Health Tips For You All

Health Tips For You All

Share

25/09/2025

🗓 September 25 ရက်နေ့ဟာ World Pharmacist Day (ကမ္ဘာ့ဆေးဝါးပညာရှင်များနေ့) ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ Pharmacist များကို ကြိုဆိုဂုဏ်ပြုအပ်ပါတယ်ရှင်။
2025 ခုနှစ်အတွက် ဆောင်ပုဒ်ကတော့ "Think Health, Think Pharmacist" ဖြစ်ပါတယ်။💜💜

✨ ကမ္ဘာပေါ်ရှိ နေရာဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော Pharmacists များအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ၊ ပြည်သူလုထူ၏ ကျန်းမာရေးကို စွမ်းစွမ်းတမံ စောင့်ရှောက်နိုင်သူများ ဖြစ်ပါစေလို့ healthtipsforyouallမှ ဆုတောင်းမေတ္တာပို့သပါတယ်ရှင့်✨

13/07/2025

Ansha ရေးထားတဲ့ ဒီ contentလေးကို ဖတ်ကြည့်ပြီး ဆေးအာနိသင်တူလေးတွေသောက်သင့် သို့ မသောက်သင့်ကြောင်းဗဟုသုတလေး ရသွားခဲ့တယ်ဆိုရင် original post လေးကို like and shareလေး လုပ်သွားပေးလို့ရပါတယ်နော်😍

📣Medical Content Writing Challenge 📣

Hello everyone 🤗 !!

💁‍♀️ဒီနေ့ပြောပြပေးချင်တာကတော့ "အာနိသင်တူဆေးဝါးတွေ သုံးစွဲလို့ရသလား သို့မဟုတ် သုံးစွဲသင့်သလား"

အခုလိုကာလမှာ ပစ္စည်းပြတ်လပ်မှုတွေကော ဈေးနှုန်းမြင့်တက်လာတာတွေကြောင့်မလို့ ဆေး၀ယ်ရတဲ့အခါမှာ ဈေးကြီးပေး၀ယ်ရတာမျိုးတွေရှိတဲ့အတွက် အာနိသင်တူရှိတဲ့ဆေးဝါးတွေမှာ စျေးသက်သာတာကို သုံးလို့ရတဲ့အကြောင်း၊ ပစ္စည်းပြတ်နေရင် အာနိသင်တူဆေးဝါးတွေကို သုံးစွဲနိုင်ကြောင်းနှင့် အာနိသင် တူသော်လည်း သုံးစွဲ၍မရသော ဆေးများအကြောင်းကို ပြောပြပေးချင်ပါတယ် ရှင့်😍

🤔အာနိသင်တူဆေးဝါးဆိုတာ ဘာလဲ

💁‍♀️အာနိသင်တူဆေးဝါးဆိုတာက chemical name (ဆေးရဲ့ပါဝင်ပစ္စည်း)၊ Strength (ဆေးရဲ့ပါဝင်မှုပြင်းအား) တူပြီး brand name ကွဲသွားတာပေါ့၊ brand name ဆိုတာကတော့ company မှ ပေးထားတဲ့ နာမည် ဖြစ်ပြီး chemical name ဆိုတာကတော့ ဆေးရဲ့အာနိသင်ကို ပေးမဲ့ ဆေးရဲ့မူလနာမည် ဖြစ်ပါတယ်။
ဥပမာအနေဖြင့် အာရုံကြောအားဆေးဖြစ်တဲ့ Betex နှင့် Neurobion Blue(Brand name) တို့တွင်(chemical name) Vitamin B1 = 100mg, B6 = 200mg, B12 = 200mcg တို့ပါ၀င်မှုခြင်းတူညီတဲ့အတွက် တစ်ခုမရှိလျှင် နောက်တစ်ခု ကို သောက်သုံးလို့ရပါတယ်​ရှင်။ ၎င်းတို့ကဲ့သို့ အာနိသင်တူ ပြီး brand name ကွဲတဲ့ အခြားဆေးများလည်း စျေးကွက်ထဲတွင် များစွာ ရှိတဲ့အတွက် စျေးနှုန်း အဆင်ပြေရာကို ဝယ်ယူသုံးစွဲလို့ရပါတယ်ရှင့်။

