Unique Discovery
24/09/2022
21/09/2022
"ပိုက်ဆံ မကုန်ပဲ လေယာဉ်စီးကြမလား?"
"ထိုင်ခုံ နေရာ ၅ သန်း အခမဲ့ နီးပါး ပေးမယ့် AirAsia"
အရှေ့တောင် အာရှ နိုင်ငံ ၁၀ နိုင်ငံ နဲ့ အခြား ဒေသတွင်း နိုင်ငံ တွေကို ပျံသန်းနေတဲ့ ခရီးစဉ်များအတွက် ထိုင်ခုံ နေရာ ၅ သန်းကျော်ကို Air Asia လေကြောင်းလိုင်းက အခမဲ့ ရောင်းချပေးနေကြောင်း သိရပါတယ်။
ထိုင်ခုံနေရာအတွက် အခမဲ့ ဆိုသော်လည်း လေဆိပ် အခွန် နဲ့ အခြား အခွန်အခများ ကိုတော့ ပေးချေရမှာပါ။
ဒီအစီအစဉ်ကို ရယူဖို့ AirAsia Super App နဲ့ Air Asia အင်တာနက် စာမျက်နှာ မှာပဲ ဆောင်ရွက်နိုင်မှာ ဖြစ်ပြီး ၂၀၂၂ ၊ စက်တင်ဘာ ၂၅ ရက်နေ့အတွင်း ရယူရမှာ ဖြစ်ပါတယ်။
ယခု အစီအစဉ်မှာ လူသိများ ထင်ရှားတဲ့ လန်ကဝီ၊ ပီနန်း၊ ဂျိုဟော၊ ဘာရူ၊ ကရာဘီ၊ ဖူကော့ နဲ့ စင်္ကာပူ ခရီးစဉ်များ ပါဝင်ပြီး အခြားသော ရယူထားတဲ့ ခရီးစဉ်တွေကို ၂၀၂၃ ဇန်နဝါရီ ၁ ရက်နေ့ မှ အောက်တိုဘာ ၂၈ ရက်အတွင်း အသုံးပြုရမယ်လို့ သိရပါတယ်။
ဒါ့အပြင် AirAsia X နဲ့ Thai AirAsia X တို့က ပြေးဆွဲနေတဲ့ ခရီးရှည် (long-haul) လေကြောင်း ခရီးစဉ်များအတွက်လည်း အထူးဈေးနှုန်းများနဲ့ ရောင်းချလက် ရှိကြောင်း သိရပါတယ်။
ကိုးကား
သတင်းအပြည့်အစုံ https://www.ttrweekly.com/site/2022/09/airasia-bombs-the-market-with-5-million-free-seats/
Photo Credit
20/09/2022
"မြစ်တွင်း ဆည်းဆာ ခရီးစဉ်များ ပြန်လည် စတင်"
ညနေခင်း နေဝင်ချိန် အလှအပများကို ခံစားနိုင်ဖို့ မြစ်တွင်း ဆည်းဆာ (Sunset Cruise) ခရီးစဉ်များ ပြန်လည် စတင်နေပြီ လို့ သိရပါတယ်။ ကိုဗစ် ၁၉ ရောဂါ ပျံ့ပွားမှုကြောင့် ၂ နှစ်ကြာ ရပ်နားထားခဲ့ရာကနေ ၂၀၂၂ စက်တင်ဘာလမှာ ပြန်လည် စတင် ပြေးဆွဲတာ ဖြစ်ပါတယ်။
ထိုင်းနဲ့ လာအို နယ်စပ် အနီး၊ မဲခေါင်မြစ်နဘေးက ချင်းဆီန် မြို့ ဆိပ်ကမ်းကနေ နေ့စဉ် ညနေ ၅ နာရီ မှာ စတင် ထွက်ခွါမှာ ဖြစ်ပြီး ည ၈ နာရီ မှာ ဆိပ်ကမ်းကိုပြန်လည် ဆိုက်ရောက် မှာပါ။ အခု စတင်ဘာလထဲမှာတော့ ခရီးသည် နည်းပါသေးတယ်၊ အောက်တိုဘာနဲ့ နိုဝင်ဘာ လတွေမှာတော့ ပိုများမယ်လို့ မျှော်လင့် ထားကြောင်း ထိုင်း ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ (Tourism Authority of Thailand- TAT) ရဲ့ ချင်းရိုင် နဲ့ ဖယို ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး က ပြောပါတယ်။
နိုင်ငံတကာ ခရီးသွားတွေ ခွင့်မပြုသေးတဲ့ ကိုဗစ် ကာလထဲမှာတော့ ပြည်တွင်း ခရီးသွားတွေကိုပဲ အားကိုး လည်ပတ် နေခဲ့ရတဲ့ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ် လုပ်ငန်းတွေဟာ အခု လာမဲ့ ၂၀၂၂ အောက်တိုဘာနဲ့ နိုဝင်ဘာ လတွေမှာ ပြန်လည် စတင်ကြမယ်လို့ မျှော်လင့် ထားကြပါတယ်။
ဥရောပနဲ့ နိုင်ငံတကာ က ခရီးသွား အုပ်စုတွေ ပြန်လည် ရောက်ရှိလာဖို့ မျှော်လင့်ထားကြပြီး ခရီးသည် အရေအတွက် များပြားလာတာနဲ့ အမျှ အောက်တိုဘာနဲ့ နိုင်ဝင်ဘာ လတွေမှာ ခရီးစဉ်တွေကိုလည်း တိုးချဲ့ ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်ဖို့ ပြင်ဆင်နေတဲ့ ချင်းရိုင် ဒေသရဲ့ ခရီးစဉ်တွေထဲမှာ မြန်မာနဲ့ လာအို နိုင်ငံ နယ်စပ်တွေကို ဖြတ်ကျော် လည်ပတ်တာလည်း အပါအဝင် ဖြစ်ပါတယ်။ လက်ရှိ အနေအထားမှာတော့ နယ်စပ် ဖြတ်ကျော် ခရီးစဉ်တွေကို ခွင့်ပြုမထားသေးပါဘူး။ ဒေသခံတွေနဲ့ ကုန်စည်စီးဆင်းမှု အချို့ကိုပဲ အကန့်အသတ်နဲ့ ခွင့်ပြုထားတာပါ။
ထိုင်း နဲ့ လာအို နယ်စပ်ဖြတ်ကျော်ခွင့်တွေကို အခုလ (စက်တင်ဘာ) ထဲမှာ ပြန်လည် ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီး ပြီးခဲ့တဲ့ သတင်းပတ် ထဲကလည်း နယ်စပ်ဖြတ်ကျော် ပြေးပွဲတစ်ခု ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။
နယ်စပ် ဖြတ်ကျော် ခရီးစဉ်တွေအတွက် ဘယ်အချိန်မှာ ဘယ်လို ပုံစံနဲ့ ခွင့်ပြုသွားမယ် ဆိုတာ အတိအကျ မပြောနိုင်သေးပေမဲ့ မကြာခင် မှာပဲ ပြန်လည် စတင်နိုင်မယ်လို့ ခရီးသွားလုပ်ငန်း ဆိုင်ရာ တာဝန်ရှိသူများက ယုံကြည်ထားကြပါတယ်။
ကိုးကား
မူရင်း သတင်း https://www.ttrweekly.com/site/2022/09/mekong-sunset-cruises-return/
#
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Corner Of 70th & 28th Streets
Mandalay
05021
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 14:00 |
| 15:00 - 16:00 |