Novatek
Architectural Design Consultant
Design & Engineering Vocational School, Mandalay
092016484, 09798 727272
31/03/2026
Idea Development in Designing
လိုချင်တဲ့ ထုထည်တစ်ခုကို trapezoidal prism ပုံစံ ခေါင်မိုးနဲ့ နံရံတွေကို စဥ်းစားမိပါတယ်။ ရလာတဲ့ တြာပီဇီယံအတုံးကို စက္ကူမော်ဒယ်တစ်ခု ပြုလုပ်ပီး အတန်းထဲကို ယူလာပြချိန်မှာ.. အထဲက space ကို အဆောက်အဦဖြစ်အောင် ထပ်ပီး စဥ်းစား ခိုင်းပါတယ်။
အဲတာက ပထမ အကြပ်အတည်းပါ။
စဥ်းစားထားတဲ့ အရာကို အဆောက်အဦနဲ့ ပိုတူတဲ့ ပြတင်း texture စတာတွေ နဲ့ အရွယ်အစားကို ပေါ် လွင်စေမယ့် ဘေးပတ်ဝန်းကျင်ပါတဲ့ Perspective sketch ရေးဆွဲခိုင်းတဲ့ အခါမှာတော့.. ဖြည့်စွက်စဥ်းစားလာရတာက..ဘယ်လောက်အရွယ်အစား နဲ့ ဘယ်လို သုံးမလဲ ဘယ်မှာ အပေါက် ဖောက်မလဲ ..ဆိုတာတွေ ဖြစ်လာပါတယ်။
အဲတာက ဒုတိယ အကြပ်အတည်းပါ။
ဒါကို စဥ်းစားရင်.. ကိုယ်အိုင်ဒီယာတွေက အများကြီး ရှိနေပေမယ့် လက်တွေ့ ဖြစ်နိုင်အောင် လုပ်ဖို့ Productive & Practical Thinking ဘက်ကို ဒီဇိုင်းနာတယောက်က တွေးရတယ်ဆိုတာကို သိလာရပါတယ်။
နောက် အဲတာကို သရီးဒီမော်ဒယ် အကြမ်း ရေးဆွဲပီး တဆင့် develop လုပ်ချိန်မှာ.. ဆရာတွေက..အပြင်မှာ ဘယ်လို ဆောက်မလဲ.. တိုင်တွေကို ဘယ်လို နေရာမှာ ထားမလဲ.. မူလ ထုထည် အိုင်ဒီယာကို ဘယ်လို ဆက်ထိန်းမလဲ ဆိုတာကို ထပ်မံစဥ်းစားရပါတယ်။
အဲတာက တတိယ အကြပ်အတည်းပါ။
ပြတင်းတွေ.. တိုင်တွေ.. နဲ့သုံး မယ့် material တွေကို နောက်တဆင့် ထပ်မံစဥ်းစားချိန်မှာ Civil နဲ့ ကျောင်းပီးထားတဲ့ ကျွန်မအတွက်..ပိုမိုကောင်းမွန်ဖို့ အထောက်အကူပြုခဲ့ပါတယ်။
နောက်ဆုံးအဆင့်မှာတော့.. အတွင်းကို..အရောင်းပြခန်းလိုမျိုး..ပြခန်း တခုခုအဖြစ် သုံးမယ် ဆိုပီး
Conceptual Visualization ပြုလုပ်ကြည့်ချိန်မှာ ကိုယ်တိုင်ရော.. ဆရာတွေပါ ပထမအိုင်ဒီယာနဲ့ နီးစပ်ပီး လက်တွေ့ ဆန်တဲ့အထိ အိုင်ဒီယာကို...ပုံဖော်သွားရတဲ့ အတွေ့အကြုံကိုရပါတယ်။
ဒီ အဆင့် တွေ ကို အပတ်စဥ် ပြသခဲ့ရမှာ..၃-၄ ပတ်ခန့် အချိန် ရခဲ့ပါတယ်
တဆင့်နဲ့ တဆင့်ကြားမှာ.. bottle neck တွေ ကို ကျော်ဖြတ်နိုင်ဖို့.. စိတ်ဖိအားနည်းနည်းတော့ ခံရပါတယ်။
ရရှိတာက တော့.. ကိုယ့်စိတ်ထဲကရှိတဲ့ အိုင်ဒီယာကုန်ကြမ်း တွေကို.. ကောင်းမွန်တဲ့ အချောသတ် ရလဒ် တစ်ခုထွက်အောင်...အဆင့်ဆင့် စဥ်းစားရတဲ့ ဒီဇိုင်း ထုတ်ကြည့်ရတဲ့ အတွေ့အကြုံပဲဖြစ်ပါတယ်။
နွယ်နွယ်ဝင်း
01/03/2026
Prototypical form သည် လူနေထိုင်လို့ရသော space တခုကို..အငယ်စား တည်ဆောက်ကြည့်ခြင်းလို့ပြောနိုင်ပါသည်
( space enclosure structure furniture information light expression စတဲ့..spacial elements များထဲ..
