသည့် အတိုင်းပင်...

" ကောင်းပါတယ် အနွံဖြေနိုင်ခဲ့တယ် "

" အင်း "

ပကတိ ရှင်းသန့်၍ ချောမော၊ ခန့်ညားနေသော မျက်နှာကြောင့် အနွံတစ်ချက်တော့ ပြုံးလိုက်မိသည်။ ဘယ်အချိန်ပဲ ကြည့်ကြည့် ဦးကို crush ရ​ခြင်းဟာ အလွန်အင်မတန် အနွံအတွက် အဓိပ္ပါယ်ရှိခဲ့သည် အကျိုးမယုတ်ခဲ့ ။

အနွံအတွက် အများကြီး အထောက်အကူ ပြုခဲ့သလို အနွံအတွက် အချစ်က အားဆေးတစ်ခွက်လို့တောင် ခံစားရသည်အထိ အနွံအပေါ်ထားသည့် ဦးရဲ့ စိတ်သဘောထားဟာ အဖြူရောင် မေတ္တာလေးဆိုတာ အနွံတပ်အပ်သိပါသည်။ တန်ဖိုးလည်း ထားမိပါ၏ ။

" Happy Birth Day ဦး "

" မွေးနေ့မှစပြီး နောင်နှစ်တွေထိ ဦးဆီ ကံကောင်းခြင်းတွေ အများကြီးက အမြဲတမ်း ပြေးလာပါစေ "

ရုတ်တရက် ဆုတောင်းစကား ဆိုခံရတော့ ထွေထွေပြားပြား ဖြစ်သွားသည့်စိတ်...

" ဒီနေ့ ကိုယ့်မွေးနေ့ ဆိုတာကို ချာတိတ်က သိတာလား ကိုယ်'ကိုယ်တိုင်တောင် မေ့နေတယ် ၊ ကိုယ်လည်း မပြောပြမိဘူး ထင်တယ် "

လက်ထဲက အနွံပေးသော မွေးနေ့လက်ဆောင်လေးကို တယုတယ ဆွဲယူ၍ ဦးက ပြုံးတုံ့တုံ့နှင့် အလေးအနက်မေးမြန်း၏

" ဟုတ် မပြောပြထားဘူး Duty coat က Doctor ID Badge ကိုတွေ့မိသွားလို့ မှတ်သား ထားမိလိုက်တာ "

ခရမ်းရောင် လက်ဆောင်ဘူးလေးကို သူဖွင့်ကြည့်လိုက်တော့ စျေးမနည်းသည့် Trut​ap တံဆိပ်နှင့် stethoscope ကိရိယာလေးကို မြင်တွေ့လိုက်ရသည်။

ပိုအမှတ်တရဖြစ်မိသည်က stetho ရဲ့ အတွင်းပိုင်းမှာ မြန်မာစာသားဖြင့် သဋိုးဘုန်းမိုက်ဟု သဋိုးနာမည်ပါသည့် စာတန်းလေး ထွင်းထိုးပေးထားခြင်းသာ ဖြစ်၏။

အလိုလိုပျော်ရွှင်သည့် စိတ်ကတစ်ဖုံ ငွေအများကြီးသုံးစွဲလိုက်သည်ကြောင့် စိတ်အခန့်မသင့်ဖြစ်သွားသည့် သူ့စိတ်က တစ်ဖုံပင် ။ ချာတိတ်ကို ငွေအများကြီး မသုံးစေချင်ခဲ့...။ ငွေသုံး၍လည်း သူ့စေတနာ သူ့ပညာကို တန်ဖိုးမဖြတ်စေချင်။

" ဘာလို့ငွေအများကြီး သုံးတာလဲ...ကိုယ့်အတွက် အသုံးလိုအပ်ပေမဲ့ ကိုယ့်မှာက ရှိပြီးသား ပစ္စည်းတစ်ခုလေ ပိုက်ဆံက... "

" ဦးက မကြိုက်လို့လားဟင်..."

မျက်နှာငယ်ငယ် အသံငယ်ငယ်လေးနှင့် မေးမြန်းလာပြန်တော့ သဋိုး၏ လေအယူအယိမ်းက လာလေရာ လမ်းအတိုင်း လှည့်ပြန်သွားရပြန်သည်။

သူ့တွင် ပြောစရာစကား ပျောက်ရှသွားရ၏ ။ ဤအခြေအနေက အသည်းယားစရာ ကောင်းလိုက်လေခြင်း ဆိုတာ သူလက်ခံ၍မရ။

" ကိုယ်ကြိုက်ပါတယ်...ငွေအများကြီး..."

" အဲဒါဆို ရပြီလေ ဦးကြိုက်တယ်ဆိုရင်ကို ရပြီ "

" ဦးက ဦးရဲ့အချိန်တွေကို ဖဲ့ပြီး စာတွေ သင်ပေးခဲ့တာလေ အနွံပေးတဲ့ ဒီလောက်လေးက ဘာမှ ဟုတ်မနေပါဘူး တပည့်တစ်ယောက်က ဆရာ​တစ်ယောက်ကို ကန်တော့တယ်လို့ပဲ ဦးက...တွေးလိုက်ပေါ့..စေတနာဆိုတာ ရောင်ပြန်ဟပ်တာမျိုးလေ တန်ဖိုးဖြတ်လို့မရဘူး "

စကားသိပ်တတ်သည့် ချာတိတ်လေးဆီကနေ ထိုစကားလေးကြားရတော့ သူ့ရင်ထဲမှာ စဖြစ်တည်နေသည့် လှိုင်းရိပ်လေးတွေက ပြေပြေလေး ယိမ်းခတ်သွားရ၏ ။

စိတ်ထဲတွင်လည်း ပြောပြ၍ မတတ်သာသော ခံစားချက်တစ်ခုက ယခုတွင် ပြန်လည်၍ သက်ဝင်လှုပ်ရှား လာသလိုပင်။ စကားလုံး လှလှလေးများက နှလုံးအစုံကို ဆွဲကိုင်လှုပ်ခတ်လိုက် သကဲ့သို့ ခံစားရသည်။

" အနွံက မွေးနေ့ လက်ဆောင်ပေးပြီးပြီ ဦးကရော အနွံကို ဘာပြန်ကျွေးမှာလဲ "

သူကျေကျေနပ်နပ်ကြီး ဘူးအဖုံးကို ပိတ်လိုက်သည်။ ပြီးနောက် ချာတိတ်မျက်နှာလေးကို မျက်လုံးချင်း ဆုံအောင် စိုက်ကြည့်လိုက်၏

" အင်း မွေးနေ့လက်ဆောင်ရထားတာ ဆိုတော့ တစ်ခုခုလုပ်ကျွေးရတော့မှာပေါ့...အဟွန်း "

ချာတိတ်ကလေးတစ်ယောက်ဟာ... သူ့စကားကြောင့် ပါးချိုင့်လေးတွေ ထင်ထင်ရှားရှား ခွက်ပြီး ပေါ်သွားသည်အထိ ပြုံးနေလေတော့၏။ ဒါကို သူ့ရဲ့ မသိစိတ်ကလည်း ကျေနပ်နေသယောင်ပင်။

❁❁❁❁❁

" ဟဲ့ နင်အခုထိ အဲအဖိုးကြီးနားကနေ မခွာသေးဘူးလား "

မဋာရဲ့ ငေါက်စူးစူး အမေးကြောင့် ကန်ဘောင်မှာ cola ပုလင်းလေး ထိုင်သောက်နေသည့် အနွံတစ်ယောက် မျက်ခုံးလေး ပင့်မိသွားသည်။

" အသက် 28ထဲ ရောက်ခါစ ဝင်ခါစပဲ ရှိသေးတာပါ ဘာကို အဖိုးကြီးတုံး ၊ ဖြစ်နိုင်ရင် အိမ်က အစ်ကိုတောင် ကိုကိုမခေါ်ဘဲ ဦးကိုပဲ ကိုကိုလို့ တပ်ခေါ်ပစ်လိုက်ချင်တာ နုဖက်အုအက် ရေဆေးငါးတောင် ဦးလောက် ချောမယ်မထင်ဘူး "

ရန်ပြန်လုပ်နေသော သူငယ်ချင်းဖြစ်သူအား မဋာနှင့်သက်လွှာ ခဗျာမှာ ချဥ်တူးသွားရ၏။

" ရွံတာ "

" လ၊င်တရူးချက် "

" ရူးချင်စရာပဲလေ ဦးပုံစံကို ကြည့်လိုက် ရူးမိုက်ချင်စရာကြီးကို ၊ ဒါကြောင့်ပဲ ငါ့အတွက် အချစ်ဦး အရာရာ ဦးဦးဖျားဖျားဖြစ်နေလို့ ဦးလို့ ငါ့သင်္ကေတနဲ့ ငါခေါ်တာ အသက်ကြီးလို့မဟုတ်ဘူး "

" အံ့သြစရာ "

" အဲလူကြီးက အရမ်းပွေရှုပ်တာနော် အနွံ၊ သူထားခဲ့တဲ့ ရည်းစားတိုင်းက ပီယဆေး မိထားသလို သူ့ကို တမ်းတမ်းစွဲ နင်သိလား "

" အနွံ နင်လည်း အဲလိုပဲ ပီယဆေး မိနေတယ် ထင်တယ် "

" နင်တို့က ငါ့ဦးကိုပဲ တိုက်ခိုက်ပြန်ပါပြီ... ငါသိပါတယ် ငါဖြစ်ငါခံပါ့မယ်လို့လည်း တွေးထားတယ် ဘာပဲဖြစ်ဖြစ် ငါဒီအတိုင်းလေးမှာ ဆက်ပျော်ဝင်ချင်နေသေးတယ် ငါ...ဦးအနားကနေ တစ်ဖဝါးမှ မခွာချင်သေးဘူး "

" ငါတို့က ငယ်သေးတယ် စာကိုသာ ဦးနှောက်ထဲ ခေါင်းထဲထိ ထည့်ထားသင့်တယ်ဆိုတာ သဘောပေါက်သင့်တယ် အနွံ အချစ်ကို ကိုးကွယ်ရမယ့် အရွယ်လည်း မဟုတ်သေးဘူး "

" အချစ်ကို ကိုးကွယ်ပြီး ရူးမိုက်ဖို့ဆိုတာ အသက်အရွယ်အပိုင်းအခြား မရှိပါဘူး သူငယ်ချင်းလေးတို့ရယ်၊ လူတိုင်း ရုပ်၊လတ်၊အမြတ် မရွေး နုနယ်သည် အိုမင်းသည် ဘာပဲဖြစ်နေနေ အချစ်ကို ရူးသွပ်ပိုင်ခွင့် ရှိကြပါတယ်.."