‼️ဆေးရဲ့ပါ၀င်ပစ္စည်းနှင့် ဆေးရဲ့ပါ၀င်မှုပြင်းအား တူပေမယ့် သောက်လို့မရတာမျိုးတွေ ရှိပါသေးတယ်။ ဥပမာအနေဖြင့် ဆီးချိုဆေးဖြစ်တဲ့ Metformin denk 500 နဲ့ Panfor SR 500 တို့တွင် metformin 500mg ပါဝင်တာ တူပေမဲ့ Metformin SR တွင် SR ဆိုတာက Sustained release (ပုံမှန်အာနိသင်ရချိန်ထက် နှေးစေရန်ပြုလုပ်ထားသော) ပုံစံနှင့် ပြုလုပ်ထားသောကြောင့် အာနိသင်ရရှိချိန် မတူနိုင်ပါ။ အသုံးပြုရန် အဆင်မပြေသည့်အတွက် မိမိသောက်နေကျ ဆေးနာမည်၏နောက်တွင် ပါလာတတ်သော SR, MR, ER, PR ဆိုသည့် သင်္ကေတလေးတွေကိုလည်း မှတ်သားသတိထားသင့်တယ်ဆိုတာလေး သတိပေးချင်ပါတယ်ရှင်။

🙅 ၎င်းအပြင် ဆေးရဲ့ပါဝင်ပစ္စည်းတူသော်လည်း Myanmar Registration Number(မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်) မပါရှိသောဆေးဝါးများသည် ဆေးအာနိသင်ကို အပြည့်အဝ ပေးနိုင်ရန် မသေချာသည့်အတွက် ဆေးဝယ်ယူရာတွင် သတိထားသင့်တဲ့ အချက်ဖြစ်ပါတယ်ရှင့်။ Register ရှိသော ဆေးများသည် ဆေးဗူး သို့မဟုတ် ဆေးကဒ် ၏ အပေါ်တွင် Myan Reg No: ဂဏန်း၄လုံး AA ဂဏန်း၄လုံး အနေနှင့် ပါရှိပါသည်။ အောက်ဖော်ပြပါပုံတွင် နမူနာပုံကို အသေးစိတ် လေ့လာဖတ်ရှူနိုင်ပါတယ်နော်။

💁 Register ရှိပြီး
အာနိသင်တူဆေးဝါးများ အခြားတို့လိုအပ်သော​ဆေးများဝယ်ယူရာတွင် စိတ်ချသေချာစေရန် ဆေးဆိုင်ရှိ Pharmacists (ဆေးဝါးကျွမ်းကျင်ပညာရှင်များ )နှင့် တိုင်ပင်နိုင်ပါတယ်ရှင့်။
ဗဟုသုတရစေရန် ရည်ရွယ်ပါတယ်ရှင့် 😍။
သိလိုသောအကြောင်းအရာများကို နောက်ထပ်ဝေမျှစေချင်တဲ့ အကြောင်းအရာများရှိလျှင် comments မှာ စာချန်ခဲ့လို့ရပါတယ်ရှင်🤗။ အခုစာလေးကိုဖတ်ရင်း အကျိုးတစ်စုံတစ်ရာ ခံစားရတယ်ဆိုရင် အခြားမိမိနီးစပ်ရာ မိတ်ဆွေ အပေါင်းအသင်းများလည်း ဗဟုသုတရစေရန် like & share လုပ်သွားပေးလို့ ရပါတယ်ရှင့်။ အားလုံးကို ကျေးဇူးတင်ပါတယ် ရှင့်😍။

ကျန်းမာပျော်ရွှင်သော နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ပါစေရှင့်😍.....

By Ansha

MYPG Note:
The original post was removed by Facebook Team due to including medicine photos. Therefore, MYPG repost the content.

For record-keeping and fairness to every participants, we decided to carry over just half of the engagement from the previous post:
• 51 likes (from original 102 likes)
• 27 shares (from original 53 shares)

These will be added to the new post’s current likes and shares.




#အာနိသင်တူဆေးဝါးများသောက်သင့်မသောက်သင့်

Want your practice to be the top-listed Clinic in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay