MaMa Forte Plus
31/05/2024
ကိုယ်၀န်စောစောအပ်ခြင်းရဲ့ အကျိုးကျေးဇူးကများပါတယ်။ အနီးစပ်ဆုံး အရေးကြီးဆုံးကတော့ due date သပ်မှတ်ဖို့ အကောင်းဆုံးအချိန်ကာလပဲ။ မေမေ အများစုက ရာသီလာတဲ့ရက်ကို မမှတ်မိရင် ultrasound ကိုတတ်နိုင်သလောက် စောစောရိုက်ခြင်းဖြင့် due date ကိုအနီးစပ်ဆုံး ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။ နောက်ပြီးသွေးစစ် ဆီးစစ်ကို အတတ်နိုင်ဆုံးပြုလုပ်ထားခြင်းဟာ ရောဂါရှိခဲ့လျင် အစောဆုံးကုသထားနိုင်ပြီး မလိုလားအပ်သောရောဂါနောက်ဆက်တွဲဆိုးကျိုးများ ရှောင်နိုင်မှာဖြစ်ပါတယ်။ 👩🏻⚕️🤰🏻😃💕
11/04/2024
မြန်မာ့ရိုးရာအတာနှစ်ကူး မဟာသင်္ကြန်ရက််မြတ်အခါတော်တွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊စီးပွါးလာဘ်လာဘများတိုးပွါးခြင်းနှင့် ဘေးရန်ကင်းဝေးရွှင်လန်းချမ်းမြေ့ပါစေလို့ MaMa Forte Plus မိသားစုမှ မင်္ဂလာဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
#ကိုယ်ဝန်ဆောင်အားဆေး
21/03/2024
"မေမေတွေ ကြုံတွေ့ရမယ့် အကြီးမားဆုံး စိန်ခေါ်မှု တစ်ရပ်ကို ဒီလို ကျော်လွှားပါ"
အသက် ၁ နှစ် ကနေ ၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ မတ်တတ်ပြေးနဲ့ မူကြိုအရွယ်ကလေးတွေကို
အစားအစာ ကျွေးမွေးရတာက မေမေတို့အတွက် တော်တော်လေး ကြီးမားတဲ့ စိန်ခေါ်မှု တစ်ရပ်ပါ။
ဒီအသက် အပိုင်းအခြားမှာ ကလေးတွေက ခန္ဓာကိုယ် ပြောင်းလဲမှုတွေ၊ ကြီးထွားဖွံ့ဖြိုးမှုတွေ အများကြီး ဖြစ်ပေါ်နေတာကြောင့် အာဟာရ ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့က တော်တော်လေး အရေးကြီးပါတယ်။
ဒီကာလမှာ ကလေးတွေ အာဟာရ ပြည့်ဝစွာ ရရှိစေဖို့ဆိုရင် မေမေတို့အနေနဲ့
• ကလေးကို အစာစားဖို့ ကြိမ်းမောင်းတာမျိုး မလုပ်ပါနဲ့
• ကလေးကို အစား အတင်းစားခိုင်းတာမျိုး မလုပ်ပါနဲ့
• ကလေးကို ပုံမှန် အစားအစာအတိုင်း ပြင်ပေးပါ
• သရေစာတွေကိုလည်း စားနေကျအတိုင်း ပြင်ပေးပါ
• ကလေးကို အစားအစာ အသစ်တွေ မိတ်ဆက်ပေးတဲ့အခါ စိတ်ရှည်ပါ
• ကလေး မစားချင်တဲ့ အသစ်အသစ်သော စားစရာတွေကို အတင်း မကျွေးပါနဲ့
• ကလေးကို စားကုန်သလောက်ပဲ ထည့်ပေးပါ [ပမာဏ အနေနဲ့ ပြောပြရရင် လူကြီးတွေ စားတဲ့ ပမာဏရဲ့ ၄ ပုံ ၁ ပုံစာပါ]
