Chay

Chay

Share

06/02/2020

"ချေ" ရုပ်ရှင်ထုတ်လုပ်ရေးမှ ပထမဦးဆုံးရိုက်ကူးတင်ဆက်မည့်
"Moment - အခိုက်အတန့်" ရုပ်ရှင်ကားကြီးအား
တစ်နှစ်ကျော်ကြာကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီးနောက်
ယနေ့မှစတင်၍ဖန်တီးရိုက်ကူးလျက်ရှိပါပြီ။
ရုပ်ရှင်ကားနှင့်ပတ်သက်သည့်အကြောင်းအရာအချက်အလက်များကို နောင်အခါတွင် အောက်က Page လေးမှာဆက်လက်တင်ပြပေးမှာဖြစ်လို့ ဆက်လက်စောင့်ကြည့်အားပေးကြပါအုံးနော်။

Day-1
We are so excited to announce that our “Moment” film is in progress and we are happy to make it big.
Stay tuned.

19/07/2019

===========
ဒီနေ့ ဟာဆိုရင် '' ချေ '' ထုတ်လုပ်ရေးမှ ရိုက်ကူးမည့် ရုပ်ရှင် အတွက် အဓိကအမျိုးသမီး သရုပ်ဆောင်နေရာ တွင်ပါဝင်ရန် ဖိတ်ခေါ်ထားသည့် ကာလ ပြီးဆုံးတော့မည့် နေ့ ဖြစ်ပါတယ် ။ စိတ်ဝင်တစားဖြင့် ပါဝင်ပေး ကြသည့် သူများအားလုံးကို ချေ မှ အထူးကျေးဇူးတင်ရှိပါသည်။ လာမည့် ၂၆.၀၇.၂၀၁၉ ရက်နေ့ (သောကြာနေ့) မှစတင်ကာ ကနဦး ရွေးချယ်ခံရသူများအား
ဖုန်း(သို့) messenger မှ တဆင့် အကြောင်းကြား သွားမည်ဖြစ်ပြီး casting လုပ်မည့်အစီအစဉ်များ
အတွက် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ မိမိတို့ အနေဖြင့် မင်းသမီး ရွေးချယ်ခြင်းမျိုးမဟုတ်ပဲ ဇာတ်ရုပ်နှင့် လိုက်ဖက်သူသာ ရွေးချယ်သည့် အစီအစဉ် ဖြစ်သော ကြောင့် ယခုအကြိမ်တွင် အရွေးချယ်ခြင်း မခံရပါက နားလည် လက်ခံပေးစေလိုပါတယ် ။ မိမိတို့အနေဖြင့် ထပ်မံ၍ တခြားဇာတ်လမ်းကောင်းများစွာ ရိုက်ကူးသွားမည်ဖြစ်သည့်အတွက်ကြောင့် အဆိုပါ ဇာတ်လမ်း များအတွက်လဲ ယခုပါဝင်ရန်ပေးပို့ထားကြသူများကို ထည့်သွင်းရွေးချယ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ပါတယ်။ ပါဝင်ကြသော သူများရဲ့ အချက်အလက်များ ဓါတ်ပုံများ ပေါက်ကြားပျံ့နှံ့မှုမရှိအောင် မိမိတို့ ဘက်မှ ထိန်းသိမ်း ပေးသွားမည်ဖြစ်ပြီး ပါဝင်သူများအားလုံး၏ ဂုဏ်သိက္ခာနှင့် ဆန္ဒ ကိုလေးစားသောအားဖြင့် ရွေးချယ်ခံရသူများ ကိုလဲ တိုက်ရိုက်ဆက်သွယ် ခြင်းသာ ပြုလုပ်သွားမှာဖြစ်ပါတယ် ။

အားလုံးကို ကျေးဇူးတင်ပါတယ်။

'' ချေ ''
ရုပ်ရှင်ထုတ်လုပ်ရေး

ဖြည့်စွက်ချက်
=========
ဖောင်ပိတ်ရက်က ၁၉.၀၇.၂၀၁၉ ရက်နေ့ ည ၁၂:၀၀ ဖြစ်ပါတယ် ။ ဆိုလိုတာက ဒီနေ့ည ၁၂:၀၀ အထိ ပေးပို့ပါဝင်လို့ရပါတယ် 🙂

Want your business to be the top-listed Media Company in Mandalay?
Click here to claim your Sponsored Listing.

Website

Address


78 St
Mandalay