" မှတ်သား ထားရဦးမယ် အိမ့်ထက်မြတ်နွံရဲ့ အချစ်သရစကားလုံးတွေ "

" ငါက ဦးကို ချစ်နေတာကလေ စာတွေကိုလည်း မလစ်ဟင်းခဲ့ဘူး ဒါပေမဲ့ ချွင်းချက်က စာတွေကို ပိုကြိုးစားဖြစ်ခဲ့တာပဲ ရှိတာ "

" နင်တို့မသိပါဘူး ငါ့အခြေအနေ ငါပဲသိတယ် ၊ ဦးက ငါ့အတွက် အားဆေးတစ်ခွက်လိုတောင် ဖြစ်နေပြီ၊ သူ့အကြောင်း အတွင်းနက်နက် ဖဲ့ပြီး သိလာလေလေ ငါကြိုးစားချင်စိတ်က ပိုဖြစ်လေလေပဲ...ငါ့အတွက် တွန်းအားတစ်ခုဆိုလည်း မမှားဘူး ထင်တယ်..."

သက်လွှာနှင့် မဋာ မှာတော့ အနွံရဲ့ ရင်တွင်းဖြစ်တည်ရာ စကားတွေကြောင့် နှုတ်ခမ်းပါးလေးတွေမှာ စူထော်သွားတော့၏ ။ အနွံ ဘာမှမတတ်နိုင်ဘူး ဦးကအနွံကို ဘယ်ရှုထောင့်မျိုးကနေ မေတ္တာပေးပေး အနွံလက်ခံတယ် အဓိက ဦးပေးတဲ့ မေတ္တာက စစ်မှန်နေပေးဖို့ပဲ ။

အချစ်ဦးဆိုတာ သိပ်လှပသော အတိတ်သင်္ကေတ တစ်ခုတဲ့ အနွံဖူးစာဖက်က ဘယ်သူပဲ ဖြစ်နေပါစေ ယခုအခါမှာတော့ အနွံအချစ်ဦးအနားမှာ လှပတဲ့ အလွမ်းသင်္ကေတလေးတွေ အနွံစုဆောင်းနေမိဖို့ပါပဲ...။အနွံရည်ရွယ်ချက်ကတော့ ရိုးရှင်းသလိုမျိုးလည်း ရိုးစင်းပါသည်။

" အင်း နင့်အတွက် Good Luck လို့ပဲ ပြောနိုင်တော့တယ် အနွံ....၊ သိထားရမှာက အချစ်ဦးတိုင်းက ပေါင်းဖက်ဖို့အတွက် မဟုတ်ဘူး ဆက်ချစ်ဖို့အတွက် နှလုံးသားအဖွင့်ပြုပေးတဲ့သူ.... ဒီလူနဲ့စချစ်ပြီး ဒီလူနဲ့ပဲ ဇာတ်သိမ်းတယ်ဆိုတာ အဲဒီယောက်ျားလေး အဲဒီမိန်းကလေး ကံကောင်း​တယ်လို့ပဲ ငါက ထင်မြင်တယ်... "

မဋာရဲ့ စကားက အဓိပ္ပါယ်ရှိပြီး ရိုးရှင်းသည်။ အနွံ သွားဖွေးဖွေးလေးတွေ ပေါ်သည်အထိ ပြုံးလိုက်မိ၏ ။

" ငါကရော အဲဒီထဲက ကံကောင်းတဲ့ အမျိုးသမီးတစ်ယောက် မဖြစ်နိုင်ဘူးလား... "

ထိုအခါ မဋာမျက်နှာက မဲ့ရှုံ့သွားလေ၏

" စိတ်ကူးယဥ်နေတာ ရပ်လိုက်တော့ နင်နဲ့ဦးသဋိုးဘုန်းမိုက်က ညားမှာကို မဟုတ်ဘူး နင်စိတ်ကစားနေတာ.. "

သူငယ်ချင်းဖြစ်သူ၏ အားပေးစကားကြောင့် အနွံ နှုတ်ခမ်းလေးတွေဟာ ရေရေရာရာမရှိ စူထော်သွားခဲ့သည်။ ဖူးစာရေးနတ်က အနွံနှင့် ဦးအကြောင်းကို ဖူးစားမရေးပေးလျှင် အနွံကိုယ်တိုင် ရေးပါ့မည်...။ ကံကြမ္မာဆိုတာ မည်သည်ကိုမျှ ပုံသေတွက်ထားလို့မှ မရတာ...

" ငါက ငယ်သေးတာလည်း ပါတယ်.. ညားတဲ့အထိတော့ မတွေးထားဖူးဘူး ကံကြမ္မာဆိုတာ လုပ်ယူ...ဖန်တီးလို့ရတယ် "

" နင်သိထားဖို့က ကံကြမ္မာဆိုတာက ကိုယ်ဘက်ပါတတ်တဲ့ အရာမျိုး မဟုတ်ဘူး...။ ကံကြမ္မာခွဲလို့ ကွဲတဲ့လူတွေမှ အများကြီးပဲ...အဓိကနဲ့ သာမညကို ခွဲခြားသိမြင်တတ်ဖို့ပဲ လိုအပ်တာ "

" ငါ့ကံကို ငါ့ဘာသာပဲ စီမံမယ်..."

" ငယ်ငယ်ရွယ်ရွယ်နဲ့ ရူးမိုက်ဖို့ မစဥ်းစားစမ်းပါနဲ့ အနွံရယ်..."

" သိပါတယ်လို့... ငါကလက်တွေ့မစမ်းဘူး အချစ်ကိုခံစားကြည့်ချင်ရုံလေးတင်မို့...နှလုံးသားနဲ့ပဲ စမ်းမှာ..."

❁❁❁❁❁

အချိန်စက်ဝန်း တစ်ခုက အလွန်အင်မတန် ပြောင်းလဲလွယ်သည်။ ကံကြမ္မာကို ပြုပြင်ထိန်းသိမ်း၍မရ ကံစီမံရာ အတိုင်းသာ ရွှေ့လျားနေခဲ့၏ ။

အနွံတို့ အိမ်ပြောင်းရတော့မည် ဖြစ်သည်။ မဋာရဲ့ စကားက အလွန်မှန်နေခဲ့၏ ။ မပြောင်းချင်ဘူးဟုလည်း ပြော၍မရပေ... ဟိုဘက်ခြမ်းမှာ အကုန်စီစဥ် ပြီးသွားပြီဖြစ်၏ ။

အနွံက 10တန်း စာမေးပွဲလည်း ဖြေဆိုပြီးသည်မို့ တက္ကသိုလ်ဝင်ခွင့်နှင့် ပတ်သက်ပြီး ကြားထဲတွင် အခြေခံ 3လ သက်တမ်းရှိသည့် သင်တန်းကို သူငယ်ချင်းနှစ်ယောက်နှင့် အတူတူတက်ရမှာ ဖြစ်သည်။

အနွံကလည်း ပညာရေးမှာ အလွန်ဝါသနာကြီးသလို လောဘစိတ်ကလည်း ရှိသေး၏။

သင်ယူ...တတ်မြှောက်လိုစိတ်ရှိသည့် အတွက်ကြောင့် ဘွဲ့လေးတစ်ခု အရင်ဦးဆုံး ပိုင်ဆိုင်ထားနိုင်လျှင်တောင် အနွံအတွက် ဂုဏ်ယူစရာလည်း ဖြစ်မည်။

အန်တီမေပျိုနှင့် သက်လွှာမိဘများသာမက ဒယ်ဒီနှင့်မာမီကပါ အနွံတို့သုံးယောက်အတွက် အတော်လေး ခေါင်းချင်းဆိုင်ပြီး တိုင်ပင်ထားခဲ့ကြတာလည်း ဖြစ်သည်။

သင်တန်းနှင့်ရော သက္ကသိုလ်နှင့်ပါ နီးသည့် Condo တစ်ခုကို စျေးကြီးပေး၍ စီစဥ်ပေးထားသည်။

အနွံတို့နှင့် တစ်မြို့ထဲနေပြီ မဝေးချင်သည်ကြောင့် မာမီနှင့်ဒယ်ဒီကလည်း အိမ်ပြောင်းဖို့ရန်အတွက် ထပ်အစီစဥ်ချလိုက်ပြန်သည်။ ဒီကြားထဲ ဦးကိုနှုတ်ဆက်ချင်ခဲ့ပေမဲ့ ဦးသည် တာဝန်ကြောင့် နယ်ဘက်ကို 1လသွားရမည်ဟု အနွံကိုပြောသွားခဲ့၏။