Furniture လောက်ပဲကျန်မယ့် ပရောဂျက်ဖြစ်ပီး
Contemporary thinking အားကောင်းဖို့ရည်ရွယ်တော့.. ကလပ်စစ်တွေ ပြန်မလုပ်စေတော.)
ခုပ ရောဂျက်အပါအဝင်..တည်ဆောက်ကြည့်တဲ့ ပရောဂျက် မျိုး ၂ ခု ပထမ semester မှာသူတို့လုပ်လိုက်ရသည်။ ပထမတခုကတော့..expressionial contemporary shelter/pavilion တခုဖြစ်ခဲ့သည်..
ဒီအင်တိတ်မှာ..
၆လအတွင်း..ပရောဂျက်ဘယ်နှခုလုပ်ပီးပီလဲ
ရေ တွက် ထားတဲ့သူရှိပါသလား?
၅ ခု လောက်..ရှိမယ်ထင်တယ်..
နှစ်ခုလုံးသည်.. Prototype model ချိုးယုံနှင့်မပီးသွားပါ။
ယခုမော်ဒယ်ကို.ခေါင်းထဲကထုတ်မပစ်သေးပဲ.sketchup modelling တွင် develop ပြန်လုပ်ရင်း autoCAD နှင့် functionနှင့် တည်ဆောက်မှုအခက်အခဲများကို ဖြေရှင်းပြသရမည်ဟု
training manager မှတဆင့် ကြေညာလိုက်သည်။
၄င်းသည် ပရောဂျက် နံပါတ်..(..)?
Model ထွက်ရင် စတူရီယိုမှာ ဆရာမကခိုင်းတာ ပီးပြီထင်သော..ကျောင်းသားများအတွက်..ဟင် ဟာ ဖြစ် ကုန်တတ်သည်။
ကိုယ့်ဇာတ်ကိုပီးအောင်ကရမည်ပေါ့..
လုပ်ငန်းခွင်ကျ ဒီလောက်စဥ်းစားခွင့်မရ
အလုပ်ပိရငိ XyZ ထဲ မှာ ဖိဆွဲနေရတတ်တာမို့
စဥ်းစားတတ်တဲ့အကျင့်..လိုတယ်ထင်ပါသည်
ပုံထွက် Result ဦးစားပေးထက်
Practice ဦးစားပေး လုပ်ခြင်း အတွေ့အကြုံကောင်းကို
နောင်တချိန်တွင်..နားလည်လာမည်လို့
ဆရာဆရာမများက ထင်မြင်မိပါသည်
Novatek Design School
မန္တလေး
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
65A Street, Between 34 X 35 Sts
Mandalay
Opening Hours
| Monday | 10:00 - 17:30 |
| Tuesday | 10:00 - 20:30 |
| Wednesday | 10:00 - 20:30 |
| Thursday | 10:00 - 20:30 |
| Friday | 10:00 - 20:30 |
| Saturday | 10:00 - 20:30 |
| Sunday | 10:00 - 20:30 |