• ဖျော်ရည်တွေ မသောက်ခိုင်းပါနဲ့။ ဖျော်ရည်တွေအစား သစ်သီးတွေ ကျွေးပါ
• ကလေးကို ဆုချတဲ့အနေနဲ့ အချိုပွဲတွေ မကျွေးပါနဲ့။ အခြား အရာတစ်ခုခုကိုပဲ ကျွေးပေးပါ။
ကလေးကို အစားစားတဲ့အခါ ဘေးကင်းစေဖို့အတွက် ဒီအချက်လေးတွေကို ဂရုစိုက်ပေးပါ။
• အစားအစာတွေကို တစ်ကိုက်စာလေးတွေ ပိုင်းပေးပါ
• အစားအစာတွေကို နူးညံ့ပြီး စားရအဆင်ပြေအောင် လုပ်ပေးပါ
• အစားအစာတွေကို အခန်းအပူချိန်အတိုင်း ရှိနေဖို့ ဂရုစိုက်ပါ
• အသားကိုကြိတ်ပြီး ကျွေးပေးပါ
• ကလေးတွေအတွက် ထုတ်ထားတဲ့ ဇွန်းတွေ ခရင်းတွေကို ပြင်ဆင်ပေးပါ
• ကလေးရဲ့ အရပ်နဲ့ အဆင်ပြေမယ့် ထိုင်စရာ စားပွဲနဲ့ ခုံ ပြင်ဆင်ပေးပါ
• ဓာတ်မတည့်တာ ရှိ၊ မရှိ သိစေဖို့ တစ်ကြိမ်တည်းမှာ အစာသစ်တွေ အများကြီးကို မမိတ်ဆက်ပါနဲ့
• ကျွေးသမျှကို စာအုပ်နဲ့ ရေးမှတ်ထားပါ။
ကလေးကို အစားသီးတာ နင်တာမျိုး မဖြစ်စေဖို့ဆိုရင်
• ဝါးရခက်တာကို ဖြည်းဖြည်းချင်း မိတ်ဆက်ပေးပါ
• မျိုချရခက်တဲ့ အစားအစာတွေ မကျွေးပါနဲ့ဦး
• နင်လောက်မယ့် အစားအစာတွေကို မျိုချရလွယ်တဲ့ အနေအထားမျိုး ဖြစ်အောင် ပိုင်းဖြတ်ပေးပါ
• ကလေးအစားစားတဲ့အခါ ဂရုတစိုက် စောင့်ကြည့်ပေးပါ။
12/03/2024
ဖေဖေ မေမေတို့ရေ.....
မွေးခါစ ကလေးငယ်လေးတွေအတွက် မိခင်နို့က အကောင်းဆုံးဖြစ်ပြီး မိခင်နို့မှာ ရေဓာတ် ၈၀ ရာခိုင်နှုန်းအပြင် လိုအပ်တဲ့ အာဟာရဓာတ်အားလုံး ပါဝင်ပြီးဖြစ်တာကြောင့် ရာသီဥတုပူပြင်းတဲ့ အချိန်မျိုးမှာတောင် ဘေဘီလေးအတွက် ရေဓာတ်ကို လိုချင်ရင် မိခင်နို့ပဲ ဆက်တိုက်ပေးပါနော်... 😍👶🏻
ဒါဆို ဘယ်အချိန်မှာ ဘေဘီလေးကို ရေစတိုက်လို့ ရပြီလဲ? ... ဆိုတာလေးနဲ့ ပတ်သက်ပြီး MaMa Forte Plus နဲ့အတူ တခြားမေမေတွေလည်း သိရအောင် မေမေတို့ရဲ့ အတွေ့အကြုံနဲ့ အမြင်လေးတွေကို comments မှာ မျှဝေပေးခဲ့ပါဦးနော် 💕
#ကိုယ်ဝန်ဆောင်အားဆေး
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No (D-7) , Yadanar Mandalay Housing , 60 Street , Bet 30 x 32 Street
Mandalay
Opening Hours
| Monday | 09:00 - 17:30 |
| Tuesday | 09:00 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:30 |
| Friday | 09:00 - 17:30 |
| Saturday | 09:00 - 17:30 |