အနွံမှာက ဖုန်းလည်း မရှိခြင်းကြောင့် ဆက်သွယ်စရာနံပါတ်ကလည်း ဝေးလားဝေးစွ ။ သည်လိုနှင့် အနွံတို့ရဲ့ သိပ်ကောင်းမွန်သည့် အိမ်နီးချင်း ဆက်ဆံရေးလေးဟာလည်း အချိန်ယန္တရား ကံကြမ္မာတစ်ခုကြောင့် တစ်ခဏတာ ရပ်တန့်သွားခဲ့သည်။

ရင်ထဲမှာ အလွမ်းတွေ တသသရှိခဲ့ပေမဲ့ စာတွေကိုပဲ ပိုဖိလုပ်ဖြစ်သည်။ အနွံအတွေးတွေထဲမှာ ရိုက်ချက်နှင့်ပန်းတိုင် နှစ်ခုသာ ရှိတော့၏ ။

အချစ်ဦးဆိုတာ ရင်ထဲမှာ သတိတရရနှင့် တစ်ခါတလေ ပေါ်ထွက်လာလိုက် စာတွေများလာသည့် အချိန်အခါမှာ မေ့ပျောက်သွားလိုက်နှင့် အချိန်စက်ဝန်းထဲတွင် ဦးသည်လည်း အနွံမှတ်ဉာဏ်ထဲမှာ အသိတစ်ယောက်ထက် မပိုတော့ချေ...။

ထိုအခါမှသာ အနွံနားလည်သွားခဲ့သည်။ အနွံ...စိတ်ကစားခဲ့တာ...အနွံဟာ အတည် ချစ်တတ်သေးတာမျိုး မဟုတ်ဘဲ ဦးရဲ့ လုပ်ဆောင်ချက်တိုင်း ပုံပန်းသဏ္ဍာန်တိုင်းကို ရင်ခုန်မိပြီး တစ်ခဏတာ စိတ်ယိုင်လဲသွားတာ...၊ အနွံဘက်က တစ်ဖက်သက်နဲ့ပေါ့...၊ ရေစက်ရှိရင် တစ်မြို့ထဲနေရတာမို့ ပြန်တွေ့ဆုံချင်မိပါရဲ့... ရေစက်တွေက လှပပြီးအသက်ဝင်ခဲ့တာကို ဦးနှောက်တင်မကဘူး နှလုံးသားကပါ ငြင်းလို့မရခဲ့ဘူး။

❁❁❁❁❁

ဆက်ရန်
Episode - 8

Daldi AhOne (ဒီယေးထက်ဇံ)

ကြိုးစားသွားပါဦးမည်။

အစ၊အဆုံးမရသေးပါဘူးရှင့်။ paid ဝင်ချင်ရင် 3000 ကျပ်ပါနော်။ ငွေလွှဲနံပါတ်ကို page cbမှာ လာယူပေးပါနော်။

19/05/2026

𝗕𝗲 𝗠𝘆 𝗗𝗲𝗮𝗿 𝗟𝗼𝘃𝗲 𝗕𝗮𝗯𝗲

Episode - 6

ပိတောက်ခြောက်ရောင် မြန်မာဝမ်းဆက်လေးကို ရိုးရိုးယဥ်ယဥ်ဖြင့် ဆန်းပြားတောက်ပစွာ ဝတ်ဆင်ထားပြီး ချစ်စရာကောင်းသော မျက်နှာလေး အထက်တွင် မိတ်ကပ်ပါးပါးလေးနှင့် ကာလာ ဆေးရောင်စုံ ခြယ်မှုန်းထားသည့် အပျိုပေါက်လေးက ဧကရာဇ်ပန်းကုံးလေးကို ဦးခေါင်းအထက်မှာ ကြော့မော့စွာ ပန်ဆင်ထားသည်။

လူတိုင်း၏ မျက်စိအနားမှာ ဤအပျိုပေါက်လေးက ချစ်စဖွယ် ငေးကြည့်ချင်စရာလေး အလွန်ကို ကောင်းနေပေ၏

ဒယ်ဒီသည် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သလို ၊ မာမီကလည်း ရွှေရိပ်နွံဟူသည့် ရတနာရွှေဆိုင်ကြီးကိုပါ ဖွင့်လှစ်ထားသောကြောင့် လူသိများပြီး သူဌေးလူကုန်ထံ အသိုင်းအဝိုင်းများ ကြားတွင် နာမည်ရှိသော လူကြီးသူမများ ဖြစ်သည်။

ထို့ကြောင့် ဒီနေ့ ငွေရတု နှစ်ပတ်လည်နေ့လေးက အရမ်း စည်ကားသည်​။ လူကြီးတွေ ရောက်လာကြပြီး အနွံမေးလေးကို ကိုင်လိုက် အနွံပါးလေးကို ကိုင်လိုက်နှင့် လာသမျှ ဧည့်သည်တိုင်းက အနွံကို အသားယူသွား တတ်ကြ၏။
အများစုကတော့ အန်တီကြီးတွေသာ ဖြစ်ပါသည်။

" ဦးမင်းမြတ်စိုးနိုင်ရဲ့ သမီးလေးက ​ဖအေ၊မအေချောလို့ ထင်တယ် တကယ့် အလှအပလေးပါလားဗျ ကျွန်​တော်တို့တော့...ချွေးမလေးအဖြစ် တောင်းချင်ပါ့...ဟင်းဟင်း..."

တစ်ဖက်က စစနောက်နောက် ပြောလာတော့ ဒယ်ဒီမျက်နှာက ဟန်ပင်မဆောင်နိုင် ချက်ချင်းပင် အိုမင်း ပျက်ကျသွားပြီး မာန့်မှာကတော့ မနေနိုင်၊မထိုင်နိုင် ဝင်ပြောရတော့၏။

" ညီမလေးက ငယ်သေးတော့...အိမ်က ဒယ်ဒီတို့၊မာမီတို့ရဲ့ အသည်းကြော်လေ ၊ အိမ်ထောင်ပြုဖို့မပြောနဲ့ ချစ်သူရည်းစား ထားဖြစ်ခဲ့ရင်တောင် ကျွန်တော်တို့စိတ်က လုံးဝခွင့်မပြုပေးနိုင်မှာ စိုးရိမ်မိတယ်...ဒါကြောင့် တွေ့လေရာ​လူတန်းစားနဲ့ ပေးစားဖို့ရာ အစီစဥ်က လုံးဝမရှိဘူးဗျ "

ကိုကိုရဲ့ ခပ်ပြတ်ပြတ် စကားကြောင့် ဒယ်ဒီက ပြုံးသွားလေသည်။

" အဟွန်းဟွန်း...သားပြောသလိုပါပဲဗျာ...သမီးက ဆွေမျိုးနှစ်ဖက်လုံးမှာလည်း အငယ်ဆုံးလေးဆိုတော့...ကလေးကို ကလေးလိုမျိုးပဲ မြင်မိသေးတာ...ဒါကတော့ ပွင့်ပွင့်လင်းလင်း ပြောပြတာပါဗျာ..."

တစ်ဖက်က လင်မယားမှာ လည်ပင်းကြီး လိမ်နင်သွားသလို တုပ်တုပ်မျှ မလှုပ်တော့ချေ။ ကိုကိုကတော့ အနွံ ပခုံးလေးကို ဖက်ထား၍ အောက်ထပ်သို့ ပြန်ခေါ်လာသည် ။ ပါးစပ်ကလည်း ခါတိုင်းလို တတွတ်တွတ်နှင့်...မသိလျှင်မိန်းမကြီးနှင့် အလွန် ဆင်တူပေ၏

" အဲဒါမျိုးတွေ လာပြောရင် ငါ့ကိုခေါ်လိုက် အငယ်မ...။အားအားယားယား ဒါပဲ မျက်စ...လာပစ်နေတယ် သူတို့သားရဲ့ 'ဂျိုး' အငြိမ်မနေတိုင်း ဒီအိမ်က အငယ်မကိုပဲ လာမျက်စပစ်ပြီး တောင်းနေ...စိတ်ရှိတိုင်းသာဆို အသက်အရွယ်တူရင် ဒယ်လပယ်နဲ့ကို ပိတ်ရိုက်တယ် "

အနွံမှာ ခပ်တိုးတိုးလေး ရယ်မိသွားပေမဲ့ ဦး၏ ပုံရိပ်ယောင်ဟာ အနွံမျက်ဝန်းထဲ တိုးဖောက်၍ တိုးဝင်လာတော့ စိတ်က အနည်းငယ် လေးပင်းပင်း ဖြစ်မိသွားသည်။

မိဘသဘောတူဖို့ အကြောင်းအရာဆိုတယ့် အတွေးက အဝေးကြီးမှာဖြစ်ပြီး...အနွံ...အချစ်ဦးကြီးကို အနွံဘယ်လို...ဆွဲဆောင်ရမည်လဲဆိုတာကို အဓိပ္ပါယ်မဲ့ တွေးတော ကြံဆ၍ မရ။

အနွံအသက်ကလည်း 15နှစ်ပဲ ရှိသေးတော့...အသက်အရွယ် ငယ်လွန်းနေတာနှင့်ပင်...အပိုင်း-၁မှာတင် ဇာတ်သိမ်းသွားရ၏။

" အင်းပါ..."

မကြာပါ...မေပိုးမဋာတို့ သားအမိနှင့်...မိုစျူးသက်လွှာတို့ မိသားစုကပါ ငွေရတု သံဃာဆွမ်းကပ်အတွက် ရောက်ရှိလာခဲ့ကြသည်။

သူငယ်ချင်းတွေက ပြောစရာပင် မလိုအပ်ခဲ့ မျက်နှာလေးတွေက အကြည်ဓာတ်ကလေးတွေ စိုးမိုးနေဆဲ ဖြစ်၏။

" သမီးမဋာ...သူငယ်ချင်းနဲ့ပဲ နေခဲ့လိုက်တော့ မာမီအပေါ်ထပ် တက်သွားလိုက်တော့မယ် "

" အွန်း "

သားအမိနှစ်ယောက် ထပ်၍ အချင်းများကြပြန်ပြီ ထင်သည်။ မဋာမျက်နှာက okသည့် ပုံမပေါက် ။ သက်လွှာကလည်း နေခဲ့ခြင်းမို့ သူငယ်ချင်းနှစ်ယောက်ကို အနွံ မီးဖိုချောင်သို့ ခေါ်သွားလိုက်သည်။

မီးဖိုချောင်ဖြစ်တော့ အစားအသောက်၏ အရင်းအမြစ်က ဒီနေရာမှာ ပိုပင် စုံလင်နေလေ၏ ။ မိအေးနှင့် မမျိုးကတော့ လုပ်စရာရှိတာ ခပ်သွက်သွက် လုပ်နေကြပေသည်။

သူငယ်ချင်းတွေအတွက် ကျွန်းထိုင်ခုံအား ဆွဲယူပေးရင်း ထိုင်ရန်အတွက် အချက်ပြလိုက်သည်။ မိသားစုဝင်တွေ စားသည့် ဟင်းရည်ထည့် ပန်းကန်လုံးကြီး နှစ်လုံးကို ယူပြီး ဟင်းရည်ခပ်ဖို့ရန် လုပ်တော့ မမျိုးက လှမ်းတားသည်။

" မမလေးရယ် မမျိုးပဲလုပ်ပါ့မယ်...တော်ကြာ အပူလောင်သွားရင် အစ်ကိုလေးက မမျိုးတို့ကိုပဲ ဆူမှာ ပေး..ပေး "

အနွံ ခေါင်းလေး ညိတ်ပြလိုက်ရင်း ပန်းကန်လုံး နှစ်လုံးကို ကမ်းပေးလိုက်သည်။ ပြီးတော့မမေ့မလျော့စွာ...

" မဋာအတွက်က ငုံးဥများများလေးထည့်ပေး မမျိုး...အဖက်များများထည့်ပေး ၊ သက်လွှာအတွက်က ကြက်သားဖက်နဲ့ကြွက်နားရွက်များများလေး ရွေးထည့်ပေး ကြာဇံဖက်များများ အရည်များများ "

" မမျိုးလာပို့ပေးမယ်နော်..."

" ဟုတ် "

အနွံ လက်ဖက်ပန်းကန်နှင့် ထိုးမုန့်ပန်းကန်​​လေးကို အရင်ယူသွားရင်း စားပွဲခုံပေါ်သို့ တင်ပေးလိုက်သည်။ ပြီးနောက် ကျောက်ကြောပန်းကန်နှင့် ပူတင်းအစုံထည့်ထားသော ပန်းကန်ပြားလေးကိုပါ ထပ်ယူပေးလိုက်၏။

မမျိုးက ဇွန်းကြီးကြီးနှင့် ချပေးတော့ မဋာနှင့်သက်လွှာက ဟန်ပင်မဆောင်နိုင် တဖူးဖူးမှုတ်၍ ကြာဇံဟင်းကို ခပ်သွက်သွက် သောက်သည်။

" အန်ကယ်မင်းမြတ်က ဘယ်မလဲ နဂါးပုံ ကျောက်စိမ်း လက်ဆောင်ပေးမယ် ဆိုပြီးကတည်းက ပေါ်ကိုမလာတော့တာ "

မဋာအပြောကြောင့် အစပ်ကြိုက်တတ်သည့် မဋာပန်းကန်ထဲသို့ ငရုတ်သီးမှုန့် နည်းနည်း ထည့်ပေးလိုက်သည်။

" ဒယ်ဒီ မေ့နေလို့နေမှာ အပေါ်တက်ပြီး သွားမေးကြည့်လေ ခဏနေ..."

" အေးနော် တီချိုကလည်း ငါ့ကို ရွှေဟန်းချိန်းပေးမယ်ပြောပြီး မေ့နေသလား မသိဘူး "

" ပြောမနေနဲ့ သူတို့လင်မယား အတူရှိနေရရင် ငါ့ကိုတောင် မေ့ချင်မေ့သွားသေးတာ "

" မဟုတ်သေးပါဘူး "

သက်လွှာက ခေါင်းယမ်းရင်း ပြောသည်။

" တကယ်ပြောနေတာ...နင်တို့ဆီ မကြုံလို့နေမှာပါဟာ ငါကနေတစ်ဆင့်လည်း ပေါ့ပေါ့တန်တန် အလွယ်တကူမပေးချင်ဘူး ထင်တယ် ဒယ်ဒီနဲ့မာမီအကြောင်း ငါသိတယ် ပြီးရင် အပေါ်တက် သွားပြောကြည့်လိုက် "

" အေး "

အနွံမှာ မယ်ဇလီဖူးသုပ်လေးကို အားပါးတရစားရင်း လက်ဖက်တစ်ဇွန်းကိုပါ နှိုက်မြည်းလိုက်သည်။ ဟို..တတို့တို့ ဒီတတို့တို့စားတော့ လမ်းလျှောက်လိုက် ပြန်ဆာလိုက်နှင့် ဒီနေ့လေးက အတော်လေး အဆင်ပြေနေသည်။

သူငယ်ချင်းနှစ်ယောက်က ဗိုက်ဝအောင် စားပြီးတော့ အပေါ်ထပ်သို့ တက်သွားသည်။ အနွံကသာ အောက်ထပ်မှာ တစ်ယောက်ထဲ ကျန်ခဲ့ရင်း လက်ကောက်ဝတ်က ရွှေနာရီလေးကို ငုံ့ကြည့်မိတော့၏

" ချာတိတ် "

နီညိုရောင် လည်ကတုံး၊တိုက်ပုံအင်္ကျီလေးနှင့် အနီရောင်ကွက်စိပ်ပုဆိုးလေးကို တွဲဝတ်ဆင်ထားသော ဦးက...သန့်ပြန့်ချောမောနေပေသည်။

" ဦး...အနွံက စောင့်နေတာ...မလာတော့ဘူးလို့တောင် ထင်နေတာ "

သူကုံးပေးထားသော ဧကရာဇ်ပန်းကုံး ဖြူဖြူလေးကို ဆံနွယ်အထက်မှာ ပန်ဆင်ထားသည်ကို မြင်လိုက်ရတော့ သဋိုး ကျေနပ် ပီတိ ဖြစ်သွားမိသည်။

မြန်မာဆန်ဆန်လေးဝတ်ထားပေမဲ့ သေးသေးကွေးကွေးလေးမို့ ကလေးတစ်ယောက်ဟာ ကလေးတစ်ယောက်ပါပေ....။

" ကိုယ်အခုမှ အပြင်ကနေပြန်ရောက်လို့ အဝတ်အစားလဲပြီး ချက်ချင်းလာခဲ့လိုက်တာ "

ဦးနှင့် အနွံက အနီးကပ် အနေအထား ဖြစ်နေတော့ အနွံနှာဖျားလေးတွင် ကျီစယ်နေသည့် သင်းပျံ့သော ရေမွှေးရနံ့လေးသည် နှလုံးခုန်သံတွေအား ကူညီ အထောက်အပံ့ပြုလ်ု့ တခုန်ခုန်ဖြစ်နေပေတော့သည်။

" ဟုတ် အပေါ်ထပ်သွားရအောင်လေ...လာ "

အနွံလက်ဆွဲခေါ်လာလိုက်တော့ ဦးက တည်တည်ကြည်ကြည်ဖြင့် ကပ်ပါလာခဲ့သည်။ လက်ဖဝါးကြီးတွေက နွေးထွေးနေလိုက်တာ...ရင်ခွင်ကြီးသာဆို ဘယ်လောက်ထိ နွေးထွေးလိုက်မလဲ မသိဘူး...ဟီးဟီး။

ချာတိတ်အရွယ်လေး ဆိုသည့်အတိုင်း အတွေးတွေ က ဟိုရောက်၊ဒီရောက်နှင့် စိတ်ကူးလေးများက တွေးလိုက်တိုင်း တယဥ်ယဥ် ဖြစ်သည်။

သစ်ရွက်လှုပ်တိုင်း ရင်ခုန်တတ်ခါစ အရွယ်လေးလည်း ဖြစ်သလို အချစ်​အကြောင်း မသိသေးသည့် အရွယ်လေးမို့ စတင်ခံစားဖူးချိန်မှာ ဖြူဖြူစင်စင်လေးသာ ဖြစ်နေပေ၏ ။

နှလုံးသား ဆွဲခေါ်ရာအတိုင်း အနွံလိုက်လာခဲ့တာ နှလုံးခုန်သံတွေက ဦးအနားမှာပဲ တဝဲလည်လည်...

" ဟ...မောင်သဋိုး...လာခဲ့ကွာ...အန်ကယ်က မျှော်နေတာ မင်းမအားဘူး ထင်တော့ လာရော လာပါ့မလားလို့ "

ဒယ်ဒီ၏ ကိုယ်ကျင့်လက္ခဏာအရ အလုပ်ကြိုးစားပြီး အောင်မြင်နေသော လူငယ်တွေဆို အတော်လေး ဖော်ရွေတတ်သည်။

အနွံခေါ်လာသည့် အနွံဧည့်သည်က ဒယ်ဒီဆီသို့ ပါသွားတော့မည်မို့ အနွံ ဦးလက်ကို ဆွဲထားလိုက်၏

" ဒယ်ဒီ ဦးနဲ့အနွံက သူငယ်ချင်းတွေနော်...အနွံဧည့်သည်ကို လာမလုနဲ့..."

ထိုအခါ ဒယ်ဒီက သဘောတကျရယ်သည်။ ဦးကတော့ ပြုံးတုံ့တုံ့ အနေအထားတွင်ဖြစ်၏

" ဒါဆိုလည်း ခေါ်သွားဗျာ "

အစားအသောက် စားတာများသွား၍ အီလည်လည်ဖြစ်နေသော သူငယ်ချင်းနှစ်ယောက်၏ သီးသန့်ဝိုင်းမှာ ဦးကိုအမှတ်မထင်နေရာ ချပေးလိုက်မိသည်။

" ကြက်သွန်နီဓာတ်တွေ ကြွယ်ဝနေတော့ ငါတို့ကိုတောင် မမြင်တော့ဘူး "

ခပ်ရွတ်ရွတ်ဆိုသော မေပိုးမဋာ၏ စကားက ရှင်းရှင်းလင်းလင်း ပြောရလျှင် အနွံကို အတော်လေး မွှန်နေသည်ဟု ပြောချင်တာဖြစ်၏ ။

ဦးက အနွံသူငယ်ချင်း နှစ်ယောက်ကို တစ်ချက်သာကြည့်ပြီး မသိသလိုပင် တည်တည်ငြိမ်ငြိမ် နေသည်။ ဦးအနားလေးသို့ မယ်ဇလီဖူးသုပ် ပန်းကန်လေးအား ရွှေ့ပေးလိုက်သည်။

" ဒါက အနွံသူငယ်ချင်း မေပိုးမဋာနဲ့ မိုစျူးသက်လွှာတဲ့ ဦးသိတယ် မဟုတ်လား "

ထိုအခါ ဦးသည် အနွံသူငယ်ချင်းတွေအား မျက်မှောင်ကြီးကြုတ်ပြသည်။ ပြီးနောက်ခေါင်းယမ်းပြ၍ ခပ်တိုးတိုးဆက်ဆိုသည်။

" ကလေးတွေကို သိနေစရာ မလိုအပ်ဘူးလေ အပေါင်းအသင်းလည်း မလုပ်ဘူး "

' ဒီသောက်အဖိုးကြီးရဲ့ သောက်ချိုးက တစ်စက်မှကို မပြေတာပါလား ' ဟု မေပိုးမဋာမှာ စိတ်ထဲကနေ ကျိန်ဆဲမိ၏

ချာတိတ်ကလေးက သဋိုးစကားကြောင့် အနည်းငယ်ကြောင်အမ်းအမ်းနှင့် မျက်နှာလေးငယ်တော့မလို ပုံစံလေး ​ဖြစ်သွားသောကြောင့် စိတ်အလိုအရ သူရှင်းပြချင်စိတ် ဖြစ်မိသည်။

" ချာတိတ်ကတော့...ချွင်းချက် "

ထိုစကားကြောင့် ဝင်းပသွားသော မျက်နှာလေးကို သူငေးကြည့်ရင်း စိတ်ကအနည်းငယ် ကျေနပ်သွားသည်။

သို့ပေမဲ့သူ့စကားနှင့်အညီ ဤကလေးသည် အနာဂတ် တစ်ခုမှာ သူ့အတွက် ချွင်းချက်တစ်ခု ဖြစ်လာမည်ဆိုတာ သူကိုယ်၌ပင် မသိခဲ့ပေ။

ကြာဇံဟင်းကို သူဖြည်းဖြည်းသောက်ရင်း ချာတိတ်ကိုသာ အကဲခတ် စိုက်ကြည့်နေမိ၏ ။ ဟိုဟာမလေးတွေက အဓိကတရားခံပေါ့...ကလေးနေရာ ကလေးမနေကြဘူး ဟိုနေရာ ဆတ်ဆတ် ၊ ဒီနေရာ ဆတ်ဆတ်နဲ့ လူ့ငါးချဥ်လေးတွေ သူများမကောင်းကြောင်း ပြောရမှ စားဝင်အိပ်ပျော်ပေလား ။ သောက်ကလေးနှစ်ယောက် ။

" သမီးငယ် သားလေး ရောက်လာလို့ လာဧည့်ခံပေးပါဦး "

" ဟုတ် ဒယ်ဒီ "

ကိုကိုက အပြင်ကို လိုအပ်တာ သွားဝယ်သည်ကြောင့် မရှိပေ။ အနွံနှင့် ငယ်သူငယ်ချင်းဖြစ်သည့် သူဌေးသားပေါက်စ ကျော်မင်းမော် ရောက်ချလာတော့ အနွံနှုတ်ခမ်းလေးတွေက ဟန်ပင်မဆောင်နိုင် ပြုံးသွားရပေသည်။

သူဌေးသားလို့ ခေါ်ရသည့် အကြောင်းအရင်းကလည်း ကျန်တာမဟုတ်။ ကျော်မင်းမော်က အနွံအပေါ်ဆို အားလုံးထက် အတော်လေးကျသည်။ အနွံဘာလိုချင်ချင် တန်းဝယ်ပေးတတ်သည်မို့ သူဌေးသားဟု အရွှန်းဖောက်ခေါ်တာမျိုးဖြစ်၏

" ကောင်စုတ်! လာသေးတယ် ကြည့်စမ်း မျှော်နေတာ မလာမလာနဲ့ "

အနွံတစ်ယောက် ငြူစူစူ ပုံစံလေးနှင့် ပြောလိုက်တော့ အန်တီမော်က ရယ်လေသည်။

" အမလေး သမီးသူငယ်ချင်းက မနက်အစောကြီးကတည်းက ပြင်ဆင်ပြီး ရွှိုင်းနေတာ ဒီကို လာချင်တာမြန်း ဖ၊င်ကို သရမ်းလို့...အန်တီတို့ လင်မယားကသာ အလုပ်တွေမပြီးသေးတာနဲ့ အခုမှပဲ ရောက်လာဖြစ်တော့တာသာ​ ကြည့်တော့ "

" မာမီကလည်းဗျာ..."

မော်သားက လူပျိုပေါက်လေးဖြစ်နေသည့် အလျှောက်၊ သမီးအနွံလေးကိုလည်း ကြိတ်သဘောကျနေကြောင်းက မော်တို့အတွက် သိသာ ထင်ရှားနေပေ၏..။ကိုမင်းမြတ်ကို မနှစ်က နားကြိုဖောက်ကြည့်တော့ ဖခင်တွေ အစ်ကိုတွေ သဘော၊သဘာဝအတိုင်း အလိမ္မာနည်းဖြင့် ငြင်းဆိုခဲ့သည်။ ဖြစ်နိုင်လျှင် မော်ကလည်း သမီးအနွံကို တကယ့်ကို ချွေးမလေးအဖြစ် တော်ချင်သလို သမီးအရင်းလိုပါ ချစ်ပါရဲ့

" အမယ်...ရှက်နေသေးတယ် ကောင်စုတ်က...နင့်အကြိုက် အုန်းနို့ကျောက်ကြော ရှိတယ် ရော့ အဝစား "

" အင်း "

သဋိုးတစ်ယောက် တစ်ချက်လေးတော့ တင်းသွားရသည်။ ချာတိတ်လေးက ရောက်ခါစမှာ သူ့ကိုအဖက်လုပ် အရေးလုပ်ပေမဲ့ ယခုမူ တစ်ဖက်စကားပွဲဝိုင်းမှာ အတော်အတန်ကြာမြင့်သည်အထိ အသားကျသွားခဲ့သည်။

သဋိုးကိုတောင် မေ့တေ့တေ့ပုံစံ...။ ပြောတော့ အနွံ့ဧည့်သည်ပါတဲ့...။ ယခုပေများ သူ့ကိုအရေးပင်မလုပ်တော့ချေ ။ မသိတော့သလို ပုံစံမျိုးနှင့် နေထိုင်နေသည်။ ချာတိတ်တွေက အပြောင်းအလဲ သိပ်မြန်တာပါလား ။

စိတ်ထဲအဆင်မပြေမှု အနည်းငယ် ဖြစ်ပေါ်လာခဲ့ပေမဲ့ မမေပျိုနုဋာက ရောက်လာသည်မို့ စကားပြောဖြစ်သွားသည်။

" ဟုတ်တယ် အစ်မ ကိန်းနဲ့ကွန်းက Canada ကို ပြန်သွားပြီလေ ။ မေမေ နှလုံးအခြေအနေကြောင့်ပဲ သတင်းကြားပြီး ခဏလေးပဲ ပြန်လာတာ "

" အင်း...အစ်မလည်း မတွေ့လိုက်ရလို့...ဟိုတစ်ခါ အိမ်လာသွားတယ်လေ မင်းတူမက သိတဲ့အတိုင်း ကွန်းနဲ့ကလည်း တကြက်ကြက် ၊ လက်မောင်းကို ကိုက်လိုက်တယ်ဆိုလို့ အစ်မက အားနာနေတာ..."

" ကွန်းက ဘာမှမပြောပါဘူး ရပါတယ် အစ်မ "

" အစ်မလည်း နောက်ရက်မှ အန်တီကို လာတွေ့ပါဦးမယ် ဒါနဲ့ အိမ်ပြောင်းနေရတာရော အဆင်ပြေရဲ့လား "

" ပြေပါတယ် ဆေးရုံနဲ့လည်း နီးတယ် "

" ဒါဆို ပိုကောင်းတာပေါ့ အစ်မ ကိုမင်းမြတ်စိုးနိုင်ကို သေချာပြောထားတာ မင်းအဆင်မပြေတာတွေဆို တိုက်ရိုက်သာပြောလိုက် သဘောကောင်းတယ်ရယ်..."

" ဟုတ်ကဲ့..."

မာမီ အသက်သည် 34 35 ဝန်းကျင်ရှိပြီး အရွယ်တင် နုပျိုသည်။ အောင်မြင်သည့် ကိုယ်ပိုင်စီးပွားရေး တစ်ခုကို ဦးစီးရပ်တည်နေသော အမျိုးသမီးတစ်ဦး ဖြစ်သည့်အတွက်ကြောင့်မို့ မာမီကိုပိုင်းလုံး လုပ်ချင်ကြသည့် ယောက်ျားများမှာလည်း ဒုနှင့်ဒေး ရှိ၏ ။

ဦးသဋိုးဘုန်းမိုက်နှင့် အရမ်းရင်းနှီးဖော်ရွေနေခြင်းကို မဋာမြင်ရတော့ ဦးသဋိုးဘုန်းမိုက်သည် မဋာ၏ ဒုတိယ ဒယ်ဒီ ဖြစ်လာတော့မလားဟု တစ်ချက်တော့ တွေးပူမိသွား၏ ။

မာမီကလည်း အရွယ်ရှိတုန်းဖြစ်ပြီး ဦးသဋိုးဘုန်းမိုက်နှင့်ကလည်း အသက်သိပ်မကွာချေ။ မဋာတစ်ချက်တော့ ရင်မောသွားရ၍ ပင့်သက်ရှိုက်မိသည်။

" အနွံ...နောက်လ ပထမအပတ်ထဲ ငါ့အိမ်မှာ ပရောဂျက်တစ်ခုလုပ်ဖို့ရှိတယ် လာခဲ့မှာလား "

အနွံမျက်နှာလေးကို ငေး၍ တယုတယ မေးနေသော ကျော်မင်းမော် မျက်နှာကို အနွံကြည့်လိုက်၍ ခေါင်းလေးကို ညိတ်ပြလိုက်၏

" အန်တီမော်ရဲ့ ကြောင်တွေရှိတယ်မို့လား ငါလာခဲ့မယ်လေ..."

" ငါကခေါ်တာလေ မာမီကြောင်တွေက ခေါ်တာမဟုတ်ဘူး "

" အေးလေ လာခဲ့မယ်လို့ "

မျက်စောင်းလှလှလေး တစ်ချက်သည် ကျော်မင်းမော်ကိုချက်ချင်း ထိုးချလာတော့၏ ။ ဒီမျက်စောင်းလေးသာ နဂါးမျက်စောင်းလေးသာဆို ခဏခဏ ကြွေကျရပေလွန်းလို့ ကျော်မင်းမော် ပြာဖြစ်တာ မြန်ပေတော့မည်။

" ငါ့အတွက် လက်ဆောင်ယူလာခဲ့ အလားကားမလာနဲ့ "

" အေး ဘစ်စုတ်တွေ ဝယ်ခဲ့မယ် "

" ဟာ...အနွံ နင်မိန်းကလေးဖြစ်ပြီးတော့ "

" ခစ်...ခစ်..."

ခပ်တိုးတိုးလေး ကပ်ပြောရင်း စနေသည့်အနွံကို ကျော်မင်းမော်က မျက်နှာကြီးရဲ၍ အထိတ်တလန့်ပုံ ပြသည်။

အနွံမှာ ဒါကိုပင် သဘောတကျ ရယ်မောမိတော့၏

တစ်နေရာမှာတော့ စူးစိုက်ကြည့်နေသော မျက်ဝန်းတစ်စုံရှိနေခဲ့မှန်း မည်သူမျှ မသိခဲ့ချေ။

❁❁❁❁❁

Gp မှာ အပိုင်း 23ထိရောက်နေပါပြီရှင့်။ gp ဝင်လိုသူများ cbကို လာခဲ့ပေးပါရှင့်။ ဝင်ကြေးသတ်မှတ်ထားတာက 3000 ပါရှင့်။ အစ၊အဆုံးရရင် အဝမ်းစျေးတက်ပါ့မယ်နော်။ အပိုင်းက 70 နီးနီးပါရှင့်။

Wp link episode-7

https://www.wattpad.com/story/409974845?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=AhOne-97


ဆက်ရန်
Episode - 7

Daldi AhOne (ဒီယေးထက်ဇံ)

ကြိုးစားသွားပါဦးမည်။

15/05/2026

𝗕𝗲 𝗠𝘆 𝗗𝗲𝗮𝗿 𝗟𝗼𝘃𝗲 𝗕𝗮𝗯𝗲

Episode - 5

ယနေ့မှာ ကိုကိုတင်သာမက မာမီနှင့်ဒယ်ဒီတို့ကလည်း ငွေရတုမို့ အလုပ်ရှုပ်နေကြသည်။ တစ်အိမ်လုံးမှာ...အလုပ်အကိုင် မရှိသည့် အနွံတစ်ယောက်ထဲကသာ ခြံစည်းရိုးနား ကပ်လျက် ဧကရာဇ်အပင်ကြီး အနားသို့ ရောက်လာရင်း အပင်အမြင့်အား ခေါင်းလေး မော့၍ ကြည့်မိသည်။

မိအေးကလည်း သူ့ဟာသူ အလုပ်ရှုပ်နေခြင်းကြောင့် အနွံကို မကြည့်အား။ တစ်ဖက်ခြံသို့ မျက်လုံးလေးအား မသိမသာ အသာအယာ တွန်းပို့ရင်း crushကြီးမြန်း ရှိနေမလားဟု မသိစိတ်ကနေ ခိုးကြည့်မိပြန်၏ ။

အဖြူရောင် စားပွဲခုံလေးနားမှာ တည်တည်ငြမ်ငြိမ် စာဖတ်နေသည့် ဦးကို ချက်ချင်း မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရပြန်တော့ ရင်ခုန်သံတွေဟာ တလှပ်လှပ် ဖြစ်သွားရသည်။

ကျောခိုင်းချင်ပေမဲ့ နှလုံးသားက ကျောခိုင်း၍မရ တစ်ချက်လေး ငေးကြည့်မိတာနှင့်တင် မျက်လုံး မျက်စံတွေ မခွာချင်လောက်အောင်ထိ အနွံမှာ...အပြုစား ခံနေရတာဖြစ်ပြီး ရေခဲတုံးဟာ ရေတွင် ပျော်ဝင်နေသကဲ့သို့ အနွံခံစားချက်တွေဟာလည်း ဦးအပေါ် အတော်လေး ပျော်ဝင် နေမိပါ၏။

" ချာတိတ်! ပြုတ်ကျ ချင်နေပြန်တာလား "

မျက်နှာလွှဲ၍ ဧကရာဇ်ပင်ကြီးပေါ် တက်ဖို့ ဟန်ပြင်နေသည့် အနွံကို ဦးက ခပ်ကြိတ်ကြိတ် ဆူပူလာခြင်းကြောင့် အနွံ မျက်လုံးလေးတွေမှာ ဝိုင်းစက်သွားရပြန်သည်။

ဒါသည် မနေ့က စက်ဘီးစီးတုန်းက တစ်ကြိမ်ရယ်...။ ယခုတစ်ကြိမ်ရယ်နှင့်အတူ...အနွံကို သတိထားဖို့အတွက် ဆူပူနေတာဟာ ၂ကြိမ်ရှိပြီ ဖြစ်၏...။

ဒီနေ့မှာတော့ အပေါ်က ​ရေညှိစိမ်းရောင် ဆွယ်တာအင်္ကျီအထူနှင့် အောက်ပိုင်းက အနက်ကွက်စိပ် ယောပုဆိုးကို ဦးက သန့်ပြန့်​စွာ ဝတ်ဆင်ထားသည်။

ခပ်မြင့်မြင့်အရပ်ကြီးက အနွံဆီ လျှောက်လှမ်းလာခြင်းမို့ ခန္ဓာကိုယ်က ခဏတာ ကြက်သေ၊သေသွားမိ​၏။ ရင်တွေဆိုတာ တဒုန်းဒုန်း တဒိုင်းဒိုင်းနှင့် အနွံနှလုံးသားတစ်လုံးဟာ အကြိတ်အနယ် စည်တီးခံနေရသည့် အတိုင်းပင်။

ခန္ဓာကိုယ်တစ်ခုလုံးဟာ လှုပ်ရှား၍ မရပေမဲ့ ရင်ခုန်သံတွေဟာ မြူးကြွခုန်မြည် ဟီးနေလျက်ပင်..။ ဒီအခြေအနေမှာ အနွံတစ်ယောက်ဟာ ရုန်းထွက်ရ အခက်ခဲဆုံး အရာတစ်ခုနှင့် ရင်ဆိုင်နေရသလိုမျိုး ဖြစ်နေ၏။

" ပြုတ်ကျလို့ ခြေ၊လက်ကျိုးသွားရင် ကူကယ်ရာမဲ့ ဂျိုင်းထောက်နဲ့ နေချင်နေသလား "

" အနွံ...ပန်းလိုချင်လို့... "

အနွံ့ စကားကို ​ဦးက တိတ်တိတ်ဆိတ်ဆိတ်ပင် ​မြေကြီးပြင်အား လက်ညိုး ထိုး၍ ညွှန်ပြ၏။ ဆောင်းလေအေးအေးကြောင့် ဧကရာဇ်ပင်ကြီး၏ သစ်ကိုင်းလေးများဟာ ယိမ်းနွဲ့နေလေပြီး ဧကရာဇ်ပန်း ဖြူဖြူလေးများက အနွံတို့နှစ်ဦးပေါ်ကနေ တစ်ဆင့် ဖြတ်ကျော်၍ မြေပြင်ပေါ်သို့ လက်လက်ဆတ်ဆတ် တဖြုတ်ဖြုတ် ကြွေကျ နေပေသည်။

ဧကရာဇ်ပန်းရနံ့ သင်းသင်းလေးက အနွံရင်ခုန်သံတွေကို အားပြန် ပြည့်စေဖို့ ဖြည့်စွက်အား ပေးနေသလိုပင်...

" ဒီက ပန်းတွေလည်း ကောက်ယူလို့ ရတယ်လေ "

" အနွံက မြေခနေတဲ့ ပန်းကို မကြိုက်ဘူး အပင်ပေါ်ကပန်းကိုပဲ လိုချင်တာ "

ထိုစကားကြောင့်ပဲ ဦးက အနွံကို ခပ်စူးစူး စိုက်ကြည့်လာသည်။ မျက်ခုံးထူထူ တစ်ဖက်အား ဟန်ပါပါ ပင့်ပြလာ၏ ။ အနွံနှင့် ဦးကြားတွင်မူ...အနွံ ခါးလယ်လောက်သာ ရှိသည့် သစ်သားခြံစည်းရိုးလေး တစ်ခုသာ အကွာအဝေး တစ်ခုအဖြစ် ရှိနေခဲ့သည်။

" ဘာကွာခြားသွားလို့လဲ "

" ..... "

သူမေးတော့ ချာတိတ်မလေးက မဖြေပေ။ အပင်ပေါ်ကပန်းကို ယူချင်ပေသည်တဲ့လား ။ ဝေဝေဆာဆာ တစ်ပင်လုံး ဖွေးဖြူနေသည့် ဧကရာဇ်ပင်ကြီးကို သူမော့ကြည့်ရင်း တစ်ခဏတော့ ပြုံးလိုက်မိသည်။

" ချာတိတ်က ဧကရာဇ်ပန်း ကြိုက်တတ်တာလား "

" မိုးရာသီနဲ့ ဆောင်းဦးကြားမှာ ပွင့်လန်းတဲ့ ပန်းမို့ အနွံအတော်လေးကြိုက်တယ် ဦး... အကြိုက်ဆုံးပန်းဆိုလည်း ဟုတ်တယ်...ပန်းပွင့်ဖို့ တစ်ခါမှ မစောင့်ဖူးဘူး ၊ ဒါပေမဲ့ နှစ်တိုင်းနှစ်တိုင်း ဧကရာဇ်ပန်းကြီး ပန်းပွင့်လာတော့မယ့် အချိန်တစ်ခုကိုပဲ စောင့်ဆိုင်းနေမိတာ...အကျင့်တောင် ဖြစ်နေပြီ"

အနွံအချစ်ဦးကိုလည်း ဧကရာဇ်ပန်းတွေကြားမှာ ရှာဖွေတွေ့ရှိခဲ့တာပဲလေ...။ အနွံအတွက် ဧကရာဇ်ပန်းက ကောင်းမွန်မှုတွေ သီးသန့် ယူဆောင်လာတဲ့ အချစ်သင်္ကေတလေးတစ်ခုလိုပဲ မြင်မိတယ်။

" ဒါဆို မြေမြင်ပေါ်က အရမ်းကြိုက်တဲ့ ပန်းကို ဘာလို့ ဥုပေက္ခာပြုတာလဲ "

ဘယ်လို မေးခွန်းမျိုးကြီးလဲ...ဘယ်သူက ဥုပေက္ခာပြုနေလို့လဲ

" ဟင့်အင်း အနွံ ဥုပေက္ခာ မပြုပါဘူး ၊ ဒီနေ့တော့ အပင်ပေါ်က ပန်းကိုပဲ ပန်ထားချင်လို့ ဧကရာဇ်ပန်းလေးတွေက အမြင့်အထက်ကို ကိုယ်စားပြုတယ်လေ။ အဲဒါကြောင့် အနွံ အပင်ပေါ်က ပန်းကိုပဲ ပန်ချင်တာ "

မျက်မှောင်ကြီး ပိုကြုတ်ပြသည့် ဦးကို အနွံ...ကြောင်တောင်တောင်လေး ငေးကြည့်နေမိသည်။ နှလုံးသားရေးရာ အခြေအနေကလည်း တစ်စက်ကလေးမျှ မကောင်းချေ။

ဒီလိုတည်တည်ငြိမ်ငြိမ် ခပ်ချောချော ရုပ်ကြီးက Play Man ကြီးဆိုတာ အနွံတစ်ယောက် ယခုတဲ့ထိ မယုံကြည်နိုင်သေး။ မိုက်မိုက်မဲမဲနှင့် အနွံရှေ့ဆက် တိုးသင့်လား မတိုးသင့်ဘူးလားဆိုတာလည်း မခွဲခြားတတ်ပေ။ အဲလိုကြီး တွေးရအောင်ကလည်း ကိုယ်က ကလေးသာသာ အရွယ်လေးသာ ရှိသေး၏ ။ အခုမှ အချစ်ကို အာငွေ့ခံပြီး ကမ္ဘာပျက်နေတဲ့အတိုင်း

ငယ်ငယ်ရွယ်ရွယ်နှင့် ရွလွန်းတယ်ဟု ပြောလည်း ခံရမှာပဲ...အနွံ နှလုံးသားလေးက ဦးကလွဲရင် ဘယ်သူ့ကိုမှ မမြင်နိုင်တော့တဲ့အထိ...အပြုစားခံနေရတာ... အနွံပါ ရှင်ကြီးရယ်လို့ အော်ပြောပစ်လိုက် ချင်ပါတယ်။

" အပင်ပေါ် တက်မခူးနဲ့ ကိုယ်ခူးပေးမယ် ခဏစောင့်နေ "

ရုတ်တရက်ကြီး ထိုသို့ပြောပြီး လှည့်ထွက်သွားသော ဦးကြောင့် အနွံမှာ ကြောင်စီစီလေးနှင့် တစ်ယောက်ထဲကျန်ခဲ့တော့သည်။

ဆောင်းလေအေးအေး တစ်ဖန်ဖြတ်တိုက်သွားခြင်း ခံရတာကြောင့် ခန္ဓာကိုယ်လေးဟာ ချမ်းစိမ့်စိမ့်လေး ဖြစ်သွားရ၏ ။ အနွံပါးလေး​ နှစ်ဖက်ဟာလည်း ဆေးအကူ မလိုအပ်ခဲ့ဘဲ ပန်းရောင်ရဲရဲလေး ဖြစ်နေပေတော့သည်။

နှလုံးခုန်သံတွေ တစ်ခုလုံးက လေပြေအေးအေးကြားမှာ ခုန်မြူးနေပြီး ထိုစကားကြောင့်မူ နှလုံးသားလေးက နေရောင်ခြည် အနွေးဓာတ်​လေးလိုမျိုး နွေးမြသွားသည်။

မကြာပါ အနေတော် ဝါးရှည် ခြူတစ်လုံးကို သယ်ဆောင်၍ ရောက်လာခဲ့ပြီး ဝါးခြူလေးနှင့် ဦးခေါင်းကို မော့ကာ ဝေဝေဆာဆာ ပွင့်လန်းနေသည့် ဧကရာဇ် ပန်းကိုင်းလေးကို လိမ်ဖယ်ပြီး ခူးဆွတ်ပေးနေခြင်းကြောင့် ဦး၏ ကိုးကွယ်ချင်စရာ ရွှေမျက်နှာတော်ကို တစ်ဖန် ငေးကြည့်မိပြန်သည်။

" ရော့ လောက်ရဲ့လား "

သေချာ အခိုင်လိုက်ကြီးတွေ ပေး၍ မေးနေသောကြောင့် အနွံခေါင်းညိတ်၍ ပြုံးလိုက်မိသည်။

" ဟုတ် လောက်ပါတယ် ကျေးဇူးတင်ပါတယ်ရှင့် "

ထိုအခါ မျက်နှာတည်တည်နှင့် အမျိုးကောင်းသားကြီးက နှုတ်ခမ်းတစ်ဖက်ကို ကွေး၍ ပြုံးသည်။ ဤအပြုံးတစ်ချက်ကြောင့် အနွံနှလုံးသားလေးသည် ဝဲဂယက်များစွာနှင့် ဒူးထောက် ကြွေကျရုံမှတစ်ပါး ကျန်တာ မတတ်နိုင်ခဲ့ပေ...။

" ဘယ်လိုလုပ်ပြီး ပန်မှာလဲ "

" ပန်းကုံးလေး ကုံးပြီး ပန်မှာ သရဖူလေးလို..."

သူမေးမြန်းသည်ကို ချက်ချင်း လေပြေတိုးတိုးလေးနှင့် ပြန်ဖြေတော့ သဋိုးဘုန်းမိုက် နှလုံးသားဟာ တစ်ချက်တော့ အရိုင်းဆန်သွားခဲ့၏ ။

" ကိုယ်..ကုံးပေးရမလား "

" ကုံးရော ကုံးတတ်လို့လား ဦးက ဆရာဝန်လေ..."

' ​ဒီချာတိတ်လေးသည် သူ့ကို အရမ်းအထင်ကြီးခဲ့တာ စတွေ့ကတည်းကနေ အခုထိပါပဲ...'

" မေမေအတွက် ကိုယ်ငယ်ငယ်တုန်းက ကုံးပေးဖူးတယ် "

" ဟီး...အားနာစရာကြီး "

ဒါဆို အနွံကို ပထမဆုံး ပန်းကုံးဖို့ တောင်းဆိုနေတာလားဟု ဒဲ့တိုးဆန်စွာ မေးမြန်းပစ်ချင်လှပေမဲ့ မရဲတင်းခဲ့ပေ...။အနွံရှက်တယ် တစ်ဖက်လူ အနွံကို ဘယ်လိုထင်သွားမလဲဆိုတာ...တွေးကြည့်လို့မရဘူး...။ အထူးသဖြင့် ​ဦးပေါ့...။

" ကိုယ်ကုံးပေးမယ် အရှေ့တိုးလာခဲ့ "

အနွံ လက်ဖဝါး နှစ်ဖက်ထဲက ဧကရာဇ် ပန်းကိုင်းလေးတွေဆီကနေ ပန်းဖြူဖြူတွေကို တစ်ပွင့်ချင်းစီ ခြွေယူ၍ မတ်တတ်ရပ်ရင်း ပန်းကုံးလှလှလေးကို စိတ်ရှည်ရှည်လေး သီကုံးပေးနေလေသည်။

အနွံဝဲဘက် ရင်အုံက နှလုံးသားလေးဟာလည်း အလိုက်ကမ်းဆိုးမသိ တခုန်ခုန်နှင့် အရှေ့ကလူကြီးကို သိပ်အသည်းယားနေမိ​တာပဲ သိတော့သည်။

အနွံကို မိုးပေးထားသော အရပ်ကြီးက ဧကရာဇ်ပန်းပင်ကြီးနှင့် တူသည် ။ နှစ်သက်မတိ ကြာရှည်ခဲ့ရာ ဤဧကရာဇ်ပန်းပင်ကြီး၏ အမြင့်ကမူ အနွံတို့ ၂ထပ် တိုက်လေးထက် ပိုမြင့်နေသည်။

ပင်စည် ကြီးကြီးနှင့် အတော်လေး ပန်းပွင့်အားလည်းကောင်း၏ ။ အရင်က ဒီနေရာလေးမှာ ခုံတန်းလျားလေး တစ်ခုရှိပြီး ယခုတော့ ဟောင်းနွမ်း ဆွေးမြေ့လို့ နေသည်။

" ဘာကျွေးမှာလဲ ဒီနေ့..."

ကြည့်ရတာ ဒယ်ဒီက ဦးကို နှစ်ပတ်လည်ပွဲ ဖိတ်သွားပုံရပါ၏ ။ အနွံကို တစ်ချက် စိုက်ကြည့်လာသော ဦးရဲ့ မျက်ဝန်းတွေကြောင့် ခြေထောက်တွေက ရဲရဲပင် မခိုင်ချင်တော့ပေ....။

" ဟုတ် ၁၀နာရီ လောက်ကျရင် လာခဲ့လေ ဦး...ဒယ်ဒီနဲ့မာမီရဲ့ 25နှစ်မြှောက် ငွေရတု...အထိမ်းအမှတ်နေ့လေးလေ...ဒီနေ့က ဒယ်ဒီနဲ့မာမီအတွက် အဖိုးတန်တဲ့ နေ့လေး..."

" ကိုယ်မေးတာက ဘာကျွေးမှာလဲလို့ မေးတာ...ကျန်တာမသိချင်ဘူး "

အပေါက်ကလည်း မသိမသာ ဆိုးနေသေးတာကိုး...

" အနွံက ပြောပြတာပါ...ကြာဇံဟင်းက အဓိကကျွေးမှာပေါ့ သရော်တိုက်ကနေ ထိုးမုန့်နဲ့ ဆနွင်းမကင်း အစုံမှာထားတယ်။ ကျောက်ကြောရော ဦးကြိုက်လား "

ချာတိတ်က ​သူ့ကို ဂရုစိုက်စွာ မေးမြန်းလာတော့ သူတစ်ချက်ပြုံးမိသည်။

" ကိုယ်က အချိုတွေ သိပ်မကြိုက်ဘူး ကြာဇံဟင်းဆိုရင်တော့ လာခဲ့မယ်။ ဒါနဲ့...ကိုယ်မေးစရာရှိတယ်... "

" မေးလေ..."

လှုပ်လှုပ်ရွရွ ဖြစ်သွားသည့် ဦးပုံစံကြောင့် အနွံမျက်ဝန်းတွေကနေ အလေးအနက် ငေးကြည့်မိသည်။

" မနေ့တုန်းက ချာတိတ် စက်ဘီးစီးလို့ ကိုယ်တားတာကို ဘာလို့ ကိုယ့်ကို မျက်စောင်းထိုးသွားတာလဲ "

သြော် မေးချင်တာက ဒါလား။ ဦးက ဒဲ့တိုးမေးတော့ အနွံက ခပ်ရှင်းရှင်းပဲ ပြောရတော့မှာပေါ့။ အနွံ နှုတ်ခမ်းလေးကို သိသိသာသာ စူချိတ်ထားမိ၏

" သူငယ်ချင်းတွေက ဦးနဲ့ ခပ်ဝေးဝေးနေဆိုလို့ "

" ဟ! ချာတိတ်သူငယ်ချင်းတွေ ကိုယ်တောင်မမြင်ဖူးဘူး လေ သူတို့က ကိုယ့်အကြောင်း ဘယ်လောက်ထိ သိထားလို့လဲကွ ချာတိတ်ကရော ဘာလို့နားယောင်သလဲ "

" ဦးက...ရည်းစား ပွေတယ် ရှုပ်တယ် အရမ်းမရောနဲ့ ပီယဆေးနဲ့ နင့်ကိုပါ မျှားလိမ့်မယ် ဝေးဝေးနေဆိုလို့ "

နှုတ်ခမ်းလေး စူချွန်းကာ သူ့ကို ထိုသို့ပြောလာတော့ အနည်းငယ် ခြောက်ခြားသွားသည့် စိတ်...။ သူများတွေ ဘယ်လိုပဲ မြင်မြင် သူဂရုမစိုက်ခဲ့ပေ ။ သို့ပေမဲ့ ချာတိတ်လေးတစ်ယောက် သူ့ကို ထိုကဲ့သို့ ထင်မြင်ပြောဆိုလာတော့ ကျောပြင်ကြီးက တောင့်ကနဲ ဖြစ်သွားရသည်။

" အခုကျတော့ရော...ဘာလို့ ဝေးဝေးမနေတာလဲ "

" ဦးက သဘောကောင်းတယ် ထင်မိလို့လေ "

ထိုအခါမှသာ သူပြုံးနိုင်သွားတော့၏ ။ သူရှေ့လျှောက် သဘောကောင်းပေးရတော့မှာပဲ...။

" ကိုယ် မနက်မဟုတ်ရင် ညနေလာခဲ့မယ်...ဒီနေ့သွားစရာရှိလို့ "

" ဟုတ် "

ဧကရာဇ်ပန်းကုံး အဖြူရောင်လေးရဲ့ သီကုံးခြင်း ခရီးစဥ်ဟာ လှလှပပ သေသေသပ်သပ်လေး ပြီးဆုံးသွားခဲ့သည်။ အရိုးတံအစိမ်း နုနုလေးတွေက ထင်းနေလေ၍ ကျစ်ထားသည့် ပန်းအဖြူပွင့် အရာလေးတွေက ဂန္နဝင် ဆန်လွန်းလှသည်။

ချာတိတ်လက်ထဲ သူထည့်ပေးဖို့ တွေးလိုက်မိပေမဲ့...ကိုယ့်ညီမအရွယ်လေးမို့ ခေါင်းလေးမှာ သေချာလေးသာ ပန်ဆင်ပေးလိုက်မိ၏ ။

" ဟင်..."

ဆံပင်တိုတိုလေး အထက်မှာ လှပလွန်းသည့် ဧကရာဇ်ပန်းကုံးလေးက နေရာဝင်ယူနေလေပြီး အံ့သြသလိုလေး ဖြစ်နေသည့် ချာတိတ်ကလေးကို သူကြည့်ကာ ရင်ထဲကျေနပ်စိတ်က သူတောင်မသိဘဲ အတိုင်းမသိ ဖြစ်ပေါ်လာရသည်။

❁❁❁❁❁

ဆက်ရန်
Episode - 6

Daldi AhOne (ဒီယေးထက်ဇံ)

ကြိုးစားသွားပါဦးမည်။

Gp ထဲမှာတော့ အပိုင်း 23ထိရောက်နေပါပြီရှင့်။

အကြမ်းဖျင်းရေးထားတာ အရတော့ အပိုင်းက 60အတိဝန်းကျင် ကျော်နိုင်ပါတယ်ရှင့်။ ဝင်ကြေးအနေနဲ့ကတော့ 3000 ကျပ်ပါရှင့်။ Complete ရင်တော့ 500 တက်ပါ့မယ်နော်။

Wp Or Fb မှာတော့ 3ရက်တစ်ပိုင်းပါရှင့်။ ကျေးဇူးပါရှင့်။

Want your public figure to be the top-listed Public Figure in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay